ရှမ်းမြောက် အပစ်ရပ်မှုမှာ လားရှိုးအရေးကို တရုတ်က ဘာ့ကြောင့် အလေးထားလဲ - BBC News မြန်မာ
Поділитися
Вставка
  • Опубліковано 7 лют 2025
  • မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် လို့ခေါ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ မြန်မာအာဏာသိမ်း စစ်တပ်ကြားမှာ အပစ်ရပ်သဘောတူညီချက် တရားဝင် လက်မှတ်ရေးထိုးခဲ့တယ် ဆိုတဲ့ အချက်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားတဲ့ အချက် ဖြစ်ပါတယ်။
    တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှု၊ တွန်းအားပေးမှုတွေကြောင့် မြန်မာစစ်တပ်နဲ့ MNDAA ကြား ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းတွေ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၁၈ ရက်က စပြီး တိုက်ခိုက်မှုတွေ ရပ်ကြမယ် ဆိုတဲ့ သဘောတူမှုကို လက်မှတ်ထိုးခဲ့ကြတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မောင်နင်းက ဆိုပါတယ်။ ဒါပေမယ့် သဘောတူမှုပါ အသေးစိတ် အချက်တွေကိုတော့ ထုတ်ဖော် မပြောပါဘူး။
    နောက်ပိုင်းရက်တွေမှာတော့ လားရှိုးမြို့နဲ့ ပတ်သက်တဲ့ ပြောဆိုသံ တချို့ ထွက်ပေါ်လာပါတယ်။ အပစ်ရပ်သဘောတူမှုရဲ့ အစိတ်အပိုင်း အဖြစ် MNDAA ဟာ လားရှိုးကို မြန်မာ စစ်တပ်လက်ထဲ ပြန်အပ်ဖို့ရာ ၆ လအတွင်း အဲဒီကနေ တပ်တွေ ပြန်ရုပ်ပေးမယ် ဆိုတဲ့ ပြောဆိုမှုမျိုး ဖြစ်ပါတယ်။ ဘယ်ဘက်ကမှတော့ လားရှိုးနဲ့ ပတ်သက်ပြီး တရားဝင်ကြေညာတာ၊ ပြောဆိုတာမျိုး မလုပ်ပါဘူး။
    MNDAA လားရှိုးကနေ ဆုတ်ပေးမယ် ဆိုတာ ဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ သတင်းတွေနဲ့ ရှုပ်ထွေးနေခဲ့ပါတယ်။ လားရှိုးမှာ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရား ပုံမှန် အတိုင်း လည်ပတ်နေသလို၊ တရုတ်နှစ်သစ်ကူးကာလ အထိမ်းအမှတ် ပွဲလမ်းတွေ လုပ်နေခဲ့တယ် ဆိုတဲ့ ပြောဆို ထောက်ပြချက်မျိုးတွေကိုလည်း တွေ့ရပါတယ်။
    ဒီတစ်ပတ်မှာတော့ လားရှိုး အရေးဟာ MNDAA ရယူထားတဲ့ အပစ်ရပ် သဘောတူညီချက်ထဲမှာ တကယ်ပဲ အဓိက နေရာမှာ ရှိနေလား၊ ၁၀၂၇ စစ်ဆင်ရေးတွေမှာ သိမ်းထားတဲ့ တခြား နေရာတွေရော ဘာတွေ ဖြစ်လာမလဲ၊ လားရှိုးကို ပြန်ပြီး လက်လွှဲပေးတာမျိုး တကယ် အကောင်အထည် ပေါ်လာခဲ့ရင် နိုင်ငံတဝန်းက လက်နက်ကိုင် တွန်းလှန်မှုအပေါ် ဘယ်လို သက်ရောက် နိုင်လဲ ... အာဏာသိမ်း ၄ နှစ်ကာလ စစ်ကောင်စီဟာ တရုတ်ရဲ့ ကျောထောက် နောက်ခံပြုပေးမှုကြောင့် စစ်ရေးတတ်နိုင်စွမ်း ဘယ်လောက် ရှိနိုင်လဲ ... စတဲ့ အရေးကြီးတဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။
    ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ .... ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် အမေရိကန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်၊ National War College က ပါမောက္ခ ဒေါက်တာ ဇါခရီ အမ် အဘူဇာနဲ့ လန်ဒန်မြို့ ဆိုးအက်စ် တက္ကသိုလ်က တရုတ်-မြန်မာ နယ်စပ်ရေးရာ ပါရဂူဘွဲ့လွန် သုတေသီ တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ရှုပန် တို့ ဖြစ်ပါတယ်။
    ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဖေဖော်ဝါရီ ၈ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီ မြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့၊ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ် တို့ကနေ ထုတ်လွှင့် သွားမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
КОМЕНТАРІ • 46
  • @blackkiss-p8t
    @blackkiss-p8t 2 години тому +11
    လားရှိုးအပြင်ဘက်မှာ လေကြောင်းကာကွယ်ရေးစနစ်ကိုအရစ်ကျစနစ်နဲ့တရုတ်မတပ်ပေးနိုင်သ၍ လားရှိုးကို ပြန်မပေးသင့်ပါ။ ဗမာစစ်တပ်ကို ပြန်ပေးရမည့်အစား ရှမ်းတပ်မတော်ကို ပြန်ပေးလိုက်ရင် ခင်ဗျားတို့ဆက်ဆံရေးဟာလဲတစ်ဆင့်ပြောင်းလဲနိုင်တယ်။
  • @ဝင်းမြင့်မြန်မာ-ဒ၉ရ
    မဂ်လာပါ BBC.🎉🎉🎉
  • @Rammer67
    @Rammer67 Годину тому +2
    လားရှိုးကို ကိုးကန့်တစ်ဖွဲ့တည်းတိုက်ခဲ့တာမဟုတ်ပါဘူး တခြားမဟာမိတ်အဖွဲ့များစွာက အသက်နဲ့ပေးပီးတိုက်ခဲ့ကြရတာ ကိုးကန့် အနေနဲ့ သူတို့နေရာလေးတစ်ခုကောင်းစားဖို့ အခုလိုလုပ်မယ်ဆိုရင် တခြားအသက်ရင်းခဲ့ကြရတဲ့ မဟာမိတ်တွေအပေါ်မှာ သစ္စာဖောက်ရာရောက်ပါတယ်
  • @juana.min16
    @juana.min16 2 години тому +5
    လားရှိုးကိစလည်း တယုတ်ပါတာပဲ။ ပြီးရင် သူမဟုတ်ပါဘူးချည်းပဲပြောနေတာ။ အရှက်မရှိ$တယုတ်။
  • @M-TM-T-ed9sy
    @M-TM-T-ed9sy 37 хвилин тому
    မင်္ဂလာပါ*
  • @myanmar-ky9zm
    @myanmar-ky9zm 50 хвилин тому
    BBC မဂံလာ ပါ
  • @DawEi-b2s
    @DawEi-b2s Годину тому +5
    မဂ်လာပါဆရာကိုဝေဖြိုး❤❤
  • @present-c7r
    @present-c7r 37 хвилин тому +1
    နှုတ်ဆက်ပွဲမှာ ပေါင် ၃၀၀၀. အလုံး၅၀. ကျဲသင့်ပတယ်
    • @htun1328
      @htun1328 17 хвилин тому
      မင့်‌အမေ ခြင်ထောင်ထဲကိုလာ
  • @FlowerLay-o5w
    @FlowerLay-o5w Годину тому
    မဂ်လာညချမ်းပါ❤❤❤❤❤
  • @HappyBakedBread-js9wz
    @HappyBakedBread-js9wz Годину тому +2
    စကစ ကိုချေမှုံ့ဖို့ အလွယ်လေးပါ ရခိုင်မှာဆို လွယ်တယ် ကချင် လွယ်တယ် ချင်လွယ်တယ် ကရင် လည်လွယ်တယ် ရခိုင်မှာဘင်္ဂါ.ကချင်မှာတရုတ် ချင် အိန္ဒိယ ကရင်မှာ ထိုင် လွယ်အောင် စကစဘက် လက်နက်ကြီးပေါ့ တကယ်လို့ စကစ ထိုးစစ်ကို စကစလက်နက် ဒီနိုင်ငံတွေ မြို့ပေါ် ထိရောက်ပြစ်လိုက်ပါ စကစ ပျားတုတ်သွားပြီး လုပ်သင့် ရင်လုပ်ရမှာ ဒီလက်နက်က စကစလက်နက်ဆိုရင် ဒီနိုင်ငံတွေ အရေးယူလိုက်မယ်
  • @PkPk-hd5bc
    @PkPk-hd5bc 2 години тому
    မဂ်လာပါ bbc
  • @minnthakhin124
    @minnthakhin124 17 хвилин тому
    ကွန်မြူနစ်တွေမှာ သတင်းထိန်ချန်မှု့ အမြဲရှိတယ်။
    ‌သူတို့ အကျိုးစီးပွားတခုပဲကြည့်တတ်တယ်။
  • @hlainghtoo7032
    @hlainghtoo7032 14 хвилин тому +1
    တရုတ်ငမြန်မာ့အရေးကို အတွင်းကျကျမသိဘဲ ငိုကျ်ိုးစီးပွါးတခုသာကြည့်ပြီး စကစကိုအားပေးထောက်ခံနေတာပါ တရုတ်စီးပွါးရေးကို ဆန့်ကျင့်ပါက မအလကို အလွယ်တကူဖြိုဖျက်နိုင်မည်
  • @gftc6832
    @gftc6832 2 години тому +1
    ရပါတယ်မပူနဲ့ခဗျရမုာပါ
  • @UTinOo-b3y
    @UTinOo-b3y Годину тому +1
    မြန်မာအ​ပေါ်တရုတ်ရဲ့စိတ်​စေတနာက.
    ရင်တရုတ်နဲ့ကင်းကင်း​နေနိုင်ရင်အ​ကောင်းဆုံးပဲ။
  • @batha1007
    @batha1007 27 хвилин тому
    သတင်းစာရှင်းလင်းပွဲတွေက တော်လှန်ရေးရဲ့အနှောက်အယှက်အဟန့်အတားတွေမဖြစ်ပါစေနဲ့တောင်းဆိုချင်ပါတယ်
  • @UTinOo-b3y
    @UTinOo-b3y Годину тому +1
    တရုတ်တကယ်အ​လေးထားတာက.
    သူကြိုးဆွဲရာက.မဲ့ရုပ်​သေးအစိုးရနဲ့
    မြန်မာ့​မြေက​နေအကျိုးအမြတ်ရနိုင်သမျှ
    ထုတ်ယူ​ရေးပဲ။
  • @MoeHtetWaiYan-he3lo
    @MoeHtetWaiYan-he3lo 2 години тому +1
    မင်းအောင်လှိုင်ရေ ဆီသာစွတ်ထား 😙
  • @AnnoyedPottery-ri6kg
    @AnnoyedPottery-ri6kg Годину тому
    တရုတ်ဖိအားကြောင့်လို့ပြောရလောက်အောင်
    တရုတ်ထမင်းကျွေးမှ ခများတို့စားနေရတာလား
    ကိုးကန့်တပ်
  • @gftc6832
    @gftc6832 2 години тому
    usကတရုပ်လို မပါဝင်ပါဘူးခဗျ
  • @PerfectSui
    @PerfectSui 26 хвилин тому
    မပြတ်သားတော့ ရှုပ်ပြီ
  • @gftc6832
    @gftc6832 2 години тому
    လားရူိးက မူးရစ်ကအများကြီးပါ ရထားပါဆယ် ဖွင်ချလိုက်ပါပီ
  • @gftc6832
    @gftc6832 2 години тому
    တရာပ်ကကျားဖန်က ပထမသထိထားပြောရမုာကအထူးသတိထားရအုာပါ
  • @AungKyaw-p5t
    @AungKyaw-p5t Годину тому
    နိုင်ငံ​ကောင်းဖို့ရာစီးပွား​ရေး​ကောင်းမှစီပွား​ရေး​ကောင်ဖို့ရာနိုင်ငံ​ရေး​ကောင်းမှစစ်ပွဲဖြစ်​​နေသမျှအားလုံးမ​ကောင်းနိုင်ပါ။ဖြစ်ချင်တာထက်ဖြစ်သင့်သာလုပ်ဖို့အ​ရေးကြီး။ကမ္ဘာကြီးကအ​ခြေအ​နေဆိုး။
  • @mgmgchit5909
    @mgmgchit5909 2 години тому
    အားလုံးက မမနုကြည် လေလည်အနံ့ဆိုးကြောင့်ပါ
    • @kokyawkyi4905
      @kokyawkyi4905 Годину тому
      အဲ့္ဒီ.လေလည်အနံ့ဆိုးကိုအားရပါးရမရူလိုက်ရလို့.ဇွတ်အဓမ..အာဏာလု.အာဏာသိမ်းတာမဟုတ်လား...
  • @gftc6832
    @gftc6832 2 години тому
    လားရု်းကတော​ြကြန်မပေးဘးးခဗျ
  • @gftc6832
    @gftc6832 2 години тому
    လားရူိးကပြဟ်သူတွေကိုအထိထားကာကွယ်ရမုာပါခဗျ
  • @gftc6832
    @gftc6832 2 години тому
    မူးရး်ကကျားကလဲ ရေဃက္ကိုကအထိကပါခဗျ
  • @VeroN1va
    @VeroN1va 21 хвилина тому
    Mnda..မရှိရင်pdfရှိတယ်
  • @gftc6832
    @gftc6832 2 години тому +1
    လားရိုးကိုပြန်မပေးပါဘူးခဗျ
  • @polkol3299
    @polkol3299 44 хвилини тому
    မဆုတ္နဲ
  • @zawzaw7220
    @zawzaw7220 Годину тому +1
    သတ်ပုံတွေကလည်း စိတ်ပျက်စရာ မှန်အောင်မရေးနိုင်တဲ့သူတွေ နားထောင်တဲ့ သတင်းမီဒီယာ ဖြစ်နေပြီ rfa
  • @DemoKiller2024
    @DemoKiller2024 17 годин тому
    ကိုးကန့်တွေ ပလောင်တွေက နလပိန်းတုံး နီပိတ်ပိန်း အညာသား ပဒက်တွေကို ခံစားခွင့် လစာ ပင်စင် လုံးဝ မပေးပဲ စိတ်ကြွဆေးတိုက်ကြွေးကာ ရှေ့တန်းကနေ အသေခံ တိုက်ခိုင်းခဲ့ပြီး လိုဘပြည့်ကာမှ ယင်းတို့နယ်မြေကနေ လက်နက်ပြန်သိမ်းကာ ခွေးမောင်းသလို မောင်းထုတ်နေတာ အလွန် ကြေကွဲ ဝမ်းနည်းစရာ
  • @krishnarthapa3380
    @krishnarthapa3380 Годину тому
    လားရှိုးကိုတော့မရဘူး ယူချင်တပဆိုရင်တော့ ကျည်ဆံထိပ်ဖူးတော့ရမယ် ခွေးမသားမင်းအောင်လိုင်သိထားဖို့
  • @krishnarthapa3380
    @krishnarthapa3380 Годину тому
    ဘယ်မအေလိုးကပြောသာလည်း လားရှိုးကနေဆုတ်ပေးရမယ်ဆိုသာ
  • @PyaeSone-qe1nk
    @PyaeSone-qe1nk 55 хвилин тому
    တရုပ်ရဲ့မွေးစားသားတွေရထားတဲ့မြို့တွေဟာတရုပ်ရထားတာနဲ့အတူတူပါပဲတရုပ်ဆင်ထားတဲ့ဂွင်တွေပါတရုပ်ရဲ့မွေးစားသားတွေရသွားတဲ့မြို့တွေကိုဘယ်တော့မှပြန်မပေးပါဘူးစိတ်ချ