စက်ဘီးတစီးလုံး နှိုက်နှိုက်ချွတ်ချွတ်ဆေးပေးတဲ့ဆိုင်

Поділитися
Вставка
  • Опубліковано 10 вер 2024
  • ကျနော်တို့ ပြီးခဲ့တဲ့အပတ်မှာ သန်လျင်-သုံးခွအကျော်က သမ္မစိတ္တကမ်းခြေကို စက်ဘီးနဲ့သွားပြီးအပြန်မှာ ပိုနီးအောင် Off road လမ်းက ဖြတ်ပြန်မိကြတော့ စက်ဘီးတွေရော၊ လူတွေရော ဗွက်တွေသဲတွေရွှံ့တွေပေပြီးမှ အိမ်ကိုပြန်ရောက်ခဲ့ကြပါတယ်။ အဲ့ဒါနဲ့နောက်ရက်မှာ ကျနော်နဲ့နောက်ညီလေးတယောက်ရဲ့ စက်ဘီးတွေကို အစိတ်အပိုင်းအသေးလေးတွေကအစ ပေကြံနေတဲ့ရွှံ၊သဲနဲ့ အညစ်အကြေးတွေကို စင်အောင် ကောင်းကောင်းလေးဆေးချင်တာကြောင့်၊ ကျနော်ပထမအကြိမ်ဆေးခဲ့ဖူးပြီး အဆင်ပြေခဲ့တဲ့ Sarrah Bike House ဆိုတဲ့ ဆိုင်ကို သွားဖြစ်ခဲ့ကြပါတယ်ခင်ဗျ။ အဲ့ဆိုင်က ဘယ်မှာရှိပြီး ဘယ်လိုတွေဆေးပေးလဲ၊ ဆေးပြီးရင်ရော ဘာလုပ်ပေးလဲ၊ ဘယ်လောက်ကျလဲဆိုတဲ့ အချက်အလက်လေးတွေကိုတော့ ဗီဒီယိုလေးထဲမှာ အသေးစိတ် ပြောပြပေးထားပါတယ်ခင်ဗျ။ အားလုံးပဲ ကျန်းမာစွာဖြင့် လိုရာခရီးကို ရောက်ရှိနိုင်ကြပါစေခင်ဗျာ။
    ဆိုင်ရဲ့လိပ်စာ Google Map လင့်ခ်လေးပါ။
    maps.app.goo.g...

КОМЕНТАРІ • 54