ကြက်သားအစပ် ငါးပိချက်

Поділитися
Вставка
  • Опубліковано 27 сер 2024
  • ကြက်သားအစပ် ငါးပိချက်
    ကြက်သားကို ကြော်စားတယ်။ အာလူး၊ ဘူးသီးနဲ့ ချက်စားတယ်။ ဒီလိုပဲ အမြဲစားနေရလို့ ရိုးနေပြီဆိုရင်တော့ ကြက်သားအစပ် ငါးပိချက်လေး ချက်စားကြည့်ပါ။
    အရမ်းစားကောင်းပါတယ်။
    ကြက်သားကို အတုံးခပ်သေးသေးတုံးပြီး ဆား ၊ နနွင်းမှုန့်နဲ့ နယ်ပြီး နှပ်ထားပါ။
    ဟင်းချက်ဖို့ အတွက် ကြက်သွန်ဖြူနီ၊ ဂျင်းကို ခပ်များများလေး ကြိတ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း အနှစ်ရအောင် ကြိတ်ထားပါ။ ငရုတ်သီးစိမ်းနဲ့ စပါးလင်ကိုလည်း ကြိတ်ထားပါမယ်။
    ကြက်သွန်ဖြူနီ ၊ ဂျင်းကြိတ်ထားတာကို နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါမယ်။ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ကြိတ်ထားတာ ထည့်ပါ။ အနှစ်ကြိတ်ထားလို့ ဆီသတ်ရတာပိုမြန်ပါတယ်။ ပြီးရင် စိမ်းစားငါးပိ စားပွဲတင်ဇွန်း တစ်ဝက်လောက်ထည့်ပါမယ်။ကြိတ်ထားတဲ့ စပါးလင်ထည့်ပါမယ်။
    ဆီသတ်တာရပြီဆိုရင်တော့ ကြက်သားထည့်ပြီး အသားထဲက အရည်တွေကုန်သည်ထိ စိတ်ရှည်လက်ရှည် အချိန်ယူ လှိမ့်ပေးရပါမယ်။
    အသားထဲက အရည်ကုန်ပြီဆိုရင်တော့ ငံပြာရည်နဲ့ ပဲငံပြာရည် အချိုထည့်ပါတယ်။ ပြီးရင် အသားနူးအောင် ရေမြုပ်သည်ထိ ထည့်ပြီး အဖုံးအုပ် မီး အလယ်အလတ်နဲ့ တည်ထားပါ။ ရေလည်း တဝက်ကျော် ခမ်းပြီး ဆီသံထွက်လာရင်တော့ အသားလည်း နူးပါပြီ။
    သူ့အရသာက ခပ်လေးလေး နဲ့ စပ်စပ်လေးဆိုတော့ တို့စရာ အရွက်ပြုတ် ၊ သခွားသီး ၊ ဆလတ်ရွက်၊ သရက်သီးမှည့်တွေနဲ့ တွဲစားမယ်ဆို အရမ်းလိုက်ပါတယ်။
    ကြက်သားစားရတာရိုးနေပြီဆို ဒီလိုလေးချက်စားကြည့်ကြနော်။ တစ်ကယ့်ကို စားမြိန်မှာ သေချာပါတယ်။
    #cookingblog #cooking #foodlover #easyrecipe #recipe #chickenrecipe #chicken #foodblog #ကြက်သားအစပ် #ငါးပိချက် #spicychickencurry #fypyoutube #fypシ゚ #fyp
    Follow my journey and be part of my story.
    Instagram: www.instagram....
    UA-cam:
    / @hotchilli84
    TikTok:
    www.tiktok.com...
    Facebook:
    www.facebook.c...

КОМЕНТАРІ • 2