အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

Поділитися
Вставка
  • Опубліковано 18 вер 2024
  • ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
    ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
    အပူပိုင်းမုန်တိုင်းအခြေအနေ
    နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ဆန်းစစ်လေ့လာမှုအရ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းများ ဆက်လက်တည်ရှိ နေပါသည်။ ယနေ့ နံနက် (၁၀း၀၀)နာရီအချိန်ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ပါသည်။
    ဖိလစ်ပိုင်ပင်လယ်တွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း Pulasan သည် စက်တင်ဘာလ ၁၈ရက်နေ့၊ ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၏ အနောက်တောင်ပိုင်းကိုဖြတ်ကျော်၍ အင်အားလျော့ နည်းသွားမည်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် အဆိုပါမုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဆင့်တွင်ဆက်လက်တည်ရှိနေပြီး တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်၍ စက်တင်ဘာ(၁၉)ရက်နေ့ညပိုင်းတွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Zhejiang ပြည်နယ်တွင် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ပါသည်။ ထို့နောက်ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိပြီး စက်တင်ဘာလ ၂၁ရက်နေ့တွင် Anhui ပြည်နယ်တောင်ဘက်ပိုင်းတွင် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းရရှိပါသည်။
    ထို့အတူ တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး စက်တင်ဘာလ(၁၉)ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံအတွင်း မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး လာအိုနိုင်ငံတောင်ပိုင်းကို ဖြတ်သန်း၍ ထိုင်းနိုင်ငံအရှေ့ခြမ်းတွင် အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါသည်။
    အကြံပြုချက်
    အဆိုပါအပူပိုင်းမုန်တိုင်းများ၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်နှင့် အရှေ့တောင်ပိုင်း ဒေသများဖြစ်သည့် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်ရာ အဆိုပါဒေသများ တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် အသိပေးတင်ပြအပ်ပါသည်။
    မှတ်ချက်
    မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
    #PVTV
    #WeatherForecst

КОМЕНТАРІ • 37

  • @OhnMarNwe-s1t
    @OhnMarNwe-s1t День тому +7

    ကျေးဇူးပါအလင်းပြပေးလို့
    မြန်မာပြည်သူပြည်သားကမ္ဘာပြည်သူပြည်သားတွေကျန်မားကြပါစေ
    ရေဘေး စစ်ဘေး ငလျင်ဘေး မီးဘေး
    အစားငတ်မွက်ခြင်းဘေးများမှအမြန်ဆုံးကင်းဝေးကြပါစေ

  • @zwepyae5605
    @zwepyae5605 День тому +2

    ကျေးဇူးပါPVTV

  • @sawthahtaw7603
    @sawthahtaw7603 День тому +1

    မင်္ဂလာပါ PVTV

  • @SawChris-w1o
    @SawChris-w1o День тому +1

    ကျေးဇူးတင်ပါတယ်။

  • @yinyinmon565
    @yinyinmon565 День тому +1

    ❤🎉❤🎉❤🎉❤🎉❤🎉ကျေးဇူးပါ

  • @KhingKhingKhingKhing-od6yh
    @KhingKhingKhingKhing-od6yh День тому +1

    ကျေးဇူးတင်ပါတယ်.....

  • @user-ls5qb2be8r
    @user-ls5qb2be8r День тому +1

    မဂ်လာပါ PVTV

  • @PkPk-hd5bc
    @PkPk-hd5bc День тому +1

    မဂ်လာပါ

  • @ChitYar
    @ChitYar День тому +1

    ကျေးဇူးပါ ❤❤❤

  • @Kyawzay-c3h
    @Kyawzay-c3h День тому +5

    အခုလိုတင်ပြပေးလို့ကျေးဇူးများစွာတင်ပါတယ်

  • @KimikoNodana
    @KimikoNodana День тому +1

    ရာသီဥတုနှင့်သက်ဆိုင်တဲ့မိုးလေဝဿပညာရှင်အားလုံးကိုကျေးဇူးအထူးတင်သလို လေးစားပါတယ်ခင်ဗျာ

  • @AprilAung-cg6ft
    @AprilAung-cg6ft День тому +1

    မြစ်ရေစီးကြောင်းကို အပိတ်အဖွင့်လုပ်နေသော တရုတ်

  • @myohtut1345
    @myohtut1345 День тому

    Thank you so much Ko Saw.

  • @SaungOo-c4g
    @SaungOo-c4g День тому

    ကျေးဇူးပါ 🎉🎉🎉🎉🎉

  • @aungaung-cv7bk
    @aungaung-cv7bk 16 годин тому

    ကျေးဇူးပါခင်ဗျာ

  • @darlimyint9613
    @darlimyint9613 День тому

    ကျေးဇူးပါနော် ❤❤❤

  • @kyarhtwe-ww2ng
    @kyarhtwe-ww2ng День тому

    ကျေးဇူး

  • @donfalcone2312
    @donfalcone2312 6 годин тому

    ကျွန်​တော်တို့လို အချိန်ကို လွန်စွာတန်ဘိုးထား​နေသူ​တွေ အတွက် ​များစွာ အ​ထောက်အကူ ဖြစ်​စေတဲ့အတွက် ​ကျေးဇူး တင်ပါတယ် ခင်ဗျာ ။

  • @HninHninWai-se9sc
    @HninHninWai-se9sc День тому

    🙏🙏🙏🙏🙏အားလုံးဘေးကင်းကြပါစေ🙏🙏🙏🙏🙏

  • @myintlwin2684
    @myintlwin2684 День тому

    ပြည်သူ့PVTV
    🎉🎉🎉🎉🎉

  • @narutosama-n9e
    @narutosama-n9e День тому

    ❤❤❤❤❤

  • @UncleSan-fu2vc
    @UncleSan-fu2vc День тому

    good❤❤❤

  • @user-lx6ni5ny3v
    @user-lx6ni5ny3v День тому

    ❤❤❤❤❤❤❤
    🎉🎉🎉🎉🎉🎉🎉

  • @Laelae2025
    @Laelae2025 День тому

    🎉🎉🎉

  • @BoSeinBoSein-x9y
    @BoSeinBoSein-x9y День тому

    ပြောပြလို့သိရ

  • @PontPontThae
    @PontPontThae День тому

    ပဲခူးတိုင်းအလယ်ပိုင်းပါလား

  • @SiThu-d7n
    @SiThu-d7n 11 годин тому

    Mingalarbar PVTV

  • @TinTinYee-x6i
    @TinTinYee-x6i День тому

    ရန်ကုန်မပါဘူး

  • @seinthaung3063
    @seinthaung3063 День тому

    ❤❤❤ Thanks ❤❤❤

  • @KhinThidarToe
    @KhinThidarToe День тому

    😂😂❤❤

  • @FreeUser-s3l
    @FreeUser-s3l День тому

    ကျေးဇူးတင်ပါတယ်

  • @htaylwin5915
    @htaylwin5915 День тому +3

    ဒီမုန်တိုင်းတော်တော်ခြေရှည်တာပဲ

  • @aungzaw9466
    @aungzaw9466 19 годин тому

    ❤❤❤❤❤❤❤❤

  • @susuwin3997
    @susuwin3997 День тому

    ကျေးဇူးတင်ပါတယ်

  • @laephyowai-uh9iz
    @laephyowai-uh9iz День тому

    ကျေးဇူးတင်ပါတယ်

  • @nunusan-vn2jl
    @nunusan-vn2jl День тому +2

    ေကျးဌူးပါ

  • @Colourless-qe1uy
    @Colourless-qe1uy День тому +1

    ကျေးဇူးတင်ပါတယ်အားလုံးဘေးကင်းကျပါစေရှင်🙏🙏🙏💜