နောင်ချိုမြို့ကို TNLA သိမ်းပိုက်... ရေးမြိုနယ်က စစ်ကောင်စီတပ်ကို KNLA, NMSP-AD တိုက်ခိုက်...

Поділитися
Вставка
  • Опубліковано 9 лип 2024
  • နောင်ချိုမြို့ကို TNLA သိမ်းပိုက်... ရေးမြိုနယ်က စစ်ကောင်စီတပ်ကို KNLA, NMSP-AD တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
    (၁၁- ၇-၂၀၂၄)
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း ၁၆ ရက်မြောက်နေ့မှာ နောင်ချိုက ဒုံးတပ်ရင်း (၆၀၆)ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။
    တိုက်ပွဲစတင်တဲ့ ဇွန် ၂၅ ကတည်းက ဒီတပ်ရင်းကို စတိုက်တာဖြစ်တဲ့အတွက် ၁၅ ရက်တိတိ
    တိုက်ရတာဖြစ်တယ်။ တနည်းအားဖြင့် ဒီတပ်ရင်းကိုသိမ်းနိုင်ခြင်းဟာ နောင်ချိုမြို့ကို TNLA နဲ့ မဟာမိတ်တွေက လုံး၀ သိမ်းပိုက်နိုင်လိုက်တာဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက
    ပြောပြပါတယ်။
    စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကိုတော့ စာရင်းအသေးစိပ် မရသေး ဘူးလို့ပြောပါတယ်။ မီဒီယာအချို့မှာတော့ သိမ်းမိတဲ့ အတွဲလိုက်ပစ် ဒုံးတွေကို ဖေါ်ပြထားတာတွေရပါတယ်။
    နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ပထမ ဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်ပြီး စစ်တက္ကသိုလ်တွေတည်ရှိရင် ပြင်ဦးလွင်နဲ့ အနီးဆုံးမြို့လည်းဖြစ်ပါတယ်။
    မနေ့က တိုက်ပွဲဟာ နောင်ချိုမြို့သိမ်းတိုက်ပွဲအပြင် မိုးမိတ်၊ လားရှိုး၊ တန်းယန်းဖက်မှာလည်းဖြစ်နေပြီး တန်းယန်းအနီးက နားဆောင်ရွာမှာ တိုက်ပွဲပြင်းထန်တယ်လို့ဖေါ်ပြပါတယ်။ ဒါဟာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါအပြင် တန်းယန်းဖက်ကိုပါ တိုက်ပွဲက ပြင်းထန်လာနေတဲ့သဘောတွေ့ရပါတယ်။
    စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေသုံးနေတဲ့အတွက် ၁၅
    ရက်တာ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၅၄ ဦး၊ ဒဏ်ရာရသူ ၉၀ ကျော်နေပြီ လို့ လည်း TNLA ထုတ်ပြန်ထားပါတယ်။
    ဒါ့အပြင်...
    - လားရှိုးမှာ စစ်ကော်စီလက်နက်ကြီးကြောင့် ကလေးတွေအပါဝင် အရပ်သား ၃ ဦးသေ၊
    နေအိမ်တွေပျက်စီး...
    - ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်သား ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်...
    - ဂန့်ဂေါမြို့နယ်က ရဲသားတဦး မြစ်ဆိပ်သို့ ရေဆင်းချိုးစဉ် လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေက လက်ရဖမ်းမိ...
    - PDF၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျုဟာ (၃၄) နယ်မြေ၊ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

КОМЕНТАРІ • 20

  • @aungnaingthuko2482
    @aungnaingthuko2482 18 днів тому +1

    မင်္ဂလာပါခင်ဗျာ 😅😅😮😮အောင်နိုင်ပါစေ 😅😮တိုက်ပွဲတိုင်းအောင်နိုင်ပါ စေ😅😅😮😮

  • @NaingwinMobile-fl7ud

    ပြည်သူအာလုံ ဘေကင်းပါစေခများ 🙏🙏🙏

  • @NaingwinMobile-fl7ud
    @NaingwinMobile-fl7ud 18 днів тому

    ❤❤❤🎉🎉

  • @KoKo-in9tl
    @KoKo-in9tl 18 днів тому

    မဂ်လာပါ🎉🎉🎉🎉🎉🎉🎉🎉🎉

  • @HalaDrewan
    @HalaDrewan 18 днів тому

    ❤❤❤❤🎉🎉🎉🎉

  • @user-or8uf2fz3g
    @user-or8uf2fz3g 17 днів тому

    မင်္ဂလာ သတင်းပါ

  • @khunkyawsai3095
    @khunkyawsai3095 18 днів тому

    မင်္ဂလာပါ

  • @JusticeSpeaker
    @JusticeSpeaker 18 днів тому +2

    Hey first

  • @user-be6ns6fu3n
    @user-be6ns6fu3n 18 днів тому

    မဂ်လာနံနက်ခင်းလေးပါ ကိုနေထူး BNN ရေ မျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙ပြည်သူတွေ ပြည်သူ ကာကွယ်ရေးတိုင်းရင်းသားချစ်သောအားလုံးကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေလို့ရာပန်းတိုင်းကိုဘေးဘရာကင်းစွာရှောက်လမ်းနိုင်ကြပါစေ 🙏🙏🙏🤘🤘⭐⭐တရားသော စစ် မုချ အောင်ရမည် အောင်ကိုအောင်ရမည် 💯💯💯♥♥♥🇨🇳🇨🇳🇨🇳

  • @NaingwinMobile-fl7ud
    @NaingwinMobile-fl7ud 18 днів тому

    မဂ်လာ သတင်ကောင်ပါခများ တိုက်ပွဲဝင်နေသူအာလုံနရာတိုင်မှာအောင်မြင်ဘေကင်းပါစေခများ

  • @PyaeSone-qe1nk
    @PyaeSone-qe1nk 18 днів тому

    အကြမ်းဖက်စစ်တပ်ရဲ့လေတပ်ကိုဘာမှမလုပ်နှိုင်သ၍ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့မလွယ်ဖူးဆိုတာတော်လှန်ရေးအဖွဲ့တွေကိုပြောပေးပါလား

  • @ZawboneHein
    @ZawboneHein 18 днів тому

    စကစ တေ ဖိနပ်တောင် မပါဘူး ပြေးတာ တမ်းနေတာ😂😂😂

  • @ContentAirplane-pg3xh
    @ContentAirplane-pg3xh 16 днів тому

    ပျက်စီးလက်နက် ကားများကိုစစ်ဆေးပြင်ဆင်ကြဖို့ ရန်သူ့လက်နက် ကိုယ့်လက်နက်ဘဲ

  • @user-hr1tc8tf5s
    @user-hr1tc8tf5s 18 днів тому

    ပေလာင္အမည္ခံ ဝက္မစားပါလားဟ

  • @PyaeSone-qe1nk
    @PyaeSone-qe1nk 18 днів тому

    အကြမ်းဖက်စစ်တပ်ရဲ့လေတပ်ကိုဘယ်လိုလုပ်ကြမလဲဆိုတာဆွေးနွေးတင်ပြပေးစေချင်ပါတယ်

  • @user-yv3em9rr6b
    @user-yv3em9rr6b 18 днів тому

    ခွေးတွေကိုသေအောင်မသတ်တတ်တာလား။

  • @SeinMin-jy1eb
    @SeinMin-jy1eb 18 днів тому

    ဖာသတင် ပါ းအောက်‌ေြခမှာတော TNLAသေတာကုန်တော့မယ်

    • @MyoTun-fh8gz
      @MyoTun-fh8gz 18 днів тому

      အနာရှိပုံရတယ်တော်တော်စပ်သလား😂😂😂😂😂

  • @aunglayaungzaynilmyat5238
    @aunglayaungzaynilmyat5238 18 днів тому

    ❤❤❤🎉🎉🎉

  • @MyoTun-fh8gz
    @MyoTun-fh8gz 18 днів тому

    ၂၀၂၄နှစ်မကုန်ခင်စစ်ခွေးတွေကုန်စေခြင်ပါတယ်ဗျာ