“စစ်ကောင်စီဘက်က ထင်ထားတာထက် ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က မှန်းထားတာထက် ပိုအောင်မြင်မှုရနေတယ်...

Поділитися
Вставка
  • Опубліковано 19 чер 2024
  • “စစ်ကောင်စီဘက်က ထင်ထားတာထက် ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က
    မှန်းထားတာထက် ပိုအောင်မြင်မှုရနေတယ်ဆိုတာကို မြင်ဖို့လိုတယ်”
    - ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ်
    ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
    (20 6 2024)
    “တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား ပွတ်တိုက်မှု၊ စစ်တပ်က
    ရပ်ရွာတွေကို မီးရှိ့မှုတွေ ဆက်ရှိနေပေမယ့် ၃ နှစ်တာကာလ
    တော်လှန်ရေးတခုလုံးကိုခြုံကြည့်မယ်ဆိုရင် -စစ်ကောင်စီဘက်က ထင်ထားတာထက်
    ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က မှန်းထားတာထက်
    ပိုအောင်မြင်မှုရနေတယ်ဆိုတာကို မြင်ဖို့လိုတယ်- လို့ ချင်းပြည်နယ်၊
    မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်
    ဆလိုင်းယောမာန်က ပြောပါတယ်။
    ချင်းတောင်တန်းပေါ်က ပွတ်တိုက်မှုတွေ၊ ရှမ်း-မြောက်က ပွတ်တိုက်မှုတွေ၊
    ကရင်ဖက်က ပွတ်တိုက်မှုတွေနဲ့ စစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကြောင့်
    လူအများစုဟာ အောင်မြင်မှုကို မမြင်နိုင်ပဲ အားနည်းချက်တွေကိုပဲ
    မြင်နေမိသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက
    ဒီလိုဖြေကြားခဲ့တာပါ။
    အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
    - တော်လှန်ရေးတပ်တွေကြား အချင်းချင်း ပွတ်တိုက်မှုကို
    ဘယ်လိုညှိနိုင်းအဖြေရှာကြမလဲ...
    - စစ်ကောင်စီပြိုကျမှုနှုန်းနဲ့ တော်လှန်ရေးတပ်တွေရဲ့
    အောင်မြင်မှုနှုန်းကို ဘယ်လိုခန့်မှန်း တွက်ချက်နိုင်မလဲ...
    - ကပစ တွေကို သိမ်းလိုက်ရုံနဲ့ နေပြည်တော်ဟာ သိမ်းစရာမလိုပဲ ကျသွားနိုင်သလား...
    - ပွဲသိမ်းတိုက်ပွဲအတွက် လူထုရဲ့ အားပေးထောက်ခံမှု ဘယ်လောက်အရေးကြီးသလဲ...
    ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

КОМЕНТАРІ • 36

  • @tayzarsai6379
    @tayzarsai6379 Місяць тому +6

    ဖြေသွားတာ သမာသမတ်ကျတယ် ၊ အားရတယ် ၊ Respect ကိုဆလိုင်းယောမာန်

  • @HunterofSaweKhuttEver-oz5kb
    @HunterofSaweKhuttEver-oz5kb Місяць тому +8

    ဆလိုင်းယောမာန် တော်ပါပေတယ်။ ခံယူချက် အတွေးအခေါ် စစ်ရေးအမြင် နိုင်ငံရေးအမြင် သိပ့်ကိုကောင်းပါတယ်။ လေးစားပါတယ်။

  • @kyawnynit9293
    @kyawnynit9293 Місяць тому +6

    အေအေနဲ့ မဟာမိတ် လုပ်နိုင်တယ်ဆိုမှ ဒါ ချင်း ညီနောင်အဖွဲ့ ပေါ်လဆီ မှန်ကန်လိုဖြစ်မယ်ဗျာ

  • @roseykyaw-sn4mn
    @roseykyaw-sn4mn Місяць тому +4

    ချင်းပြည်နယ်အမြန်စည်းလုံးနိုင်ကြပါစေ။ချင်းညီနောင်ကိုယ်စားပြုပြောဆိုတာ အတွေးအခေါ်လေးတွေမြင့်တယ်။

  • @aungmyint147
    @aungmyint147 Місяць тому +2

    Great interview.

  • @PyaeSone-qe1nk
    @PyaeSone-qe1nk Місяць тому +4

    မှန်တာပေါ့ကပစတွေကိုဖြိုနှိုင်ရင်အကြမ်းဖက်စစ်တပ်ရဲ့အခက်ပဲ

  • @uthanwinuthanwin5217
    @uthanwinuthanwin5217 Місяць тому +2

    စလိုင်းယောမန်ပြောတာအရမိးမှန်ပါတယ်။ကျင်ဒွေးကီုအသည်းအသန်ကာကွယ်ခဲ့တယ်ဆိာတာ ကပစစက်ရုံအများစုကဧရာဝတီမြစ်အနောက်ဘက် ရခိုင်ရိုးမအရှေ့ဘက်ခြမိးမှာရဗိတာပါ။ရခိုင်ကျသွားမ.် ခင်းတောင်ပိုင်းကျသွားမယ်ဆို ကပစစက်ရုံတွေအန္တရာယ်ရှိလာပါပြီ။ပေါက်မြို့နားမှာ ဆောမယမြို့နားမှာ စေတုတ္တရာနားမှာ စသဖြင့်ကပစစက်ရုံတွေပြည်မြို့တဘက်ကမ်းအထိအများကြီးပါ။

  • @ayeko1720
    @ayeko1720 Місяць тому +2

    ကောင်းပါတယ်ဗျာ
    ဒီနေရာမှာ ဒေါ် အောင်ဆန်းစုကြည် ပြေားခဲ့တဲ့ " ငါဘာပေးရလဲ? "ဆိုတဲ့စဥ်းစားချက်ကတစ်ဖွဲ့နဲ့တစ်ဖွဲ့ညှိနှိုင်းမှုအဆင်ပြေမှာပါ

  • @charlespaton3016
    @charlespaton3016 Місяць тому

    This Chin Young leader ( Mr Rohan) is not Bad at his personal outlooks on situations in Myanmar as well ax Chin townships.

  • @YeTunOo-ef2rv
    @YeTunOo-ef2rv Місяць тому +1

    စစ်တပ်ကကျဆုံးနေပါပြီ ကားပေါ်မှာတောင်ဒီစစ်တပ်ရဲ့မကောင်းမူကိုပေါ်တင်ဝေဖန်နေတာကြားခဲ့ရတယ်

  • @user-dg6qj2pb6f
    @user-dg6qj2pb6f Місяць тому

    လေးစားလျက်ပါဆလိုင်းယောမာန်

  • @user-or8uf2fz3g
    @user-or8uf2fz3g Місяць тому

    ကြားရတာအားရတယ်ကိုဆလိုင်း

  • @linnlinn7050
    @linnlinn7050 Місяць тому

    ဖြေသွားတာ အရမ်းလေးစားပါတယ် ။

  • @myolwin9024
    @myolwin9024 Місяць тому

    We support you ko Sa Li Yaw Man

  • @kyawsoe7202
    @kyawsoe7202 Місяць тому +1

    ချင်းညီအကိုတွေရေ ကျနော်ဟာမြန်မာတိုင်းရင်သားတယောက်ပါ nugအဖွဲ့ကိုမဝင်ခိုင်းနဲနော် သွေးခွဲတဲ့ဗျူဟာကတော့ စကစထက်သာတယ် ချင်းလူမျိုးခြင်းပြန်သတ်ကုန်မယ်နော်။

  • @zawminhtun76
    @zawminhtun76 Місяць тому

    💪💪💪

  • @boshwephyu470
    @boshwephyu470 Місяць тому

    ကိုယ့်အဖွဲ့အချင်းချင်း ပြန်တိုက်တာ ရှက်သင့်တယ်

  • @user-lk1dg4js1p
    @user-lk1dg4js1p Місяць тому

    1027ကဒီဘက်ကအောင်မြင်မှုတွေအပေါ်မှာ စောင့်ကြည့်နေပါတယ်

  • @AimphoneIm-xq2up
    @AimphoneIm-xq2up Місяць тому

    ကိုယ့်ထက်အဆမတန်အင်အားကြီးတဲ့မြန်မာစစ်တပ်ကို လူနည်းစုလက်နက်ကိုင်တော်လှန်ရေးမှာ ဘ၀တူညီနောင်တွေကို မဟာမိတ်ဖွဲ့နိုင်ဖို့ကအရေးကြီးဆုံးမြင်ပါတယ် AAလိုမဟာမိတ်မျိုးကို ချင်းတွေအတွက်သုံးတတ်ရင်အားဆေးပါဘဲဗျာ ပလက်ဝကိုAAသိမ်းထားတယ်ဆိုတာ စရ်ရေးကာလမို့ပါ ညီနောင်ချင်းတို့အနေနဲ့ သွေးထိုးစကားယုံပြီးဆန္ဒမစောကြပါနဲ့

  • @mgmgchit5909
    @mgmgchit5909 Місяць тому +1

    ဘုံရန်သူကိုမတိုက်ဘဲ ကိုယ်ပိုင်မြေသိမ်းပိုက်နေမှုကိုရှောင်ကျဥ်သင့်ပါသည်

  • @aunglin1420
    @aunglin1420 Місяць тому

    လူထုက အချောင်နေတဲ့လူတွေ သိဖို့လိုတယ်

  • @BDs11250
    @BDs11250 Місяць тому

    TNLAကဘဝကဘဝမြင့်ဝက်သားစားစောနေတာKIAလိုမဟာမိတ်ကိုတန်ဖိုးမထားပဲတရုတ်ဖြူလက်ကျန်အိမ်ခြေယာမဲ့"ဝ"နဲ့MNDAAကိုအမေကျော်ဒွေးတော်လွမ်းပြနေတာ😂

  • @aungmyint147
    @aungmyint147 Місяць тому

    Yes, just like in Chess Game, most powerful player (in Naypyitaw) of the War Game should be cornered...the Earlier, the Better..

  • @user-lk1dg4js1p
    @user-lk1dg4js1p Місяць тому

    2ယောက် 3ဖွဲ့ကွဲမနေပါနဲ့လားကွယ်

  • @MyanmarPatriot-sv6vv
    @MyanmarPatriot-sv6vv Місяць тому

  • @SV.11
    @SV.11 Місяць тому

    မြောက်ပိုင်းသုံးဖော်
    မြောက်ပိုင်းပြန်စ
    လားရှိုးမြို့ကို ဝင်ရမယ့်အချိန်ကောင်း အပစ်ရပ်တာဟာ
    အားမွေးခြင်းအတွက် ရိက္ခါစုဆောင်းရန်အတွက်သာဖြစ်ရမယ် မောင်ရင်တို့ကို စကစကဒီအတိုင်းကြည့်မနေဘူး သူတို့အားရှိလာတာနဲ့ မောင်တို့ကို အလစ်ခြောင်းလုပ်ကြံမှာ အသေအချာပဲ အခွင့်အရေးကို အချိန်မဆွဲနဲ့ လက်မလွှတ်ကြနဲ့။

  • @HlaHla-uh9cz
    @HlaHla-uh9cz Місяць тому

    CBနဲ့CC ကိုကနေကြတော့ ခွေးရူးက ဝင်သိမ်းသွားရော တပြည်နယ်လုံးပြန်ပါလိမ့်မယ် ဒီလိုဆို

  • @zawlatt5202
    @zawlatt5202 Місяць тому

    😂😂😂😂😂😂😂😂😂😂😂😂😂

  • @mccerrmindat
    @mccerrmindat Місяць тому

    ပါးစပ်ကတော့ဟုတ်တုတ်တုတ်ဖင်ပေါက်ကဟောင်းလောင်းကြီး

    • @M23G-mAy
      @M23G-mAy Місяць тому

      သူပြော တာ ကို နားမလည် တာ လား . ဘယ်အချက်က မမှန် တာလဲ .. Fact နဲ့ ပြောလေ မကျေနပ် ကြောင်း ကို...ဒီလောက် ရှင်းပြတာ နေတာ.
      ခင်ဗျား လို ကိုယ်မကြိုက် တာကို ethic မရှိ ကိုယ့် emotion ကြောင့် ရေးချင်ရာ လျှောက် ရေး နေလို့ အမုန်း ပိုပွါး နေကြတာ..

  • @BDs11250
    @BDs11250 Місяць тому +1

    တချို့တော်လှန်ရေးအဖွဲ့တွေကလည်းစကစအကြိုက်လိုက်လုပ်နေကြတယ်မုန့်ဆီကြော်ကဘယ်နေမှန်းမသိအရင်လုစားနေကြသလားလို့😂ဘုံရန်သူကိုစည်းလုံးစွာအရင်တိုက်ထုတ်ရမှာစကစရဲ့လမ်းစဥ်ကတိုင်းရင်းသားတွေစည်းလုံးနေရင်တောင်ကြိုးစားသွေးခွဲနေကြတာENGစကားပြောပြီးဖြေရှင်းမယ့်အစားကိုယ့်ဘာသာစကားတန်ဖိုးထားစည်းရုံးစည်းလုံးကြပါ❤

    • @M23G-mAy
      @M23G-mAy Місяць тому

      တစ်ခါတလေ နားထောင် ရတာ ပိုရှင်း စေပါတယ် ..တချို့ meaning တွေ က ဗမာလို ပြောရင် ပိုကြာတယ် နားထောင်ရတာ ပို ရှုပ် စေတယ် ထင်တာပဲ Just my opinion✌️

  • @ngamae2816
    @ngamae2816 Місяць тому

    စီအင်န်အဖ်စီအင်အေစိတ်ကူးနဲ့တောင်မတိုက်ဘူးခဲ့ဘူးတဲ့မတူပီဗျူဟာထိသိမ်းနိုင်တဲ့ချင်းညီနောင်အဖွဲ့ကိုလေးစားပါတယ်

  • @kjiebbo990
    @kjiebbo990 Місяць тому

    ချင်းအဖွဲ့အချင်းချင်းတိုက်နေတာဖြေရှင်းဦး