သံချပ်ဆိုတာ ဘာလဲ

Поділитися
Вставка
  • Опубліковано 14 жов 2024
  • မတ် ၂၊ ၂၀၂၀
    သင်္ကြန်မှာ သံချပ်ထိုးပြီး ပြည်သူထဲ ပြည်သူအကြောင်းနဲ့ ပြည်သူတွေရဲ့ ဘဝအကြောင်းတွေ၊ အစိုးရရဲ့ လွဲမှားနေတဲ့ အရာတွေနဲ့ အမြင်မတော်တာတွေကို ထောက်ပြပြောဆိုလေ့ရှိကြပါတယ်။
    သံချပ်ဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လား၊ သံချပ်ဆိုတာ ဘာလဲ၊ ပြည်သူတွေရဲ့ အသံကို သံချပ်နဲ့ ဘယ်လို ဖော်ပြခဲ့ကြပါသလဲ။
    သံချပ်ကို ဘယ်လို ပုံဖော်မလဲ။ ဆင်ဆာအပေါ်ဘယ်လိုမြင်လဲနဲ့ သံချပ်ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းတွေကို သံချပ်ဆရာတွေနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့ပါတယ်။
    ဆရာ ဝင်းအောင် (သာကီနွယ် သံချပ်အဖွဲ့)
    သံချပ်ဆိုတာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာလည်း မှန်တယ်။ ဒီမိုကရေစီဆိုတာ န၈ိုကတည်းက စည်းကမ်းရှိတယ်ဆိုတာကို သိတာတောင် အရှေ့မှာ စည်းကမ်းရှိတဲ့ ဆိုတာမျိုး ထည့်သေးတာပဲလေ။ အဲဒီတော့ ကျွန်တော်တို့ သံချပ်လည်း အဲဒီအတိုင်းပါပဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာမှန်ပေမယ့် အစိုးရက သတ်မှတ်ထားတဲ့ ဘောင်ထဲက သွားတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သံချပ်သမားတွေကလည်း ဘောင်ထဲကနေ ထိထိမိမိပြန်လည် ပြောဆိုနိုင်ဖို့ လိုတာပေါ့။
    ပန်းချီ သန့်စင်
    သံချပ်မှာ ပညာဆိုတာရှိတယ်။ ဥပမာ တစ်ခုပြောရရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်များ သိပ်ကောင်တာပဲ ကောင်းတာပဲ။ ကဲ ဒီစာသား ဘယ်လို ဆင်ဆာဖြတ်မလဲ။ ဒါပေမယ့် စင်ပေါ်ရောက်တော့ အမူအယာနဲ့ ပြောလိုက်တယ်။ သံချပ်ရဲ့ ပညာကို အသုံးချနိုင်ရင်ရပါတယ်။ ဆင်ဆာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့အတွက်ောတ့ ပြသာနာမရှိပါဘူး။ မဆလခေတ်တုန်းကလည်း ဆင်ဆာတင်ရတာပဲ။ အဆင့်ဆင့်ကို တင်ရတယ်။ စာသားတွေ အဖြုတ်ခံရတယ်။ အဲ့ကျ ဒီလိုတော့ မလုပ်ပါနဲ့ ဆရာရယ် ပြောပြီး စင်ပေါ်တက်ကြတာပဲ။ စင်ပေါ်ကြမှ သံချပ်ပညာလေး သုံးရတာပေါ့။
    ကိုဒီမိုအောင်ထွန်း (မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့)
    ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တကယ့်ကို အစွန်းလွတ်တဲ့ သင်္ကြန်က ရိုးရိုးလေးပါ။ သင်္ကြန်က ပါတီမဲဆွယ်တာမဟုတ်သလို၊ နိုင်ငံရေးကို ခုတုံးလုပ်ဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။ သင်္ကြန်ယဉ်ကျေးမှုဆိုတာ ဟိုးအရင်ကတည်းက သမိုင်းအခိုင်အခံ့ရှိပါတယ်။ သင်္ကြန်စင်မြင့်ဟာ နိုင်ငံရေးပလပ်ဖောင်မဟုတ်ပါဘူး။ နိုင်ငံရေးမဲဆွယ်ရမယ့် စင်မြင့်မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းကျိုးပြည်ပြုကိစ္စရပ်တွေမှာ အစိုးရမကောင်းရင် မကောင်းကြောင်း ဘယ်သူပဲ မကောင်းရင်မကောင်းသလို အုပ်ချုပ်ရေး ယန္တယားပိုင်းမှာ အဆင်မပြေမှုတွေ၊ အဂတိလိုက်စားမှုတွေကို ထုတ်ဖော်ပြောဆိုနိုင်မှ သင်္ကြန် အနှစ်သာရ ရှိလိမ့်မယ်လို့ ထင်ပါတယ်။
    ဆရာဦးအောင်မြင့် (ပြောချင်တာ ပါးစပ်ကိုယားလို့ သံချပ်အသင်း)
    သံချပ်ဆိုတာ ပြည်သူတွေအားလုံးသိစေချင်တာကို သံချပ်အဖွဲ့က ရင်ဖွင့်ပြတဲ့ အသင်းပါ။ ဘယ်နေရာမှာတော့ ပျက်စီးနေပြီ၊ ယိုယွင်းနေပြီ ဆိုတာတွေပေါ့။ အခုဆိုရင် အဂတိတွေ သိပ်ပြောလို့ ကောင်းတယ်။ သံချပ်ဆိုတာ ပြည်သူ့အသံပါပဲ။
    ရုပ်သံသတင်းထောက် - ယဉ်မွန်
    Subscribe to our channel at bit.ly/2CVSP6d Check out our website: www.7daydaily.com/ Connect with us at our social media handles: Facebook: / 7dayonlinetv Twitter: / 7day_tv

КОМЕНТАРІ • 3

  • @ametbe171
    @ametbe171 Рік тому

    မင်္ဂလါပါရှင် ကိုငေအါင်ထွန်းနဲ အဖွဲ

  • @kyawlinaung3521
    @kyawlinaung3521 Рік тому

    သံချပ်ဆိုတာပြည်သူအများရဲ့ခံစားချက်ကိုလွတ်လပ်စွာဖော်ပြတင်ပြရသောသံချပ်ပါပြည်သူ့ကိုယ်စားပေါ့အခုတော့အောင်ထွန်းငါသိတာကဒီဥက္ကာ

  • @UKyaw-t4w
    @UKyaw-t4w 7 місяців тому

    မြင်သမျှပြုပြင် ဖို့ပေါ့