၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်၊ ညနေ ၅:၀၀ အချိန် ခန့်မှန်းချက်များအရ မိုးလေဝသ တိုက်တွန်းနှိုးဆော်ချက်

Поділитися
Вставка
  • Опубліковано 18 вер 2024
  • အပူပိုင်းမုန်တိုင်း Soulik နှင့်စပ်လျဉ်း၍ မြန်မာစံတော်ချိန် ညနေ(၅း၀၀)နာရီအချိန်ထိ တိုင်းထွာချက် သတင်းထုတ်ပြန်ခြင်း
    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်
    🌀 အပူပိုင်းမုန်တိုင်း SOULIK အခြေအနေ
    ••••••••••••••••••••••••••••••••••••
    ◾နိုင်ငံတကာမိုးလေဝသဌာနများ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ ညနေ (၅း၀၀)နာရီအချိန် ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik သည် ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။ အပူပိုင်းမုန်တိုင်း၏ဗဟိုချက်လေဖိအားမှာ တစ်နာရီလျှင် ၆၅ ကီလိုမီတာ (မိုင်၄၀)ခန့်မှ ၇၄ ကီလိုမီတာ(၄၆မိုင်)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။
    ◾အဆိုပါအပူပိုင်းမုန်တိုင်း Soulik သည် အနောက်ဘက်သို့ဦးတည်ရွေ့လျားနေပြီး လာမည့် (၂၀)ရက်နေ့ အစောပိုင်းအတွင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွှေ့လျားက ၂၀ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းပါသည်။
    ◾သို့ဖြစ်ရာ မုန်တိုင်းနှင့်အတူ မုတ်သုံလေများတိုက်ခတ်ခြင်းကြောင့် လာမည့် ၄၈ နာရီအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်၊ အရှေ့တောင်ပိုင်း ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
    အကြံပြုချက်
    ••••••••••••
    ◾အဆိုပါအပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့် မြန်မာနိုင်ငံနေရာဒေသအတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် ကမ်းပြို/မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် အသိပေးတင်ပြ အပ်ပါသည်။
    မှတ်ချက်
    မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
    #PVTV
    #WeatherForecast

КОМЕНТАРІ • 9

  • @WinMaung-v3o
    @WinMaung-v3o 7 годин тому +1

    ကျေးဇူးတင်ပါတယ်

  • @tintinkhaing9393
    @tintinkhaing9393 7 годин тому

    Thanks PVTV.

  • @KoTharGyi-j9i
    @KoTharGyi-j9i Годину тому

    ဘေးကင်းကြပါစေ

  • @LarryMartin-k5m
    @LarryMartin-k5m 3 години тому

    8608 Heathcote Locks

  • @kolaywin1703
    @kolaywin1703 7 годин тому

    သေချာလာဟ

  • @WinKo-o3i
    @WinKo-o3i 6 годин тому

    ရန်ကုန်ကစိတ်မပူရ ​ေတာ့ဘူး

  • @ရွှေမင်းသား
    @ရွှေမင်းသား 3 хвилини тому

    တရုတ်အစိုးရအနေဖြင့် နိုင်ငံတကာကျင့်ဝတ်ကို လေးစားပါ ... မိမိဂတိကဝတ်အတိုင်း နိုင်ငံတကာပြည်တွင်းရေး ဝင်ရောက်ဖက်စွက်ခြင်းမပြု ဆိုတဲ့အတိုင်း မြန်မာပြည်တွင်းရေးကို ဝင်ရောက်ဖက်စွက်ခြင်းက ချက်ခြင်းရပ်တန့်ပါ....The Chinese government respects the international ethics... according to its promise not to interfere in the internal affairs of Burma, immediately stop interfering in the internal affairs of Burma.... shame on China .

  • @user-dg2kz3ll4l
    @user-dg2kz3ll4l 4 години тому

    တစ်နာရီမိုင် ၄၀.လောက်ဆိုသစ်ပင်ကိုင်းကျိုးရုံလောက်ပါ၊ရေမတက်ဖို့
    ဘဲ

  • @WuttYee-kq3jq
    @WuttYee-kq3jq 4 години тому

    ကျေးဇူးပါရှင့်