ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၂] | Up To the Top of Phong Kan Razi Glacier [Episode - 2]
Вставка
- Опубліковано 16 тра 2022
- ဖုန်ကန်ရာဇီ ရေခဲတောင် ဟာ ကချင်ပြည်နယ် မြောက်ပိုင်း မချမ်းဘော၊ ပူတာအို နဲ့ နောင်မွန်းမြို့နယ်တွေအတွင်းမှာ တည်ရှိနေတဲ့ အမြင့်ပေ ၁၁၉၀၀ ကျော်ရှိတဲ့ တောင်ဖြစ်ပါတယ်။ ဒီဝန်းကျင်မှာ ရှိတဲ့ရေခဲတောင်တွေမှာ တက်ရအလွယ်ကူဆုံး လို့လည်း ပြောကြတဲ့အထိ ရေခဲတောင်တက်ဝါသနာရှင်တွေဟာ ဒီတောင်ကို ပထမဆုံး ရွေးချယ်မှုအဖြစ် တက်ရောက်ကြလေ့ရှိပါတယ်။ ဒီနေ့ခရီးစဉ်အပိုင်းမှာတော့ ကျွန်တော်တို့ဟာ တောင်ခြေရွာ ဇီယာဒမ်း မှာ တစ်ညတာ အိပ်စက်ပြီး မနက်စောစော တောင်တက်ခရီးစဉ် စခဲ့ကြပုံတွေကို တင်ပြထားပါတယ်။ ချောင်းဆုံ စခန်းမှာ နေ့လည်တစ်ထောက်နားပြီး အောက်သစ်ပင်ကြီး စခန်းမှာ ညအိပ်ခဲ့ကြပါတယ်။ မိုးက သည်းသည်းမည်းမည်း ရွာချလိုက်သေးတာမို့ တောင်တက်ဖို့က ပုံမှန်အခြေအနေထက် ပိုမိုခက်ခဲသွားသလို ရှိပါတယ်။
ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
အခု အပိုင်း (၂) မှာတော့ တောင်ခြေရွာ ဇီယာဒမ်း ကနေ တောင်ပေါ်တက်ရင်း အောက်သစ်ပင်ကြီးစခန်းထိ သွားလာခဲ့တဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)
တိုင်းပြည်တည်ငြိမ်အေးချမ်းပီး စီးပွားရေးကပုံမှန်လေး ဖွံဖြိုးတိုးတက်နေလျင် တိုင်းပြည်ရဲ့ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း အရမ်းအောင်မြင်ပီး ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံရဲ့ဂုဏ်သတင်းကျော်ဇောမှုတွေလည်း အယင်ကထက်ပိုပီးနာမည်ထွက်လာမှာအသေအချာပါဘဲ...အခုတော့ဗျာ ဖြစ်ပျက်နေရတဲ့မြန်မာပြည်သူတွေရဲ့ဘဝတွေ...အရမ်းရင်နာရတယ်...
တိုင်းပြည်အေးချမ်းရင် ဒေသဖွံ့ဖြိုးရေးကို ပိုလုပ်နိုင်မှာ
တိုင်းပြည်အေးချမ်းပြီး လမ်းပမ်းဆက်သွယ်ရေးတစ်နိင်ငံလုံးကောင်းလာပါစေ 😢😢😢😢😢
စိတ်ဝင်စားပါတယ်..အားလုံးကြည့်ဖြစ်အောင်ကြည့်လို့..ကြည်နူးမိတာအမှန်ပါ❤
အောက်သစ်ပင်ကြီး အထက်သစ်ပင်ကြီး ရေခဲစပ် ခရီးတစ်ထောက်အိပ်မဲ့နေရာတွေမှာ မိုးလုံရေလုံဇရပ်ဆောက်ထားရင် မကောင်းဘူးလား
ပြဿနာက တချို့ဆေးမြစ်ရှာတဲ့သူတွေက အရမ်းအေးတဲ့အချိန် ရှိရာခွါ အလွယ်မီးစာလုပ် မီးလှုံတတ်ကြလို့ မလုပ်ဖြစ်တော့တာလို့ သိရပါတယ်။ တချို့ဇရပ်တွေက သစ်သားတွေခွါခံရလို့ သွပ်ပြားတွေပြောင်းလဲအစားထိုးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပညာသင်ယူဖို့ အခွင့်အရေးနည်းပါးတဲ့အကျိုးဆက်လို့မြင်မိပါတယ်။
ကချင်ပြည်နယ်သားတွေကိုချစ်တယ်
Thanks so much for this video.❤❤
လမ်းပြ ကချင်အကိုကြီးတွေ အရမ်းချောကြတယ် ❤❤❤❤
ညအိပ်ရပ်နားတဲ့အနေအထားအနားယူတာ ညစာစားတာ ရေချိုးတာ အိပ်ယာဝင်တာ အိမ်ရှင်မိသားစုလေးတွေနဲ့ထိတွေ့တာ ဟင်းအမယ်လေးတွေ အဲ့လိုမျိုးစုံစုံစိစိလေးရိုက်ပါနောက်တစ်ခါပြန်ရောက်ဖို့ကမလွယ်ဘူးလေ ရောက်တုန်းပြည့်စုံအောင်တော့ကြိုးစားပြီးရိုက်ပေးပါ ကျေးဇူးနော်
ဇီယာဒမ်း ရွာထိ ကားလမ်းပေါက်ရင် အရမ်းအဆင်ပြေပြီး ခရီးသွားတွေ အများကြီးသွားကြမှာပဲ
ခုလို မြန်မြန် ကောင်းကောင်းလေး တင်ပေးလို့ ကျေးဇူးကမ္ဘာဆိုင်ရော.
စည်းလုံးညီညွတ် တဲ့ ကလေးတွေ အားကျမိပါတယ် fighting". နောက်ထပ် လည်း တင်ပေးပါ အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ 🙏
သိပ်လှ တာဘဲ ခက် ခက် ခဲ ခဲ တက်ရတာ တော်လိုက်တဲ. လူလေးတွ congradulation
ခွန်အားဖြစ်ရပါတယ်ခင်ဗျ 😊
အားကျတယ်သွားခိုင်လျှင်မသွားရဲဘူးဆိုင်ကယ်ပျက်မှာကြောက်တယ်ဗဟုသုတရတယ်
ခရီးကတော့ အတော်ပင်ပန်းတာပါ
အပိုင်းဆုံးထိအမြန်တင်ပေးပါ ရွာမှာရောက်နေဆိုတော့ လိုင်းမလို့ပါ လိုင်းမိအောင် တောင်းပေါ်တိတက်ပီးကြည်ရလို့ပါ
ပင်ပန်းနေတဲ့ကြားထဲက video လဲရိုက်ကသေးတယ်ဆိုတော့ respect bro
တကယ့်အမှတ်တရတစ်ခုတော့ ဖြစ်သွားခဲ့ပါတယ် 😊
ကြည့်ရတာကျေးဇူးတင်ပါတယ်
ဝါသနာပါတယ်ဗျာအဲးလိုလေးမိသားစုနဲ့သွားချင်တယ်ဗျာ
အပိုင်း 3 မျှော်နေပီနော်
အရမ်းမိုက်တယ် အကို😍
မေးချင်တာ ညီမအနေနဲ့ဆို ရေစိမ်းသောက်ရင် ၀မ်းလျှောတယ် အစ်ကိုတို့ အဲ့ပြသနာတွေမရှိကြဘူးလား
ဝမ်းတော့မလျှောခဲ့ကြဘူး။ အားလုံးက ဝမ်းခိုင်ကြလို့လားမသိဝူး 😄
တကယ်တော့ ရေသန့်ပိုက်လိုမျိုးလေးတော့ ယူသွားသင့်တာ။ အဲ့ကျမှ မဝယ်ခဲ့မိတာ နောင်တရ ရတယ်။
Very interesting and informative.Thanks for this program.
Hope you enjoy video. 🎊
ဗဟုသုတရလိုကျေးဇူးပါ ကြည့်ရင်းအချို့နေရာတွေ မှာသစ်ပင်ခုတ်ထားတာတွေ့တော့ သစ်ခိုးထုတ်တာတွေလည်ရှိတဲ့ပုံပဲ😁😁
လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတော့ ခုအခြေအနေအရတော့ မဖြစ်နိုင်လောက်သေးဘူး ထင်ပါတယ်
ပူတာအို မြို့ကနေပီးသွားတာ ရေးခဲးတောင်ထိပ်ထိ အချိန် ဘယ်နှစ်ရက်ကြာပါသလဲး ဗျာ
ကြည်လို့ကောင်းတယ်
စိတ်ဝင်စားဖို့လဲကောင်း
တယ်ဗျာ
Journey to the haven
မိုက်တယ်ဗျာ
ကျေးဇူးပါဗျာ
သတိရတယ် ဖုန်ကန်ရာဇီ
တကယ် လွမ်းစရာပါပဲ
စောင့်နေတာ.....❤
လာပါပြီဗျား 😍
Wow!! Very challenging, interesting and memorable journey. Great job to your team, guides and hosts at village. Love to see them pray before climbing mountains.
Yes it was a great memory for all of us. Hope you enjoy the video.
လမ်းမှာလက်နက်ကိုင်တွေနဲ့တွေ့မှာဘဲကြောက်တယ်
မြန်မာပြည်မှာအအေးချမ်းဆုံးက
မြောက်ဖျားပိုင်းဘဲ😎
မဟုတ်ဘူးနော်
ကချင်မှာ အေးဆေးနေတာ
အဲ့တုန်းက ရေခဲတောင် လာတက်သူတွေ အဖွဲ့တွေမှ အများကြီးပါပဲ
@@ThihaLuLin အဲ့ဒီ ရ၀မ်၊လီဆူ ဒေသတွေကအေးချမ်းတယ်။
ပီးရင်မြစ်ကြီးနားဘက်။ကျန်တဲ့ဒေသတော့မသိဘူး။😀
အမြဲအားပေးနေပါတယ် bro
အမြဲကျေးဇူးတင်ချစ်ခင်ရပါတယ်ဗျား 😊
အရမ်းကောင်းတဲ့ ခရီးသွားအစီစဉ်လေးပါ..
ကျေးဇူးတင်ပါတယ်ဗျား
ခရီးစဉ်စဆုံး အခုလက်ရှိလူအင်အားအတိုင်း ကုန်ကျမူဘယ်လောက်ရှိပါသလဲသိချင်လို့ပါ
သူတို့က တစ်ဦးချင်းပဲ တွက်ယူတာပါ။ ပူတာအို လေယာဉ်ခ နဲ့ အဝင်အထွက်တည်းခိုစားသောက်စရိတ် မပါဘဲ၊ တောင်တက်ခရီး (ပူတာအိုကို လာကြိုလာပို့၊ လမ်းပြ၊ အထမ်း၊ တောင်တက်စားသောက် အကုန်အပြီး) ကို ၅ သိန်းဝန်းကျင်ယူပါတယ်။ တစ်ဦးချင်းဈေးပါ။ အသေးစိတ်ကို Spring Travels & Tours ရဲ့ Facebook page ကနေ စုံစမ်းလို့ရပါတယ်။
@@ThihaLuLin ကျေးဇူးပါခင်မျာ
မျှော်နေတာ
အားပေးပါဦးနော် 💕
Thanks
Welcome ☺️
အဆင့်မြင့်ခရီးသွားလါရေး Helicopter အစီးရေများစွာ လိုအပ်မည်။😅
အကို့လမ်းပြငှါးရတာလား..
ဘလိုပေးရလဲးအကိုတို့သွားတုန်းက
ပူတာအိုကနေ ခရီးစဉ်အစအဆုံးကို စီစဉ်တဲ့သးတွေ ရှိပါတယ်… သူတို့နဲ့ ချိတ်ဆက်လိုက်တာပါ… တစ်ဦးကို ၁၀ သိန်းဝန်းကျင်လောက် ကုန်ကျခဲ့ပါတယ်…
ကျေးဇူးပါ
ဆုတောင်း ဆိုတာ ကိုယ်ရဲ့ ထင်ရာစိတ်တစ်ခုပါ
ကျေးဇူးတင်ပါတယ်broတို့ခုလိုခက်ခက်ခဲခဲရိုက်ကူးပီကြည့်ခွင့်ရလိူ့☺️☺️
ခွန်အားဖြစ်ရပါတယ် 😊
ကျေးဇူးပါbroကိုယ်မသွားသေးပေမယ့်ကိုယ်ကိုတိုင်သွားနေသလိုခံစားရတယ်
ထပ်တူခံစားပေးလို့ ကျေးဇူးပါဗျား
တောထဲမှာ အမျိုးသမီးတွေလဲပါတယ်ဆိုတော့ အိမ်သာ /ရေချိုး တာလေး ကိုလဲရှင်းပြပေးပါဦးအကို ဘယ်ကိုသွားသွား အိမ်သာ/ရေချိုး တာတော့အရေးပါတယ်လို့ထင်လို့ပါ
ခြုံတိုးကြရတာပါပဲ
အပိုင်း ၃ မှာတော့ စခန်းတချို့က အိမ်သာပုံစံလေးတွေ ပြပေးထားပါတယ်
ရေတော့ မချိုးကြဘူး wet tissue နဲ့ ရေပတ်တိုက်တာလောက်ပဲ လုပ်ရတယ်
ရေလည်းအရမ်းရှားပါတယ်
@@ThihaLuLin ပြန်ဖြေပေးလို့ကျေးဇူးတင်ပါတယ် ကိုသီဟခင်ဗျာ
သဘောကျတယ်
ကျေးဇူးပါဗျ
ဆိုင်ကယ်တွေ့ကအစုတ်တွေ့လေ ပျက်မှာပေါ့😥😥😥😥😥
သူတို့တွေ ဘယ်လိုလုပ် ဝယ််နိုင်မလဲ
ကျွတ်မကိုက်အောင် ဘာဆေးသုံးရတာလဲဗျ မျှဝေပေးပါလား bro
ကျွက်ကဆားကြောက်တယ်
ဟုတ် ဆားနဲ့ ပြာတွေသုံးပြီး ဖယ်ပါတယ်
အချိန်တိုင်းဆောင်ထားဖို့ မလွယ်လို့ပါ
မိုးရွာနေတော့
စာတန်းထိုးနေတာ ကြည့်ရဆိုးပြီး ကြာတယ်.
ကြားစခန်း အနားယူအိမ် မိုးလေအလုံ 3-အိမ်တည်ဆောက်ထားကြပါ ဘက်ထရီ အိုးအသစ် သို့ မဟုတ်မီးစက် အသေး အသစ် 2-လုံးယူသွားလျင်အလွန်ကောင်းမည်
ချာတိတ်မကလည်း ဆင်တွေ့တာထင်လို့ 😂😂
ဆင်တွေက ကြွက်ကြောက်ကြတယ်ဆိုတာမျိုး ပေါ့
😅😅
ကျွတ်နဲ့ဒက်ကတော့ ပေါတယ်နော် သတိထား😁
မိုးကျရင် မရဝူး ကျွတ်က အတော်ထွက်ပဲ
ပူတာအိုက နေ ဇီတန်းကို ဘယ်လောက်ကြာအောင်သွားရတာလည်း bro
ပူတာအို ဇီယာဒန်း က ဆိုင်ကယ်နဲ့ အချိန် ၁ နာရီခွဲ ၂ နာရီ လောက်ပါပဲ (လမ်းကောင်းရင် ပေါ့)။ မိုးတွင်း ရွှံ့ရှိပြီဆိုရင်တော့ တစ်ရက်လည်း ဖြစ်သွားနိုင်တယ်
အဲ့သွားတုန်းက သင်္ကြန်မိုးရွာလိုက်ပြီး လမ်းပျက်တော့ မနက်ကထွက်တာ ညမှရောက်တော့တယ်
ရိုက်ထားတာအရမ်းမိုက်တယ် bro ကြည့်ဖူးသမျှ channel တွေထဲမှာအကာင်းဆုံးပဲ
ေနာက်ထပ် video တွေလည်းမျော်နေမယ် bro
အားပေးစကားအတွက် ကျေးဇူးအထူးပါဗျား 💕
ထူးဆန်းတဲ့နေရာတွေကိုတင်ပေးပါ။
ဟုတ်ကဲ့ ကြိုးစားနေပါမယ်ခင်ဗျ
ကျွတ်လေးကိုဗျာ...အော်လိုက်တာဆိုတာ...😂😂🤣🤣
ဟုတ်ပါ့ 😅
အကို အဒီတောင်တက်ခရီစဉ်အတွက် ဘယ်လောက်ုန်ကြလည်ပြ
တောင်တက်ခရီးချည်းပဲ ၅ သိန်းဝန်းကျင်ကုန်ပါတယ်။ လေယာဉ်ခတွေ တည်းခိုခတွေ အပါဆိုရင် ၈ သိန်း ကျော် ကုန်ကျပါတယ် ညီ ဗျ
နောက်တာမဟုတ်ဘူးနော် ကျွတ်က လပြွတ်အပေါက်ထဲထိဝင်တတ်တယ်
ဒုက္ခတွေမနည်းဘူးဘဲ...တော်ရုံ စိတ်မျိုးနဲ့တော့ သွားဖို့မဖစ်နိုင်ဘူး
သွားတုန်းကတော့ အတော်စိတ်ညစ်တာ
ပြန်မလာတော့ဘူးပဲတွေးခဲ့တာ
နောက်တော့လည်း နောက်တစ်တောင် တက်ချင်တာပါပဲ
လမ်းပြတဲ့ သူတွေ အတော်စိတ်သဘောထား ကောင်းတာဘဲ....
@@aungmyintkyaw4461 တကယ်ကို ကောင်းတာ စိတ်လည်းအရမ်းရှင်းတာပဲ
နောက် vd တွေ Fighting.......bro
ဆိုင်ကယ်က ပျက်တော့မှာပေါ့ တရုတ်ဘီးစီးလာတာကို ထိုင်းဘီးနဲ့သွားပါ 👍
ဒေသခံတွေက သူဌေးတွေမှ မဟုတ်တဋ
ခင်ဗျားဝယ်ပေးလိုက်ပါလား
တရုတ်နဲ့ နီးတော့ တရုတ်ဘီးပေါ့ဗျာ ၊ ထိုင်းနဲ့ နီးရင်တော့ ထိုင်းဘီးစီးကြမှာပေါ့ဗျ ၊ ချင်းဘက်တွေမှာလည်း တရုတ်ပဲ အစီးများကြတယ်ဗျ ။
ထိုင်းဘီးဘယ်လောက်ကောင်းကောင်း အဲ့လိုလမ်းမျိုးနဲ့ဆို အပိုပစ္စည်းထည့်ရတာနဲ့ မွဲလောက်တယ်
ဘယ်ခုနှစ်က သွားခဲ့တာလဲဗျာ?
အခုနှစ် ပါ
အနီးစပ်ဆုံး အချိန်လေးသိချင်လို့ပါ...
တရွာနဲ့တရွာ လမ်းမှာအချိန်ဘယ်လောက်ကြာလည်းဗျာ့???edited လုပ်ထားတာမပါပေါ့ ပြီးတော့ ဘယ်ချိန်ထွက်ကြတယ် နားချိန်အိပ်ချိန်ပေါ့ဗျာ😁😁😁
ဗီဒီယိုကြည့်ပြီး သွားချင်စိတ်လေးဖြစ်လာလို့ မေးကြည့်တာပါ...
သိခွင့်ရှိရင် PLEASE!!!
ဗီဒီယိုတစ်ခုကတော့ တစ်ရက်စာပါပဲ
အချိန်လေးတွေလည်း အပေါ်ထောင့်လေးမှာ ဖော်ပြပေးပါတယ်
ရွာတစ်ရွာနဲ့ တစ်ရွာက မိနစ် ၁၅ - ၂၀ ဝန်းကျင်သွားရပါတယ်
အဲလိုရွာတွေရောက်ဖို့ကို အချိန်နေ့တစ်ပိုင်းကျော် သွားရပါတယ်
ရာသီဥတုကြောင့်ပါ
မိုးမရွာတာကြာရင် လမ်းခြောက်နေရင် အချိန် ၃ - ၄ နာရီအတွင်း ဇီယာဒမ်း ကို ရောက်ပါတယ်
တတ်ချင်ရင်ဘဲလိုသွာရမာလဲအကို
လမ်ညွန်ပေပါအုန်အဲတောင်တတ်ချင်ရက်ဘဲလိုသွာရမာလဲ
တက်ဖို့ကို ပူတာအိုအခြေစိုက် ခရီးသွားဝန်ဆောင်မှုပေးတဲ့ Spring Travels & Tours 0943021725 ကို ဆက်သွယ်နိုင်ပါတယ်
Wowwအရမ်းမိုက်ပြီးတန်ဖိုးရှိတဲ့ခရီးဘဲ အများကြီးအားထုတ်ပေးဆပ်ရတာဘဲနော့ အရမ်းအားကျတယ်
အဲ့လိုတွေအရမ်းသွားဖူးချင်တယ်
Channelလဲ ဒိထက်အများကြီးviewများပါစေဗျာ
ဒါမှ
ကိုယ့်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ရေမြေတောတောင်နဲ့ သဘာ၀အလှ
ဗဟုသုတတွေ ရကြမှာ
ကြည့်ရတာလဲ အရမ်းmood၀င်တယ်
ကျေးဇူးပါဗျ
ထပ်တူခံစားပေးလို့ ကျေးဇူးပါဗျား
ဆုတောင်းအတွက်လည်း ကျေးဇူးအထူးတင်ပါတယ် 💕
.
.very impressive!
Gay 😂
ဆိုင်ကယ်ပလပ် တိုက်ချွတ်ဆေးကြော ထားပါ ရာသီဥတုအရမ်းအေးတယ် ဆီ ခဲ တတ်လို့ မခဲစေရန် အပူရေနွေးပူပူ ဆီတိုင်ကီအပြင်ဖက်ကလောင်း ချုတ်ဆွဲနိုးပါ ညဖက် မီးစက် အသေးစား အသစ်ယူသွားလျင်ကောင်းမည် အပြန် လျူပေးခဲ့ကြပါ ပိုးသတ်ဖျန်းဆေးဗူး ပိုးသတ်ဆေးအပြင်းစား 10-ဂါလံခန့် ဖျန်း ဘူး50-ခန့် ရွာတိုင်း 1-ဂါလံ ရေ 5-ဂါလံရောစပ် ဖျန်းဘူး 5-ဘူးခန့်. ပိုးစုများနေချိန် ဖျန်းပေးခိုင်းပါ ဆန်အိတ် 150--ခန့် ယူသွားပြီး ရွာတိုင်း လျူပေးကြပါ ဘက်ထရီ အိုး200--အား မီးလုံး များ ကြိုးများ မီးခေါင်းအပို အလျူရွာစဉ်တိုင်း ပေးလျူနိင်လျင် အလွန်ကောင်းမည် အသင်းဖွဲ့စည်းပြီး ဝင်ကြေး သိန်း20--40--50ကောက်ခံ လမ်းမှာ ရွာတိုင်း လျပ်စစ် မီးထွန်းဖို့ လျူခဲ့ လျင်ပိုကောင်းမည်
ကြားအနားယူစခန်းတိုင်း မိုးလေလုံ အိမ်လူ 60--ဆန့် 2-အိမ်ပြုစုပျိုးထောင် ဆောက်လုပ်ပြီး ရေဂါလံ 800-ဆန့်တိုင်ကီနဲ့ ရေလောင်းအိမ်သာကတုတ်ကျင်း 4-ခုဆီ မိုးလုံလေ လုံတည်ဆောက်ပါ
စခန်းတည်နေရာ တိုင်း မီးစက်အသေးစား နစ်စဉ် 8--လုံးသယ်ယူသွားထားခဲ့ ဆန်ဆီ လုံခြုံစွာထုတ်ပိုးထားခဲ့ နစ်စဉ် ခရီးစဉ်ရှေ့ပြေးတဖွဲ့ကြိုသွား ဆေးဝါး စားနပ်ရိက္ခာ အစုံ မီးစက် ဓာတ်ဆီဒီဇယ်ဆီ ကြိုတင်ပြင်ဆင်ရပါ ပြီးမှ အဖွဲ့ ကို ခေါ်ယူပါ ရွာတိုင်း တညအိပ် ဆန် မီးစက်အသေးစား ဓာတ်ဆီဒီဇယ်ဆီ ဆေးဝါးအစုံ အလျူပေးပညာပေးလျင် ဒေသဖွံ့ဖြိုးပါမည်
ဆန်အိတ် 180--ခန့် ဆေးဝါးအစုံလင်မြွေဆိပ်ဖြေဆေး ရွာတိုင်းလျူပေးကြပါ နစ်စဉ် သိန်း200--350--ကြားဒေသဖွံ့ဖြိုးရေး လုပ်ပေးကြပါ အနွေးထည် ဆောင်များ ခြင်ထောင် ဓာတ်ဆီ ဒီ ဇယ်ဆီ ရွာတိုင်း လျူပေးကြပါ အသင်းဝင်ကြေး 15--25--35-သိန်း လူ 180--250--ခန့် နစ်စဉ် တောင်တက် ရင်း လျူဒန်းပေးကြပါငွေကြေးတတ်နိုင်သူများတွေ အလျူငွေ စေတနာအလျူအတွက် ကောက်ခံပါ ပညာတတ် ကလေးများသူနာပြုသင်တန်း 3-4နစ် ရွာတိုင်း မှ 5-ယောက်ဆီမွေးထုတ်ပေးကြပါ
ဒေသ ဖွံ့ဖြိုးရေးအတွက် တတ်နိင်သလောက်လျူဒန်း ပေးလျင် အလွန်ကောင်းမည်
တောင်ပေါကရေကဘာရောဂါမှမဖြစ်ဘူးကျောက်ကြိုကျောက်ကြားကထွက်တဲ့ရေအရမ်းအေးမြပြီးအရမ်းကိုကြည်လင်နေတာဘဲရေကိုမြင်တာနဲ့ကိုသောက်ချင်စရာလေးဘာရောဂါမှမဖြစ်ဘူးယုံယုံကြည်ကြည်နဲ့သာသောက်ပါ
အဲ့ရက်ကတော့ မိုးရေခံသောက်ရတာ များပါတယ် 😍
ဆန်စားမကောင်းလို့ပြေကြလို့လမ်းမှပြသနာဖြစ်တာ
ဆိုင်ကယ်စုပ်တွေစီးလာတာကိုပျက်မှာပေါ့
ရှမ်းမလေးကိုချစ်မိနေပီဗျာ😭🖤
နောက်အပိုင်းတွေလဲမျှော်နေပါတယ်
နက်ဖြန် အပိုင်း အသစ် လာပါပြီဗျ
နောက်အပိုင်းတွေကိုမျှော်နေမယ်အစ်ကိုရေ
လာပါမယ်နော်