မုံရွာခရိုင် Chindwin Attack Force မှ လက်နက်များအဆင့်မြှင့်တင်နိုင်ရန် ပြည်သူများထံ အကူညီတောင်းခံ

Поділитися
Вставка
  • Опубліковано 15 жов 2024
  • မုံရွာခရိုင် Chindwin Attack Force မှ လက်နက်များအဆင့်မြှင့်တင်နိုင်ရန် ပြည်သူများထံ အကူညီတောင်းခံ
    ပါခွီး
    (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော Chindwin Attack Force မှ လက်နက်များ အဆင့်မြှင့်တင်နိုင်ရန် ပြည်သူများထံ အကူအညီတောင်းခံကြောင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။
    အဆိုပါအဖွဲ့အနေဖြင့် ၎င်းတို့ထုတ်လုပ်အောင်မြင်ခဲ့သော လက်နက်များအား ထုတ်ဖော်ပြသခဲ့ပြီး တစ်ဆက်တည်းတွင် အကူအညီတောင်းခံကြောင်း ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန် ပြောဆိုလာခြင်း ဖြစ်သည်။
    “ ကျနော်တို့ ရန်ပုံငွေအခက်အခဲကြောင့် သေနတ်အစစ်တွေကို အကုန်လုံးအတွက် မတပ်ဆင်ပေးနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့တတ်စွမ်းသမျှ ထုတ်လုပ်ထားတာပါ။ အခု အောင်မြင်ပြီးသမျှ လက်နက်များကို အဆင့်ထပ်မြှင့်ဖို့နဲ့ ပိုထုတ်နိုင်ဖို့ ပြည်သူများဆီမှာ အကူအညီတောင်းရတာဖြစ်ပါတယ်” ဟု Chindwin Attack Force တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။
    ထုတ်ဖော်ပြသလိုက်သော လက်နက်များမှာ အမျိုးအစားအလိုက် ကုန်ကျစရိတ်တူညီခြင်းမရှိဘဲ ကျည်ဆန်များ၊ ရှေ့ထွက်မိုင်း၊ ကားမိုင်းအပြင် ဖျက်အားပြင်း မိုင်းများကိုပါ ထုတ်လုပ်အောင်မြင် ထားကြောင်း ဆိုသည်။
    ယခုပြသထားသည့် လက်နက်များနှင့် ခန့်မှန်းကုန်ကျငွေများမှာ Shotgun - ကျပ် ၁၅၀,၀၀၀ (တစ်သိန်းခွဲ) ၊ ခြောက်တောင့်ထိုး Shotgun -ကျပ်၂၀၀,၀၀၀ (နှစ်သိန်း) ၊ ၄၀ မမ -ကျပ် ၃၀၀,၀၀၀ (သုံးသိန်း) ၊ ၄၀ မမ ကျည်အစစ် -ကျပ် ၅၀,၀၀၀ (ငါးသောင်း)၊ လက်လုပ်ကျည် -ကျပ် ၅,၀၀၀ (ငါးထောင်)၊ ၅.၅၆ Box ရိုင်ဖယ် -ကျပ် ၃၅၀,၀၀၀ (သုံးသိန်းခွဲ) ၊ ၇.၆၂ ရိုင်ဖယ် တစ်လက်လျှင် ကုန်ကျငွေ -ကျပ် ၃၅၀,၀၀၀(သုံးသိန်းခွဲ) တို့ အသီးသီးရှိကြောင်း သိရသည်။
    ပြည်သူလူထု၏ အခက်အခဲကို သိရှိနားလည်သောကြောင့် ယခင်ကအလှူခံခြင်းမရှိခဲ့သော်လည်း ယခုအချိန်တွင် လက်နက်ခဲယမ်းများ ပိုမိုထုတ်လုပ်ရန်နှင့် တော်လှန်ရေးအမြန်ပြီးဆုံးစေရန် ညိုးငယ်စွာဖြင့် ပြည်သူလူထုထံ အလှူခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
    အလှူရှင်များအနေဖြင့် သေနတ်တစ်လက်၏ ကုန်ကျငွေကိုလှူဒါန်းမည်ဆိုပါက အလှူရှင်၏အမည် အတိုကောက်ကို သေနတ်ဒင်တွင် ရေးထိုးပေးမည်ဖြစ်ကြောင်းလည်းဆိုသည်။
    စစ်အာဏာရှင်ကိုအမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးအတွက် အဓိကကျသော လက်နက် တပ်ဆင်ရေးတွင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှဝိုင်းဝန်းကူညီပံ့ပိုး ပေးကြပါရန် Chindwin Attack Force တာဝန်ရှိသူက မေတ္တာရပ်ခံခဲ့သည်။
    စစ်အာဏာသိမ်းပြီးချိန်မှစ၍ အများပြည်သူတောင်းဆိုသည့် ဒီမိုကရေစီရရှိစေရန် အစဉ်မပြတ် ကြိုးစားအားထုတ်ခဲ့သည့် Chindwin Attack Force တွင် ယခုအချိန်၌ တပ်ခွဲ (၁၃) ခု ရှိနေပြီဖြစ်ကြောင်းလည်းသိရသည်။
    စာတည်း ။ ။ Alden
    စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
    #လက်လုပ်လက်နက်
    #Chindwin_Attack_Force
    #မုံရွာခရိုင်
    #ကုန်ကျစရိတ်
    #ဒီမိုကရေစီ
    #စစ်အာဏာရှင်
    -----------------------------------------
    ပရိသတ်တွေကို နေ့စဥ်သတင်းနှင့် သုတ၊ရသကဏ္ဍစုံ တင်ဆက်နိုင်ဖို့ အပြင် လွတ်လပ်တဲ့မီဒီယာဖြစ်ရပ်တည်နိုင်ရန် ပရိသတ်များမှ member ၀င်ပေး‌ခြင်းဖြင့်ထောက်ပံ့ကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ.
    Member ၀င်ရန် Mizzima TV UA-cam Channel ရဲ့ထိပ်ဆုံးတွင် JOIN ကို နှိပ်ပြီး၀င်ရောက်နိုင်သလို Mizzima TV မှတင်ဆက်ပေးနေသည့် UA-cam Video တိုင်းတွင်လည်း Channel Logo ဘေးတွင် အလွယ်တကူတွေ့နိုင်ပါတယ်.
    / @mizzimanewstv
    -----------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
    Free Download -- Mizzima TV App -- onelink.to/jnuwak/
    Follow us on other platforms :
    Facebook ( Myanmar Language)- / mizzimadaily
    Facebook (English language)- / mizzimamyanmarnews
    Facebook (Mizzima+TV)- / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv/
    Website : www.mizzima.com/ www.mizzimabur...
    www.mizzima.tv/
    ...............................................
    About Us :
    Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
    ......................................................

КОМЕНТАРІ • 226