Розмір відео: 1280 X 720853 X 480640 X 360
Показувати елементи керування програвачем
Автоматичне відтворення
Автоповтор
မဂ်လာပါ
ကံတရားတွေက - ဖြစ်ပြီး ဘယ်နေရာမှာစုနေလဲ ?ကံတရားတွေ ဖြစ်ပြီး -ဘယ်နေရာမှာ စုနေသလဲ ?စဉ်းစားကြည့်မယ်ဆိုရင်ဦးနှောက်ထဲမှာ စုတာလား။ နှလုံးသားထဲမှာ စုတာလား။ တစ်နေရာရာမှာ စုနေသလားလို့...ဖြစ်သွားတဲ့ ကံတရားတွေဟာ ဘယ်နေရာမှာ တည်ရှိသလဲ ဆိုတာ စဉ်းစားရမယ်။အကယ်၍- ဦးနှောက်ထဲမှာ စုတယ်ဆိုရင်...ဦးနှောက်ဟာ ရုပ်တရားပဲ။လူသေရင်... ဦးနှောက် သေသွားမှာ။ တချို့ဆိုရင်-လူမသေခင် ဦးနှောက်သေသွားတာ ရှိသေးတယ်။အကယ်၍-နှလုံးသားထဲမှာ စုနေတယ်ဆိုရင်လည်း...နှလုံးသားအစားထိုး လဲလှယ်လိုက်လို့ ရှိရင် -ကံတရားတွေဟာ အခြေအနေဆိုးသွား နိုင်တာပေ့ါ။အဲဒီတော့-နှလုံးသားထဲမှာလည်းပဲ ဒီကံတရားတွေ စုနေတာ မဟုတ်ဘူး။ကံတရားတွေရဲ့ စွမ်းရည်သတ္တိဟာ နှလုံးသားထဲမှာ ရှိတာ မဟုတ်ဘူး။ဦးနှောက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ ဘယ်မှာ ရှိတာလဲလို့ မေးမယ် ဆိုလို့ရှိရင်စိတ္တ သန္တတိလို့ ခေါ်တဲ့ စိတ်ဖြစ်စဉ်လေးတစ်ခုမှာ ရှိတယ်ပေါ့။ စိတ်ဖြစ်စဉ်ဆိုတာ- non stop ဘယ်တော့မှ မရပ်ဘူး။ စိတ်တစ်ခုပြီးရင် နောက်တစ်ခုနောက်တစ်ခုပြီးရင် နောက်တစ်ခု။စိတ်ဖြစ်စဉ် ရပ်ဆိုင်းသွားတာ...(၂) နေရာပဲ ရှိတယ်။ နိရောဓသမာပတ် ဝင်စားခိုက်မှာ ခေတ္တခဏ ရပ်သွားတာ ရှိတယ်။ အသညသတ်ဘုံ ရောက်သွားလို့ရှိရင်လည်းပဲ ရပ်ဆိုင်းသွားတာ ရှိတယ်။ကျန်တဲ့အချိန်မှာဆိုရင်- စိတ်ဖြစ်စဉ်ဟာ ဘယ်တော့မှ မရပ်ဆိုင်းဘူးတဲ့။ ဒါကြောင့်မို့ ကံတရားတွေဟာ accumulate ဖြစ်တယ်ဆိုတာ ဘယ်မှာ စုမိဆောင်းမိတာတုန်းဆို ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ စုမိဆောင်းမိတယ်လို့...ဒီလိုပြောရမှာ။ စိတ်အစဉ်ဆိုတာ- တွန်းအားပေးသွားတာ။ပထမစိတ်ထဲမှာရှိတဲ့ စေတနာရဲ့စွမ်းအင်တွေဟာ- ပထမစိတ်ချုပ်တာနဲ့ တစ်ပြိုင်နက် ဒုတိယစိတ်၊ဒုတိယစိတ်ချုပ်သွားရင်... တတိယစိတ်၊တတိယစိတ်ချုပ်သွားရင်.. စတုတ္ထစိတ် ဖြစ်တယ်။ အဲဒီလိုနဲ့ -အခုခေတ်စကားနဲ့ ပြောရရင် ဒါ on line ပေါ့နော်။ ကိုယ့် line ထဲမှာ ဒီစေတနာကံတရားတွေဟာ ဖြစ်နေတာလို့ ပြောရတယ်။ အဲဒီလို on line အနေနဲ့ ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ တည်ရှိနေတဲ့ ...သင်္ခါရလို့ဆိုတဲ့ ကံတရားတွေဟာဘဝသစ်တစ်ခုကို အစပြုပြီးတော့ ထုတ်လုပ် ပေးနိုင်တာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကသင်္ခါရပစ္စယာ ဝိညာဏံ လို့ ဒီလို ဟောတာနော်။ ဒီတော့- ဘဝသစ်ကို ကံတရားက... ဘယ်ပုံထုတ်လုပ်တာလဲ ? ။ သူ့ချည်း စွမ်းဆောင်နိုင်မှုကို ရရှိ ရဲ့လား ? -လို့ ကံတရားအကြောင်းကို သေသေချာချာ လေ့လာ လို့ရှိရင်-ကံတရားတွေက မြောက်မြားစွာ စုမိကြတယ်။ဘုန်းကြီးတို့တစ်တွေ လွန်ခဲ့တဲ့အတိတ်ဘဝတွေကလည်း မြောက်မြားစွာသော ကံတရားတွေ စုထားကြတယ်။ဒီဘဝမှာလည်း မြောက်မြားစွာသော ကံတရားတွေ စုမိကြတယ်။ မိမိတို့ရဲ့စိတ်အစဉ်ထဲမှာ.. ကံတရားတွေဟာ ဖြစ်နေတယ်။ ပျောက်သွားတာ မရှိဘူး။ပြောဆိုစရာလေး တစ်ခုတော့ ရှိတာပေါ့။ ကံတွေမှာလည်း... စွမ်းရည်သတ္တိချင်း မတူသည့် အတွက်ကြောင့် - သူတို့ရဲ့ အတိုင်းအတာတွေလည်း မတူကြဘူး။ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ပိဏ္ဍောလမထေ ဆန္ဒကူးသပိတ်ယူပြီးနောက် တန်ခိုးတော်ကို ရဟန်းများမပြရ လို့ တားမြစ်ပြီးနောက် ဒါကို အခွင့်ရေးရအနေဖြင့် ဗုဒ္ဓနှင့် တန်ခိုးပြိုင်ပြပြီး လူတွေကို စည်းရုံးမယ်ပေါ့ သာဝတ္ထိ တိတ္ထိတွေ ကြံနေကြတယ် ၄ လအကြာ ဝါဆိုခါနီး ရာဇဂြိုဟ်မှ သာဝတ္ထိကြတယ် သရက်ခြံမှာ ဗုဒ္ဓကိုယ်တိုင် တန်ခိုးပြပြီး အနိုင်ယူလိုက်တော့ တိတ္ထိတွေ အရှက်ကွဲကုန်ရော လူတွေဖူးမျော်ခွင့်ရလို့ ဗုဒ္ဓကို ကြည်ညိုလို့မဝ ၇ ဝါတော်ဟာ နတ်ဗြဟ္မာတွေ မဟာအခွင့်ရေးကြီး လူတွေအတွက် ၃ လတာ ဘုရားဖူးတရားနာ ဆုံးရှုံးရတယ်
မဂ်လာပါ
ကံတရားတွေက -
ဖြစ်ပြီး ဘယ်နေရာမှာစုနေလဲ ?
ကံတရားတွေ ဖြစ်ပြီး -
ဘယ်နေရာမှာ စုနေသလဲ ?
စဉ်းစားကြည့်မယ်ဆိုရင်
ဦးနှောက်ထဲမှာ စုတာလား။
နှလုံးသားထဲမှာ စုတာလား။
တစ်နေရာရာမှာ စုနေသလားလို့...
ဖြစ်သွားတဲ့ ကံတရားတွေဟာ
ဘယ်နေရာမှာ တည်ရှိသလဲ
ဆိုတာ စဉ်းစားရမယ်။
အကယ်၍-
ဦးနှောက်ထဲမှာ စုတယ်ဆိုရင်...
ဦးနှောက်ဟာ ရုပ်တရားပဲ။
လူသေရင်... ဦးနှောက် သေသွားမှာ။
တချို့ဆိုရင်-
လူမသေခင် ဦးနှောက်သေသွားတာ
ရှိသေးတယ်။
အကယ်၍-
နှလုံးသားထဲမှာ စုနေတယ်ဆိုရင်
လည်း...
နှလုံးသားအစားထိုး လဲလှယ်လိုက်
လို့ ရှိရင် -
ကံတရားတွေဟာ အခြေအနေ
ဆိုးသွား နိုင်တာပေ့ါ။
အဲဒီတော့-
နှလုံးသားထဲမှာလည်းပဲ
ဒီကံတရားတွေ စုနေတာ မဟုတ်ဘူး။
ကံတရားတွေရဲ့ စွမ်းရည်သတ္တိဟာ
နှလုံးသားထဲမှာ ရှိတာ မဟုတ်ဘူး။
ဦးနှောက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။
ဘယ်မှာ ရှိတာလဲလို့ မေးမယ်
ဆိုလို့ရှိရင်
စိတ္တ သန္တတိလို့ ခေါ်တဲ့ စိတ်ဖြစ်စဉ်
လေးတစ်ခုမှာ ရှိတယ်ပေါ့။
စိတ်ဖြစ်စဉ်ဆိုတာ-
non stop ဘယ်တော့မှ မရပ်ဘူး။
စိတ်တစ်ခုပြီးရင် နောက်တစ်ခု
နောက်တစ်ခုပြီးရင် နောက်တစ်ခု။
စိတ်ဖြစ်စဉ် ရပ်ဆိုင်းသွားတာ...
(၂) နေရာပဲ ရှိတယ်။
နိရောဓသမာပတ် ဝင်စားခိုက်မှာ
ခေတ္တခဏ ရပ်သွားတာ ရှိတယ်။
အသညသတ်ဘုံ ရောက်သွားလို့
ရှိရင်လည်းပဲ ရပ်ဆိုင်းသွားတာ
ရှိတယ်။
ကျန်တဲ့အချိန်မှာဆိုရင်-
စိတ်ဖြစ်စဉ်ဟာ
ဘယ်တော့မှ မရပ်ဆိုင်းဘူးတဲ့။
ဒါကြောင့်မို့ ကံတရားတွေဟာ
accumulate ဖြစ်တယ်ဆိုတာ
ဘယ်မှာ စုမိဆောင်းမိတာတုန်းဆို
ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ စုမိဆောင်း
မိတယ်လို့...ဒီလိုပြောရမှာ။
စိတ်အစဉ်ဆိုတာ-
တွန်းအားပေးသွားတာ။
ပထမစိတ်ထဲမှာရှိတဲ့ စေတနာရဲ့
စွမ်းအင်တွေဟာ-
ပထမစိတ်ချုပ်တာနဲ့ တစ်ပြိုင်နက်
ဒုတိယစိတ်၊
ဒုတိယစိတ်ချုပ်သွားရင်...
တတိယစိတ်၊
တတိယစိတ်ချုပ်သွားရင်..
စတုတ္ထစိတ် ဖြစ်တယ်။
အဲဒီလိုနဲ့ -
အခုခေတ်စကားနဲ့ ပြောရရင်
ဒါ on line ပေါ့နော်။
ကိုယ့် line ထဲမှာ
ဒီစေတနာကံတရားတွေဟာ
ဖြစ်နေတာလို့ ပြောရတယ်။
အဲဒီလို on line အနေနဲ့
ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ တည်ရှိနေတဲ့ ...
သင်္ခါရလို့ဆိုတဲ့ ကံတရားတွေဟာ
ဘဝသစ်တစ်ခုကို အစပြုပြီးတော့ ထုတ်လုပ် ပေးနိုင်တာကို
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
သင်္ခါရပစ္စယာ ဝိညာဏံ လို့
ဒီလို ဟောတာနော်။
ဒီတော့-
ဘဝသစ်ကို ကံတရားက...
ဘယ်ပုံထုတ်လုပ်တာလဲ ? ။
သူ့ချည်း စွမ်းဆောင်နိုင်မှုကို
ရရှိ ရဲ့လား ? -လို့
ကံတရားအကြောင်းကို သေသေချာချာ
လေ့လာ လို့ရှိရင်-
ကံတရားတွေက မြောက်မြားစွာ
စုမိကြတယ်။
ဘုန်းကြီးတို့တစ်တွေ လွန်ခဲ့တဲ့
အတိတ်ဘဝတွေကလည်း မြောက်မြားစွာသော ကံတရားတွေ စုထားကြတယ်။
ဒီဘဝမှာလည်း မြောက်မြားစွာသော
ကံတရားတွေ စုမိကြတယ်။
မိမိတို့ရဲ့စိတ်အစဉ်ထဲမှာ..
ကံတရားတွေဟာ ဖြစ်နေတယ်။
ပျောက်သွားတာ မရှိဘူး။
ပြောဆိုစရာလေး တစ်ခုတော့ ရှိတာပေါ့။
ကံတွေမှာလည်း...
စွမ်းရည်သတ္တိချင်း မတူသည့်
အတွက်ကြောင့် -
သူတို့ရဲ့ အတိုင်းအတာတွေလည်း
မတူကြဘူး။
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ပိဏ္ဍောလမထေ ဆန္ဒကူးသပိတ်ယူပြီးနောက် တန်ခိုးတော်ကို ရဟန်းများမပြရ လို့ တားမြစ်ပြီးနောက် ဒါကို အခွင့်ရေးရအနေဖြင့် ဗုဒ္ဓနှင့် တန်ခိုးပြိုင်ပြပြီး လူတွေကို စည်းရုံးမယ်ပေါ့ သာဝတ္ထိ တိတ္ထိတွေ ကြံနေကြတယ် ၄ လအကြာ ဝါဆိုခါနီး ရာဇဂြိုဟ်မှ သာဝတ္ထိကြတယ် သရက်ခြံမှာ ဗုဒ္ဓကိုယ်တိုင် တန်ခိုးပြပြီး အနိုင်ယူလိုက်တော့ တိတ္ထိတွေ အရှက်ကွဲကုန်ရော လူတွေဖူးမျော်ခွင့်ရလို့ ဗုဒ္ဓကို ကြည်ညိုလို့မဝ ၇ ဝါတော်ဟာ နတ်ဗြဟ္မာတွေ မဟာအခွင့်ရေးကြီး လူတွေအတွက် ၃ လတာ ဘုရားဖူးတရားနာ ဆုံးရှုံးရတယ်