ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်

Поділитися
Вставка
  • Опубліковано 7 лют 2025
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - မဿဲ ၁၉:၁၆-၂၆
    ယေရှုသည် ထိုသူကို ကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍ သင်သည် တခုလိုသေး၏"သွားလော့.. ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့၊ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည် များစွာသော ဥစ္စာကို ရတတ်သောသူဖြစ်၍ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။ (မာကု ၁၀:၂၁-၂၂ )
    ####### ဖေါ်ပြထားတဲ့ကျမ်းစာအရ ဝင်ငွေကောင်းပြီးချမ်းသာတဲ့ လူငယ်တဦး သခင်ယေရှုဆီ လာတယ်.. သခင်ယေရှုကို သူက ကောင်းမြတ်တဲ့ဆရာလို့ခေါ်တယ်... ပြီးမှ ထာဝရအသက် အသက်ကို အမွေခံရဘို့ သူဘာလုပ်ရမလဲလို့ သခင်ယေရှုကို မေးတယ်.. သခင်ယေရှု ကလည်း ငါ့ကို ကောင်းမြတ်တယ်လို့ ဘာလို့ခေါ်တာလဲ?ဘုရားသခင်တပါးတည်းသာလျှင် ကောင်းမြတ်တာဖြစ်တယ် ..မင်း ပညတ်တော်တွေကို သိတယ်မဟုတ်လား? သူ့မယား မပြစ်မှားရ၊လူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ မမှန်သော သက်သေမခံရ၊ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းရ၊ မိဘကို ရိုသေစွာ ပြုလော့ဆိုတာတွေ အဲ့ဒါတွေသွားလုပ်ဆိုတော့ အရှင်ဘုရား တဲ့ ...ကျွန်တော် အဲ့ဒီပညတ်တွေကို ငယ်ငယ်လေးကတည်းကစောင့်ရှောက်ပါတယ်လို့ သူဋ္ဌေးလေး က ပြန်ဖြေတယ်.. သခင်ယေရှုကလည်း သူ့ကိုချစ်လို့ မင်းမှာတခုလို သေးတယ်...သွား...မင်းမှာရှိသမျှကို ရောင်း ပြီး ဆင်းရဲတဲ့ လူတွေကို ပေး...အဲ့ဒါဆိုရင် ကောင်းကင်ဘုံမှာ ဘဏ္ဍာကိုရမယ်...ပြီးမှ ကိုယ်လက်ဝါးကပ်တိုင် ကိုယ်ထမ်းပြီး ငါ့နောက်လိုက် လို့ ပြောလိုက်တဲ့အခါ သူလည်း မျက်နှာပျက်..စိတ်မချမ်းမသာ ဖြစ်ပြီး ထွက်သွားပါတော့တယ်😪😪😪😪😪😪
    ####### တကယ်ကတော့ ဒီလူငယ် သူဋ္ဌေးက သခင်ယေရှုကို စိတ်ဝင်စားတယ် ..ထာ၀ရအသက်ကိုလည်း လိုချင်တယ်.... သခင်ယေရှုကလည်း ဒီလူငယ်လေး ကိုချစ်ပြီး ပေးချင်တယ်ဆိုတာသိရတယ်.. ဒါပေမဲ့ သခင်ယေရှုပေးတဲ့ ထာ၀ရအသက်နဲ့ဆိုင်တဲ့ ကြွယ်ဝမှု ကို သူနားမလည်ဘူး..ဝိညာဉ်ရေးရာ ချမ်းသာခြင်းလို့လည်း ပြောလို့ရပါတယ်...သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝချမ်းသာမှု က သူသေရင်သူ့နောက် ပါမှာမဟုတ်ဘူး ...နောက်ပြီး အဲ့ဒီ ချမ်းသာခြင်းက ပျောက်သွားနိုင်တယ်ကုန်သွားနိုင်တယ်..သူ့ဆီမှာ အမြဲနေရှိမယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး...ဒါပေမပျောက်မပျက် အမြဲထာဝရ သူ့ဆီမှာတည်ရှိနေမယ့် ထာဝရ စည်းစိမ် ကောင်းကင်ဘဏ္ဍာကို သခင်ယေရှုဆီက သူမရလိုက်ဘူး ..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှု က ထာဝရ ကြွယ်ဝမှု ခံစားရမယ့် အခွင့်အရေးကို လွဲသွားစေပါတယ်... ပညတ်တော်တွေကို သူလိုက်လျှောက်နိုင်ခဲ့ခြင်းကလည်း သူ့ကို ထာ၀ရအသက်မပေးနိုင်ဘူးဆိုတာ သူသိတယ်...သူ့ဆီမှာ မရှိလို့ သခင်ယေရှုဆီမှာ လာတောင်းတာပေါ့...ရှိုရင် ဘယ်လာတောင်းမလဲ?..ရှင်းရှင်းပြောရရင်တော့ ကိုယ့်ပစ္စည်း ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်ဆီမှာရှိနေတာထက် သခင်ယေရှုဆီမှာ ရှိနေတာ ပိုကောင်းပါတယ်... မရှိတဲ့လူတွေကို ပေးတယ်ဆိုတာ သခင်ယေရှုကို ပေးတာနဲ့အတူတူဘဲ...သခင်ယေရှုနောက် ကိုလိုက်တယ်ဆိုတာ ကိုယ့်ဘဝ ကိုယ့်အသက်တာတခုလုံး ကို သခင်ယေရှုတာဝန်ယူလိုက်တာဖြစ်ပါတယ်...ဒါတွေကို နားလည်ခံစားရဘို့ဆိုတာ သခင်ယေရှုရဲ့ စကားကို လက်တွေ့ နာခံလိုက်လျှောက်မှ ဖြစ်မှာပါ...သင့်ဘဝရူပါရုံ က ငွေရဘို့အတွက်ဘဲ ဆိုရင်တော့ သင့်ဘဝပျက်စီးသွားနိုင်ပါတယ်... ငွေကြောင့် ဘ၀ပျက်သွားတဲ့ လူပေါင်းများစွာ ရှိပါတယ်... သခင်ယေရှုနောက်လိုက်လို့ ပျက်စီးသွားတဲ့သူ မရှိပါဘူး...တကယ်တော့ ဒီလူငယ် သူဋ္ဌေးက သူ့ဆီမှာ ရှိတဲ့ ဥစ္စာတွေ အားလုံး ဆင်းရဲသားတွေကို ပေးလိုက်ရင် ကုန်သွားမယ်လို့ထင်နေတာ.. သုံးလို့မကုန်တဲ့ ကောင်းကင်ဘဏ္ဍာတွေ ပြန်ရမှာကိုတော့ သူ ထည့်မတွက်ဘူး ...သခင်ယေရှုနောက်လိုက်ရတာလည်း သူ့အတွက် ကြီးမားတဲ့ အခွင့် အရေးဖြစ်ပြီး အဲ့ဒါကိုလည်း သူလွဲချော်သွားပါတယ်💥💥💥💥💥💥💥
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သခင်ယေရှုပေးတဲ့ အခွင့် အရေးများကို သင်ခံစားရပါရဲ့လား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား .. အရာရာမှာ ကိုယ်တော့်ကိုဘဲ ဦးစားပေးတတ်ဘို့ သွန်သင်ပါ အဖ

КОМЕНТАРІ •