Chilli's Fav Food
Chilli's Fav Food
  • 60
  • 27 044
ကျောင်းကန်တင်းက ကြာဆံသုပ်
ကျောင်းကန်တင်းက ကြာဆံသုပ်
ဒီနေ့တော့ အတိတ်ကို ပြန်လွမ်းမိလို့ အချဉ်ရည်ရွှဲရွှဲနဲ့ သုပ်တဲ့ ကြာဆံသုပ်လေး သုပ်စားဖြစ်ပါတယ်။
အဖြူ ၊ အစိမ်းဝတ် ကျောင်းတက်ရတုန်းကတော့ မနက်ဆို ကန်တင်းမှာ ဘာစားမလဲဆိုတာ မနက်တိုင်း ရွေးရတဲ့ ခေါင်းစဉ် တစ်ခုပါပဲ။
ကန်တင်းမှာ လူကျနေတဲ့ အချိန်၊မုန့်စားဆင်းချိန်တွေမှာ အန်တီဝဝကြီးရဲ့ ဇလုံအကြီးထဲ ငရုတ်အချဉ်ရည်ရွှဲရွှဲထည့်နယ်ပြီးမှ ကြွေပန်းကန်တွေထဲ ပြန်ခွဲထည့်ပေးတဲ့ ကြာဆံသုပ်လေးကို သတိရမိလို့ အချဉ်ရည် သေချာဖျော်ပြီး ကြာဆံသုပ်လေး သုပ်စားဖြစ််တယ်။
ကျောင်းကန်တင်းက ကြာဆံသုပ်ရဲ့ အဓိက အချက်ကတော့ အချဉ်ရည် ရွှဲရွှဲနဲ့ ငရုတ်သီး အကျက်မှုန့် မွှေးမွှးရောနယ်လို့ ထွက်လာတဲ့ အနံ့ပါပဲ။
အချဉ်ရည်ကို စဖျော်ပါမယ်။
ငရုတ်ဆီထဲ ငံပြာရည် ထန်းညက်ရည် မန်ကျည်းရည်တို့ကို ထည့်ဖျော်ပြီး လိုသလို ချဉ်ငံစပ်ကို ချိန်ဆပါ။
ကန်တင်းမှာ‌တော့ ကြာဆံထဲကို ဂေါ်ဖီလှီးထည့်ပြီး ပုစွန်ခြောက်မပါဘဲ အချိုမှုန့်နဲ့ သုပ်တာပေါ့နော်။
ဂေါ်ဖီကဈေးကြီးနေတော့ မဝယ်ဖြစ်လို့ သခွားသီး ၊
ဆလပ်ရွက်ကို ပါးပါးလှီးပြီး ထည့်သုပ်ထားတာပါ။
အိမ်စားမလို့ ပုစွန်ခြောက်မှုန့် ကိုလည်း ထည့်ထားတော့ ပို‌အရသာရှိတာပေါ့နော်။
ပဲကျက်မှုန့်ရယ် ပုစွန်ခြောက်မှုန့်ရယ် အရသာစပ်ထားတဲ့ အချဉ်ရည်ရယ် ဆီချက်ရယ် လှီးထားတဲ့ အသီးအရွက်ရယ် ကြာဆံရယ် ရောနယ်ရုံပါပဲ။
ငရုတ်သီး အကျက်မှုန့် မွှေးမွှေးလေးရယ် သခွားသီးရဲ့ အချဉ်ရည်နဲ့ ရောနယ်လိုက်ရင် ထွက်လာတဲ့ အနံ့ရယ်နဲ့ တင် ဗိုက်ကဆာနေပြီ။
ချီလီကတော့ ကြာဆံသုပ်ဆို သခွားသီးလေးပါမှ ကြိုက်တယ်။
ကဲ .. ကလေးဘဝ အလွမ်းပြေ .. ကျောင်းကန်တင်းက ကြာဆံသုပ်လေး ရပါပြီ ။
#foodblog #cookingblog #fyp #easyrecipe #fypシ゚ #FoodLover #spicy #vermicelli #vermicellisalad #ကြာဆံသုပ် #ကျောင်းကန်တငိး
Follow my journey and be part of my story.
Instagram: chillisfavfood?igsh=MXUydTV0emxjemZ6eg==
UA-cam:
www.youtube.com/@HotChilli84
TikTok:
www.tiktok.com/@onknyunt12?_t=8nDdov3auDH&_r=1
Facebook:
ChilliFavFood?mibextid=ZbWKwL
Переглядів: 8

Відео

ကြက်သားအစပ် ငါးပိချက်
Переглядів 132 години тому
ကြက်သားအစပ် ငါးပိချက် ကြက်သားကို ကြော်စားတယ်။ အာလူး၊ ဘူးသီးနဲ့ ချက်စားတယ်။ ဒီလိုပဲ အမြဲစားနေရလို့ ရိုးနေပြီဆိုရင်တော့ ကြက်သားအစပ် ငါးပိချက်လေး ချက်စားကြည့်ပါ။ အရမ်းစားကောင်းပါတယ်။ ကြက်သားကို အတုံးခပ်သေးသေးတုံးပြီး ဆား ၊ နနွင်းမှုန့်နဲ့ နယ်ပြီး နှပ်ထားပါ။ ဟင်းချက်ဖို့ အတွက် ကြက်သွန်ဖြူနီ၊ ဂျင်းကို ခပ်များများလေး ကြိတ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း အနှစ်ရအောင် ကြိတ်ထားပါ။ ငရုတ်သီးစိမ်းနဲ့ စပါးလင်ကိုလ...
ဘုံလုံသီးနှပ် ၊ Snake Gourd Curry
Переглядів 704 години тому
ဘုံလုံသီးနှပ် ၊ Snake Gourd Curry ဘုံလုံသီး အနုလေးတွေ လက်ဆောင်ရထားတာနဲ့ ဘုံလုံသီးနှပ်လေး ချက်ဖြစ်ပါတယ်။ ဘုံလုံသီး အနုလေးတွေက အလယ်မှာ အစေ့လည်းမရှိသေးလို့ အတွင်းသားကို ခြစ်ပြစ်စရာမလိုပါဖူး ။ အပေါ်ယံ အခွံကို ဓားနဲ့ ခြစ်ပြစ်လိုက်ရင် ရပါပြီ။ ဘုံလုံသီးကို ကိုယ်လိုသလို လှီးဖြတ်ပြီး ဆားနယ်ထားပါမယ်။ ကြက်သွန်ဖြူနီ ဆီသတ်ပြီး မွှေးလာရင် စိမ်းစားငါးပိထည့်ပါမယ်။ ပုစွန်ခြောက်မှုန့်ထည့်ပါမယ်။ဘုံလုံသီးထည့် ရေထည...
ဂွေးတောက်ရွက်၊ဘယာကြော်ဟင်း
Переглядів 377 годин тому
ဂွေးတောက်ရွက်၊ဘယာကြော်ဟင်း ဂွေးတောက်ရွက်ကို ဘယာကြော်နဲ့ ဟင်းချက်စားဖူးကြလား။ စားကောင်းတယ်။မစားဖူးသေးရင် လိုက်ချက်စားကြည့်ကြနော်။ အရင်ဆုံး ဘယာကြော် ကြော်ဖို့ပြင်ပါမယ်။ မွှေးဘယာကြော်မှုန့်ကို သုံးပါတယ်။ သူက ရေအချိန်အဆမှန်ရင် ပဲကို ရေစိမ်ထောင်းထားသလိုပဲ အရသာကောင်းပါတယ်။ ဘယာကြော်မှုန့်ထဲ ဆား ၊ dashi ထည့်၊ ရေနည်းနည်းစီထည့်ပြီး နာရီဝက်လောက် နှပ်ထားပါ။ အမှုန့်က video မှာပြထားသလို အနေအထား ပဲမှုန့်အနှစ်...
ဘဲဥ ချဉ်ငံစပ်ဟင်း
Переглядів 669 годин тому
ဘဲဥ ချဉ်ငံစပ်ဟင်း ဘဲဥကို ချဉ်ချဉ်ငံငံစပ်လေး ချက်ပြီး သရက်သီးမှည့်ရယ် သခွားသီးရယ်နဲ့ တို့စားမယ်။ ဘဲဥကို ဆားထည့်ပြီး ဆယ်မိနစ်လောက်ပြုတ်ထားပါမယ်။ ဆယ်ပြီး ရေအေးမှာ စိမ်၊ အခွံခွာပြီး ထက်ခြမ်းခြမ်းပါ။ အရသာဝင်အောင် ဆား ၊ dashi ဖြူးပြီး ခပ်ဖွဖွနယ်ပေးထားပါ။ ဘဲဥတွေကို အပေါ်ယံတင်းအောင်ကြော်ပြီး ဆယ်ထားပါ။ကြက်သွန်ဖြူနီကြိတ်ထားတာ ဆီသတ်ပါ။မွှေးလာရင် ခရမ်းချဉ်သီးကြိတ်ထားတာ ထည့်ပါ။ ငါးပိစိမ်းစား တဇွန်းလောက်ထည့်...
ထမင်းသုပ်
Переглядів 4412 годин тому
ထမင်းသုပ် ဒီနေ့အိမ်မှာ အမဲသားပြုတ်ကြော်ကြော်တော့ ထမင်းသုပ်လေးနဲ့မှ စားချင်တာနဲ့ ထမင်းသုပ်စားဖြစ်တယ်။ အမဲသားကြော်၊ ကြက်သားကြော် ၊ဝက်သားကြော်လို အသားကြော်တွေကို ငပိရည်ကျို ထမင်းသုပ်တို့ ပုန်းရည်ကြီးထမင်းသုပ်တို့လို ထမင်းသုပ်အမျိုးမျိုးနဲ့ တွဲစားရတာကို ကြိုက်တယ်။ ဒီနေ့ကတော့ ပဲကြာဆံ၊ အာလူး၊ ကြွက်နားရွက်မှိုတွေပါတဲ့ ထမင်းသုပ်လေး သုပ်စားဖြစ်ပါတယ်။ ပါဝင်ပစ္စည်း ကြက်သွန်နီ ကြွက်နားရွက်မှို ရှောက်ရွက် ပ...
ဘူးသီးကြော်
Переглядів 3914 годин тому
ဘူးသီးကြော် နယ်က အဒေါ်တွေ ပို့ပေးတဲ့ ဘူးသီးနုနုလေးရှိတာနဲ့ တစ်ဝက်ကို ကြက်ဘူး ချက်စားပြီး တစ်ဝက်ကို ဘူးသီးကြော် ကြော်စားဖြစ်ပါတယ်။ အကြော်မှုန့်စပ်နည်း ဆန်စိမ်းမှုန့် ကောက်ညှင်းမှုန့် ပဲမှုန့် ရွှေကြည်မှုန့် ရွှေလိပ်ပြာအကြော်မှုန့် အကြော်မှုန့်အစုံကို ဆတူစပ်ပြီး ဂျင်းထောင်းထားတဲ့ အရည်၊ ဆား ၊ dashi၊ နနွင်း၊ baking powder နဲ့ ဆီအနည်းငယ် ထည့် ၊ ရေကို နည်းနည်းစီ ထည့်ပြီး ကိုယ်လိုချင်တဲ့ ခပ်ပျစ်ပျစ် အ...
မုန့်ပျားသလက်
Переглядів 14714 годин тому
မုန့်ပျားသလက် မုန့်ပျားသလက်ကို အိမ်မှာ အလွယ်လုပ်စားလို့ရမယ့် နည်းလေး မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်း ဆန်စိမ်းမှုန့် ၂ ခွက် ရေ ၃ ခွက် Yeast,တဆေး လက်ဖက်စားဇွန်း ၁ဇွန်း ဆား၊ dashi လက်ဖက်စားဇွန်း 1/2ဇွန်း မုန့်ပြားသလက်လုပ်စားဖို့က လွယ်ပေမယ့် မုန့်နှစ် အချဉ်ဖောက်အောင် ပြင်ဆင်ရတာက အချိန်ပေးရပါတယ်။ ညထဲက ဆန်စိမ်းမှုန့်ကို ဆန် နှစ်ခွက်၊ ရေသုံးခွက် အချိုးနဲ့ တဆေးထည့်ပြီး စိမ်ထားရပါတယ်။ အရသာအတွက် ဆား လက်ဖ...
Aglio e Olio Spaghetti
Переглядів 1016 годин тому
Aglio e Olio Spaghetti pasta ကြိုက်သူတွေရှိလား။ မနက်စာကို အရမ်းလွယ်ပြီး အရသာရှိတဲ့ aglio e Olio spaghetti လုပ်စားကြမယ်လေ။ ပါဝင်ပစ္စည်း pasta ကြက်သွန်ဖြူ သံလွင်ဆီ ငရုတ်ကောင်း ငရုတ်သီးမှုန့် နံနံပင် oregano powder ပထမဆုံး ရေနွေးဆူဆူမှာ ဆားထည့်ပြီး ခေါက်ဆွဲကို ဆယ်မိနစ်လောက်ပြုတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ခေါက်ဆွဲသား အမာ အပျော့ရပြီဆို ဆယ်ထားပါ။ဆိုင်တွေမှာတော့ ‌ခေါက်ဆွဲကို မာမာလေးပြုတ်ပါတယ်။ ချီလီကတော့ န...
ဝဥဂျယ်လီ ချဉ်ငံစပ်သုပ်
Переглядів 2719 годин тому
ဝဥဂျယ်လီ ချဉ်ငံစပ်သုပ် ဝဥဂျယ်လီ ချဉ်ငံစပ်သုပ်ကို ဝိတ်ချနေတဲ့သူတွေ၊ ၊keto diet စားနတဲ့သူတွေ ၊ သားသတ်လွတ် စားသူတွေ အတွက် အရသာရှိရှိ စားလို့ရမယ့် အသုပ်တစ်မျိုး အနေနဲ့ မျှဝေပေးလိုက်ပါတယ်။ ဝဥဂျယ်လီကိုတော့ online ကနေ ဝိုင်းဝိုင်းလည် page ကနေမှာထားတာပါ။ သူ့ဆီက ဝဥက 100% ဝဥစစ်လို့ keto diet စားနေတဲ့သူတွေ စိတ်ချလက်ချ စားလို့ရပါတယ်။ ဝဥမှာတဲ့ page ပါ profile.php?id=61554152280859&mibextid=ZbWK...
ကင်းမွန်ကောက်ညှင်းအစာသွပ်ကြော်
Переглядів 91День тому
ကင်းမွန်ကောက်ညှင်းအစာသွပ်ကြော် နေ့လယ်စာ သရေစာ‌အဖြစ် ကင်းမွန်ကောက်ညှင်းအစာသွပ်ကြော်လုပ်စားကြရအောင်။ ကောက်ညှင်းပေါင်းမဝယ်အားလို့ အလွယ်တစ်ကူ rice cooker နဲ့ ကောက်ညှင်းကို ဆန်တစ်ခွက် ၊ရေတစ်ခွက်နှုန်း အချိုးနဲ့ ချက်ပါတယ်။ ကင်းမွန်ကို ဆား၊dashi ၊နနွင်းမှုန့်နဲ့ နယ်ထားပါ။ ကင်းမွန်က ငံတတ်လို့ ဆားကို နည်းနည်းပဲထည့်ပါ။ ‌ချက်ထားတဲ့ ကောက်ညှင်းကို စိတ်ရှည်လက်ရှည် အစာသွပ်ပေးပါ။ အစာသွပ်တဲ့အခါ အရမ်း ပြည့်လျှံန...
အမဲသားခပတ်
Переглядів 66День тому
အမဲသားခပတ် Beef kabab အမဲသားခပတ် မွှေးမွှေးလေး လုပ်စားကြရ‌အောင်။ ပါဝင်ပစ္စည်း အမဲသား နံနံစေ့ ဇီယာ ကရဝေးရွက် ကြက်သွန်နီ ခရမ်းချဉ်သီး ငရုတ်သီး မဆလာ ငရုတ်‌ေကာင်း အရင်ဆုံး ပါဝင်ပစ္စည်းတွေကိုလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူဆီသတ်ပါ။ မွှေးလာရင် ကရဝေးရွက်၊နံနံစေ့၊ ဇီယာ ထည့်ပါ။ကြက်သွန်နီ ၊ခရမ်းချဉ်သီးလှီးထားတာ ထည့်ပါ။အမဲသားထည့်ပါ။ မဆလာ၊ငရုတ်ကောင်းနဲ့ အရသာအတွက် dashi , ပဲငံပြာရည် အကြည်၊အချို နှစ်မျိုးလုံး၊ ခရု...
တို့ဟူးကြော်
Переглядів 63День тому
တို့ဟူးကြော် တို့ဟူးကို ရှမ်းတို့ဟူးကြော်လို အပေါ်ယံကြွပ်ကြွပ်၊အတွင်းသားအိအိ အရသာမျိုးရအောင် ဘယ်လိုကြိုရလဲ။ တို့ဟူးမှုန့် တစ်ထုပ်ကို ဆန်ချိန်ခွက် နှစ်ခွက်ခွဲလောက်ရပါတယ်။ တို့ဟူး နှစ်ခွက်ခွဲကို ရေ ခြောက်ခွက်နှုန်း ရောပါမယ်။ ဆား လက်ဖက်စားဇွန်း ၁ဇွန်း၊ dashi ၁ဇွန်း၊ဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲစာလောက် ထည့်ပြီး အမှုန့်တွေကြေသည်ထိ မွှေရပါမယ်။ ပြီးရင် တို့ဟူး အနည်ထိုင်သည်ထိ တစ်နာရီလောက် နှပ်ထားပါ။ စကြ...
ဝက်သားချိုစပ်ကြော်
Переглядів 14День тому
ဝက်သားချိုစပ်ကြော် ထမင်းပူပူ ဟင်းပူပူတွဲဖက်စားဖို့ ဝက်သားချိုစပ်ကြော်လေး တစ်ခွက် ချက်ပြပါမယ်။ အချိန်လည်း အများကြီးမလို၊ အမယ်လည်း မများပေမယ့် တစ်ကယ် စားကောင်းပါတယ်။ ဝက်သား ပြုတ်ပြီးသားရှိလို့ ဝက်သားပြုတ် သုံးထားပါတယ်။ အသီးအရွက်ထဲ အချိုအရသာကဲတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ကုဆိုင်နဲ့ ချဉ်ချိုအရသာ‌ပေးတဲ့ ခရမ်းချဉ်သီးကို သုံးထားပါတယ်။ ငရုတ်သီးကတော့ မပါမဖြစ် အစပ်အရသာ အတွက်ပါ။ ကြက်သွန်ဖြူနီ ဆီသတ်ပြီးတာနဲ့ ...
မိုးကျလက်ဖက်သုပ်
Переглядів 9014 днів тому
မိုးကျလက်ဖက်သုပ် တောစာလို့‌ခေါ်မလား။ ထူးထူးဆန်းဆန်းအစားအစာဆိုရင် ကြိုက်တဲ့ အမေက ဈေးထဲမှာ ဒန့်ကျွဲရွက်တွေ တွေ့တော့ နှစ်စည်း ငါးရာနဲ့ ဝယ်လာခဲ့တယ်။ငါးရာဖိုးဆို ပန်းကန်ပြား တစ်ချပ်စာလောက်တော့ ရပါတယ်။ ဒန့်ကျွဲရွက်က မိုးဦးကျမှာ အလေ့ကျ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ဒန့်ကျွဲရွက် အရွက်နုလေးတွေကို ပြုတ်ပြီး လက်ဖက်လို သုပ်စားရတာမျိုးပါ။ လက်ဖက်စားရင် အိပ်မပျော်တတ်တဲ့သူတွေ အတွက်တော့ မိုးကျလက်ဖက်သုပ်က လက်ဖက...
မန္တလေးပဲကြော်
Переглядів 48614 днів тому
မန္တလေးပဲကြော်
မှိုကန်စွန်း
Переглядів 13914 днів тому
မှိုကန်စွန်း
Homemade ပလာတာ
Переглядів 5014 днів тому
Homemade ပလာတာ
ကြောင်လျှာပွင့်‌ခြောက်သုပ်
Переглядів 14714 днів тому
ကြောင်လျှာပွင့်‌ခြောက်သုပ်
မုန့်လက်ကောက်ကြော်၊နှမ်းကပ်ကြော်
Переглядів 50514 днів тому
မုန့်လက်ကောက်ကြော်၊နှမ်းကပ်ကြော်
ပလို့ပြောင်းဖူး ထောင်းကြော်
Переглядів 4114 днів тому
ပလို့ပြောင်းဖူး ထောင်းကြော်
တံခါးသော့ လဲလှယ် အသစ်တပ်ဆင်နည်း @Doorlock installation
Переглядів 3021 день тому
တံခါးသော့ လဲလှယ် အသစ်တပ်ဆင်နည်း @Doorlock installation
ပုစွန်ကြက်ဥမွှေကြော်
Переглядів 3121 день тому
ပုစွန်ကြက်ဥမွှေကြော်
ရဲယိုရွက်ဟင်းထုပ်
Переглядів 2,2 тис.21 день тому
ရဲယိုရွက်ဟင်းထုပ်
ချဉ်ငံစပ် ကြက်သားသုပ်
Переглядів 14121 день тому
ချဉ်ငံစပ် ကြက်သားသုပ်
မျှစ်ဆတ် ဟင်းရွက်စုံဟင်းချို
Переглядів 50321 день тому
မျှစ်ဆတ် ဟင်းရွက်စုံဟင်းချို
အာလူးပလာတာ @palarta with potato curry
Переглядів 3021 день тому
အာလူးပလာတာ @palarta with potato curry
စပ်ပြဲလန် ငရုတ်သီးစိမ်းကြော်
Переглядів 4,7 тис.21 день тому
စပ်ပြဲလန် ငရုတ်သီးစိမ်းကြော်
ချဉ်ပေါင်ရွက်ကြော်
Переглядів 6521 день тому
ချဉ်ပေါင်ရွက်ကြော်
ငါးရံ့ပလူရွက်သုပ်
Переглядів 54828 днів тому
ငါးရံ့ပလူရွက်သုပ်

КОМЕНТАРІ