ဂွေးတောက်ရွက်၊ဘယာကြော်ဟင်း

Поділитися
Вставка
  • Опубліковано 27 сер 2024
  • ဂွေးတောက်ရွက်၊ဘယာကြော်ဟင်း
    ဂွေးတောက်ရွက်ကို ဘယာကြော်နဲ့ ဟင်းချက်စားဖူးကြလား။ စားကောင်းတယ်။မစားဖူးသေးရင် လိုက်ချက်စားကြည့်ကြနော်။
    အရင်ဆုံး ဘယာကြော် ကြော်ဖို့ပြင်ပါမယ်။
    မွှေးဘယာကြော်မှုန့်ကို သုံးပါတယ်။ သူက ရေအချိန်အဆမှန်ရင် ပဲကို ရေစိမ်ထောင်းထားသလိုပဲ အရသာကောင်းပါတယ်။
    ဘယာကြော်မှုန့်ထဲ ဆား ၊ dashi ထည့်၊ ရေနည်းနည်းစီထည့်ပြီး နာရီဝက်လောက် နှပ်ထားပါ။ အမှုန့်က video မှာပြထားသလို အနေအထား ပဲမှုန့်အနှစ်ဖြစ်တဲ့ အနေအထားပဲ ရေထည့်ရပါမယ်။ ရေများရင် ပဲမှုန့်က အရမ်းပွသွားပြီး ဘယာကြော်က သိပ်စားမကောင်းပါဖူး။
    နာရီဝက်ကြာရင် ဘယာကြော်ကြော်ဖို့အတွက် နှပ်ထားတဲ့ ပဲနှစ်ထဲကြက်သွန်နီ၊ငရုတ်သီးစိမ်းထည့်ပြီး မီအလယ်အလတ်နဲ့ နှစ်ဘက်ရဲလာသည်ထိ ကြော်ပေးပါ
    ဂွေးတောက်ရွက် ရေဆေးပြီး ညှပ်ထားပါ။ ကြက်သွန်ဖြူနီကို အရင်ဆီသတ်ပါမယ်။ မွှေးလာရင် ခရမ်းချဉ်သီးထည့်ပါ။ ကြော်ထားတဲ့ ဘယာကြော်ကို အပိုင်းလေးတွေ ဖြတ်ပြီး ထည့်ပါ။ အရသာအတွက် ဆားနဲ့ dashi ထည့်ပါ။ ရေထည့်တည်ပါ။ ရေလေးနည်းနည်းခမ်းပြီး ဆီသံထွက်လာရင် ဂွေးတောက်ရွက်ထည့်ပါ။ လေးမိနစ်လောက် မွှေပြီး ဂွေးတောက်ရွက်နူးပြီ‌ဆို ရပါပြီ။
    ခါးသက်သက်အရသာရှိတဲ့ ဂွေး‌တောက်ရွက်နဲ့ ဘယာကြော် အစိမ့်အရသာပေါင်းစပ်ထားတဲ့ ဒီဟင်းလေးက စားကြည့်ရင် ခံတွင်းတွေ့စေမှာ အမှန်ပါပဲ။
    လိုက်ချက်စားကြည့်ကြနော်
    #ဂွေးတောက်ရွက် #ဘယာကြော် #ဗယာကြော် #cottonmilkplantleaves #cottonmilkplant #friedchickpea #foodblog #cookingblog #fypシ #fypシ゚viral #recipe
    Follow my journey and be part of my story.
    Instagram: www.instagram....
    UA-cam:
    / @hotchilli84
    TikTok:
    www.tiktok.com...
    Facebook:
    www.facebook.c...

КОМЕНТАРІ • 2