တံခါးသော့ လဲလှယ် အသစ်တပ်ဆင်နည်း @Doorlock installation

Поділитися
Вставка
  • Опубліковано 27 сер 2024
  • အစားအသောက် video မဟုတ်ဖူးနော် ❌
    Door lock ကိုယ့်ဖာသာလဲချင်တယ်ဆိုတဲ့သူတွေပဲ ကြည့် 👌
    ဒီဗီဒီယိုက‌တော့ သော့ပြင်ဆရာခေါ်စရာမလိုဘဲ
    ကိုယ့်ဖာသာ Door Lock တွေ အလွယ်ဖြုတ်တပ်လို့ရမယ့် နည်းလေးပါ။
    အိမ်ကို စပြောင်းပြီးထဲက မလဲထားတဲ့ door lock တွေက ဆယ်စုနှစ်တခုနီးပါးရှိလာတော့ ချောင်တဲ့ဟာ ချောင်၊ lock ခဏခဏကျ ဖြစ်‌လာပါရော။
    တနေ့ကတော့ အိမ်ရှေ့တံခါးမကြီးက မိုးတွင်းမို့ သစ်သားကပွပြီး ကျပ်နေတာရော၊ door lock မကောင်းတော့တာရောကြောင့် ဆွဲဖွင့်လိုက်တာ ပြုတ်ထွက်ပါလေရော။ အခန်းထဲက တံခါးကတော့ သရဲခြောက်သလို lock က အံမကျဘဲ ပြန်ပြန်ပွင့်နေတာ။
    ဒါနဲ့ တာမွေဈေးနားက ဆိုင်မှာသော့သွားဝယ်၊သော့က ၁၂၀၀၀ရယ် ၂၅၀၀၀ရယ်ပေးရတယ်။
    သော့ပြင်တဲ့ လူရှိလား ဆိုတော့ ရတယ် လွှတ်ပေးမယ် ။ လက်ခက တချပ် ၁၀၀၀၀တဲ့။
    ရတယ်ပေါ့၊ လွှတ်ပေးပါိဆိုပြီး မှာခဲ့တာ၊
    သော့ပြင်တဲ့လူမရှိလို့ပဲလား မသိ ညထိမလာဖူး။
    အာ့နဲ့ စိတ်တိုပြီး ကိုယ့်ဖာသာတပ်မယ်ဟာ ဆိုပြီး UA-cam ကကြည့်လိုက်တာ။
    ဟာ.. တော်တော် လွယ်တာပဲ ဖြစ်သွားတယ် 😁
    #fyp #doorlock #doorlockinstallation #doorlockreplacement #သော့ပြင်နည်း #တံခါးသော့တပ်နည်း #tipsandtricks

КОМЕНТАРІ •