ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၃] | Up To the Top of Phong Kan Razi Glacier [Episode - 3]
Вставка
- Опубліковано 19 жов 2024
- ဖုန်ကန်ရာဇီ ရေခဲတောင် တက်တာ ဒီဒေသဘက်မှာဆို အလွယ်ဆုံး တဲ့။ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း တခြားရေခဲတောင်တွေ မတက်ဘူးသေးလို့ သေချာ မသိပေမဲ့ သေချာတာကတော့ ဒီ ဖုန်ကန်လည်း ကြိုးစားတက်ရတယ်ဆိုတာပါပဲ။ ဒီနေ့ ခရီးစဉ်မှာတော့ နောက်ထပ် စခန်း (၂) ခုဆီ ကို ကြိုးစားတက်ရောက်ခဲ့ပါတယ်။ စခန်း (၂) ခု ဆီ နေ့တိုင်းတက်နိုင်ဖို့ လမ်းပြအဖွဲ့က စီစဉ်ပါတယ်။ ပုံမှန်ထက်တော့ ကျွန်တော်တို့အဖွဲ့ထဲက တချို့က တက်ရောက်နိုင်ခဲ့တာမို့ နောက်ထပ် ထပ်တက်နိုင်ဖို့လည်း အင်အားတော့ရှိတုန်းဖြစ်ပေမဲ့ အဖွဲ့က စီစဉ်ထားတဲ့အတိုင်း စောစီးစွာရောက်ခဲ့ပေမဲ့ တစ်ညတာ နားနေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
.
ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
.
အခု အပိုင်း (၃) မှာတော့ အောက်သစ်ပင်ကြီး စခန်း ကနေ ခမ်းတောက်မြစ် စခန်း ကို သွားတဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
.
အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)
အရမ်းကြိုက်တဲ့
ခရီးသွားမှတ်တမ်း
ကြည့်ရလို့
အထူးဝမ်းသာပါတယ်။
အဓိက ခရီးသွားကုန်ကြစရိတ်ကိုသိချင်တယ်ဗျ
၁၅ သိန်းဝန်းကျင်ပါခင်ဗျာ
ဘယ်နှစ်ယောက်ကို ၁၅သိန်း လမ်းပြအတွက်လား သေချာ ရှင်းပြ ပေးပါလား
အတော် ဗဟုတုတရပါတယ်fri
ပြန်ကြားရတာ အားတက်ရပါတယ် 💪
အားပေးနေတယ်နော်ကိုကြီး
ကျေးဇူးပါညီရေ
နေ့သစ်အစပြုတိုင်း ဘုရားဆုတောင်းခရီးစဉ်အစပြု ညအနားယူချိန် ဘုရားဆက်ကပ်အိပ် ပါ
ခက်ခဲတယ်နော်
သွားနိုင်တာချီးကျူးပါတယ်
ကျေးဇူးအထူးပါ
ขอบคุณครับ
Okay ครับ 🧡
Waiting for.............
Coming 💕
ဘဲရီး တောထဲ အီးပါတာလေးရှင်းပြမသွားဘူးဗျာ။ အဲ့တာပဲလိုအပ်တာ ကျန်တာ အားလုံးဗဟုသုတရပါတယ်။
စခန်းတစ်ခုက အိမ်သာပုံစံလေး ကို ဗီဒီယိုအပိုင်းတစ်ခုမှာ ပြပေးပါတယ်
အများအားဖြင့်တော့ ဒီအတိုင်း တောတိုးရတာပါ
စာနဲ့ရေးတဲ့ခရီးသွားအကြောင်းအရာမှာတော့ အိမ်သာကိစ္စကို ပြောပြဖြစ်ပါတယ်
ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်
facebook.com/100044599472106/posts/pfbid02SGFWre3pNc2QQ65AT2g2a6vqZqGHVY2r12y1BSNP2HbmR6CR4hMUusxdNUKRMFh8l/?mibextid=cr9u03
@@ThihaLuLin သြော် သိပီ အောက်သစ်ပင်ကြီးစခန်းကနေ မထွက်ခင် ပြင်ဆင်နေတုန်းမှာ အစ်မသီရိတို့မိန်းခလေး၂ယောက် တောတိုးပြီးထွက်လာတာဖြစ်မယ်😁😁😁
ကျနော်လည်း 2021ခုနှစ် ၅လပိုင်း၅ရက်နေ့မှာ ရောက်ခဲ့ပါတယ် ခရီးစဥ်အရမ်းပင်ပန်းသလို ရှူခင်းတွေနောက်တစ်ခေါက်မတွေ့ရ နိုင်လောက်အောင် အရမ်းလှတဲ့နေရာပါ အခွင့်ခါကြုံရင်တော့ ပြန်သွားချင်ပါသေးတယ်
အမှန်ပါပဲ တကယ့်အတွေ့အကြုံကောင်းတွေလို့ ဆိုရပါမယ် ☺️
excellent
Thanks ☺️
စကားပြောတာတွေတောခြောက်တာခံရနိုင်တယ်
စကားတွေစည်းမရှိပြောချင်ပြောစိမ်းထဲမှာ
ခရီးသွားနှစ်သက်သူမို့
အားလုံးအတွက်ဂုဏ်ယူကြည်နူးမိ၏။
ထပ်တူခံစားကြည့်ရှုပေးလို့ ကျေးဇူးပါခင်ဗျ
ကြည့်လိုကအရမ်းကောင်းပါတယ် ရှင့်
ဒါပေမဲ့အတော်လေးမူးတယ်ကြည့်ပြီးရင် 😅
တောင်တက်ရင်း ရိုက်ရတာဆိုတော့ နည်းနည်း လှုပ်တာလေးတွေ ရှိလို့ပါဗျ 😊
👌👌👌👌👌👌👌👌👌
Thanks
မိုက်တယ်ဗျား
Discovery channel ကြည့်ရသလိုပဲ
ထပ်တူခံစားပေးတာ ကျေးဇူးပါဗျား
သစ်ခွတွေကြိုက်တယ်
ပွင့်နေတာတော့ မတွေ့ခဲ့ရဘူး
English စာတန်းထိုးနဲ့ဆိုပိုမိုက်မယ်bro
ဘာလို့နိုင်င်ငံတာကာလူတွေရဲ့အာရုံစိုက်မှုကိုရနူိင်လို့
Subtitle ထပ်ဖြည့်ဖို့ စီစဉ်နေပါပြီ။ ကျေးဇူးပါဗျ။
သွားချင်လိုက်တာ😢😢
ငယ်စဉ်အခါ ၁၉၆၆.၆၉ ခုနှစ်ထိ ပူတာအိုတွင်နေခဲ့ဖူးသည် ငယ်သေး၍ ရေခဲတောင် မတက်ခဲ့ဖူးပါ နန်ထွန်ချောင်းတွင်တွင်ရေကူး ရေချိုးရတာ ပျော်ဖို့ကောင်းပါသည် ငယ်ဘဝလေးကိုပြန်အမှတ်ရမိနေပါသည်
ထပ်တူခံစားပေးလို့ ကျေးဇူးပါဗျ
ကျွန်တော်လည်း ဖုန်ကန်ရာဇီတောင်ကို တက်ကြည့်ချင်တယ် အကို။ လမ်းပြအဖွဲ့တွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲခင်ဗျ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး
ဟုတ်ကဲ့ဗျ Facebook ကနေ Spring Travels & Tours page ကိုဖြစ်ဖြစ် ဖုန်း09 421111977 ကိုဖြစ်ဖြစ် PutaO Lover page ကိုဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်ဗျ
@@ThihaLuLin ဟုတ်ကဲ့ အခုလိုပြန်ဖြေပေးတဲ့အတွက် ကျေးဇူးပါအကိုရေ။ ကျွန်တော် ဆက်သွယ်ကြည့်လိုက်ပါ့မယ်ခင်ဗျာ။ အကိုလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
စားစရာကို မကြိုက်ဘူးမပြောပါနဲ့ဗျာ ကောင်းကောင်းပြောပါ
Z👍👍👍👍👍👍👍👍
Thanks.
သွားချင်မီပီဗျာ
ရောက်ဖြစ်စေချင်မိပါတယ်
လမ်းကြောသွားပုံလေးညွှန်ပေးပါဉီးအစ်ကို☺️☺️☺️☺️မန်းကနေသွားချင်တာပါ
ပူတာအိုကနေ တဆင့်သွားရတာပါ။ လမ်းပြ နဲ့ အထမ်းငှါးဖို့ကိုတော့ ပူတာအိုအခြေစိုက် Spring Travels & Tours ကို စီစဉ်ခိုင်းလို့ရပါတယ်။ သူတို့ Facebook page ကနေ တဆင့် ဆက်သွယ်နိုင်ပါတယ်။
တောင်တက်ရာသီကတော့ နိုဝင်ဘာလ ကနေ မေလဆန်းအထိ ပါ။
ကျနော်သိချင်တာက တောင်ပေါ်မှာအိမ်သာကိစ္စဘယ်လိုလုပ်ကြလဲ
ခြုံတိုးရပါတယ်။ ဒီအပိုင်း ၃ နောက်နားလေးမှာလည်း ယာယီစခန်းက အိမ်သာလုပ်ထားတာလေးအကြောင်း ပြောပြထားပါတယ်။
ဒီမှာလည်း လာအားပေးခဲ့ပါတယ် အကိုရေ 🙋❣️
နောက်အပိုင်းတွေလည်း မျှော်🥺
ကျေးဇူးအထူးပါညီမရေ
နောက်အပိုင်းမှာထပ်ဆုံပါမယ်နော် 💕
ခေါက်ဆွဲ ခြောက် ထုတ် ကော်ဖီမစ် အထုပ်ကြီး 15-ထုပ်ယူသွား အနားယူချိန်သောက် လန်းဆန်းအားပြည့်စေတယ်
ရောက်ဖူးချင်မိ
တကယ်ကို အမှတ်ရစရာ အတွေ့အကြုံကောင်းပါပဲဗျ
How many days did you take to travel to the top of mountain brother ?
For us, it took 3 days to get to the top.
Have a safe trip.
Thanks 💕
ပါးပါးလေးပါ နာဂဘင်လာခဲ့ပါ
အဲ့လိုလား
သွားဖူးတယ် ဘိန်းမဲသောက်သာကောင်းမှကောင်း ခါးခူး
ထ္မင်းစာကြတာက နည်းနည်းလေ ကျွန်တာဗိုက်စာစာနဲ စားမယ်ဆို လေပုဂံကုန်မာ အတေချာဘဲ
မောပြီး မစားနိုင်ကြတော့တာ 😅
@@ThihaLuLin ဟုတ်ကဲ့ပါ
bro subscribed များများရပါစေဗျာ
ကျေးဇူးအထူးတင်ပါတယ်ဗျား 💕
ep.4 ဆက်စောင့်ကြတာပေါ့
နက်ဖြန်ဆုံပါမယ်ဗျား 💕
ကြွက်မဟုတ်ပါ ဝါးဘိုးပွေးပါ
ရာသီဥတု အဲ့လိုအေးအေးလေးဆို ရမ် လေးနဲ့ ဆိုရှယ်ပဲ
ဟုတ်တယ်
တောထဲမူး ရှူးပေါက် ချောက်ထဲကျ တွေ မဖြစ်အောင်တော့ ထိန်းရမယ် 😅
ဘယ်လောက်ကုန်လောက်လဲ ခရီးစဉ်တစ်ခုစာက သွားချင်မိတယ်
လေယာဉ်ခ နဲ့ ပူတာအို အဝင်အထွက် တည်းခိုစားသောက်စရိတ် မပါဘဲ၊ တောင်တက်ခရီး က ၅ သိန်းဝန်းကျင်ပါ။ အသေးစိတ်ကို Spring Travels & Tours ရဲ့ Facebook page ကနေ စုံစမ်းနိုင်ပါတယ်။
အဲ့တောကောင်လေးကပွေးကောင်ပါ
အတူသွားချင်တယ်။ ၆၀ ကျော်ရင်ကော
လိုက်လို့ ရမလား ???
အဲ့တုန်းက တောင်တက်တဲ့တခြားအဖွဲ့ထဲမှာ တက်နေကြ ၆၀ ဝန်းကျင် အန်တီတချို့ တွေ့ခဲ့ရတယ်
အလေ့အကျင့်ရှိထားရင်တော့ ဖြစ်ပါတယ်
တစ်ခါမှ မလုပ်ဖူးဘဲ ခုမှ စလုပ်မယ်ဆိုရင်တော့ နည်းနည်းခက်ခဲနိုင်မယ်လို့ ယူဆပါတယ်ဗျ
သားဌက်တိရိဆ္တန်တွေ မတွေ့ရသလောက်ပဲနော့
လူကြောက်လို့ထင်ပါရဲ့ 😬
နောက်ခရီးသွားရင်လဲ ဒီလိုမျိုးပဲ ရိုက်ပေးပါ
အတူတူ သွားရသလိုပဲ
အိုခေပါလို့ 💕
အပိုင်း၄ မျှော်နေပါတယ် ကိုကြီး
အသားဖြူဖြူ အမacc linkပါ😁
အရမ်း 😅
ခရီး သွားစရိပ်က ဘယ်လောက်ကုန်လဲ အကို
လေယာဉ်ခ နဲ့ ပူတာအိုတည်းခိုစားသောက်စရိတ်မပါဘဲ တောင်တက်ခရီး က ၅ သိန်းဝန်းကျင် ကျသင့်ပါတယ်။
အသေးစိတ်ကိုတော့ ဒီ page 👉 Spring Travels & Tours မှာ စုံစမ်းနိုင်ပါတယ် ညီရေ
မရောက်တေဘူးလားအကိုရေ
Thank for all
ဝါးပိုးပွေး
ယောက်ကျားများပါတာဘဲ မီးစက်အသေးစား ထမ်းပိုးရှေ့နောက် 1-မိုင်ဆီသယ် ဓာတ်ဆီ 3-ဂါလံ ဒီဇယ်ဆီ 4-ဂါလံထမ်းပိုးသယ်ယူသွားပါ အပြန်ပစ္စည်း အားလုံး သေချာ ထုတ် ပိုးထားခဲ့ကြပါ
ဘယ်လောက်ကုန်မှ ရောက်နိူင်လည်း အစ်ကို
၈ သိန်းကနေ ၁၅ သိန်းကြား ကိုယ်သုံးစွဲတဲ့အပေါ် မူတည်ပြီး ကုန်ကျနိုင်ပါတယ်
ဒုပ်နှစ်ချောင်ကိုင်းတောင်တက်သောအခါကိုင်ပီးတက်ပါပိုပီးလမ်းလျှောက်လိုကောင်းပါသည်ပေါ့ပါသောဘောင်ဘီဘိနက်ချီနင်းစီးကြပါမိုးအေးအေးနဲတောင်တက်လို့အကောင်းဆုံးအချိန်ဖြစ်သည်နေပူရင်ပိုမောပါသည်
ကြွက်မဟုတ်ပါ ဝါးဘိုးပွေးပါ
ဟုတ် ဒေသခံတွေပြောတဲ့အတိုင်း ပြန်ပြောတာပါ
ဘယ်တော့လောက်မှကားလမ်းပေါက်မလဲမသိဘူကားလမ်းမဟုတ်တောင်ဆိုင်လမ်းလေးနဲ့ဆိုအဆင်ပြေတယ်
ဖောက်တော့ဖောက်နေတာပဲ 😬
နောက်အပိုင်းတွေမျှော်နေပါတယ်အစ်ကိုရေ
နောက်အပိုင်းတွေ အမြန်လာပါမယ်ဗျား 💕
အားပေးလျှက်ပါဗျ
ကျေးဇူးအထူးပါဗျား
❤ဘယ်ပြည်နယ်မှာလဲဗျ
ကျားကိုက်မှသေမယ်
မနေ့ကတည်းကမျှော်နေတာအစ်ကိုရေ
လာပါပြီ 😁
ဖုန်ကန်ရာဇီအပိုင်း၄
အမြန်လာပါ့မယ်ဗျ