ဘဏ်စာအုပ်အကြောင်း
Вставка
- Опубліковано 9 лют 2025
- ဘဏ်စာအုပ်အကြောင်း
--------------------------
ဒီနေ့အတွက် ဗီဒီယိုကတော့ ဘဏ်စာအုပ်အကြောင်းပဲ ဖြစ်ပါတယ်။
အသံပိုင်း တိုးနေတာနဲ့ ပက်သက်ပြီးကတော့ မိုက်ခရိုဖုန်းမှာထားတာ ရောက်တာ နောက်ကျနေလို့ပါ။ နောက်ပိုင်း ဆက်တင်မယ့် ဗီဒီယိုတွေမှာတော့ အသံပိုင်း အဆင်ပြေအောင် ပြင်ဆင်ထားပါတယ်။
ဒီ ဗီဒီယိုမှာတော့ လခစာအုပ်(입출금통장)အကြောင်း ရှင်းပြပေးထားပါတယ်။
ပြီးတော့ ဘဏ်ကုဒ်(swift code/BIC code)အကြောင်းကို အသေးစိတ် ပြောပြပေးထားပါတယ်။
နောက်ထပ်ကတော့ ကန့်သတ်စာအုပ်အကြောင်းနဲ့၊ ကန့်သတ်စာအုပ် လုပ်ပေးရခြင်း အကြောင်းရင်း၊ ကန့်သတ်စာအုပ်ကို ဘယ်အချိန်၊ ဘယ်လိုအချက်အလက်တွေ ပြည့်စုံရင် ဖြည်ပေးတယ်ဆိုတာကို ပြောပြပေးထားပါတယ်။
အခု ဗီဒီယိုဖိုင်လေးလည်း အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
နောက်တစ်ပတ်မှာတော့ ငွေစုစာအုပ် အကြောင်းကို ပြောပြပေးသွားပါမယ်နော်။
ကျေးဇူးတင်ပါတယ်။