Portfolio Assessment

Поділитися
Вставка
  • Опубліковано 31 гру 2024
  • [English below]
    📣 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းအသစ်တစ်ခုဖြစ်တဲ့ "သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း" သင်တန်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 
    🌟 သင်ယူမှုအထောက်အထားမှတ်တမ်းများ (portfolios) ဟာ ကျောင်းသားများရဲ့ သင်ယူမှုနဲ့ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ပံ့ပိုးပေးကြောင်း၊ ထိရောက်တဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းတစ်ခုအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့နဲ့ အတူတကွ လေ့လာကြည့်ကြရအောင်။ ဒီသင်တန်းမှာ သင်တို့ရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ အကဲဖြတ်နိုင်ဖို့၊ အဓိပ္ပာယ်ပြည့်ဝပြီး ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်နိုင်ဖို့အတွက် portfolios များကို ဖန်တီးရေးဆွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
    🔭 သင်တန်း မော်ဂျူးများ 
    • သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း
    • သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio)
    ✍️ ကျောင်းသားများ၏ တိုးတက်အောင်မြင်မှုများနှင့် သင်၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြပေးသည့် portfolios များကို ထိထိရောက်ရောက် ဖန်တီး၊ စစ်ဆေးအကဲဖြတ်နိုင်သည့် နည်းလမ်းများကို လေ့လာရန် ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ။
    မြန်မာဘာသာ - www.bit.ly/40I...
    အင်္ဂလိပ်ဘာသာ - www.bit.ly/3YQ...
    ** အထူးအစီအစဉ်**အနေနဲ့ ဒီသင်တန်းကို ပထမဆုံး တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမ အယောက် (၃၀) အတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို training.myanmar@unesco.org သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။ 🗳️  
    Myanmar Teacher Platform (MTP) မှ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းများ တက်ရောက်ပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ကို နှိပ်ပါ။   
    /     
    🔑 သင်ယူမှုခရီးလမ်းများကို စောင့်ကြည့်လေ့လာနိုင်ပြီး ကျောင်းသားနှင့် ဆရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများနှင့်အတူ မြှင့်တင်ပေးနိုင်သော ပြန်လည်သုံးသပ်မှုများ ပြုလုပ်နိုင်သည့် portfolios များကို စတင် ဖန်တီးလိုက်ကြပါစို့။
    [English]
    📣 Attention Educators! We are excited to introduce our latest Curriculum & Pedagogy (C&P) course: "Portfolio Assessment".
    🌟 Join us to explore how portfolios can be used as a dynamic assessment tool, supporting both student learning and teacher professional development. This course will guide you through building and using portfolios to reflect on progress, track growth, and assess performance in a meaningful, holistic way.
    🔭 Course Modules: 
    • Introduction to Portfolio Assessment
    • Teaching Professional Portfolio
    ✍️ Enroll today to learn how to effectively create and assess portfolios that showcase student achievements and your professional growth!
    Myanmar version: www.bit.ly/40I...
    English version: www.bit.ly/3YQ...
    ** Special Offer: ** We invite you to be among the first 30 participants to complete the course and receive a Mobile Top-Up card as a reward! To claim your card, kindly send your certificate of completion to training.myanmar@unesco.org. 🗳️
    Would you like to learn how to take (C&P) courses on Myanmar Teacher Platform (MTP)? Click the link below. 
    /  
    🔑 Let's start building reflective portfolios that capture learning journeys and promote deeper insights into both student and teacher development!
    #PortfolioAssessment #Education #ProfessionalDevelopment #MTP #NewCourse #UNESCOMyanmar #OnlineLearning #FreeCourse #MyanmarTeacherPlatform

КОМЕНТАРІ •