Road Bike အကြောင်းနဲ့ နမူနာဘီးပုံစံများ
Вставка
- Опубліковано 16 вер 2024
- ဒီဗီဒီယိုလေးမှာတော့ ကျနော့်ကို ညီအစ်ကိုတွေ ခဏခဏလာမေးကြတဲ့ Road Bike တွေရဲ့အကြောင်း၊ ဘီးနမူနာပုံစံ ၄မျိုးတို့အပြင်၊ Road Bike နဲ့ 700c ဘီးတို့ရဲ့ ကွာခြားချက်တွေကို အကြမ်းဖျင်းလေး ပြောပြပေးထားပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေ၊ ချောမွေ့စွာဖြင့် လိုရာခရီးကို အရောက်လှမ်းနိုင်ကြပါစေခင်ဗျာ။
#စက်ဘီး #RoadBike #700 #cycling #bicycle
frame size 56cm တွေကရှာတယ်နော်bro အရပ်5'10"မို့ ရှာတိုင်း 47cm 48cmလောက်ထိပဲရှိတယ်
ဖရိန် Size အကြီးတွေက နည်းနည်းရှာရခက်တယ်ဗျ။ နည်းနည်းတော့ စိတ်ရှည်ရှည်ထားပြီး တချက်စောင့်ဝယ်ကြည့်ပါဗျ။ အဆင်ပြေပါစေဗျာ။ 💪
အခုချိန်၄သိန်းလောက်သုံးရင်Rbလေးရနိုင်လားbro ရနိုင်ရင်ဆိုင်လေးလမ်းညွန်ပေးပါအုန်းနော် ကျေးဇူးပါ
ကျနော်က RB စျေးတွေသိပ်မသိတော့ အတတ်တော့ပြောလို့မရဘူးခင်ဗျ။ ဒါပေမဲ့ ၄သိန်းလောက်ဆိုရင်တော့ သံဖရိန်၊ ယုန်နားရွက်ထဲက ရနိုင်မယ်ထင်တယ်။ အသေးစိတ်ကိုတော့ RB အရောင်းအဝယ်ဂရုတွေထဲ တချက်ဝင်လေ့လာကြည့်ဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။ 💪
@@lonelywolfcyclist ကျေးဇူးပါ bro
@@nyinyinyinyi-gh7to Welcome ပါ ဘရိုရေ။ 💪
ကျွန်တော်တို့နားမာပဲ ဘိုမင်းရောင်လမ်းမာ idol လာတာမသိလိုက်ဘူဗျာ😟😟
ဟုတ်တယ်ဘရိုရေ ကိုကတုံးဆိုင်ကိုလာတာပါ။ 🥰💪
ပထမ အဝါရောင် road bike ကဈေးဘယ်လောက်နဲ့ ဝယ်ထားတာလဲ Brorther ပြီးတော့ နောက်ဆုံးဘီး အပြာကို ဘယ်လောက်နဲ့ ဝယ်ထားတာလဲပါပြောပေးပါလား
အဝါလေးကတော့အရင်တုန်းက ၁၀သိန်းမကျော်ပေမဲ့အခုချိန်တော့ကျော်နေလောက်ပြီး၊ အပြာလေးကတော့ အရင်က ၅သိန်းမကျော်ပေမဲ့ အခုချိန်ကျော်နေလောက်တယ်ဘရိုရေ။
အရပ် 5''4 ဗျ ဘယ်size အဆင်ပြေလဲ ပြောပြပေးပါဦး မောင်းတိန်းနဲ့ 700cc
ဖရိန်နဲ့အရပ်အကြောင်းကို ဒီဗီဒီယိုလေးထဲမှာ အသေးစိတ်လေးရှင်းပြပေးထားတာရှိပါတယ်ဘရိုရေ။
ua-cam.com/video/NhNzyKB_bdA/v-deo.htmlsi=YVAj5LO2kEYoAnrs
ကျေးဇူး bro
@@minkko-mt9xu Welcome 💪
700Cc racing ဆိုပြီးdrop barနဲ့ တင်ရောင်းနေတဲ့ဘီးတွေက RBလောက်အဆင်ပြေပါ့မလာဗျ အဲ့ဘီးတွေတောင်၃သိန်းခွဲလောက်ဆိုတော့ ကျတော်လဲမရှိမဲ့ရှိမဲ့ထဲကစုဝယ်မှာဆိုတော့အကြံလေးပေးပါဦးbro
RB လောက်တော့ နင်းရတာ မြန်မှာမဟုတ်ဘူးဘရိုရေ။ RB စီးချင်ရင်တော့ နည်းနည်းထပ်စုပြီး RB စစ်စစ်ထဲကပဲရှာဝယ်တာပိုကောင်းမယ်ဘရိုရေ။
@@lonelywolfcyclist ဟုတ်bro
@@Hsgywwiwhhd6777 အဆင်ပြေပါစေဗျာ။ 💪
Drop bar gearတက်ရင် ဘယ်လောက်လောက်ကုန်ပါသလဲဗျ
လက်ကိုင်ဂေါက်မှာတပ်တဲ့ ပုတ်ဂီယာက တစ်သိန်းပတ်ချာလည်လောက်တော့ အနည်းဆုံးရှိမယ်ထင်တယ်ဗျ။
ကျေးဇူးပါ bro
Welcome ပါ ဘရိုရေ 🥰👌
Bro ရေ 700c ဘီးကို Roadbike handlebar / RoadBike တာယာချိန်ပြီးစီးရင် စီးလို့ရနိုင်လားဗျာ speedရောပိုတိုးနိုင်လားဗျ forkတို့ဂွေတို့ကို Carbon ချိန်းတာတို့ကရော် ပေါ့ပြီးspeed ပိုထွက်နိုင်လားဗျ ဖြေပေးပါအုံးဗျ။
အဓိက Speed ထွက်တာကတော့ နင်းအားပေါ့နော်။ နင်းအားကောင်းဖို့နဲ့ နင်းသားကျဖို့က အဓိကပေါ့နော်။ 700c ဘီးကို Road bike Handle ဂေါက်ထည့်စီးလို့ရပါတယ်။ လက်ကိုင်ငုပ်တော့သတိထားပေါ့နော်။ ထည့်မဲ့ Handle က Over ဆိုရင် လက်ကိုင်ငုပ်ကလည်း Over မှ အိုကေမယ်။ တခြားအစိတ်အပိုင်းတွေလည်း လဲလှယ်လို့ရပါတယ်။ ဒီလိုထည့်လို့ရပေမဲ့ 700c တွေရဲ့ Frame အချိုးက Road bike တွေရဲ့ ဖရိန်အချိုးနဲ့မတူညီတဲ့ အတွက် နင်းအားတူရင်တောင် မူရင်း Road Bike စစ်စစ်တွေလောက်တော့ မြန်နိုင်မှာမဟုတ်ဘူးဗျ။
@@lonelywolfcyclist ဟုတ်ကဲ့သိချင်တာနဲ့ဖြေပေးလို့ ကျေးဇူးပါခင်ဗျ ❤️
@@KoKo-hm4gs Welcome ပါဘရိုရေ။ အဆင်ပြေပါစေဗျာ။ 🥰
Drop bar နဲ့ flat bar ဘယ်ဟာပို ကောင်း လဲ ရှင်း ပြပေး ပါဗျ
အကြမ်းဖျင်းပြောရရင်တော့ Drop Bar က Speed အတွက်ကောင်းတယ်ဗျ။ သူ့ကို ကိုင်တဲ့အနေအထားနဲ့ အားထုတ်ပြီး Sprint လုပ်နင်းရင် ပိုမြန်တာပေါ့နော်။ ဒါပေမဲ့ အဝေးနင်းတဲ့အခါ ကြာကြာနင်းရင် သိပ်ပြီး သက်တောင့်သက်သာမဖြစ်ဘူးဗျ။ Flat handle bar တွေကတော့ ပိုပြီးသက်တောင့်သက်သာရှိမဲ့ ပုံစံပေါ့။ တချို့ဆို အိုဗာဟန်တယ်ကိုမှ ရှည်တာတွေတပ်ကြတယ်။ လက်ကိုင်ရတာပိုကောင်း၊ ပိုသက်တောင့်သက်သာရှိသွားအောင်ပေါ့။ ဒါပေမဲ့ အဲ့လိုလက်ကိုင်က ရှည်သွားတဲ့အခါ လေကိုခွင်းသလိုမဖြစ်တော့လို့ အရမ်းအမြန်ကြီးနင်းလို့တော့ သိပ်မအိုကေတော့ဘူးပေါ့ဘရိုရေ 💪
Broရေဘီးတွေရဲ့မန်ကြိလို့ရတဲ့ဟာကဘယ်နားမှာဝယ်ရတာလဲဗျာပြောပြပါလား
နောက်ကြည့်မှန်ကိုပြောတာလားဘရိုရေ။
Specialized rbရဲ့ drop bar လေးဘယ်မာ၀ယ်လို့ရလဲဗျ
အဲ့ဒါကတော့ရှာရမှာဘရိုရေ။ ကွန်တိန်နာကျထဲကလိုချင်ရင်တော့ ဖေ့စ်ဘွခ်ပေါ်က စက်ဘီးဂရုတွေတော်တော်များများထဲဝင်ပြီး စောင့်ကြည့်သင့်တယ်ဗျ။
@@lonelywolfcyclist ဟုတ် ကျေးဇူပါဗျ
@@Steven-xz5xi Welcome ပါဘရိုရေ 👌
ကျေးဇူးပါ❤
Welcome ပါဗျ။ 🤩
700 cc ကနေ road bike. ပြောင်းလို့ရလား
ဖရိန်အချိုးပုံစံအရတော့ မဖြစ်နိုင်ပေမဲ့ အပြင်ပမ်း အမြင်လေးကိုတော့ 700c ဘီးကို Road bike ပုံစံ ပြောင်းလို့ရပါတယ်ဗျ။
700C/ Giant ဘီးအတွက်လေ၊ သူ့အော်ပါတဲ့ ကြိုးနဲ့ ကလစ်လိုက်တဲ့ ဘရိတ်က သိပ်မမိလို့ အာ့ ဘယ်လိုဘရိတ်မျိုးပြောင်းလည်းတပ်ဆင်လို့ရပါသလဲ ညီအကို၊ ကျေးဇူးပြု၍ဖြေပေးပါ။
ခုနကမန့်မှာဖြေပေးထားပါတယ်ဘရိုရေ
Road bike ဂီယာချိန်းနည်းြပေပးပါ
ဂီယာ ချိန်းနည်းကတော့ ကျတော့် ချာနယ်ထဲမှာ ပြောပြထားတာရှိပါတယ်ဗျ။ ဂီယာ ချိန်ညှိနည်းကတော့ မတင်ရသေးဘူးဘရိုရေ။ အလျဥ်းသင့်ရင် လုပ်ပြီးတင်ပေးမယ်နော်။ 🥰
အားပေးနေတယ် brother
ကျေးဇူးအထူးပါဘရိုရေ။ 🤘🥰💪
700 ဘီးတစ်စီးရှာနေတာနည်းနည်းကြာပြီ bro ညွန်းပေးချင်တဲ့ဆိုင် များရှိလား ခင်ဗျ
ဆိုင်ကတော့ အတတ်ပြောပြပေးလို့မအိုကေဘူးဗျ။ ကောင်းတဲ့အခါကောင်းတာမျိုးရှိတတ်သလို မကောင်းတဲ့အခါနဲ့လည်းကြုံနိုင်လို့ပါ။ ဖြစ်နိုင်ရင် အွန်လိုင်းပေါ်ကနေပဲရှာပါဘရိုရေ။ ၇၀၀ ဘီးဝယ်မယ်ဆိုအကြမ်းဖျင်းအကြံပေးလိုတဲ့အချက်တွေကတော့ - အလွိုင်းဖရိန်၊ အလွိုင်းဖောက်၊ အလွိုင်းဂွေဖြစ်တာမျိုးကို ဦးစားပေး ရှာပါ။ ဂီယာက အနည်းဆုံး ၃x၈ သို့မဟုတ် ၂x၈ နဲ့အထက်ရှိတာမျိုးကိုရှာပါ။ ကိုယ့်အရပ်နဲ့လိုက်မဲ့ဖရိန်ဆိုက်ရှိတဲ့ဘီးကိုသာ ရွေးချယ်ပါဘရိုရေ။ ဖြစ်နိုင်ရင် Giant Escape တို့၊ Merida Crossway တို့ထဲက ဦးစားပေးရှာပါ။
@@lonelywolfcyclist ဟုတ် ကျေးဇူးပါဗျ အစ်ကို့ channel လေးလည်း ဒီထက် အောင်မြင်ပါစေ
@@shtetmaung2506 ပေးတဲ့ဆုနဲ့ပြည့်ပါစေဘရိုရေ။ ဆုတောင်းပေးလို့ ကျေးဇူးပါနော်။ 💪
bro road bike sonarbet အကြောင်းလေးတင်ပေးပါလား
အခါအခွင့်သင့်တာနဲ့ ဗီဒီယိုလေးလုပ်ပြီးတင်ပေးပါ့မယ်ဘရိုရေ။ 🤘
ကျေးဇူးတင်ပါတယ်bro
@@thantzinhein4978 Welcome 💪
နေမကောင်းဖြစ်နေလို့ပျောက်သွားတာbro
ဟုတ်လားဗျာ။ Take care နော်။ အမြန်ကျန်းမာပါစေဗျာ။ 💪
မဂ်လာပါ❤❤❤
မင်္ဂလာပါ။ 💪
bro drop barမှာ gearတက်လို့ရလား
ရတာပေါ့ဘရိုရေ။ ပုတ်ခလုပ်တွေနဲ့ ပုတ်လီဗာ၊ ပုတ်ဂီယာထည့်နင်းလို့ရတယ်ဘရိုရေ။ 👌
Road bike အကိုလက်ရှိစျေးဘယ်လောက်ရှိလဲ ကျနော်ဝယ်ချက်လို့ပါ
RB ဈေးကအစားစားပဲဘရိုရေ။ ၄သိန်းကျော်လောက်ကနေ သိန်းရာကျော်ထိရှိတတ်တယ်။ ဝယ်မယ်ဆို သေချာလေးလေ့လာပြီးမှ စိတ်မလောပဲရှာဝယ်နော်။
Road bike ဈေးကအနည်းဆုံးဘယ်လောက်ကစရှိတာ လဲမသိဘူး ပြောပြပေးပါလား bro😢😢😢
ကျနော့်အထင်အနည်းဆုံး ၄သိန်းကျော်လောက်ဆိုဟိုးအရင်ကထွက်တဲ့ RB ပုံစံ Chromo ဖရိန်ထဲကရနိုင်မယ်ထင်တယ်ဗျ။
Gravel bikeအကြောင့းပြောပြပါbro😅❤
အလျဥ်းသင့်တာနဲ့ ဗီဒီယိုလေးလုပ်ပြီး တင်ပေးပါ့မယ်ဘရိုရေ။ 💪
700cလက်ကိုင်ဖြုတ်ပီးroad bike လက်ကိုင်ပြောင်းတပ်ရင်အဆင်ပြေလားဗျ
ပြေတာပေါ့ဘရိုရေ။ အဲ့လိုပြောင်းတပ်ပြီးရင် ဖင်ထိုင်ခုံငုပ်လေးနည်းနည်းထပ်မြှင့်ပြီး နည်းနည်းတော့ ကုန်းနင်းရင်ပိုစပိထွက်မယ်ဘရိုရေ 💪
@@lonelywolfcyclist ဟုတ်ပီဗျာကျေးဇူးပါ🤗
@@nofeeling2672 Welcome ပါ ဘရိုရေ 👌💪
Road bike တွေ အများစုမှာ disc break တွေသုံးတာ မတွေ့မိဘူးနော်
ဟုတ်တယ်ဘရိုရေ။ ဒါပေမဲ့နောက်ပိုင်းလာတဲ့ Road Bike တွေမှာ အသုံးပြုလာကြတာကိုလည်း တွေ့ထတယ်ဗျ။
အမြဲအားပေးနေတယ် bro
တကယ်အားဖြစ်ရပါတယ်ဘရိုရေ။ ပြောပြပေးလို့ ကျေးဇူးအထူးပါနော်။ ♥️
bro felt rb အဝါလေးဘယ်လောက်ရှိလောက်လဲဗျ
RB တွေနဲ့ပတ်သက်ပြီး ဈေးတွေက ကျနော်လည်းအရမ်းကြီးမသိဘူး။ ပြီးတော့ အခုလက်ရှိပေါက်ဈေးတွေလည်း မသိတော့ဘူးဘရိုရေ။ ဒါပေမဲ့ ခန့်မှန်းပြောရရင်တော့ ၈သိန်း၊ ၉သိန်းကျော် သို့မဟုတ် ၁၀အထက်လောက် ရှိနိုင်မယ်ထင်တယ်။
သုံးသိန်းခွဲလေးသိန်း road bike ထဲကရနိုင်လားဗျ
ရနိုင်လောက်တယ်ဗျ။ Road Bike အရောင်းအဝယ်ဂရုတွေထဲဝင်ပြီး တချက်လေ့လာကြည့်နော်။ လိုင်းပေါ်ကဝယ်ရင် စိတ်မချရလို့ အပြင်မှာ သွားစစ်ဆေးပြီးမှသာ ဝယ်ဖို့အကြံပေးလိုပါတယ်ဘရိုရေ။
@@lonelywolfcyclist ဟုတ်ကျေးဇူးပါဗျ
@@HeinWai-w6f Welcome ပါဘရိုရေ။ 🥰💪
700cနဲ့MBTဘာကွာလည်းbro
700c နဲ့ MTB ကွာခြားချက် အကြောင်းသိချင်ရင်တော့ အောက်ကလင့်ခ်ထဲက ဗီဒီယိုမှာ ဝင်ကြည့်လို့ရပါတယ်ဘရိုရေ။
ua-cam.com/video/NhNzyKB_bdA/v-deo.html
Totem 3600ကဘာအမျိုးအစားလဲဗျ
အဲ့ RB Brand တွေတော့ ကျနော်လည်းသိပ်မသိဘူးဗျ။ ဒါပေမဲ့ ကျနော်ထင်တာတော့ Totem က ဘရာဇီး သို့မဟုတ် ချက် နိုင်ငံ တခုခုက အခြေခံလာတဲ့ Brand လို့ထင်တယ်ဗျ။
အကို ရန်ကုန်မြို့တွင်းစက်ဘီးဆိုင်လေးတွေ တစ်ဆိတ်လောက် ညွှန်ပေးပါလား ခင်ဗျာ
စက်ဘီးအရောင်းဆိုင်ကတော့ ကျနော်လည်းအတတ်မညွှန်ပေးရဲဘူးဗျ။ တချို့ဆိုင်တွေက ဂျင်းတွေရှိတတ်သလို၊ တချို့ကျတော့လည်း တစ်ခါတစ်လေကျရင် ကောင်းတာကြုံရတတ်ပြီး၊ တစ်ခါတလေကျရင် မကောင်းတာမျိုးရှိတတ်တော့ ဆိုင်တော့ အတိအကျမညွှန်းပေးရဲဘူး။ Facebook ပေါ်က စက်ဘီးအရောင်းအဝယ်ဂရုတွေထဲ ဝင်ပြီး သေချာလေ့လာပြီးဝယ်ဖို့တော့ အကြံပေးလိုပါတယ်ဗျ။ လူချင်းတွေ့ပြီး သေချာစစ်ဆေးပြီးမှသာဝယ်ပါဘရိုရေ။
Bmxနဲ့fixieကဘာကွာလဲဗျပြောပြပေးပါလား
အကြမ်းဖျင်းကွာခြားချက်ကတော့ BMX က အဝေးတွေမနင်းပဲ၊ ကွင်းထဲ အလှပြ၊ မြို့တွင်းအလှပြတာလေးတွေအတွက်ပေါ့။ Fixed ကတော့ မြို့တွင်းလည်းနင်းလို့ရသလို မြို့ပြင်ခရီးတိုဘာညာအတွက် သွားရတာလည်း ပိုအဆင်ပြေတာပေါ့။
road bike လက်အဖြောင့် ရှိလား မသိလို့bro pl
RB က တော့ ဂေါက်တွေနဲ့ပဲတော်တော်များများလာတယ်ဗျ။ ဒါပေမဲ့ တခါတလေမှာတော့ RB Frame ကိုပဲ 700c ပုံစံ ဂေါက်မထည့်ပဲစီးကြတာမျိုးလည်းတွေ့ဖူးတယ်ဗျ။
Rbလေးကို၇သိန်းနဲ့ကောင်ူကောင်းရလားဗျ
@@thihabhonethit4028 နည်းနည်းကောင်းတာတော့ရနိုင်လောက်တယ်ဘရိုရေ။ RB အကြောင်း သေချာလေးလေ့လာပြီးမှ စိတ်မလောပဲဝယ်နော်။ Facebook ပေါ်က Road Bike နဲ့ဆိုင်တဲ့ အရောင်းအဝယ်ဂရုတွေမှာ ဝင်လေ့လာကြည့်ဖို့ အကြံပေးလိူပါတယ်ဘရိုရေ။ 🤘
monuntain bike က 250000 တန်ရှိလားအကို
အခုပေါက်ဈေးတွေတော့ အစ်ကိုလည်း သိပ်မသိပေမဲ့ အကြံပေးရရင် 250000 ဝန်းကျင်သုံးမယ်ဆိုရင် MTB ထဲမစီးနဲ့ဘရိုရေ။ 700c ကွန်တိန်နာကျ ထဲကတော့ ကောင်းတာလေးရနိုင်တယ်။ MTB က အနည်းဆုံး ၅သိန်းနဲ့ ၆သိန်းအထက်လောက်ကနေမှ ကောင်းတာမျိုးလေးရနိုင်တယ်ဗျ။
Road Bikeဝယ်ဖို့စဉ်းစားထားတာခုမှဘဲသိတော့တယ်ကျေးဇူးဘဲဆရာ
Welcome ပါဗျ။ စက်ဘီးမဝယ်ခင် လေ့လာသင့်တဲ့ စက်ဘီး Groupset တွေအကြောင်းကိုလည်း ကျနော့်ရဲ့ Lonely Wolf ဆိုတဲ့ UA-cam Channel ထဲမှာ တင်ပေးထားတာမို့လို့ ကြည့်ရှု့လေ့လာလို့ရပါတယ်ဗျာ။
Ok
Bro. Road bike 200000တန်လေးလားဆိုင်တွေမှာ
@@InVoker-d3h ကျနော်လည်း ဈေးတွေ သိပ်တော့မသိဘူးဗျ။ ဒါပေမဲ့ ခန့်မှန်းပြောရရင် Road Bike က အခုချိန်အနည်းဆုံး ၄သိန်းကျော်လောက်ရှိနိုင်မယ်ထင်တယ်ဘရိုရေ။
Ok
💪
bro Rode bikeဈေးလေးပြောပြပါpls😢😢😢
ဈေးကတော့ ကျနော်သိပ်မသိဘူးဗျ။ ဒါပေမဲ့ ၄သိန်းအထက်လောက်ကနေ ဟိုးသိန်းတွေအများကြီးအထိ ကောင်းရင်ကောင်းသလို အစားစားတော့ရှိတတ်ကြတယ်ဘရိုရေ။ ဖေ့စ်ဘွခ်ပေါ်က RB စက်ဘီးအရောင်းအဝယ်ဂရုတွေထဲတချက်ဝင်ပြီး လေ့လာကြည့်ဖို့ အကြံပေးလိုပါတယ်ဘရိုရေ။
အကို road bike ကို ပုပ်ဂီယာ က ဘာလောက်လဲ
ဈေးတွေကတော့ အစ်ကိုလည်းအတိအကျမသိဘူးညီရေ။ စက်ဘီးအပိုပစ္စည်းအရောင်းဆိုင်တွေရဲ့ Facebook Page တွေမှာ တချက်သွားမေးကြည့်ကြည့်နော်။ 💪
Frameဘယ်လိုချိန်ရမှာလဲအကိုroad bikeကိုခါးမနာအောင် အရပ်5'4ပါ
အရပ်က ၅ပေ ၄ ဆိုရင်တော့ Road Bike Frame က 51cm or 52 cm လောက်ရှိသင့်ပါတယ်ဘရိုရေ။ ထိုင်ခုံချိန်တာကတော့ ဒီအောက်က Link ထဲတချက်ဝင်ကြည့်ကြည့်ပေးနော်။
ua-cam.com/video/FVu5Zrktm40/v-deo.htmlsi=7STrZVKmYHgR8i6J
@@lonelywolfcyclist ဝင်ကြည့်တာနားမလည်လို့ အကိုပြောတဲ့ frame 52cmဆိုတာ ဘယ်ကနေဘယ်ထိအကွာအဝေးကိုပြောတာလဲဗျ
@@lewis7552 ထိုင်ခုံခါးပတ်ကွင်းကနေ ခြေနင်းဆုံရှိတဲ့နားကို တိုင်းလို့ရတဲ့ အတိုင်းအတာပါဘရိုရေ။ ထိုင်ခုံပိုက်ချိန်တာကတော့ အလျဥ်းသင့်ရင် ဗီဒီယိုလေးလုပ်ပြီး ထပ်တင်ပေးပါ့မယ်။
@@lonelywolfcyclist ကျေးဇူးပါအကို🥰
@@lewis7552 Welcome ပါဘရိုရေ။ 💪
bro ရန်ကုန်တိုင်းဘယ်နားလောက်မှာroad bikeဝယ်လို့ရလဲ
အသစ်ဆိုရင်တော့ အင်းစိန်ဂျို့ကုန်းက JOY Trading တို့၊
တောင်ဥက္ကလာပနဲ့ဘုရင့်နောင်တာဝါက The Bike Shop တို့မှာ ရနိုင်တယ်ဗျ။
ဟုခဲ့ပါဗျပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
broပြောတဲ့ဆိုင်တွေက road bike sonarbetရောရလား
@@thantzinhein4978 Welcome ပါဘရိုရေ။ 💯🤘
ဟုခဲ့ပါbro
Road bike 700cc အသစ်စျေးနဲ့ အဟောင်းစျေး သိချင်တယ်ဗျ
700c ကအသစ်က Made in Japan ထဲမှာဆိုရင် ဒီမှာမရှိလောက်ဘူးဗျ။ Made in Thiland ထဲကတော့ အသစ်က မှာလို့ရလောက်တယ်ဗျ။ စျေးကတော့ အခုချိန်အတက်အကျကြောင့် အတိအကျတော့ မသိဘူးဗျ။ ဒါပေမဲ့ ကျနော့်အထင်ပြောရရင် ထိုင်းမိတ်ထဲက အသစ်ဆိုရင် အနည်းဆုံး ၃သိန်းအထက်လောက်ရှိနိုင်မယ်ထင်တယ်ဗျ။ အဲ့ထက်လည်းများချင်များမှာပေါ့နော်။ ဒါပေမဲ့ အဟောင်းဆိုရင်တော့ ပေါတယ်ဗျ။ ဂျပန်ကွန်တိန်နာကျထဲကရှာလို့ရတယ်။ ဂျပန်ကွန်တိန်နာကျဆိုပေမဲ့ တချို့ဘီးတွေက ထိုင်ဝမ်မိတ်တွေဗျ။ ဒါပေမဲ့ မဆိုးပါဘူး။ အဟောင်းစျေးတွေကတော့ အရင်တုန်းကတော့ ကံကောင်းရင်သောင်းဂဏန်းလောက်ကစပေမဲ့ အခုကတော့ ၁သိန်းကျော်လောက်ကနေ ၅သိန်းကျော်အထိ အစားစားပဲရှိတတ်ကြတယ်ဗျ။ RB စျေတွေကတော့ ကျနော်လည်းသိပ်မသိဘူးဗျ။ ဖြစ်နိုင်ရင် ဖေ့စ်ဘွခ်ပေါ်က စက်ဘီးအရောင်းအဝယ်ဂရုတွေမှာ တချက်လေ့လာကြည့်ဖို့ အကြံပေးလိုပါတယ်ခင်ဗျာ။
Single speedနဲ့ နင်းရင် ပြေးလားbro
Single speed နဲ့က ပြေးအောင်လုပ်လို့ရတယ်။ ဒါပေမဲ့မြေပြန့်အတွက်ပဲကောင်းမယ်။ ပြီးတော့ ခြေသလုံးကြွက်သားသန်မှ အိုကေမယ်။
Bro MTB brandတွေထဲမှာ Galaxyကကောင်းလား
GALAXY က လူကြိုက်နည်းတယ်ဗျ။ တရုတ်ဘရမ်းပေါ့နော်။ အခုနောက်ပိုင်းတော့တချို့တလေစီးလာကြတာတွေ့ဖူးတယ်ဗျ။ ကောင်းမကောင်းတော့ မစီးဖူးလို့ ကျနော်လည်းမသိဘူးဘရိုရေ။ ဖြစ်နိုင်ရင်တော့ တခြား Trek, Giant, Merida, Marin, GT စတဲ့ ဘရမ်းတွေထဲက ရှာစေချင်တယ်။ 💪
နံ့သာကုန်းမှာroad bikeရလားအကို
Road Bike တော့မတွေ့မိဘူးဗျ။ သေချာရှာရင်တော့ရှိမလားမသိ။ ဒါပေမဲ့ ဂျင်းဖြစ်မှာစိုးလို့ သိနားလည်တဲ့သူနဲ့ရှာတာတော့ ပိုကောင်းတယ်ဘရိုရေ။ 💪💪
Bro ရေ Road bike ပြင်လို့ကောင်းတဲ့ဆိုင်လေး
ပစ္စည်းပါဝယ်လို့ရတဲ့ ဆိုင်လေးတွေ လမ်းညွှန်ပေးပါအုံး
ပြင်တာနဲ့ပစ္စည်းဝယ်တာအတွက်ကတော့ The Bike Shop တို့ Joy Trading တို့ကို ဖေ့စ်ဘွခ်မှာရှာပြီး တချက်မေးကြည့်ကြည့်နော်ဘရို။
@@lonelywolfcyclist ကျေးဇူးပါbroရေ
@@kelvinz9719 Welcome ပါ ဘရို 💪
MTB မှာလက်ကိုင်အကောက်တပ်လို့ရလား တပ်လို့ရရင်ရော ကောင်းလားဗျ ဘာဆိုးကျိုးရှိလဲ
တပ်တာကတပ်လို့ရပါတယ်ဗျ။ တပ်မယ်ဆိုရင်တော့ ဘယ်လိုအချိန်အဆမျိုးနဲ့ တပ်ရမလဲဆိုတာ UA-cam မှာ ရှာပြီး သေချာလေ့လာပြီးမှတပ်သင့်ပါတယ်။ ဒါပေမဲ့ တချို့လူတွေရဲ့ အမြင်အရတော့ ကြိုက်မှာ မဟုတ်ကြဘူးဗျ။
Giant rock 4000 ကroadလားပဲနော်
700c ဖြစ်ဖို့များတယ်ဘရိုရေ 💪
ကျွန်တော် အရပ်က ၄ပေ၅လက်မ မလို့ Road Bike စီးလိုမရဘူးလာဗျာ❤❤❤😢😢
ရတော့ရတယ်ညီလေးရေ။ ဖရိန်ဆိုက်သေးတဲ့အထဲ Xs လောက်တည်းက ရှာပါနော်။
ဘာလိုXsလဲဘယ်မှာရောင်းတာလဲ
@@mgnaing6132 xs ဆိုတာ အသေးဖရိန်ဆိုက်လေးကိုပြောတာပါဘရိုရေ။
ရန်ကုန် မှာလား မန်လေးမှာလားဗျာ ကျွန်တော်ကမန်လေးမှာဗျာ Road Bikeကိုကျွန်တော်ကပုတ်ဂီယာကိုလိုချင်တာ ပုတ်ဂီယာကိုလိုချင်တာဗျာ RoadBikeကိုပုတ်ဂီယာနဲဆိုရင်ဘယ်လောက်လောက်ရှိတလဲ ကောင်းကောင်းလေးနော် အနဲဆုံးဘယ်လောက်လောက်ရှိတလဲ။
@@mgnaing6132 အကိုက အရောင်းအဝယ်သမားမဟုတ်တော့ ဈေးနှုန်းတွေတော့မသိဘူးဘရိုရေ။ ဖြစ်နိုင်ရင် Facebook ပေါ်က မန္တလေး Roadbike အရောင်းအဝယ်ဂရုတွေထဲဝင်ပြီး သေချာလေ့လာပြီးမှသာ ဝယ်ပါဘရိုရေ။
တစ်စီးဘယ်လောက်လဲ
ကျနော်ကတော့ ဘီးမရောင်းပါဘူးဗျ။ RB တွေကတော့ အစားစားပဲဗျ။ ခန့်မှန်းပြောရရင် ၄သိန်းကျော်ကနေ ကောင်းရင်ကောင်းသလို အထက် အထက်ပေါ့နော်။
RB ကို ဝ တဲ့လူတွေ စီးလို့ရတယ်မလား
စီးတဲ့ဘီးကတောင့်တယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ အရမ်းဝရင်တော့ မပြောတတ်ဘူးဘရိုရေ။ 💪
Saddle အကြောငလေးပြောပေးပါ
အလျဥ်းသင့်ရင် ဗီဒီယိုလေးလုပ်ပြီး တင်ပေးပါ့မယ်ဘရိုရေ။ 💪
road bike စီးရင်ခါးနာလားအကို
ဖရိန်နဲ့အရပ်နဲ့မကိုက်တာကို သေချာချိန်မစီးတတ်ရင်တော့ နာတတ်တယ်ဘရိုရေ။
စက်ဘီးစီးရင်းဆိုင်ကယ်တိုက်ခံရတာငါတယောက်ဘဲလား
စိတ်မကောင်းပါဘူးဗျ။ တော်တော်ထိသွားသေးလားဘရိုရေ။
700c road bikeနဲ့ အကိုပြတဲ့ road bikeကဘာကွာတာလဲဗျ
ဖြေပေးပါအုံးအကိုရေ
အစ်ကိုဗီဒီယိုထဲမှာပြောထားသလိုပဲ 700c ဘီးကို Road Bike ပုံစံ လုပ်ထားရင် အဲ့ဘီးရဲ့ ထိုင်ခုံပိုက်အောက်က ပိုက်တန်းနဲ့ နောက်ဘီးနဲ့ကြားမှာ လက် ၄လုံးစာ သို့မဟုတ် ၃ လုံးစာလောက်ဟနေလိမ့်မယ်ဘရိုရေ။ တကယ့် Road Bike Frame ဆိုရင် အဲ့လိုဖြစ်မနေပဲ လက်တလုံးစာနီးပါးလောက်လေးပဲဟ နေမှာပါ။
@@lonelywolfcyclist သဘောပေါက်ပီအကို
@@lewis7552 💪
700c မှာ အစ်ကို့ Video နောက်ဆုံးမှာပါတဲ့ ဖားဘီ နောက်ကလို ကယ်ရီယာထည့်စီးလို့အဆင်ပြေလား။
ပြေပါတယ်ဘရိုရေ။ သူနဲ့ကိုက်မဲ့ ကယ်ရီယာတော့ နည်းနည်းရှာရမယ်ဗျ။
how much price bro
စျေးတွေက အစားစားပဲဘရိုရေ။ ၅သိန်းကျော်ကနေ အထက်အထက်တွေပေါ့။
Bro ကျွန်တော် 700c ကိုdrop barချိန်းပြီး Gearဖြုတ်ပြီး Freewheel single speed ဆိုရင် အဆင်ပြေနိုင်မလားအကို
ပြေတာကပြေပါတယ်ဘရိုရေ။ ဘရိုနင်းနိုင်ဖို့ပဲအဓိကပေါ့။ Single Speed ဆိုရင် အရှေ့ ခြေနင်းက အချပ်ကို အရမ်းကြီးကြီးတာမျိုးမသုံးတာတော့ ပိုကောင်းမယ်ထင်တယ်။
@@lonelywolfcyclist ပြေးလားဗျ
@@sumoXyt ပြေးချင်ရင်တော့ အရှေ့ကို အချပ်ကြီးတာတွေထည့်။ ဒါပေမဲ့ ကုန်းတက်ကျရင် တော်တော်ပင်ပမ်းလိမ့်မယ်။
Mountain bike ကိုhubအသံကျယ်အောင်ဘယ်လိုလုပ်ရလဲအကို
အကောင်းဆုံးကတော့ Hub ကို Arc တို့ Rider Hub တို့နဲ့ လဲလိုက်ပါဘရိုရေ။
ကျေးဇူးပါအကို
@@zayalinnhtet4854 Welcome bro!
Offandhighwayscyclingစီးရင်ဘယ်အမျိုးအစားစီးရမလဲအကြံပေးပါလား။
Off road ပါရင်တော့ MTB တွေကပိုသင့်တော်ပါတယ်ဗျ။ 💪
အရမ်းပြေးတဲ့ဘီးစီးချင်လို့ Road Bike ပြောင်းစီးရမှာလားအကိုခဗျား 700C စီးနေလို့ပါအကိုခဗျား
Speed နဲ့နင်းချင်ရင်တော့ Road Bike ကတော့ အကောင်းဆုံးပဲဗျ။ Aero ဖြစ်တဲ့ပုံစံကြောင့် နင်းနိုင်ရင် အတော်ပြေးမှာ ဘရိုရေ။
@@lonelywolfcyclist ပြောင်းစီးမယ်အကိုရေ ကြိုက်တယ်ပြေးလေ နင်းချင်လေ😊
@@konyan7593 RB နင်းတဲ့အခါ Balance လေးတော့ နည်းနည်းပိုသတိထားဘရိုရေ။ အဆင်ပြေပါစေဗျာ။ 💪
ကိုဂတုံးဆိုင်ကိုသတိရတယ်ဗျာ
ကျွန်တော့်ဘီးလေးကိုသေချာပြင်ပေးရှာတာ
အမှန်ပဲ အစ်ကိုရေ။ သူက စေတနာတော့ပါတယ်။ 💪
Roadbike လေးတစ်စီးလောက်မဲဖောက်ပေးးကွာ😕
တချိန်ချိန်ပေါ့ဘရိုရေ
ဘီး အဝါနက် ဘီး လေးရဲ့ဈေးမေးပေးပါလား
ဈေးတွေက အတိအကျတော့ မသိပေမဲ့ ခန့်မှန်းပြောရရင် အခုချိန်မှာဆိုရင်တော့ ၇သိန်းကနေ ၁၀သိန်းအထက် ဝန်းကျင်မှာ ရှိလောက်မယ်ထင်တယ်ဘရိုရေ။
ကျွန်တော်ဘီးက Sia Fel
မိုက်တယ်ဘရို 🤘
အကို ဒီ 700 ဘီးတွေက စော့လို့ရလားဗျ😊
သိပ်မခံနိုင်လောက်ဘူးဘရိုရေ။ ကျိုးတာပြုတာလေးတွေတော့ဖြစ်နိုင်တယ်။
@@lonelywolfcyclist ကျွန်တော်က ရှေ့ဘီးထောင်ချင်လို့ရလားဗျ 😊
@@YJay-zm4bg ရတော့ရတယ်ဗျ။ 700c နဲ့ကသိပ်မမိုက်ဘူး။ ဖောက်ကျိုးတာဖြစ်နိုင်တယ်။ MTB ဆိုပိုအဆင်ပြေမယ်ဗျ။
@@lonelywolfcyclist အကိုကျွန်တော်ဘီးက ဖောက်မပါဘူးဗျ😊
ဈေးဘယ်လောက်လဲpro❤ ပြောပြပါလား
RB တွေက လေးသိန်းအထက်ကနေ သိန်းရာကျော်တွေအထိ အစားစားရှိတတ်ကြပါတယ်ဘရိုရေ။ 💪
Thanks pro
@@myahninpwint7399 Welcome
အကြိုင်ဆုံးကRB
Cheers Bro 💪💪RB က မိုက်တယ်ဗျ။
City Bike အကြောင်းလေးလဲတင်ပေးပါအုန်းဗျ
700 သို့မဟုတ် City Bike တွေ အကြောင်းကို ဒီလင့်ခ်ကနေဝင်ကြည့်လို့ရပါတယ်ဘရိုရေ။
ua-cam.com/video/NhNzyKB_bdA/v-deo.html
Fixedအကြောင်းလေတင်ပေးပါလားpro😖😌😀
အလျဥ်းသင့်ရင် လုပ်ပြီးတင်ပေးမယ်နော်ဘရို။
အကို 700cc ေလးအကြောင်းလေးပြောပြပါလား ကျွန်တော်ဝယ်ထားတာနားမလည်လ်ု့ဗျ ဂျပန်ကွန်တိန်နာကျ 700cc ပါအကို အဲ့အကြောင်းလေးရှင်းပြပါဟုံးကို 😊
700c ဘီးအကြောင်းလေးကျနော်တင်ပေးထားတာရှိပါတယ်ဘရိုရေ။ ဒီအောက်ကလင့်ခ်လေးကနေ သွားကြည့်လို့ရပါတယ်ဗျ
ua-cam.com/video/NhNzyKB_bdA/v-deo.html
RB တေမိုက်တယ် ဘရိုရေ
ကျေးဇူးပါဘရိုရေ။ အတူဆုံဖြစ်ကြတဲ့ အစ်ကိုတွေ၊ ညီတွေရဲ့ RB လေးတွေပါ။ 🥰💪
ဘယ်မှာဝယ်လိုရလဲ ဘရို
Road Bike အသစ်ဆိုရင်တော့ The Bike Shop, Joy Trading, Bike World စတဲ့ ဆိုင်ကြီးတွေမှာ ရနိုင်တယ်ဘရိုရေ။ ဒါပေမဲ့ အသစ်မဟုတ်တဲ့ ကွန်တိန်နာကျကတော့ လိုင်းပေါ်ကပဲရှာရမှာ။ လိုင်းပေါ်ကဝယ်မယ်ဆိုရင်လည်း မဝယ်ခင်သေချာလေ့လာပြီး ဝယ်မဲ့အခါမှာ ကိုယ်တိုင်သွားစစ်ဆေးပြီးဝယ်ဖို့ အကြံပေးလိုပါတယ်ဘရိုရေ။
အကိုရေ ဧရာဝတီတိုင်း မအူပင်မြို့နယ် ကိုလည်း အလည်လာခဲ့ပါဦးခင်ဗျာ
လာလည်ပါဦးမယ်ဘရိုရေ။ ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအထူးပါနော်။ 💪
အကိုရေစက်ဘီးအဟောင်းနဲ့အသစ်အလဲလိုက်pလဲချင်လိုပါဗျာဘယ်မှာရမလဲဗျ😢
အဲ့လိုရတဲ့နေရာမျိုးတော့မသိဘူးခင်ဗျ။
တစ်စိီးကိုဘယ်လောက်ပေးရသလဲမသိဘူးအကို
ဈေးကတော့ အစားစားပဲဘရိုရေ။ ၅သိန်းလောက်ကနေ သိန်းဆယ်ကျော်တွေအထိပေါ့နော်။
ဒုတိယမြေက်ဘိန်းကစျေးဘယ်လောက်လဲအကို😊
Merida အဖြူလေးက ၁၂သိန်းလောက်တော့ရှိမယ်ဗျ။