ဓါတ်တော်မွေတော်ကံကူစေတီတော် သို့တစ်ခေါက်

Поділитися
Вставка
  • Опубліковано 3 кві 2023
  • ဟုတ်ကဲ့ မင်္ဂလာပါရှင်
    =============
    အခုတစ်ခါ ဓါတ်တော်မွေတော် ကံကူစေတီတော်သို့ ကျွန်မတို့
    အဖွဲ့သားများ သွားရောက်ဖူးမျှော်ခဲ့ကြတာကို သာဓုခေါ်ဆိုနိုင်ရန်
    ပြန်လည်မျှဝေလိုက်ပါတယ်ရှင်
    ရန်ကုန်မြို့နဲ့ မဝေးပဲ မင်္ဂလာဒုံ တွင်တည်ရှိသော ဓါတ်တော်မွေတော် ကံကူစေတီတော်သို့
    သွားရာလမ်းတလျှောက်တွင် စိမ်းစိုလှပနေသော သဘာဝ ရှုခင်များကိုလည်း
    မြင်တွေ့ခံစားနိုင်ပါတယ်ရှင်
    ဘုရားသို့သွားရာလမ်းတစ်လျှောက်မှာလည်း ဈေးတန်းလေးများနဲ့ သာယာလှပလို့နေပါတယ်
    ထို့အတူ စိမ်းလန်းစိုပြေ နေသော လယ်ကွင်းပြင်များကိုလည်း ရှုမျှော်နိုင်ပါသေးတယ်ရှင်
    တံခွန်တိုင် အပါအဝင် ဘုရားစေတီပေါင်း ၁၂၇ ရှိတယ်လို့လည်း သိရပါတယ်
    စီရီသွယ်တန်းနေသော စေတီဖြူကလေးများက ကြည်ညိုဖွယ်ရာ မြင်ကွင်းတစ်ခုလည်း
    ဖြစ်ပါတယ်
    စေတီတော်ရဲ့ အနီးတွင် ရေကန်ကြီး ၂ ကန်လည်းရှိပါတယ်
    ထိုရေကန် ၂ကန်ထဲတွင် ကန်တစ်ကန်က ရေကြည်ပြီ ကျန်တစ်ကန်က ရေ နောက်ပါတယ်
    သွားရောက်လေ့လာ ဖူးမျှော်လိုသူများ အတွက် ခရီးစရိတ် နည်းပီး
    ရန်ကုန်မှ နေ့ချင်းပြန်လို့လည်း ရပါတယ်
    စေတီတော်ကို သွားရောက်လေ့လာ လိုသူများအတွက်လည်း
    တကယ်ကို လှပကြည်နူးစရာ သဘာဝရှုခင်းများကို ဓါပုံရိုက်ကူးမှတ်တမ်းတင်နိုင်သော
    နေရာတစ်ခု ဖြစ်တယ်ဆိုတာကို တိုက်တွန်း နိုးဆော် မှဝေပေးလိုက်ပါတယ်ရှင်။

КОМЕНТАРІ •