ထမင်းသုပ်

Поділитися
Вставка
  • Опубліковано 27 сер 2024
  • ထမင်းသုပ်
    ဒီနေ့အိမ်မှာ အမဲသားပြုတ်ကြော်ကြော်တော့ ထမင်းသုပ်လေးနဲ့မှ စားချင်တာနဲ့ ထမင်းသုပ်စားဖြစ်တယ်။ အမဲသားကြော်၊ ကြက်သားကြော် ၊ဝက်သားကြော်လို အသားကြော်တွေကို ငပိရည်ကျို ထမင်းသုပ်တို့ ပုန်းရည်ကြီးထမင်းသုပ်တို့လို ထမင်းသုပ်အမျိုးမျိုးနဲ့ တွဲစားရတာကို ကြိုက်တယ်။
    ဒီနေ့ကတော့ ပဲကြာဆံ၊ အာလူး၊ ကြွက်နားရွက်မှိုတွေပါတဲ့ ထမင်းသုပ်လေး သုပ်စားဖြစ်ပါတယ်။
    ပါဝင်ပစ္စည်း
    ကြက်သွန်နီ
    ကြွက်နားရွက်မှို
    ရှောက်ရွက်
    ပဲကြာဆံ
    အာလူး
    ‌ဆီချက် အဝါနဲ့ အနီ
    ပဲကျက်မှုန့်
    ပုစွန်ခြောက်မှုန့်
    မန်ကျည်းရည်
    ဦးဆုံး ထမင်းထဲကို ကြက်သွန်နီ၊ ကြွက်နားရွက်မှို ပါးပါးလှီးထားတာထည့်ပါ။ ရှောက်ရွက်ထည့်ပါ။ ပြုတ်ထားတဲ့ ပဲကြာဆံနဲ့ အာလူးကို ချေထည့်ပါ။ကြက်သွန်ဖြူ ဆီချက်နဲ့ ငရုတ်သီးဆီချက်ထည့်ပါ။ ပဲအကျက်မှုနိ့၊၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းရည်၊ တား၊ dashi ၊ ငံပြာရည်ထည့်ပြီး အရသာနှံ‌့အောင်နယ်ပါ။
    #မြန်မာထမင်းသုပ် #အမဲသားပြုတ်ကြော် #အမဲသားကြော်
    အမဲသားပြုတ်ကြော်
    အမဲသားကို အရသာနယ်ပြီး နူးအောင်ပြုတ်ထားပါ။ ပြိးရင် အသားတုံးကို ငရုတ်ဆုံမှာ ပြားအောင်ထောင်းပြီး ဆီပူမှာကြော်ပါ။ ပျဉ်းတော်သိမ်နဲ့ ကြက်သွန်ဖြူထောင်းထားတာ ထည့်ကြော်ပါ။အပေါ်ယံတင်းတင်းလေးနဲ့ အတွင်းသားအိအိ အမဲ‌သားကြော်လေးကို ရရှိပါပြီ။
    #fyoupage #fyp #foodblog #cookingblog #Recipe #ကြွက်နားရွက်မှို #ထမင်းသုပ် #fypシ
    Follow my journey and be part of my story.
    Instagram: www.instagram....
    UA-cam:
    / @hotchilli84
    TikTok:
    www.tiktok.com...
    Facebook:
    www.facebook.c...

КОМЕНТАРІ • 2