ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ် Drone နဲ့တိုက်ခိုက်ခံရ

Поділитися
Вставка
  • Опубліковано 16 жов 2024
  • ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ် Drone နဲ့တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိ
    မြင်းမူ၊ ဇူလိုင် ၂၁၊ ၂၀၂၄။
    မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်းကနေ မန္တလေးကိုကြေးနီသယ်နေတဲ့ကားတွေအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ်ရှိ တပ်သားတွေကို ဇူလိုင် ၁၉ ရက်က မြင်းမူနဲ့ချောင်းဦးကြားမှာ PDF တွေ ပူးပေါင်းပြီး Drone ၃ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
    မြင်းမူမြို့နဲ့ ချောင်းဦးမြို့ကြား မန္တလေး-မုံရွာ လမ်းပေါ်မှာရှိတဲ့ ကျော် ဆီဆိုင်နဲ့ Max ဆီဆိုင်တို့မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၉ ရက်နေ ညနေ ၅ နာရီခန့်မှာ PDF ပူပေါင်းတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာ Fixed Wings Drone ၃ စီးနဲ့ drop bomb ၁၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။
    တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တာကို စစ်ကောင််စီ တပ်တွင်းသတင်းအရ သိခဲ့ရတယ်လို့ Peacock Drone Team ရဲ့ တာ၀န်ခံ ရာစုက ပြောပါတယ်။
    စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြင်းမူနယ်က ဆီဆိုင်အချို့ပိတ်သိမ်းထားရပြီး အဲဒီနေရာတွေမှာ စစ်ကောင်စီကနေရာယူဂိတ်ချကာ ကြေးနီသယ်ကားတွေ ဖြတ်သန်းသွားကြတဲ့အချိန်တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
    အဲဒီတိုက်ခိုက်မူကို PEACOCK Drone Team-Myaung၊Standard Revolution Force SRF-MMU ၊National Security Force NSF SGG ၊Dog Killer People Defense Force နဲ့မြင်းမူမြို့နယ် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
    သတင်း - အောင်ကောင်းလင်း၊ တည်းဖြတ် - HP
    #မြေလတ်အသံ
    #ကြေးနီသယ်ကား #လုံခြုံရေး #စစ်ကောင်စီဂိတ် #Drone #တိုက်ခိုက်

КОМЕНТАРІ • 3