ငွေစုစာအုပ်အကြောင်း
Вставка
- Опубліковано 9 лют 2025
- ဒီ ဗီဒီယိုကတော့ လူမေးများတဲ့ ငွေစုစာအုပ်နဲ့ ငွေစုစာအုပ် အတိုးနှုန်းအကြောင်းကို ပြောပြပေးထားတာပါ။
မိသားစုဆီကို အိမ်စရိတ်ထောက်ပံ့တာလည်း ထောက်ပံ့တာဆိုပေမဲ့ ကိုရီးယားမှာ နေထိုင်စဉ်အတွင်း အရေးပေါ်အခြေအနေအတွက် ချန်ထားတဲ့ ပိုက်ဆံကို ငွေစုစာအုပ်လုပ်ပြီး စုထားချင်ရင်၊ ဒါမှမဟုတ် လစဉ် လခထဲကနေ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ငွေစုစာအုပ်လုပ်ထားပြီး စုသွားချင်တယ်ဆိုရင် ဘယ်လို ငွေစုစာအုပ်မျိုးကို ပြုလုပ်သင့်တယ် ဆိုတာနဲ့ ပက်သက်ပြီး ရှင်းပြပေးထားပါတယ်။
ကိုရီးယားငွေစုစာအုပ်တွေကနေ ပေးတဲ့ အတိုးနှုန်းအမျိုးအစားတွေကို သေသေချာချာလေး ရှင်းပြပေးထားမို့ ဒီဗီဒီယိုလေးကလည်း အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
#Finance #Banks #Savingbooks
🙏ကျေးဇူးတင်ပါတယ်ခင်ဗျ
Thankyou so much မမသီတာ
Thankyou so much sis
ဘယ်ချိန်ဆိုထုတ်လို့ရ
ဆရာမ 정기적금 မှာ ၃လလောက်ဆက်တိုက် စုငွေမဖျတ်နိုင်လို့ စုဘဏ်စာအုပ်ပိတ်သွားတာ ပြန်ဖွင့်လို့ရလား ဆရာမ ဆက်စုမယ်ဆိုရင်ရော ဆက်စုလို့ ရသေးလား သိချင်လို့ပါ
သက်တမ်းပြည့်သွားရင် ငွေစုစာအုပ်က ဖျက်ပြီးတော့ အသစ်ပြန်လုပ်ပေးရင် ရပါတယ်။ ဒီအတိုင်းထားရင် ကာလပိုပြီး စုထားတာတွေအတွက် အတိုးမရပါဘူးနော်။
အတိုးက တနှစ်လုံးနေမှ 2, 3 %ဆိုတော့ သိန်းတရာစုမှ ၂သိန်းကျော် ၃သိန်းလောက်ပဲရမှာပေါ့နော် နည်းလိုက်တာ
ဗဟုသုတရပါတယ် ကျေးဇူးပါ
တခုမေးချင်တယ်အမ
၁။ လူကိုယ်တိုင်လာစရာမလို ငွေချေးလို့ရတယ်ဆိုတဲ့ချေးငွေလုပ်ငန်းဟာ နှစ်စဥ်အတိုးက ၂၀%လို့ပြောတယ် စိတ်ချရလား?
၂။ အတိုးကအရမ်းများတော့ တရားဝင်လား ? ဆိုတာသိချင်ပါတယ်။
ကျေးဇူးပါ
ဘယ်လို အဖွဲ့အစည်းမျိုးကနေ ချေးပေးနေတာလဲ အပေါ်မှာ မူတည်ပြီး တရားဝင်လား ဆိုတာ ပြန်ရှာကြည့်ရမှာပါ။ အတိုးနှုန်းကတော့ ကိုရီးယားမှာ ငွေချေးတဲ့အခါ ချေးယူတဲ့ ပုံစံအပေါ်မူတည်ပြီး အတိုးနှုန်းက ကွဲပြားပါတယ်။ အစိုးရကနေ ထုတ်ချေးခိုင်းတဲ့ ငွေချေး ဝန်ဆောင်မှုတွေဆိုရင် သက်သာပြီး၊ ဘဏ်ကနေ customer ရဲ့ credit level ကို ကြည့်ပြီး ချေးပေးတာကတော့ level အလိုက် အတိုးနှုန်းများသွားပါတယ်။ ကိုရီးယားမှာ အစိုးရကနေ တရားဝင် သတ်မှတ်ပေးထားတဲ့ အမြင့်ဆုံး အတိုးနှုန်းကတော့ 20%ပါ။ အဲဒါကြောင့် ငွေချေးတဲ့ အဖွဲ့အစည်းတွေကနေ 20%အထိ ကောက်လို့တော့ ရတယ်ဆိုပေမဲ့ အမြင့်ဆုံးအတိုးနှုန်းကို ယူထားရင် ငွေချေးယူတဲ့ သူကျတော့ ဆပ်ရတာ ပင်ပန်းတာပေါ့နော်.
@@mathidatun_thidatv ကျေးဇူးပါအမ
ချေးငွေလုပ်ငန်း fb မှာကြော်ငြာတာအများကြီးတွေ့ရတယ် သိန်း၃၀၀အထိချေးလို့ရတယ်တဲ့ E9 နှင့် F visaရှိတဲ့သူဆိုရင် လူကိုယ်တိုင်လာစရာမလို ချက်ချင်းချေးယူလို့ရတယ်တဲ့ ဆိုတော့ စိတ်ချရလားတရားဝင်လား ဆိုတာဘယ်လိုသိနိုင်မလဲ သိချင်လို့ပါ
ချေးချင်စိတ်တွေပေါ်လာလို့ပါဗျာ ကျေးဇူးပါ
@@mrchinjoshua ကြေငြာနေတဲ့ ပေ့ချ်တွေကို ဘယ် အဖွဲ့အစည်းကနေ ချေးပေးနေတာလဲ ဆိုတာကို သေသေချာချာ မေးကြည့်တာ ကောင်းပါတယ်။ အစ်မ သိသလောက် ဘဏ်တွေကနေ E9တွေကို ချေးပေးနေတာတော့ Jeonbuk Bank ရှိပါတယ်။ အခြားချေးပေးနေတာတွေက Capital ကုမ္ပဏီတွေကနေ ချေးပေးနေတာပါ။ Capital ကုမ္ပဏီတွေက ဘဏ်ကနေ ချေးလို့ မရတဲ့ သူတွေကို ဘဏ်ထက် များတဲ့ အတိုးနှုန်းနဲ့ ချေးပေးနေတဲ့ ကုမ္ပဏီတွေပါ။ Daegu Capital ကနေ ချေးပေးနေတာ ရှိပါတယ်။ အတိုးအရမ်းများရင်တော့ အခုကတော့ မသိသာပေမဲ့ နောက်ပိုင်းကျရင် ဆပ်ရတာ ပင်ပန်းပါတယ်နော်။
펀드အကြောင်းရှင်းပြပေးပါအုံးအမ
စာအုပ်လုပ်ထားတာအမ ဘဏ်ကAutoမဖျက်လို့ မဖျက်ဘူးလား လွှဲပေးရတာလား
ငွေစုစာအုပ်ဆိုရင် ကိုယ်တိုင် ဖျက်လို့ရပါတယ်နော်။
ဘဏ်ကလုပ်ပေးတဲ့ငွေစုစာအုပ်ကိုတနှစ်တစ်ခါဖျက်ရမှာလားဗျ