Kpop ရဲ့ အရှက်ရစရာအဖြစ်အပျက် (သို့) Burning Sun အရှုပ်တော်ပုံ စ-ဆုံး - Scandal Saturday

Поділитися
Вставка
  • Опубліковано 18 жов 2024
  • ၂၀၁၉ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ Kpop လောကကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့တဲ့ Burning Sun Scandal or Burning Sun Gate ဆိုတဲ့ အမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအမှုကနေပြီး တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ဒီကလပ်နဲ့ ပတ်သက်ဆက်စပ်နဲ့တဲ့ အမှုတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအမှုတွေကို စီပြီးပြောပြရမယ်ဆိုရင်ဖြင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ နောက် အလိုမတူဘဲ သားမယား ပြုကျင့်မှု၊ အမျိုးသမီးငယ်တွေမသိမရှိရအောင် ဗီဒီယိုတွေ ရိုက်ကူးမှု၊ ဖြန့်ဝေမှု၊ နောက်ပြီးတော့ ကိုရီးယားရဲတွေရဲ့ အကျင့်ပျက် လာဘ်စားမှု အစရှိတဲ့ အကြောင်းအချက်တွေပါ စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအမှုမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ နာမည်ကြီးတွေထဲမှာ တောင်ကိုရီးယား Kpop အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်း ဖြစ်တဲ့ အတွက်ကြောင့် တောင်ကိုရီးယားနိုင်ငံကိုသာမက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ Kpop ကို အခိုင်အမာ အားပေးနေကြတဲ့ ပရိသတ်တွေ ကိုပါ အံ့အားတုန်လှုပ်သွားစေခဲ့တာဖြစ်ပါတယ်။
    အခုနောက်ပိုင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အထူးသဖြင့် BBC ရဲ့ Burning Sun Documentary ရုပ်ရှင် ထွက်ပေါ်လာပြီးခဲ့တဲ့ နောက်ပိုင်းမှာတော့ Kara အမျိုးသမီးအဆိုတော်အဖွဲ့က Goo Hara က ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက် အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဝင်ကူညီပေးခဲ့တယ်ဆိုတာ လူတွေ သိရှိခဲ့ရပါတယ်။
    ဒီအဖြစ်အပျက်ဟာ Kpop လောကရဲ့ အမှောက်ဘက်ခြမ်းကို ဖွင့်လှစ်ဟပြသလိုက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီးတော့ ခွင့်ပြုချက်မရဘဲနဲ့ ဗီဒီယိုရိုက်ကူးမှု ဖြန့်ဝေမှု ပြဿနာကို မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျူးလွန်ခံရတဲ့ သားကောင်တွေကို အပြစ်တင်တာထက် ဒီဗီဒီယိုတွေကို ရိုက်ကူးဖြန့်ဝေသူတွေကို ဘယ်လိုအရေးယူမယ် တာဝန်ခံစေမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပိုအလေးပေး ဆွေးနွေးစေခဲ့တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
    ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ အရှုပ်တော်ပုံအတွက် တရားစီရင်မှုတွေက ၂၀၂၁ -၂၀၂၂ အထိ ကြာရှည်ခဲ့တာ ဖြစ်ပြီးတော့ အမှုနဲ့ ပတ်သက်ပြီး တရားစီရင်ချက်တွေကလည်း တော်တော့်ကို ရှုပ်ထွေးပွေလီခဲ့တာ ဖြစ်ပါတယ်။ ကလပ်က တာဝန်ရှိသူ တချို့နဲ့ ရဲအရာရှိတချို့က စည်းကမ်းလိုက်နာဖို့ ပျက်ကွက်မှုလိုမျိုး စွဲချက်တွေနဲ့ အပြစ်ပေးခံခဲ့ရတာတွေရယ်၊ နောက် မူးယစ်ဆေးဝါးမှုတွေနဲ့ပတ်သက်ပြီး အပြစ်ပေးခံရတာမျိုးတွေ ရှိခဲ့ပေမယ့် ကလပ်ရဲ့ အဓိက ပိုင်ရှင်ဆိုသူတွေကတော့ သက်သေလုံလုံလောက်လောက် မရှိတဲ့အတွက်ကြောင့် အမှုကနေ အပြစ်ပေး မခံခဲ့ရပါဘူး။
    ဒါပေမယ့် ဒီအရှုပ်တော်ပုံရဲ့ အဓိက တရားခံနှစ်ယောက်လို့ ဆိုရမယ့် Big Bang အဖွဲ့သား ဆုန်ရီ၊ နောက် သူ့ရဲ့ သူငယ်ချင်း အဆိုတော် ဆောင်ဂျွန်ယောင်းနဲ့ တချို့ဝန်ထမ်းတွေကတော့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
    ဒီအမှုအကြောင်းကို ခြုံပြီးပြောရမယ်ဟေ့ဆိုရင် ငွေရှိသူတွေ၊ အာဏာရှိသူတွေ၊ တာဝန်ရှိသူတွေနဲ့ ဒီဖျော်ဖြေရေးလောကထဲက အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ဘယ်လိုဘယ်ပုံ သဘောထားပြီး အမြတ်ထုတ်ကြတယ်ဆိုတဲ့ အကြောင်း Kpop လောကရဲ့ အမှောင်ဘက်ခြမ်းကို လူတွေ မြင်သာအောင် ဖော်ထုတ်ပြလိုက်တဲ့ အမှုတစ်ခုဖြစ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒီလူတွေက ဘယ်လိုဘယ်ပုံ အရှုပ်ထုပ်တွေနဲ့ ပြဿနာတွေကို ဖန်တီးခဲ့သလဲ၊ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်းတို့နှစ်ယောက်က ဒီ အရှုပ်တော်ပုံမှာ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲ၊ နောက်ပြီးတော့ ဒီထဲမှာ ပါဝင်နေတဲ့ တာဝန်ရှိသူ အာဏာ ရှိသူတွေက ဘယ်သူတွေလဲ၊ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲဆိုတာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ Goo Hara က ဒီအမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုမျိုး ကူညီပေးခဲ့သလဲဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Scandal Saturday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

КОМЕНТАРІ • 70

  • @soehtethtet-r6t
    @soehtethtet-r6t 4 місяці тому +15

    တင်ဆက်‌နေတဲ့အစ်ကိုတောင် မမောမပမ်းအားပါးတရတင်ဆက်နေတာ နားထောင်သူကျနော်တို့က ဘာကြောင့်‌မောရမလဲဗျာ ‌သေချာအာရုံစိတ်နားထောင်ပါတယ် သိပ်မရှင်းတဲ့နေရာဆို ပြန်ရစ်ပြီးပြန်ကြည့်တယ် 8နာရီလောက်ကစကြည့်တာ 10နာရီခွဲမှအဆုံးသတ်တယ် တင်ဆက်မှုတွေထဲစေတနာတွေပါပျစ်ခဲနေအောင်ထည့်ပေးထားတော့ ကျနော်တန်ဖိုးထားနားထောင်ပါတယ်ဗျ

  • @nathti628
    @nathti628 4 місяці тому +7

    ကျေးဇူးတင်ပါတယ်
    ရှင်းရှင်းလင်းလင်းသိရပါပြီ
    စိတ်ဓာတ်မကောင်းတဲ့ အနုပညာရှင်တွေကို လုံးဝအားမပေးသင့်ပါ

  • @thunnme5197
    @thunnme5197 4 місяці тому +5

    နားထောင်ရတဲ့လူကမမောပါဘူး ပြောပြပေးတဲ့သူကိုပဲအားနာမိ ကျေးဇူးတင်ပါတယ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်
    စေတနာထားပြီးပြောပြပေးနေတာကို နားထောင်နေတဲ့သူတွေကနားလည်ပါတယ် အပိုင်းဘယ်လောက်ရှည်ရှည် အဆံုးထိကြည့်ပါတယ်

  • @nokihiyo4711
    @nokihiyo4711 4 місяці тому +7

    ဒီအကြောင်းတွေကို taxi driver season2ထဲမှာတောင်ထည့်ရိုက်ထားသေးတယ် အချိန်ရရင်ကြည့်ကြည့်ပါ အရမ်းကောင်းတဲ့ series ပါ

    • @paperplane609
      @paperplane609 4 місяці тому

      ဟုတ်တယ်ကြည့်ဖူးတယ်တစ်ပုံစံထဲပဲ

  • @KofighterY
    @KofighterY 4 місяці тому +7

    အစ်ကို ပြောပြတဲ့အကြောင်းရာတွေက စိတ်ဝင်စားဖို့ကောင်းသလို နားထောင်လို့လည်းကောင်းတယ် အားပေးလျက်ပါ...👍👍👍

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @htitchone6037
    @htitchone6037 4 місяці тому +1

    ❤🎉အစ်ကိုပြောမှပဲ ကျွန်တော်တော့ သိတော့တယ်ဗျာ ကျေးဇူးအထူးပါ အသေးစိတ်တင်ပေးတာကိုပိုကြိုက်တယ် ဘယ်လောက်ရှည်ရှည်ဗျာ ရှည်လေပိုကောင်းလေးပဲ❤🎉

  • @Zinnixella
    @Zinnixella 4 місяці тому +1

    ကျေးဇူးတင်ပါတယ် သိချင်တာ ခုမှ သေချာ သိလိုက်ရတယ် ။

  • @zipphora9242
    @zipphora9242 4 місяці тому +2

    bro intro ဝင်တာအရမ်းများတယ်

  • @SunooKyu-r3i
    @SunooKyu-r3i 4 місяці тому +1

    မြန်မာပြည်မှာလည်း burning sun လို ကိစ္စရှိမယ်ထင်တယ်
    ပေါင်းလုပ်စားနေတဲ့သူတွေလည်းရှိမှာပဲ

  • @thaeaung1002
    @thaeaung1002 8 днів тому

    ကျမလည်း ၉၃ မွေးတာ စိုင်းထီဆိုင် လွှမ်းမိုး ကိုင်ဇာ နားထောင်တာ😅😅😅

  • @htutkhaungmyat
    @htutkhaungmyat 4 місяці тому +1

    ကျေးဇူးတင်ပါတယ် ခင်ဗျ.
    အကိုလည်း သေချာ research လုပ်ပီး ပြောပြပေးထား အကိုလည်း အများကြီး ပင်ပန်း သွားပါပီ ခင်ဗျ. ရှေ့လျှောက်လည်း Video တွေ အများကြီး လုပ်နိုင်ပါစေချငိဗျ.

  • @lalchhanhimi9992
    @lalchhanhimi9992 4 місяці тому +1

    Story bears ကို ကျေးဇူးတင်ပါတယ် 🐻

  • @hanlin7873
    @hanlin7873 4 місяці тому +1

    မျက်ခွက်လေးတွေကသနားကပါးနဲ့ အကျင့်တွေက ကြောက်ဖို့ကောင်း ဆော်တွေကလည်း အပြင်ပန်းကြည့်ပြီးဒီလိုကောင်တွေကိုဘဲ ကြိုက်ကြတာ😂😂

  • @HninziKhaing
    @HninziKhaing 4 місяці тому

    ကျေးဇူးတင်ပါတယ်
    စိတ်ဝင်စားစရာ အင်မတန်ကောင်းပါတယ်။
    မြန်မာပြည်က အွန်လိုင်း လိမ်လည်မှုတွေနဲ့ ဆက်စပ်ပြောလာတော့ ပ်ုစိတ်ဝင်စားစရာကောင်းပါတယ်။

  • @phoenixnhn7829
    @phoenixnhn7829 4 місяці тому +1

    Polar Bear ကြီးရေ--- ပုံပြောတာထက် မှုခင်းတစ်ရပ်လုံးကို ခုလို သေသေချာချာ လေ့လာပြီး ခရေစေ့တွင်းကျ ရှင်းပြပေးတာအတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊ ကျားဖြန့် အပါအဝင် ဆက်စပ်ရာ ကိစ္စရပ်တိုင်းမှာ သင့်ရဲ့ အပြုသဘောဆောင် အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖေါ်ပြပေးတာကလည်း နှစ်သက်စရာပါ။ သားကောင်ဖြစ်သွားရတဲ့ မိန်းကလေးတွေဟာ သနားငဲ့ညှာစရာ ကောင်းသလိုပဲ တကယ့်မြေပြင်မှာ ယောက်ျားကလေးတွေဟာလည်း သားကောင်ဖြစ်သွားနိုင်တဲ့ အခွင့်အလမ်းတွေ အရမ်းများလာပါတယ်။ အ‌ရေးကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်မှာပါ။ စာရိတ္တသီလ မရှိ, ဝါရိတ္တသီလ မစောင့်ထိမ်းတဲ့ အပြင် စိတ်ရင်းခံ ယုတ်ညံ့သူတွေက ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေကို ရောက်လာတာ၊ ထင်ရှားကျော်ကြားသူ(Public Icon) အချို့ကလည်း အဲ့ဒီလို ယုတ်ညံ့သူတွေ ဖြစ်လာတာက လူ့ဘောင်အဖွဲ့အစည်း အတွက် စိတ်မောစရာပါ။

  • @LeaMeh-fb4he
    @LeaMeh-fb4he 4 місяці тому +1

    နေ့တိုင်းvideoတင်ပေးရင်သိပ်ပျော်မှာပဲ ပြောတဲ့သူကအပြောကောင်းတော့နားထောင်လို့အရမ်းကောင်းတယ်🙂🙂😊

  • @thidalin8419
    @thidalin8419 4 місяці тому +1

    ထွီး မုဒိန်းကောင်းတွေသူတို့သွေးသားတွေလည်းတူသောအကျိုးပေးခံရမှာပါ။စိတ်တိုလို့ပါသားရေ

  • @nweoo3502
    @nweoo3502 4 місяці тому +1

    နန္ဒာလှိုင်နဲ့မျိးမျိုးခင် အသံဖိုင် နားမထောင်ဖူးဘူး ဘယ်မှာရှိလဲ❤😂 ပိုပေးကြပါလား❤❤😊😅

  • @myintmyintkyi6411
    @myintmyintkyi6411 4 місяці тому +1

    ကျေးဇူးပါ❤❤❤

  • @myothant
    @myothant 4 місяці тому

    ကျေးဇူးတင်ပါတယ်.

  • @OpPo-io5st
    @OpPo-io5st 4 місяці тому

    အ မြဲ သန်း အား ပေး နေ ပါ တယ် အ ကို ကြီး ရှင့် ❤❤❤

  • @kaythwesoeaung4834
    @kaythwesoeaung4834 4 місяці тому

    သိချင်နေတာသိရလို့ကျေးဇူးပါ စိတ်၀င်စားစရာကောင်းပါတယ်

    • @phyolay-xu2ux
      @phyolay-xu2ux 4 місяці тому

      ကြိုက်ရဲသေးရဲ့လားညေးkနှမဘေးစောက်ခြောက်တွေကို

  • @hdsgrace8840
    @hdsgrace8840 4 місяці тому

    Ohh 😮 Horrific Bad Eggs K - pop DEMONS . They are bright in their dark side.
    Thank you so much for sharing about that.

  • @bbkgaming7265
    @bbkgaming7265 4 місяці тому +1

    အားပေးနေပါတယ် အကို 🎉

  • @l408aue9
    @l408aue9 4 місяці тому +1

    အားပေးနားဆင်လျက်ပါ

  • @kimchi3086
    @kimchi3086 4 місяці тому

    မပျင်းဘူးအကို စိတ်ဝင်စားတယ်။ ကျေးဇူးပါအကို။

  • @choyadana9
    @choyadana9 3 місяці тому

    ဂိုဟရ သတ်သေတယ် ဆိုတာရော ပြောကြသလို ရိုးရဲ့လား။

  • @tunkyaw4524
    @tunkyaw4524 4 місяці тому

    နားထောင်ရင် အသားတဆက်ဆက်တုံးတယ် ဒေါသထွက်လို့

  • @yoonshwewin2041
    @yoonshwewin2041 4 місяці тому

    နား​ထောင်ရတာ ဗဟုသုတလည်းရ နား​ထောင်လို့လည်း အဆင်​ပြေပါတယ် အကို​ရေ အကို့ ရဲ့ တင်ဆက်မူ့​တွေ အားလုံး အရမ်း​ကောင်းသလို စိတ်ဝင်စားဖို့ အရမ်း​ကောင်းပါတယ် နား​ထောင်​နေရတာ မပျင်းတဲ့ အပြင် အကို ​ပြောသွားတာ ပြီးဆုံးသွားမှာ စိုရိမ်​နေတာ ဒီထက်မက ​အောင်မြင်ပါ​စေ အမြဲတမ်း အား​ပေး​နေပါတယ် အကို ​ကျေးဇူး အများကြီးတင်ပါတယ် ❤❤❤❤❤

  • @sandarmyint-d9h
    @sandarmyint-d9h 4 місяці тому

    ပြောပြပေးတဲ့အကိုလည်းတော်တော်ပင်ပန်းသွားမယ်ထင်တယ်ကျေးဇူးပါရှင်

  • @phyosan8814
    @phyosan8814 4 місяці тому

    အမြဲတမ်းအားပေးနေပါတယ်

  • @mamonica-zw4nj
    @mamonica-zw4nj 4 місяці тому

    ဆရာလဲမောပြီး သမီးလဲ နားလည်ပြီ ကျေးဇူးအများကြီးပါရှင့်❤

  • @bn5765
    @bn5765 4 місяці тому

    Jessica Wongso အမှုအကြောင်း ပြောပြပေးပါလားခင်ဗျ...🙇🏻

    • @StoryBearsMM
      @StoryBearsMM  4 місяці тому

      ဟုတ်ကဲ့ ခင်ဗျ။

  • @yatiyati9237
    @yatiyati9237 4 місяці тому

    Kostaအကြောင်းလေးလဲတင်ပေးပါလား🥰

  • @Tcreator908
    @Tcreator908 4 місяці тому +1

    You are one of my favourite channel thank you for presenting amazing news❤

  • @mrlinhk9365
    @mrlinhk9365 4 місяці тому

    you are right Polar Bear

  • @roiHtoi-p8f
    @roiHtoi-p8f 4 місяці тому

    အကြောင်းအရာတွေအသေးစိတ်ပြောပြတာကောင်းပါတယ် သို့သော်ဒီထက်အတိုချုပ်နဲ့လိုအပ်တဲ့အချက်တွေကိုတခါပဲပြောရင်ပိုကောင်းမယ် Video ကအရှည်ကြီးနဲ့ခုနကရှင်းပြတာတွေကိုပဲ ပြန်ပြန်ရှင်းပြတာကြီးက ကြည့်ရတာတအားငြီးငွေ့လာလို့ ကြည့်ချင်စိတ်ပျောက်သွားတယ် အဆုံးထိတောင်မကြည့်လိုက်တော့ဘူး ✌️

    • @KouseiArima-w2n
      @KouseiArima-w2n Місяць тому

      The talkiesမှာတင်ထားတယ်လိုရင်းတိုရှင်းပေါ့

  • @eimyat5939
    @eimyat5939 4 місяці тому

    မကောင်းမှု ကျူးလွန်သူတွေကို ပေးတဲ့ ပြစ်ဒဏ်က နည်းလွန်းတယ်...မတရားဘူး

  • @LuLu-xc8oz
    @LuLu-xc8oz 4 місяці тому

    တစ်ချိန်က မသိခဲ့လို့ ဂျစ်ကန်ကန် jjy ရဲ့သီချင်း‌ တွေကို ကြိုက်ခဲ့တယ် 😐တော်တော်အောက်တန်းကျတာဘဲ😐

  • @uthanaye6389
    @uthanaye6389 4 місяці тому

    စိတ်ဝင်စားဘို့ကောင်းပါတယ်

  • @TMyamnar
    @TMyamnar 4 місяці тому

    ခနခနနားထောင်မိတယ်

  • @kayphyo1044
    @kayphyo1044 4 місяці тому

    မဂျလာပါ SB 😊

  • @TMyamnar
    @TMyamnar 4 місяці тому

    မှုခင်းသတင်းတင်ပေးအုံးကို

  • @SkyLine-b1x
    @SkyLine-b1x 4 місяці тому

    အိုတယ်ပြောပါဘူးအေ နားထောင်ကောင်းချက်

  • @sengsengsinpraw9862
    @sengsengsinpraw9862 4 місяці тому

    Thk pr ❤

  • @satanhimself1018
    @satanhimself1018 4 місяці тому

    အဲ့လိုကောင်မျိုး ထောင်ထဲမှာ အိုးစားဖက် ၁၀ ယောက်လောက်နဲ့တပြိုင်ထဲ တွေ့ပါစေကွာ (အိုးစားဆိုတာ ထောင်တွင်းဗန်းစကားတခုအနေနဲ့ ဘာလဲသိကြမှာပါနော်)😂

    • @StoryBearsMM
      @StoryBearsMM  4 місяці тому

      ဟာ ဆုတောင်းကြမ်းချက်။

  • @ForeverTogether-z5y
    @ForeverTogether-z5y 3 місяці тому

    👍👍👍

  • @satanhimself1018
    @satanhimself1018 4 місяці тому

    ကာရီးယိုးမင်းသိုးတွေတော့ ထောင်ကျသွားပြီး မြန်းမှားပြည်ကြီးက HD ရိုက်တဲ့ ငနာတွေရယ် လမ်းမပေါ် *င်တွေ ဖုန်းနဲ့လိုက်ရိုက်တင်နေတဲ့ သေချင်းဆိုး ငနာတွေရယ်ပဲ ကျန်တော့တယ် 😂😂😂

    • @StoryBearsMM
      @StoryBearsMM  4 місяці тому

      ဟုတ်ပါ့။ တခြားနေရာသာ ခေတ်မမီရင်နေမယ် လမ်းသွားလမ်းလာတွေကို ပုံရိုက်လိုက်တင်နေတာကျတော့ မီလိုက်တာ ဟိုဘက်ကမ်းကို လွန်ပါရော့လား။

  • @nandarwin2378
    @nandarwin2378 4 місяці тому

    ❤❤❤❤

  • @khinhtethtetsoe522
    @khinhtethtetsoe522 4 місяці тому

  • @chankyarphyu6438
    @chankyarphyu6438 4 місяці тому +1

    Horror Sunday 🙄🙄🙄

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      ဒီနေ့တော့ မတင်ဖြစ်ပါဘူးခင်ဗျ။ ဒီဟာကို ပြီးအောင်ဖြတ်လိုက်ရလို့ပါ။

  • @Klwin44421
    @Klwin44421 4 місяці тому

    Kpop ​ကောင်​တွေက အတွင်းပုတ် အကျင့်မ​ကောင်းကြဘူး

  • @anaing1462
    @anaing1462 4 місяці тому

    ဘယ်တော့မှ လိုရာကိုမရောက်ဘူး တစ်စားတစ်ခွန်းကိုပဲ ထက်တလဲလဲ

  • @htitchone6037
    @htitchone6037 4 місяці тому

    အားပေးလျှက်ပါအစ်ကိုရေ မနားတမ်းကိုနားဆင်အားပေးလျှက်ပါ❤🎉

  • @linnlaetaehyungwife
    @linnlaetaehyungwife 4 місяці тому

    အရမ်းနားထောင်ကောင်းပီးအမြဲနားထောင်ဖစ်ပါတယ်

  • @uulay637
    @uulay637 4 місяці тому

    ❤❤❤

  • @chanlay1939
    @chanlay1939 4 місяці тому

    ဘဲးကြီးမင်းသားလုပ်သင့်တယ်ဘဲးကြီးမင်းသားလုပ်ရင်ကျွန်ပ်တော်ထိတ်ဆုံးကအားပေးမယ်ဘဲးကြီး

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      မလုပ်ပါနဲ့။ ဒီလိုလေးပဲ ပြောချင်တာတွေ ပြောမရဘဲ နေလိမ့်မယ်။

  • @HlwanHtetOo
    @HlwanHtetOo 4 місяці тому

    မျှော်နေတာအတော်ပဲ🤗