Sewol Ferry နစ်မြုပ်မှု ဘယ်သူ့မှာတာဝန်ရှိသလဲ? - Murder Monday

Поділитися
Вставка
  • Опубліковано 18 жов 2024
  • သင်္ဘောတစ်စီး မတော်တဆမှု ဖြစ်ခဲ့တယ်ဆိုပါစို့။ သင်္ဘောကပ္ပတိန်ဖြစ်သူ ဒါမှမဟုတ် သင်္ဘောပေါ်က ဝန်ထမ်းတွေက အရေးပေါ်ဖုန်းနံပါတ်သို့မဟုတ် သက်ဆိုင်ရာကို ပထမဆုံး အကြောင်းကြားသင့်တာ မဟုတ်လား။ ဒါပေမယ့် ခရီးသည်တွေထဲက ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်ရဲ့ ဖုန်းဆက်မှုကြောင့် အာဏာပိုင်တွေက မတော်တဆမှုကို သိရှိခဲ့ရတဲ့အမှုတစ်ခု ဖြစ်ဖူးခဲ့တယ်ဆိုတာ ကြားဖူးကောင်းကြားဖူးကြမှာပါ။ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တဲ့အချိန်မှာ ကပ္ပတိန်အပါအဝင် ဝန်ထမ်းအများစုက ခရီးသည်တွေကို ကယ်တင်ဖို့ထက် သူတို့ကိုယ်လွတ်ရုန်းဖို့ကိုပဲ လုပ်နေခဲ့တယ်ဆိုတာကိုရော သိတဲ့သူတွေ သိကြမှာပါ။ ဟုတ်ကဲ့ ကျွန်တော်ပြောပြချင်တဲ့ အမှုအကြောင်းက ၂၀၁၄ ခုနှစ် ဧပြီလ ၁၆ ရက် တုန်းက ဖြစ်ပွားခဲ့တဲ့ ဆေးဝေါ်ဖယ်ရီ သင်္ဘောနှစ်မြှုပ်မှု ပဲ ဖြစ်ပါတယ်။ ဒီအမှုဟာ ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ လူကွယ်လွန်မှု အများဆုံး မတော်တဆမှုတစ်ခုဖြစ်ခဲ့သလို မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတဲ့ မတော်တဆမှု ဖြစ်ပါတယ်။ ပြီးတော့ ကယ်တင်ချိန်ရခဲ့ရဲ့သားနဲ့ မကယ်တင်ခဲ့လို့ တုန့်ပြန်မှု နှေးကွေးခဲ့လို့ ခရီးသည် ၄၇၆ ယောက်ထဲက ၃၀၄ ယောက်တိတိ ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ၃၀၄ ယောက်ထဲက အယောက် ၂၅၀ က အထက်တန်းကျောင်းသားကျောင်းသူတွေ ဖြစ်ခဲ့တဲ့အချက်က ကိုရီးယားပြည်သူလူထုကို ယူကြုံးမရ ဖြစ်စေခဲ့တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောကြီး စတင်တိမ်းမှောက်ပြီး နစ်မြှုပ်နေတဲ့ အဖြစ်အပျက်ကို တီဗီအစီအစဉ်တွေကနေ ဆက်တိုက် လွှင့်နေခဲ့တာကြောင့် ခရီးသည်တွေရဲ့ မိဘတွေ ဘိုးဘွားတွေနဲ့ ဆွေမျိုးတွေမှာ ကိုယ့်သားသမီး မြေးမြစ်ဆွေမျိုးဖြစ်သူတွေရဲ့ အသက်ရှင်ရေးကို ရင်တမမနဲ့ စိုးရိမ်ပူပန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစောက ပြောခဲ့သလို နှောင့်နှေးမှုတွေ လစ်ဟာမှုတွေ ရှိခဲ့တာကြောင့် အားလုံးက ဝမ်းနည်းပက်လက် ရင်ကွဲကြရတာ ဖြစ်ပါတယ်။ ကိုယ့်သားသမီးဆွေမျိုးတွေ ကွယ်လွန်တော့မယ့် ဖြစ်ရပ်တွေကို ဒီတိုင်းစောင့်ကြည့်နေကြရသလို ဖြစ်နေတဲ့ အဖြစ်အပျက်က ဘယ်လောက်ထိတောင် ဆိုးဝါးလိုက်သလဲဆိုတာ။
    ပြီးတော့ အသက်ရှင်ပြီးတော့ လွတ်ခဲ့တယ်ဆိုတဲ့ ၁၇၂ ထဲမှာ တစ်ဝက်ကျော်က အနီးအနားက ငါးဖမ်းလှေတွေက ဝိုင်းကယ်ကြလို့ ဖြစ်ပါတယ်။ အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်မှုကြောင့် မဟုတ်သလို သင်္ဘောပေါ်က ကပ္ပတိန်နဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားမှုတွေကြောင့်လည်း မဟုတ်ပါဘူး။ အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေက တော်တော်ကြီးကို နောက်ကျပြီးမှ ရောက်လာသလို ရောက်လာတော့လည်း လုပ်ဆောင်မှုတွေက နှေးကွေးပြီးတော့ ထိရောက်မှု မရှိပါဘူး။ ဒီဖြစ်ရပ်ကြီး ဖြစ်နေချိန်မှာ အမေရိကန်ရဲ့ ရေတပ်သင်္ဘောက ကယ်မယ်ဆိုတာကိုလည်း ကိုရီးယားအစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ တကယ်လို့သာ ဒီသင်္ဘောကို ဦးစီးမောင်းနှင်နေတဲ့ ကပ္ပတိန် ဖြစ်သူနဲ့ ဝန်ထမ်းတွေက သူတို့တွေရဲ့ တာဝန်ကို သေချာထမ်းဆောင်ခဲ့မယ်ဆိုရင်၊ နောက် ကိုရီးယား ကမ်းခြေစောင့်တပ်အပါအဝင် ကိုရီးယားသမ္မတနဲ့ ကိုရီးယားအစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်မီ လုပ်ဆောင်ခဲ့မယ်ဆိုရင် တစ်ယောက်မှတောင်မှ ကွယ်လွန်မှာ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
    ဒီသင်္ဘောရဲ့ ကပ္ပတိန်နဲ့ ဝန်ထမ်းတွေက သင်္ဘော စတင်ပြီး နစ်မြှုပ်စ ပြုနေတာကို သိရက်နဲ့ ခရီးသည်တွေနဲ့ ကျောင်းသားကျောင်းသူတွေကို သူတို့အခန်းထဲမှာပဲ နေဖို့ အမိန့်တွေ ပေးခဲ့တဲ့ အချက်ရယ်၊ နောက် ခရီးသည်တွေနဲ့ ကျောင်းသားကျောင်းသူတွေကို ကယ်ဖို့ထက် သူတို့ ကိုယ်လွတ် ရုန်းဖို့ကိုပဲ ကြိုးစားခဲ့တဲ့ အချက်ရယ်က ကွယ်လွန်မှု အရေအတွက်ကို တိုးစေခဲ့တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ထိုနည်းတူပဲ ကိုရီးယားရဲ့ ကမ်းခြေစောင့်တပ်ကလည်း ယီလေး ဆွဲမနေခဲ့ဘူးဆိုရင် ကိုရီးယားအစိုးရရဲ့ သမ္မတဖြစ်သူ ပတ်ဂွန်ဟေးက ပဲများမနေဘဲနဲ့ လုပ်သင့် လုပ်ထိုက်တာကို အမိန့်ပေးပြီး အချိန်မီ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့မယ်ဆိုရင် ဒီလို တန်ဖိုးရှိလှတဲ့ လူ့အသက်တွေ ဆုံးရှုံးစရာ အကြောင်းက ဖြစ်မလာခဲ့ပါဘူး။
    ဆေးဝေါသင်္ဘောနစ်မြှုပ်ခဲ့မှုကြောင့် လူမှုရေးအရရော၊ နိုင်ငံရေးအရရော လှုပ်ခတ်မှုတွေ ဖြစ်ခဲ့ရပါတယ်။ အဓိကအနေနဲ့ လူတွေက သင်္ဘောကပ္ပတိန်နဲ့ ဝန်ထမ်းတွေကို အကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။ ပြီးတော့ သင်္ဘောလိုင်းကို ပိုင်ဆိုင်တဲ့ လုပ်ငန်းစုဖြစ်တဲ့ ချောင်ဟေဂျင်းလုပ်ငန်းစုရယ်၊ ပြီးတော့ ရေကြောင်းခရီးသွားအတွက် လုံခြုံရေးနဲ့ စည်းမျဉ်းပိုင်းရေးရာကို အာဏာပိုင်တဲ့ အဖွဲ့အစည်းတွေရော သမ္မတ ပတ်ဂွန်ဟေးအစိုးရကိုရော လူတွေက အပြစ်တင်ခဲ့ကြတာပါ။ ကိုရီးယားအစိုးရက သင်္ဘော ကပ္ပတိန်ကို လူတွေ ကွယ်လွန်စေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တခြားဝန်ထမ်းတွေကိုလည်း တာဝန်ဝတ္တရား ပျက်ကွက်မှုတွေနဲ့ တရားစွဲဆိုခဲ့ပေမယ့်လည်း လူတွေကတော့ ကျေနပ်မှု မရှိခဲ့ပါဘူး။

КОМЕНТАРІ • 156

  • @PyaePhooKhin-y1l
    @PyaePhooKhin-y1l 4 місяці тому +22

    ဒီလို video တစ်ပုဒ်ရဖို့ဆိုဘယ်လောက်ခက်ခဲလဲဆိုတာ သိပါတယ်။ဒါ့ကြောင့်အပြစ် ဘယ်လိုမှမတင်ပါဘူးဗျာ။❤️ဒါနဲ့သရဲကြောင်း‌ေတွကို ပိုကြိုက်တယ်ဗျ😁

  • @PyaePhooKhin-y1l
    @PyaePhooKhin-y1l 4 місяці тому +8

    ထိုင်းမှာလည်း မီးပျက်တယ်ပေါ့😂❤
    မြန်မာ‌ဆီက ကူးသွားတာနေမှာ❤

  • @kayphyo1044
    @kayphyo1044 4 місяці тому +3

    ဒီနေ့တင်ဆက်မူ့ကတော့အရင်ထက်ရသစုံပြီး.Heart ထိ😢😢

  • @Nawmary
    @Nawmary 4 місяці тому +4

    ၂၁.မိနစ် က ပြောသွားတဲ့စား ကျမ စိတ်လုံးဝမဆိူးသလို ကျမလဲ ခရစ်ယာန်တစ်‌ေယာက်မို့ အရင်ထုံးတန်းစဥ်လာကိုကျော်ပြီး ဘုရားနာမတော်အသုံးချတာတွေလို့မြင်လာတယ်

  • @leanerlwin6757
    @leanerlwin6757 4 місяці тому +5

    အရင်ဆုံးဖုန်းဆက်ပေးခဲ့တဲ့ ကျောင်းသားလေးကိုလည်း အသက်ရှင်မယ်ထင်ခဲ့တာ 😢

  • @AungMinfun
    @AungMinfun 4 місяці тому +4

    ကယ်ဆယ်ရေးတာဝန်ယူတဲ့ကောင်က အကုန်သေစေချင်တာဖြစ်မယ်၊အခက်ခဲကြုံချိန် ကိုယ်ပိုင်ဉီးနှောက်သုံးပီး လွှတ်မြောက်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ၊လူကြီးစကားနားထောင်သင့်ပေမဲ့ အန္တာရယ်ရှိချိန်ကိုယ်တိုင်ဆုံးဖြတ်သင့်ပါတယ်

  • @hdsgrace8840
    @hdsgrace8840 4 місяці тому

    Ohh... I've got the heart out 😢 cuz they had the misfortunes to be hit by a chapter of accidental deaths.
    Thank you so much for telling the truths of situation.
    Have a blessed weekdays! 🙏

  • @kaungmyat6964
    @kaungmyat6964 2 місяці тому +1

    နာဂစ်တုန်းက ရေဒီယိုမှာစကြေငြာတဲ့သေဆုံးစာရင်းက ၁၈ယောက်တဲ့ဗျာ။အဲဒါကိုတော်²များတယ်ဆိုပြီး အချင်း²ပြောနေရင်းနဲ့ သနားမိတာ..။နောက်မှ ဖုံးမရဖိမရပေါ်လာတာရော..
    နာဂစ်ပြီးလို့ ပထမအပတ်ထဲမှာပဲ ကျောင်းကနေ မေဂျာပေါင်းစုံစုပြီး ပစ္စည်းတွေသွားလှူ၊ volunteer လုပ်မှ မြင်ရတဲ့အနိဋ္ဌာရုံတွေဆိုတာ ခုထိမျက်လုံးထဲက မထွက်ဘူးရယ်

  • @kothetpainglwin8425
    @kothetpainglwin8425 22 дні тому

    ဘဲးကြီး အသံတု လုပ်တာကိုတောင် သဘေားကျမိ😁

  • @LyndaMaung
    @LyndaMaung Місяць тому

    You are the best story teller!😊

  • @chitthuhlaing6792
    @chitthuhlaing6792 Місяць тому

    တင်ပြမှုတွေအရမ်းကြိုက်တယိဒါပေမဲ့အသံတိုးတော့ကားမောင်းရင်နားထောင်လို့အဆင်မ​ပြေဘူး

  • @EhMweePaw-c5v
    @EhMweePaw-c5v 4 місяці тому

    Thank you so much.

  • @Hiphopkglaypar
    @Hiphopkglaypar 4 місяці тому +2

    အမြဲအားပေးနေပါတယ်ကိုကြီး မနေ့ကအကို့ကိုဝေဖန်ကြတော့စေတနာနဲ့တင်ပေးနေတာကိုအပြစ်တင်နေကြလို့ဝင်ပြောမိတာပါ ချစ်တယ်❤🎉

  • @teresaroi
    @teresaroi 3 місяці тому +1

    နားထောင်ရင်းနဲ့စိတ်တိုတယ်

  • @ThaeSuHtwe-b7w
    @ThaeSuHtwe-b7w 3 місяці тому

    နား​ထောင်​ရတာအရမ်းစိတ်​မ​ကောင်းဖစ်​မိရတယ်​😔😔

  • @teresaroi
    @teresaroi 3 місяці тому

    ကျေးဇူးတင်ပါတယ်အကို

  • @bookyman338
    @bookyman338 4 місяці тому +1

    ကျေးဇူးတင်ပါတယ် ဗဟုသုတလဲရပါတယ် တပုဒ် တပုဒ်ကို ၅ ခါ ၆ ခါလောက်ထပ်ခါထပ်ခါ နားထောင်ဖြစ်ပါတယ်

  • @pyaephyomaung8659
    @pyaephyomaung8659 4 місяці тому +2

    ပရိတ်သတ်ကို အစဉ်လေးစားတဲ့အကို အမြဲအားပေးလျက်ပါ 😍

  • @shwesinmyint7186
    @shwesinmyint7186 4 місяці тому +1

    အဲဒီအကြောင်းသိချင်နေတာ😢 ပြောပြပေးတာ ကျေးဇူးပါ🎉

  • @aryoun-c5n
    @aryoun-c5n 4 місяці тому +1

    အမြဲအားပေးနေတယ် အကိုက ခုထက်အများကြီးပိုအောင်မြင်သင့်တာ အောင်မြင်သင့်သလောက်မအောင်မြင်လို့အားမရဖူးဖြစ်နေတယ်ဗျာ အကို အစား

  • @mtnmyothannaingmtn
    @mtnmyothannaingmtn 3 місяці тому

    စာဖတ်သူအပေါ်အလေးထားတတ်တဲ့စိတ်ထားမြတ်နဲ့တစ်ဖက်သားအပေါ်စာနာလေးစားမှုကြီးမားနက်ရှိုင်းတဲ့နှလုံးသားထားရှိတာရယ်၊စကားလုံးဝေါဟာရကြွယ်ဝပြေပြစ်ပြီး နားဆင်သူအများစိတ်ပါဝင်စားအောင်တိကျပိုင်နိုင်စွာပြောဆိုတင်ဆက်ပေးနိုင်တာရယ်ကိုအမှန်တကယ်ပဲချီးကျူးအသိအမှတ်ပြုမိရပါတယ်။

  • @adeazethida9084
    @adeazethida9084 4 місяці тому

    ပြည်ပြည့်စုံစုံသိရလို့ ကျေးဇူးပါ 😊😊

  • @MinThiha-n4r
    @MinThiha-n4r 4 місяці тому +1

    သင်္ဘောရဲ့ clinometer မှာ 25ဒီဂရီဟာ maximum ဘဲ

  • @dawaye1691
    @dawaye1691 2 місяці тому

    မဂ်လာပါ🙏🏻

  • @myintmyintkyi6411
    @myintmyintkyi6411 4 місяці тому

    ကျေးဇူးပါ❤❤❤
    နားထောင်ရတဲ့ ဖြစ်စဥ်တွေထဲမှာ ဒီဖြစ်စဥ်က ရင်အတော်နာရတယ်😢

  • @mswine1gg
    @mswine1gg 4 місяці тому

    အခွက်တွေချည်း ရိုက်ချင်တဲ့ နေရာမှာဘယ်နှခါနားထောင်မိမှန်းမသိ သဘောကျမိ

  • @alainnmarchue1666
    @alainnmarchue1666 4 місяці тому

    အမြဲအားပေးနေတယ် အကိုရေ အပြစ်မမြင်ပါဘူးလို့

  • @myatyumon9241
    @myatyumon9241 4 місяці тому

    အား​ပေး​နေပါတယ်​နော်

  • @KyiPyaThwin
    @KyiPyaThwin 3 місяці тому

    ဓါတ်ပုံထဲကမျက်မှန်နဲ့လူကKorea Evenglical Layman Churchဆရာယူပါသူကတော့ဆုံးသွားပါပြီ ဒီအမှုကြောင့်ပြည်နှင်ဒဏ်ပေးခံရတဲ့အကြီးအကဲတစ်ဦးနဲ့ထိုင်းမှာအလုပ်လုပ်ရင်းဆုံခွင့်ရတယ်ဆရာယူရဲ့တရားဟောချက်တွေကိုနားထောင်ခဲ့ရတယ် အသင်းတော်ကအတော်ကြီးပြီးဧ၀ံ‌‌ ဂေလိအတွက်စီးပွားရေးလုပ်ငန်းတွေအများကြီးရှိပြီးနိုင်ငံတိုင်းမှာအသင်းတော်ခွဲတွေရှိပါတယ် အဲဒိမှောက်သွားတဲ့သင်ဘောကလဲအသင်းတော်ရဲ့စီးပွားရေးလုပ်ငန်းစုလို့ပြောလို့ရပါတယ်

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      ဟုတ်ပါတယ်ခင်ဗျာ။

  • @bloodyknight07
    @bloodyknight07 3 місяці тому

    ခုလိုအသေးစိတ်တင်ပြပေးလို့ ကျေးဇူးပါ

  • @khinyatikyaw78
    @khinyatikyaw78 4 місяці тому +1

    Japan နိုင်ငံမှာရှိတဲ့suicide forest အကြောင်း‌ေကာပြောပြပေးပါလားရှင့်❤❤

  • @emma_ivan
    @emma_ivan 4 місяці тому

    အမြဲနားထောင်ဖြစ်ပါတယ်အကို

  • @SuMyat-m3s
    @SuMyat-m3s 3 місяці тому +1

    လောဘတွေကြောက်စရာကြီး😔😔

  • @htitchone6037
    @htitchone6037 4 місяці тому +1

    ဘာမှမဖြစ်ပါဘူး အစ်ကို အမြဲတမ်းအားပေးမယ့်လူက စကားများရန်ဖြစ်စရာမလိုပါဘူး... မတင်ဖြစ်တာကလည်း အရေးတကြီးအကြောင်းအရာတစ်ခုကြောင့်ဖြစ်တာပဲ...အမြဲအားပေးလျှက်ပါ🎉❤အစ်ကို့စေတနာတွေကိုမြင်နေရပါတယ် မနားတမ်းကိုပြောရတယ် ❤🎉

  • @lusoelay5350
    @lusoelay5350 4 місяці тому

    please post more videos about Ghost haunted places ..thanks sir

  • @မင်းလက်ရုံး
    @မင်းလက်ရုံး 3 місяці тому

    ခွေးကောင်ငနီမိုခါကိုမင်းဘယ်အထိသိလို့ဝေဖန်တာလဲ

  • @yeyintwai5977
    @yeyintwai5977 4 місяці тому

    အချိန်မှန်ဗဟုစုတရစရာတွေတင်ပေးနေတာဘဲတော်တော်ကျေးဇူးတင်နေပီ broရေ ❤❤❤

  • @transformertgi1192
    @transformertgi1192 4 місяці тому +1

    ဘာဘဲဖြစ်ဖြစ် အားပေးပါတယ်

  • @mayphoomon7086
    @mayphoomon7086 2 місяці тому

    Story ​ပြောရင်း တခါတ​လေ ​ ​မေ တ္တာပို့စကား​လေး​တွေ ကြားဖြတ်နား​ထောင်ရတာ ချစ်ဖို့​ကောင်းတယ် 😅😅

  • @mswine1gg
    @mswine1gg 4 місяці тому

    မဆဲမိအောင်တော်တော်ထိန်းထားရပုံပဲ ဒီတစ်ခေါက်ပဲ မျက်နှာကိုထိုင်ကြည့်ပီးနားထောင်ဖူးတာ..ခါတိုင်းကအလုပ်လုပ်ရင်းအသံပဲနားထောင်တာ

  • @VivoY-sp6hy
    @VivoY-sp6hy Місяць тому

    မဂ်လာပါရှင့်
    အားေပးေနပါၱတယ်ေနာ်

  • @zarnimin8334
    @zarnimin8334 3 місяці тому

    တော်တော်ဆိုး ပြီး စိတ်ဆိုးဒေါသထွက်စရာကောင်း တယ်

  • @MinWai-bw2kg
    @MinWai-bw2kg 4 місяці тому +1

    အမြဲအားပေးနေပါတယ် bro content တွေကြည့်နေရင်းနဲ့ ကြော်ငြာတက်နေရင်တော့ အကို ကြော်ငြာခများများရအောင် ကြော်ငြာတောင် ထိုင်ကြည့်နေတာပါ

  • @starjupiter-m5v
    @starjupiter-m5v 3 місяці тому

    အသံမျိုးစုံလုပ်တတ်တာ သဘောကျတယ်ဗျာ

  • @chozinmin286
    @chozinmin286 3 місяці тому

    နားထောင်ရင်းစိတ်တိုတိုလာတယ် မသေသင့်ပဲသေကြရတယ်

  • @MotivationByZan
    @MotivationByZan 4 місяці тому

    ခုလို သေသေချာချာ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် နောက်တခါ ကိုရီးယားနဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူပြိုကျမှုကြောင့် လူပိသေဆုံးမှု အကြောင်းတွေလည်း တင်ဆက်ပေးပါခင်ဗျ ❤

  • @gashiiq2393
    @gashiiq2393 4 місяці тому

    ကြိုးနီနဲ့ ပြည်ထဲရေးက အဆင့်ဆင့်လိမ်လိုက်တာ ရှယ်တုပ်ခံရရော

  • @gonsanaung3132
    @gonsanaung3132 4 місяці тому

    mr polar bear က horror တွေနဲ့ပိုလိုက်တယ်.. horror တွေများများတင်ပေးနိုင်ပါစေ....

  • @Theresa-g5w
    @Theresa-g5w 3 місяці тому

    တခနတာ မြန်မာပြည်နဲ့ တူသွားသလိုပဲ

  • @leanerlwin6757
    @leanerlwin6757 4 місяці тому

    ကယ်ဆယ်ရေးတာဝန် ချက်ခြင်းတုန့်ပြန်ရမယ့်အစား ပေါ့ပေါ့တန်တန် လုပ်ခဲ့ကြတာ အတော်စိတ်ပျက်စရာပါ

  • @StSt-zu8he
    @StSt-zu8he 4 місяці тому

    သရဲးအကြောင်းများများတင်ပေးပါ ❤❤❤

  • @mamathida1010
    @mamathida1010 3 місяці тому

    အသံတိုးတယ်ကျယ်ပေးပါ

  • @KoMyo-dn7ue
    @KoMyo-dn7ue 4 місяці тому

    အမြဲအားပေးပါတယ်

  • @shwesinmyint7186
    @shwesinmyint7186 4 місяці тому

    တာန်ယူမှု တာ၀န်ခံမှာ အရမ်းပေါ့လျော့တာဘဲ 😢 မသေသင့်ဘဲ သေသွားတာ ကလေးတွေ😢

  • @MoethuzarLwin-ng6tb
    @MoethuzarLwin-ng6tb 4 місяці тому

    နားထောင်နေရင်း၊တွေးမိတယ်။တိမ်းစောင်းမှု့ကအရမ်းမြန်တယ်လို့တွေးမိတယ်။လူတွေကတိမ်း‌ေစာင့်မှု့‌ေကြာင့်ထိန့်လန့်သွားလို့ရုတ်ချဉ်းစီမံခန့်ခွဲမှု့၊ဖုန်းဆက်အကြောင်းကြားမှု့ထက်ရုတ်ချဉ်းဝရုန်းသုန်းကားမှု့ကိုမှင်တက်သွားပါလိမ့်မယ်။ဘာကိစ္စဖြစ်ဖြစ်ခေါင်းအေးအေးထားဆံုးဖြတ်နိုင်မယ့်လူလိုပါတယ်။Capt,နဲ့ဝန်ထမ်းတွေလူမဆန်တာတော်တော်ဆိုးပါတယ်။ကျောင်းသားလေးလိုဖြတ်ကနဲဆုံးဖြတ်နိင်တဲ့သူနဲနဲပါရင်လူသေနည်းမယ်လို့ထင်ပါတယ်။လူတော်တော်များများကကိုယ်ကိုယ်တိုင်မခံရရင်အေးဆေးနေနိုင်ပါတယ်။ဒီမိုက‌ေရစီနိုင်ငံတခုဖြစ်ပြီးကိုယ်ခြင်းစာတရားနည်းပါးတာကိုပြသလိုက်တာပါဘဲ။

  • @ShinePyaeAung-k5d
    @ShinePyaeAung-k5d 4 місяці тому

    စိတ်လျှော့ပါအကိုရာ😂
    အကုိ့ကိုကြည့်ရတာ သမ္မတဘွားတော်ကို ဘေးမှာရှိရင် ကိုင်ပလိုက်တော့မယ့်အတိုင်းပဲ😁

  • @jcott7794
    @jcott7794 3 місяці тому +1

    ကျတော်က Historical တို့ Universe တို့ Politics တို့ ကိုပိုပြီး စိတ်ဝင်စားတဲ့ သူဖြစ်ပေမဲ့ အကို စကားပြောတာရော Audience တွေကို Caring လုပ်တာလေးတွေကို အရမ်းချစ်လို့ Vedio တိုင်းနီးပါး ကြည့်ဖြစ်ပါတယ်ဗျ 😅😅 တကယ် အခုလဲ အကို Content ထက် Brother တောင်းပန်နေတာလေးက ချစ်စရာလေး😅😅

    • @StoryBearsMM
      @StoryBearsMM  3 місяці тому +1

      History နဲ့ Politics တွေလည်း နောက်ပိုင်းမှာ ပြောဖို့ရာ စီစဉ်ထားပါတယ်ခင်ဗျ။ အားပေးတဲ့အတွင် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

    • @jcott7794
      @jcott7794 3 місяці тому

      @@StoryBearsMM ဒါဆို ပိုပြီး ဝမ်းသာစရာ သတင်းပေါ့ ခင်ဗျာ.....💟 အမြဲ စောင့်ကြည့် အားပေးမှာပါ ခင်ဗျ.

  • @angelarhaymar965
    @angelarhaymar965 4 місяці тому

    အားပေးနေတယ်နော်

  • @urmymuse7
    @urmymuse7 4 місяці тому

    I'm crying😭😭😭😭😭😭😭

  • @eipwintngon-qz1rq
    @eipwintngon-qz1rq 4 місяці тому

    နားထောင်နေရင်းဒေါသတွေထွက်ပြီး ငိုချင်လာတယ် ရင်ထဲတော်တော်ဆို့တယ် မဖြစ်သင့်ပဲ ဖြစ်ခဲ့ရတယ် 🥲

  • @OpPo-io5st
    @OpPo-io5st 4 місяці тому

    မျော် နေ တာ ကို ကြီး ❤❤❤

  • @tinkhtoo4867
    @tinkhtoo4867 4 місяці тому

    အီထယ်ဝမ် အကြောင်းလေးပြောပေးပါအုန်း

  • @mamaoo6150
    @mamaoo6150 4 місяці тому +1

    korea itaewon halloween မှာ လူပိတာလေးလည်း ပြောပြပေးပါဦး ကို bear ❤❤❤ဘာလေးပြောပြောနားဝင်အောင် ပြောတတ်တာ အရမ်းသဘောကျပါတယ် တအိမ်လုံး ကို bear fan ပါ ကို bear ပြောနေရင် တိတ်ပြီး နားထောင်ရတာ အရသာ ပါ ကျေးဇူးများကြီးတငိပါတယ်နော် ❤❤

    • @yinminaung7798
      @yinminaung7798 4 місяці тому

      ဟုတ်တယ် ကိုယ်တွေတခြား horror တွေ murderer အကြောင်းတွေနားထောင်ပြီးရင် စိတ်ပင်ပန်း တာတွေ မသတီတာတွေဖြစ်တယ်။ ဒါပေမယ့် ကိုယ်တွေရဲ့ဆရာ Polar Bear ပြောရင်နားထောင်လို့ကောင်းပြီး ဘယ်လိုပဲကြောက်စရာကောင်းကောင်း နားထောင်ပြီး ပင်ပန်းတာမျိုးမဖြစ်လို့ အမြဲ နားထောင်ဖြစ်တယ်။ ပြီးတော့Polar Bear ရဲ့ စိတ်ဆိုးနေတဲ့အချိန်မှာ ပြော တာကိုလည်းသင်ယူရပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာရေ။

  • @LeaMeh-fb4he
    @LeaMeh-fb4he 4 місяці тому

    သရဲ/နာနာဘဝအကြောင်းတို့နားထောင်ရတာအရမ်းကြိုက် scary Sunday မှာအဲလိုအကြောင်းပဲပြောနော်😊

  • @nawnaw-jo5yw
    @nawnaw-jo5yw 4 місяці тому

    တင်တာနောက်ကျတာအပြစ်မပြောပါဘူး စောင့်နေရတာတော့နဲနဲမောသွားတာပေါ့😊 Ko Polar🐻‍❄️ ရယ်

  • @xingxing582
    @xingxing582 4 місяці тому

    ခုမှပဲနားထောင်ရတော့တယ်နော် းးးကိုဝံပုလွေကြီးရေ့😊💫🌙🌚

  • @AungMinfun
    @AungMinfun 4 місяці тому

    လူဖြစ်ပေမဲ့ ခွေးဝဲစားစိတ်နဲ့ ငကြောက် ကပ္ပတိန်နဲ့အဖွဲ့ ကထွက်ပြေးပီးအသက်ရှင်သွားပေမဲ့ သားစဉ်မြေးဆက် လူတောမတိုး၊လူယုတ်မာငကြောက်ကောင်အဖြစ်နဲ့
    ရှင်ပေမဲ့ အလကားကောင်ဖြစ်ပီ၊

  • @htarinzali4818
    @htarinzali4818 4 місяці тому +1

    အသံမကြားရဘူး bro

  • @k2k51
    @k2k51 4 місяці тому +1

    အကို စိတ်ဆိုး ဒေါကြီးတာ ချစ်ဖို့ကောင်းနေရော။ အကြောင်းအရာက သနားစရာပါ

  • @ရွှေဝါးဝင်း
    @ရွှေဝါးဝင်း 2 місяці тому

    ❤❤❤❤❤

  • @kayphyo1044
    @kayphyo1044 4 місяці тому

    မဂ်လာပါ SB 😊

  • @HlwanHtetOo
    @HlwanHtetOo 4 місяці тому

    အသံပါတယ်လေ❤

  • @thanaungkyaw2162
    @thanaungkyaw2162 15 днів тому

    အဲ့ဒိတုန်းက သိရတာ
    ကြားမိတာက
    သမ္မတ ပက်ဂွမ်ဟေးက
    အားကိုးအလေးထားတဲ့
    နတ်ဝင်သည် တစ်ယောက်ရှိတယ်။
    အဲ့နတ်ဝင်သည်က ဘယ်နေ့
    ဘယ်နှနာရီမှာ သမ္မတက
    ဘာရောင်ဝတ်ရမယ်
    ဘယ်သွားရင် ဘာလုပ်ရမယ်
    ဆိုတဲ့ အစီအရင်တွေအတိုင်းပဲလုပ်တာ တဲ့ဗျာ။
    ပြီးတော့ အဲ့နတ်ဝင်သည်နဲ့
    သင်္ဘောကုမ္ပဏီပိုင်ရှင် တည်ထောင်တဲ့ ဘုရားကျောင်းနဲ့က
    ဆက်စပ်ပတ်သတ်မှု့ရှိတယ်လို့
    ပြောကြတယ်။
    ပြီးတော့ သင်္ဘောနစ်မြုပ်မှု့က
    အာဏာပိုင်တွေရဲ့ အာဏာလုယူကြတဲ့ ကိစ္စတွေ မကင်းဘူးလို့
    သိရတာပဲဗျ။
    အဲ့တာကြောင့် နိုင်ငံရေးက
    ရှုပ်တယ်ပြောကြတာ။
    သူတို့ အာဏာလုကြတာ
    ကြားထဲက ပြည်သူလူထုက
    ခံရတာပဲ။

    • @StoryBearsMM
      @StoryBearsMM  15 днів тому

      @@thanaungkyaw2162 ဟုတ်တယ်ခင်ဗျ။ အဲ့လိုတော့ ကြားဖူးတယ်။

  • @edendepp9903
    @edendepp9903 3 місяці тому

    စေတနာအရှိဆုံး u tuberတွေထဲကတစ်ယောက်🫡❤

  • @sungsung6746
    @sungsung6746 4 місяці тому

    Abby Choi ရဲ့သေဆုံးမှုအကြောင်းစုံကို သိချင်လိုက်တာရှင့် အကို waiting

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      ဟုတ်ကဲ့။ လာပါမယ်။ မျှော်။

  • @jinjin7938
    @jinjin7938 4 місяці тому

    တင်ဆက်သူတောင်အဲ့လိုစိတ်ခံစားမှုမျိုးဖြစ်နေပြီဆိုမှကာယကံရှင်မိသားစုဆိုရင်ကမ္ဘာပျက်နေလောက်ပြီ၊ထပ်တူစိတ်မကောင်းဖြစ်ပြီးကြေကွဲရပါတယ်😢😢

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      တကယ်စိတ်မကောင်း။ ကိုယ့်တိုင်းပြည်နဲ့ ပြန်ယှဉ်ကြည့်ရရင် ပိုစိတ်မကောင်း။

  • @ResharerG3
    @ResharerG3 4 місяці тому

    ရက်ရက်စက်စက်တွေ ပြစ်ထားပီးမှ တောင်းကန်ပါနဲ့ ဟွန်း စိတ်ဆိုးတယ် 😒😒

  • @HlwanHtetOo
    @HlwanHtetOo 4 місяці тому

    အဲသမ္မတ ဆိုတဲ့ဘွားတော်ကအခန်းထဲကိုမထွက်တော့ဘူး အသက်ကြီးပီးအဲလောက်ထိ အခန်းအောင်းချင်နေရလားဘွားတော်🤧မပြောချင်ဘူးအဲလောက်ရေးမယ်ကွာ🙄

  • @sawbaw1970
    @sawbaw1970 4 місяці тому +2

    နားထောင်နေရင်းနဲ့ရင်ထဲနင့်ရပါတယ်ဗျ၊၂၀၁၄တုန်းကအဲ့သတင်းကိုLiveကြည့်ခဲ့ရပေမဲ့ ကိုယ့်နိုင်ငံသားတွေမဟုတ်တာကတကြောင်း၊ဒီလောက်အသေးစိတ်မသိတာကတကြောင်းကြောင့်သိပ်မခံစားမိဘူး။အခုအသေးစိတ်ကျကျဘရိုပြောမှ ရင်ထဲနင့်နေအောင်ခံစားရပါတယ်။

  • @gashiiq2393
    @gashiiq2393 4 місяці тому

    2007 လောက် (နာဂစ်မဖြစ်ခင်က) အင်ချွန်းက ကမ်းခြေမှာ မြန်မာသင်္ဘောသားတွေ သွားအလုပ်လုပ်တော့ ကမ်းခြေမှာ spray ဘူးလေးလေးကိုင်ပြီး အလုပ်လုပ်ရတဲ့ ကိုရီးယားသက်လတ်ပိုင်း/သက်ကြီးပိုင်းတွေ ရှိတယ်တဲ့။ သူတို့အလုပ်က ကမ်းခြေမှာ ဆီငွေ့လေးတွေ လာကပ်ရင် spray ဘူးနဲ့ ထမှုတ်ရတာ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပေါ့။ တစ်လက ဝမ် သိန်း၃၀ ရတယ်တဲ့ (အဲ့တုန်းက ဗမာကျပ် ၂၅သိန်းဖိုးလောက်ပေ့ါ)။ USD နဲ့ဆို ၁၈၀၀~ ၂၀၀၀ လောက်ကပ်မယ်။ အခု သင်္ဘောကပ္ပတိန်က USD ၂၅၀၀ ဆိုတော့ တကယ့်ဂျင်းကြီးဖြစ်မယ်။ GRT (တန်ချိန်)က ၃၀၀၀ အောက် လျော့မှသာ 3rd mate လောက်က သူကြီးလုပ်ခွင့်ရှိတာလား (ကျနော်လည်း သဘောသားမဟုတ်တော့ သေချာမသိဘူးဗျာ)

  • @leanerlwin6757
    @leanerlwin6757 4 місяці тому

    ဗဟုသုတအများကြီးရခဲ့ပါတယ် နစ်နာခဲ့ရတဲ့မိသားစုတွေအတွက်လည်း တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ် 😢 စီးပွားရေးလုပ်တယ်ဆိုပြီး အမြတ်ကျန်ဖို့ကလွဲရင် လူတွေဘာထိခိုက်လဲစိတ်မဝင်စားတော့တာ အတော်ကြောက်စရာကောင်းတဲ့ လူမပီသတော့တဲ့ စိတ်ပါ

  • @kyawtkyawt1357
    @kyawtkyawt1357 4 місяці тому

    စိတ်တိုတာကချစ်စရာလေး😂

  • @theinoo1152
    @theinoo1152 4 місяці тому

    Never mind brother

  • @marmaraye7214
    @marmaraye7214 4 місяці тому

    ကြည့်လို့မရတော့ဘူး နောက်ပိုင်းမြန်မာနိုင်ငံကလူတွေအတွက်ခက်ခဲပြီ

  • @pyaeSone-xk6yb
    @pyaeSone-xk6yb 4 місяці тому

    ပထမအကြီးဆုံးမြို့ ဆိုးလ်
    ဒုတိယက ဘူဆန်
    တတိယက ဆူဝန်မဟုတ်ဘူးလားခင်ဗျာ့ အဲ့လိုသိထားလို့ပါအမှားပါရင်ခွင့်လွတ်ပါ

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      ဟုတ် ထောက်ပြတာ ကျေးဇူးတင်ပါတယ်။ နောက်အခေါက်တွေ သတိပိုထားပါ့မယ်။ ဒေဂူးက နံပါတ်လေးပါခင်ဗျ။

  • @zawzawkyi2526
    @zawzawkyi2526 3 місяці тому

    ဟုတ်ပါတယ်။ ဒီ David Lah ဆိုတဲ့ သူဟာ လူလိမ်တယောက်ဆိုတာ သူ့အပြောအဆိုတွေ ကြားမိ Video တွေကိုကြည့်မိတာနဲ့ တင် သိသာပါတယ် ။ မျက်ကန်းယုံကြည်သူများ ကိုတော့ စိတ်ဘဲဆိုးရမလား သနားဘဲ သနားရမလား ဆိုတာ မဝေခွဲတတ်တော့ပါ။ လူလိမ်ကို ရွံတာတော့သေချာသလို ဒီလူလိမ်ကလဲ စောက်ခွက်အရမ်းကိုပြောင်ပါတယ်။

  • @sungsung6746
    @sungsung6746 4 місяці тому

    Hong Kong model Abby Choi

  • @ohnpwint-h7j
    @ohnpwint-h7j 4 місяці тому

    အကိုစိတ်​ကို​လျေုာ့ပါ

  • @khunsoethu1026
    @khunsoethu1026 4 місяці тому

    သားဖ၃ယောက်အမြင်ကပ်ဆုံး....😢

  • @mayarkarkyaw5888
    @mayarkarkyaw5888 4 місяці тому

    မျှော်နေတာ

  • @Klwin44421
    @Klwin44421 4 місяці тому +1

    ခုလို ၁ နာရီ ​ကျော် video ​တွေပဲ တင်​ပေးပါ အမြဲ အား​ပေး​နေပါတယ်အကို
    အ​ကြောင်းရာ စိတ်၀င်စားဖို့​ကောင်းတယ် အကို

  • @amx-zv8vf
    @amx-zv8vf 4 місяці тому

    နားထောင်ရတာ အဆင်ပြေပေမယ့် အနောက်က မော်နီတာက ပုံတွေက အော်တို ပြောင်းနေတာကြီးကို ရပ်ထားရင်ပိုကောင်းမယ်ဗျ။ ဘာလို့ဆိုရင် စကားနားထောင်နေရင်း အာရုံက အဲ့ကိုရောက်ရောက်သွားတာကြီးက အရသာ ပျက်လို့ နားထောင်ရတာ။ အမြဲအားပေးနေမယ်

  • @kyalsin1393
    @kyalsin1393 4 місяці тому +1

    အစ်ကိုရေ အရှည်ကြီးကော ပင်ပန်းမှာပါပဲ အမြဲ အားပေးလျက်ပါ ဗျ 😍😍😍

  • @khunsint6641
    @khunsint6641 4 місяці тому

    ❤❤❤❤

  • @yoursminthiha4418
    @yoursminthiha4418 4 місяці тому +1

    Accidental death တွေနားထောင်ဖို့အင်အားမရှိဘူး😢

  • @riseseinmai1131
    @riseseinmai1131 4 місяці тому

    နာထောင်နေရင် အတော်စိတ်တိုချင်လာတယ် သမ္မတ ရော အကုန်လုံးကို ပါးပိတ်ရိုက်ချင်မိတယ် အဲ Good New တွေက သမ္မာကျမ်းစာနဲ့အများကြီးလွဲ ပါတယ် ကျမ သိတယောက် လည်း သူပိုက်ဆံ သူသုံးဖို့ နည်းနည်း ဘဲယူထားပြီး ကျန်တာအကုန် Gd new ကိုပေးတယ် ကျမတောင် သူကိုပြောသေးတယ် ဘုရား ကျောင်းတက်ရင်တောင် အလှူငွေကိုတောင် စည်းနဲ့ကမ်းနဲ့ လုပ်ရတယ်ဆိုတဲ့အကြောင်း မိမိ $အကုန် Gd new ကို ပေးရတယ်ဆိုတာ သမ္မာ ကျမ်းစာနဲ့ ညီမညီစစ်ပါလိုပြောတာကို သူမကြိုက်ရှာဘူး..😏😏😏

  • @kyawminhtet8742
    @kyawminhtet8742 4 місяці тому

    fighting bro

  • @kaungkhantnyine2608
    @kaungkhantnyine2608 4 місяці тому

    အခုမှပဲအသံကြားရတော့တယ် ပြင်ဆင်ထားတာလိုရင်တောင်အပြစ်မမြင်ပါဘူးနားလည်ပါတယ် အကိုတင်တာတွေအရမ်းသဘောကျတယ်❤❤

  • @mgsawhtoot.g.i
    @mgsawhtoot.g.i 4 місяці тому

    🙋🏻Hay... Brother အခုတစ်ပုဒ်က 1-2-3အစဆုံးလားဗျ ၊🤩

    • @StoryBearsMM
      @StoryBearsMM  4 місяці тому +1

      ဟုတ်ပါတယ်။

  • @OppoOppo-ix5ej
    @OppoOppo-ix5ej 4 місяці тому

    ရေမကူးတတ်ဘူးလား
    ကျနော်တို့ဆို ပင်လယ်မှာလှိုင်းကြီးလို့လှေမြုတ်တာကို မသေပါဘူး
    သဘော်မြုတ်တာကလှိုင်းလဲမရှိတာကို လူသေရတယ်လို့ သေဘေးနဲ့ကြုံရင်ကြောက်နေတဲ့သူ ကသေမှာဘဲ

    • @bluesky6416
      @bluesky6416 4 місяці тому

      လှေရဲ့ဝမ်းဗိုက်ထဲမှာပိတ်မိနေတာ bro