မိုးကုတ်က စစ်ရှောင်တွေ လမ်းမှာ ပိတ်မိနေပြီး မန္တလေးကို မရောက်သေး၊

Поділитися
Вставка
  • Опубліковано 10 лип 2024
  • မကျန်းမာသူနဲ့ ကလေးငယ်တွေ ပါလို့ တိုက်ပွဲရပ်ပြီး လမ်းဖွင့်သွားခွင့်ရဖို့ မျှော်လင့်၊
    ထင်လင်း/MFP ၊ ဇူလိုင် - ၁၁
    မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင် လာရသူတွေ လမ်းခရီးမှာ ပိတ်မိနေတာ (၁၂)ရက်ကြာပြီး ဖြစ်ပြီး မန္တလေးအထိ ရောက်အောင် သွားလို့ မရသေးဘူးလို့ ကိုယ်တိုင် ကြုံနေရသူတွေက MFP ကို ပြောပါတယ်။
    စစ်ဘေးရှောင်အများစုဟာ ဇွန်(၃၀)ရက် ကတည်းက မိုးကုတ်မြို့ကနေ မန္တလေးမြို့ဘက်ကို တိမ်းရှောင်လာကြ တာဖြစ်ပြီး မိုးကုတ်-မန္တလေး လမ်းတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ သပိတ်ကျင်းနယ်က ဇရပ်ကွင်းနဲ့ လိပ်ကျရွာ၊ စဉ့်ကူးနဲ့ မတ္တရာနယ်စပ်က ရွှေပြည်နဲ့ ညောင်ဝန်းရွာတွေမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။
    လမ်းမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲ ကျန်းမာရေး မကောင်းသူတွေ၊ မီးဖွားပြီးစ မိခင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာကြောင့် တိုက်ပွဲတွေ ခေတ္တရပ်နားပြီး ရက်အနည်းငယ်ခန့် ကားလမ်း ပြန်ဖွင့်ပေးစေလိုတယ်လို့ စစ်ဘေးရှောင်သူတွေက ပြောပါတယ်။
    #Mandalay_Free_Press_MFP

КОМЕНТАРІ • 5

  • @TinTinwin-ln6wf
    @TinTinwin-ln6wf 24 дні тому +1

    သနားလိုက်ထာ.ပြည်သူတွေရယ် 1:04

  • @user-el5vg5hy9e
    @user-el5vg5hy9e 24 дні тому +1

    ပြည်သူ့အတွက်ဆို

  • @soemgmgaung3731
    @soemgmgaung3731 24 дні тому +1

    မတ္တရာ မန်းလေး အဝင် အထံက် ပိတ်လိုက်ပြီမလား

  • @bxjdhfjfjbcjfbfirnf
    @bxjdhfjfjbcjfbfirnf 24 дні тому

    မြေုက်ပင့်ပေးအနူကြီးစိုးရကမကယ်ဘူးလားဟ

  • @aungtheinhlaing5945
    @aungtheinhlaing5945 20 днів тому

    မိုးကုတ်ကလူတွေကို PDF နဲ့ TNLA အဖွဲ့တွေက ဆဲနေကြပြီ။မိုးကုတ်ကလူတွေက ထမင်းကျွေးပါ့မယ်၊လာတိုက်ပေးပါဆိုလို့ လာတိုက်တော့ ထွက်ပြေးနေကြလို့ဆိုပြီး