မိုးကျလက်ဖက်သုပ်

Поділитися
Вставка
  • Опубліковано 27 сер 2024
  • မိုးကျလက်ဖက်သုပ်
    တောစာလို့‌ခေါ်မလား။ ထူးထူးဆန်းဆန်းအစားအစာဆိုရင် ကြိုက်တဲ့ အမေက ဈေးထဲမှာ ဒန့်ကျွဲရွက်တွေ တွေ့တော့ နှစ်စည်း ငါးရာနဲ့ ဝယ်လာခဲ့တယ်။ငါးရာဖိုးဆို ပန်းကန်ပြား တစ်ချပ်စာလောက်တော့ ရပါတယ်။
    ဒန့်ကျွဲရွက်က မိုးဦးကျမှာ အလေ့ကျ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ဒန့်ကျွဲရွက် အရွက်နုလေးတွေကို ပြုတ်ပြီး လက်ဖက်လို သုပ်စားရတာမျိုးပါ။ လက်ဖက်စားရင် အိပ်မပျော်တတ်တဲ့သူတွေ အတွက်တော့ မိုးကျလက်ဖက်သုပ်က လက်ဖက်အစားထိုး စားစရာတခုပါပဲ။
    သတိထားရမှာက ဒန့်ကျွဲရွက်က အနံပြင်းပြင်းရှိတာမလို့ ပြုတ်တဲ့ အခါမှာတစ်ကြိမ်ပြုတ် ရေသွန်ပြီး ဒုတိယတစ်ကြိမ် ထပ်ပြုတ်ပေးဖို့တော့ လိုပါတယ်။
    ပြီးရင် အရွက်ထဲကရေတွေကုန်အောင် သေချာညှစ်ထုတ်ပြီး ပါးပါးလှီးထားပါမယ်။ မြေပဲထောင်း၊ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း အားလုံးပေါင်းထည့်ပြီး အရသာအတွက် ဆား၊ငံပြာရည်၊dashi နည်းနည်းစီ ထည့်ပါမယ်။ချဥ်ချဥ်‌လေးဆို ပိုစားကောင်းလို့ သံပုရာသီးကိုလည်း အရည်ညှစ် ထည့်ပါမယ်။
    ဆီကတော့ ဆီချက်ဖြစ်ဖြစ် ဆီစိမ်းဖြစ်ဖြစ် အဆင်ပြေတာ သုံးလို့ရပါတယ်။ ချီလီကတော့ ပဲ‌ဆီမွှေးမွှေးလေးကို ဆမ်းပြီး သုပ်ထားပါတယ်။
    ထမင်းနဲ့ပဲ စားစား၊ ပိုတာကို နေ့လယ် ရေနွေးကြမ်းနဲ့ အမြည်းလုပ် စားစား ၊အရသာတစ်ကယ် ကောင်းတာမို့ မစားဖူးသေးတဲ့သူတွေ သုပ်စားကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။
    #မိုးကျလက်ဖက်သုပ် #ဒန့်ကျွဲရွက်သုပ် #ဒန့်ကျွဲရွက် #လက်ဖက်သုပ် #vegetablesalad #burmesesalad #cookingathome #cookingblog #foodblog #foodlover #burmesefood #fyp
    Follow my journey and be part of my story.
    Instagram: www.instagram....
    UA-cam:
    / @hotchilli84
    TikTok:
    www.tiktok.com...
    Facebook:
    www.facebook.c...

КОМЕНТАРІ • 3

  • @user-ly6vl2yc3z
    @user-ly6vl2yc3z 24 дні тому

    ကိုဝန်ဆောင်နဲ့တည့်လားရှင့်ညီမကအရမ်းကြိုက်လို့အဲ့တာကို

    • @HotChilli84
      @HotChilli84  24 дні тому +1

      ဒန့်ကျွဲရွက်က ဆေးဖက်ဝင်ပါိတယ်။အရွက်ကို ရေနွေးဖျော ပါးပါးလှီး သုတ်စား/ပြုတ်သောက်ယင်နှလုံးသွေးကြောကျဉ်း
      နှင့် နှလုံးရောဂါအပါအဝင်စားမဝင် အိပ်မပျော်ရောဂါများ သက်သာစေတယ် လို့ စာဖတ်ဖူးပါတယ်။ စားလို့ရပါတယ်ရှင်

    • @user-ly6vl2yc3z
      @user-ly6vl2yc3z 24 дні тому

      ဟုတ်ကျေးဇူးပါနော်