ပြန်လမ်းမဲ့ရေကန် The lake of No Return

Поділитися
Вставка
  • Опубліковано 21 бер 2023
  • မန်မာနိုင်ငံက ဘာမြူဒါ (သို့) မြန်မာ့ပြန်လမ်းမဲ့ရေကန်
    =============================
    ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။ အဓိကကတော့ အဲဒီနေရာကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေ အစအနမကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပါပဲ။
    ဘာမြူဒါတြိဂံလိုပဲ နေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင်ပါတယ်။ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။
    ဒေသခံတွေကတော့ ဒီကန်ကို သူတို့ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။
    ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒိုလမ်းမကြီး (သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။
    မှတ်တမ်းများအရ ဒီကန်ကို ဖြတ်သန်းသွားခဲ့တဲ့ မဟာမိတ် အမေရိကန်လေယာဉ်ပေါင်းများစွာ ဟာ ပျောက်ဆုံးခဲ့ဖူးပါတယ်။တကယ်တော့ လေယာဉ်တွေဟာ ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။
    နောက်တစ်ခါကတော့ ဒါဇင်ပေါင်းများစွာပါတဲ့ ဂျပန်စစ်တပ်တစ်တပ်ဖြစ်ပါတယ်။ စစ်ရှုံးနိမ့်ပြီးထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကိုရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။
    အဲဒီစခန်းချစဉ်ရက်ပိုင်းအတွင်းမှာပဲ ငှက်ဖျားရောဂါအပြင်းအထန်ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြပါတယ်။ဒီကန်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် မဟာမိတ်အမေရိကန်စစ်ခေါင်းဆောင်တွေဟာ ဒီကန်ကို စစ်ဆေးဖို့ စစ်သားတချို့ကိုစေလွှတ်ခဲ့ပါတယ်။
    ဒါပေမယ့် အဲဒီစစ်သားတွေအားလုံးလည်း ထူးဆန်းစွာသေဆုံးကုန်ကြပြန်ပါတယ်။ ၁၉၄၂တုန်းကလည်း ဗြိတိန်စစ်သားတွေဟာ ထွက်ပြေးရင်း ဒီကန်နေရာမှာ နုံးတွေကျွံပြီး ပျောက်ဆုံးကုန်ကြပြန်ပါတယ်။
    စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စရေးလူမျိုးတစ်မျိုးစု တစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံကြည်နေကြပြီး ဒီကန်ထဲကငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။
    ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင်ဒဏ္ဍာရီတွေလည်း ရှိပါတယ်။ သုတေသနပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။
    ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီကန်ကို ပြန်လမ်းမဲ့ရေကန် ( The Lake Of No Return) လို့ အမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ကီလိုမီတာ အနံ ဝ.၈ကီလိုမီတာဖြစ်ပါတယ်။ လီဒိုလမ်းမကြီးနဲ့ ၂.၅ကီလိုမီတာ အကွာမှာ တည်ရှိတာပဲဖြစ်ပါတယ်။
    ဒီနေရာကို မြန်မာနိုင်ငံဘက်ကနေ သွားလာရအနည်းငယ်ခက်ပြီး အိန္ဒိယဘက်ကတော့ လွယ်ကူပြီး မြန်မာ့ပိုင်နက်ထဲမှာပါဝင်နေပေမယ့်ကမ္ဘာလှည့်ခရီးသွားတွေမကြာခဏလာလေ့ရှိကာ အိန္ဒိယရဲ့ ဘာမြူဒါလို့ နာမည်ကြီးပါတယ်။
    Credit

КОМЕНТАРІ •