မော်တာဝှီးချဲတွေလုပ်တဲ့ ကိုဖြိုးဝေ - BBC News မြန်မာ

Поділитися
Вставка
  • Опубліковано 9 лют 2025
  • "ကိုယ်က မသန်စွမ်းဖြစ်သော်လည်းကောင်း၊ မသန်စွမ်းမဟုတ်ဘူး သာမန်လူသော်လည်းကောင်း ဘယ်သူပဲဖြစ်ဖြစ်၊ လူလို့ကိုယ့်ကိုယ်ကို လူထဲကလူပဲလို့ သတ်မှတ်ထားပြီးမှတော့ ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်သွား။ ကိုယ့်ဘဝကိုယ် ရပ်တည်။ ကိုယ့်ကိုယ်ကိုပဲ အားကိုး ဘယ်သူ့ကိုမှ အားမကိုးနဲ့" ကိုဖြိုးဝေ။
    ပိုလီယိုဖြစ်ပြီး ခြေထောက်တစ်ဖက် အကြောသေခဲ့ရတဲ့ ကိုဖြိုးဝေဟာ ဘဝတူမသန်စွမ်းတွေအတွက် မော်တာတပ် သုံးဘီးဝှီးချဲတွေကို ပြုလုပ်ပေးနေပါတယ်။ သူအခုနေတဲ့ စမ်းချောင်းမှာ မော်တာဘီးပြုပြင်ရောင်းဝယ်တဲ့ဆိုင်လေးလည်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ စမ်းချောင်းမြို့နယ်မှာ မော်တာဘီးဖမ်းဆီးမှုတွေများလာတဲ့အတွက် အခုဆိုလူတွေဟာ မော်တာဘီးတွေ သိပ်မစီးကြတော့ပါဘူး။ ဒါကြောင့် နေ့စဥ်ဝင်ငွေတစ်ခုရဖို့ အငှားယာဥ်လေးတစ်စီးဝယ်ပြီး တက္ကစီမောင်းတဲ့အလုပ်ကိုလည်း တွဲဖက်လုပ်နေရပါတယ်။
    ဘဝမှာ ဘယ်သူ့ကိုမှမမှီခိုဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုဖြိုးဝေဟာ ဂီတကိုလည်းနှစ်သက်ခုံမင်သူဖြစ်လို့ ကိုယ်ပိုင်သံစဥ်သီချင်းတွေလည်း ရေးဖွဲ့လျက်ရှိပါတယ်။ ကိုဖြိုးဝေရဲ့ ဘဝဖြတ်သန်းမှုတွေကို "လူထဲကလူ အတူတူ" အစီအစဥ်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
    #ဘီဘီစီမြန်မာပိုင်း

КОМЕНТАРІ • 12