ပေါက်ပေါက်ဆုပ်ရဲ့ သွေးစွန်းတဲ့ရာဇဝင် လူသိနည်းတဲ့ ဘေးအန္တရာယ် - Twisted Thursday

Поділитися
Вставка
  • Опубліковано 18 жов 2024
  • ပေါက်ပေါက်ဆုပ်ဆိုတာနဲ့ ရုပ်ရှင်ရုံကို ပြေးမြင်ကြရတဲ့အထိ ဒီနှစ်ခုက ခွဲခြားမရဘူးဖြစ်ပါတယ်။ ပေါက်ပေါက်ဆုပ်က တကယ်တမ်းတော့ အမြင်မှာ လှသလောက် လူတွေကို အန္တရာယ်ဖြစ်စေခဲ့တဲ့ အစားအသောက်တစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ပေါက်ပေါက်ဆုပ် ဖောက်ရာမှာ သုံးတဲ့ ပြောင်းဖူးနဲ့ နောက် ဓါတ်တစ်မျိုးရဲ့ ရာဇဝင်အကြောင်းတွေက လူ့အသက်တွေကို စတေးခဲ့ကြရတာပါ။
    ပြောင်းဖူးစတင်ပေါ်ပေါက်လာခဲ့ရာဒေသဖြစ်တဲ့ မက်ဆီကို တောင်ပိုင်းဒေသမှာ ပြောင်းဖူးနဲ့ ပတ်သက်ပြီး Aztec လူမျိုးစုတွေရဲ့ အတွေးအမြင်တွေ အယူအဆတွေက ကနေ့ခေတ်အမြင်နဲ့ဆိုရင် ကျောချမ်းစရာလို့ ပြောလို့ရပါတယ်။ ပြောင်းဖူး စတင်ဖြစ်ပေါ်လာပုံ၊ စိုက်ပျိုးစဉ်နဲ့ ရိတ်သိမ်းစဉ်ကာလတွေမှ လူ့အသက်တွေ ရင်းခဲ့ရပါတယ်။ တစ်နှစ်တည်းမဟုတ်ဘဲ နှစ်စဉ် ဖြစ်ပါတယ်။
    အဲ့ဒီလိုနဲ့ ပြောင်းဖူးက တကမ္ဘာလုံးကို ပျံ့နှံ့ရောက်ရှိလာခဲ့ပြီးတော့ စက်မှုတိုးတက်မှုတွေနဲ့ အတူ ပြောင်းဖူးပေါက်ပေါက် သို့မဟုတ် ပေါက်ပေါက်ဆုပ်ဆိုတာကလည်း လူအများနှစ်သက်စွာ စားသုံးကြတဲ့ အစားအသောက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပြောင်းဖူးပေါက်ပေါက် ဖောက်ဖို့ သုံးတဲ့ ပစ္စည်းတစ်ခုရဲ့ ပါဝင်ပစ္စည်းဟာ လူ့အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဓါတ်တစ်ခု ပါဝင်နေခဲ့ပါတယ်။ အဆိုပါဓါတ်ပစ္စည်းကြောင့် ပြောင်းဖူးပေါက်ပေါက် ထုတ်လုပ်တဲ့ လုပ်သားတွေမှာ အဆုတ်ရောဂါဝေဒနာကို အပြင်းအထန် ခံစားပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
    အခုဆိုရင်တော့ အများသိကြတဲ့ အီလက်ထရောနစ် စီးကရက်တွေမှာ vape တွေမှာ ဒီဓါတ်ပေါင်းက ပါဝင်နေတာဖြစ်လို့ လူတွေမှာ အသက်ဘေးကြုံကြရမယ့် အခြေအနေဖြစ်နေတာပါ။

КОМЕНТАРІ • 120

  • @ZinMee56
    @ZinMee56 3 місяці тому +44

    တစ်ခုလောက် အကြံပေးချင်ပါတယ် ဒီလိုကြည့်ရတာ ကျမ အတွက်လုံးဝကိုအဆင်မပြေပါဘူး မျက်နှာ ပြတာနဲ့ မပြတာနဲ့က အရမ်းကွာပါတယ် မျက်နှာ ပြထားရင် ပြောပြနေသူက နားထောင် နေသူ အတွက် အရမ်းကို serious ဖြစ်စေပါတယ် ရုပ်မြင်ရမှ သူအလေးအနက်ထားပြီးပြောပြနေပါလား သူပြောတဲ့ အကြောင်းတွေက သူပြောတဲ့ပုံကြည့်ရတာ စိတ်ဝင်စား စရာကောင်းပါလား ကျမ အတွက်ကတော့ အဲလိုပါ အခုလို ကာထားလိုက်တာ ကြည့်ရတာ အရသာလဲ မရှိသလို စိတ်ဝင်စား ဖို့လဲမကောင်းပါဘူး ကျမရဲ့ အလုပ်နားချိန် တွေမှာဆို SB ကို အမြဲနားထောင် ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မကာထားပါနဲ့ 😢

    • @Tcreator908
      @Tcreator908 3 місяці тому +1

      True❤

    • @myokoko2976
      @myokoko2976 3 місяці тому +2

      အကို မျက်နှာမြင်ရရင် ပြောသမျှ ခံစားလို့ရတယ်
      အခုဟာက အဆင်မပြေဘူးနော် အကို😢

    • @htooaunglin3632
      @htooaunglin3632 3 місяці тому +3

      အမြဲနားထောင် ဖြစ်တယ် Likeတွေလည်းပေးဖြစ် ဝင်မန့်နေကြမဟုတ်ပေမယ့် အခုအထက်ပါမန့်တွေကိုတော့ ထောက်ခံပါတယ်ပြောပြပေးနေသူရဲ့အလေးနက်ထားပြောပြပေးနေတဲ့အမူယာအပေါ်တော့ ပိုစိတ်ဝင်စားပါတယ်🎉🎉🎉

    • @satanhimself1018
      @satanhimself1018 3 місяці тому

      Right

  • @uthurain392
    @uthurain392 3 місяці тому +6

    Polar bear ကိုကြည့်ရတာပိုအဆင်ပြေတယ်သူ့ရုပ်ပုံသွင်ပြင်ပါမြင်ရတော့နားထောင်ရတာ နားစင်သူကိုစိတ်ဝင်စားမှု့ပိုကောင်းတယ် မျက်နှာဖုံးနဲ့ကြည့်ရတာတော့အဆင်မပြေပါ

  • @shweyihtun7572
    @shweyihtun7572 3 місяці тому +3

    ဒါသဘာ၀တရားပဲဆိုတာသက်သေပြတာပဲဗျာ ဘာလဲဆိုတော့။ အစပိုင်းအသစ်အသစ်တိုင်းမှာတခုခုကြောင့်အဆင်မပြေသလိုဖြစ်နေတတ်ပေမယ့်အရည်အချင်းကြောင့်နေသားကြာရင်ရင်းနှီးသွားပြိးကြည့်ကောင်းသွားမှာပါဗျာ❤🎉🎉 Thanks for sharing bro..❤🎉🎉

  • @homkhaykyauk4659
    @homkhaykyauk4659 3 місяці тому +4

    အားပေးနေပါတယ်ရှင့် ဝက်ဝံအဖွဲ့သားများ 🥰❤️ မျက်နှာကိုတော့အဲ့လိုအကာထားပါနဲ့နော် ပြောတဲ့သူရဲ့အမူအရာနဲ့ ပါးစပ်လှုပ်ပုံတွေကြည့်ဖြစ်လို့ပါ ပိုစိတ်ဝင်စားမိပါတယ် ဟီး plz🫶🏻 ဘယ်‌သူပဲပြောပြပြောပြ မျက်နှာမကာထားပါနဲ့လို့ 🥰🫶🏻plz

    • @homkhaykyauk4659
      @homkhaykyauk4659 3 місяці тому +1

      မျက်နှာကိုခဏခဏမပြချင်ရင်လဲ video အကြောင်းအရာနဲ့ပတ်သပ်တဲ့ပုံလေးတွေကိုပြပြပေးသွားလဲအဆင်ပြေပါတယ်ရှင့် 🥰🫶🏻

    • @StoryBearsMM
      @StoryBearsMM  3 місяці тому +1

      @@homkhaykyauk4659 ဟုတ်ကဲ့ပါခင်ဗျာ။

  • @Songeiho
    @Songeiho 3 місяці тому +2

    ​အမြင်တမျိုးဖြစ်အောင်ပြောင်းသွားတာကောင်းပါတယ်အဲ့လိုမှလူအများစိတ်ဝင်စားမှာ ကြိုဆိုပါတယ်လက်ခံပါတယ်👏

  • @thpe_11
    @thpe_11 3 місяці тому +2

    အပြောင်းအလဲ အသစ်အဆန်းကို သဘောကျတဲ့ အတွက် အခုလို တင်ဆက်ပုံကိုလဲ သဘောကျပါတယ်ရှင့် keep going

  • @MaToot-n2u
    @MaToot-n2u 3 місяці тому +1

    စိတ်ဝင်စားဖို့ကောင်းတယ်တခြားစားစရာတွေမှာလည်းနောက်ခံသမိုင်းကြောင်းလေးတွေရှိမှာပဲပြောပြပေးပါအုန်း
    ကျေးဇူးပါ ပိုလာ

  • @khatartun4564
    @khatartun4564 3 місяці тому

    မျက်နှာပြပြီးပြောတာပိုအဆင်ပြေမယ်ထင်တယ်အကိုရေ ခုလိုကြည့်ရတာအဆင်မပြေပါဘူးရှင့်

  • @thuuzartar
    @thuuzartar 3 місяці тому

    ရုပ်ဆင်းက အရေးမကြီးပါဘူး ခုလိုစုံစုံလင်လင်ပြောပါပေးတာ ကျေးဇူးတင်ပါတယ်

  • @benge6798
    @benge6798 3 місяці тому +2

    အသံက နာထောင်လို့ ကောင်းပါတယ် နောက်ထပ်လည်း ဒီလို အကြောင်းအရာတွေ တင်ဆက်ပေးပါအုံး fighting ❤❤❤

  • @chae_yeongmin4765
    @chae_yeongmin4765 3 місяці тому +3

    အားပေးနေပါတယ်ဗျို့ ဒို့ရဲ့ ဝက်ဝံလေးးးတွေကို ❤❤❤❤❤❤

  • @matoot-sy5li
    @matoot-sy5li 3 місяці тому

    မျက်နှာကာမထားပါနဲ့စိတ်ဝင်စားမူ့နဲတယ်မျက်နှာအမူအရာလက်ဟန်လေးနဲ့ပြောတဲ့အရင်တင်ဆက်မူ့မျိုးကိုပိုသဘောကျပါတယ်

  • @dawhtwayhtwayyee5263
    @dawhtwayhtwayyee5263 3 місяці тому

    ပြောပြတာကျေးဇူးပါ 😊ဒါပေမဲ့ပုံပြောသ ိုရာဇဝင်ချီနေတာပျင်းစရာ😮

  • @nangkap5579
    @nangkap5579 3 місяці тому +1

    ချစ်တဲ့ စိတ်နဲ့ကြည့်တာမို့ မလန့်ပါဘူးလို့❤
    Eyes Contact အရေးကြီးတယ်လို့ထင်ပါတယ်
    SB video တွေ တခုမှမကျန် အမြဲကြည့်ဖြစ်တယ်😍
    💪💪💪💪

  • @ResharerG3
    @ResharerG3 3 місяці тому +2

    အားပေးပါတယ် အကိုယ်ကိုလဲ စိတ်ရှည်ရှည်နဲ့ရှင်ပြပေးလို့..
    နောက်ဆို မနက်ပိုင်းမှာ အကိုတင် ညနေပိုင်မှာတော့ တင်ဆက်နေကြ ကျွန်တော်တျု့ အချစ်တော်မင်းသားကြီးကတင်ဆက်ပေးပေါ့ဗျာ 😊😊❤❤❤

  • @theinge3373
    @theinge3373 3 місяці тому +2

    story bearsတွေအားလုံး အားပေးပါတယ်

  • @soethiha1213
    @soethiha1213 3 місяці тому +2

    Gummy bear ရဲ့ခေါင်းကိုမြင်ပြီးနည်းနည်းတော့လန့်သွားတယ် 😁😁😁😁

  • @minnya5552
    @minnya5552 3 місяці тому

    အစီအစဉ်က အရမ်းကောင်းပါတယ်. ဗဟုသုတတွေ တခြားယူစရာတွေအများကြီးရပါတယ်.
    အရမ်းအရမ်းကို အဆင်ပြေပါတယ် . ကျေးဇူးလဲ အများကြီးတင်ပါတယ်. Carry On Carry On Guys . . 💖💖💐

  • @daeayeaye
    @daeayeaye 3 місяці тому

    ရုပ်အသွင်ပြင်တော့သိဘူးရယ်....ဒါပေမဲ့ အကျီတော့သိနေတယ်😂😂😂😂😂

  • @owencrazy971
    @owencrazy971 3 місяці тому

    အသံဘဲနားထောင်p အိပ်ပျော်သွားတတ်တဲ့သူပါ သို့သော် ရုပ်လေးပြလိုက်ပါ ကိုဂမ်မီရယ်😅

  • @aryoun-c5n
    @aryoun-c5n 3 місяці тому +3

    ပိုလာဘဲကြီးကိုပဲ ကြွေမိတာ အပြစ်လား

  • @kimsohun
    @kimsohun 3 місяці тому

    Thank you

  • @nawnaw-jo5yw
    @nawnaw-jo5yw 3 місяці тому +2

    မျက်နှာကို ဒီလိုကွယ်ထားတော့ သိပ်စိတ်ဝင်စားဖို့မကောင်းပါဘူး မျက်နှာမပြချင်လည်း ဟိုဘက်လှည့်ပြောပေးရင်လည်း ရပါတယ် ဒီလိုကြီးကတော့ တကယ်အဆင်မပြေလို့ပါ😢

  • @HayMar-7890
    @HayMar-7890 3 місяці тому +1

    လုံးဝ မိုက်တယ်🎉

  • @mesu6235
    @mesu6235 3 місяці тому +1

    2ယောက်လုံးကောင်းတယ်ကြိုက်တယ်

  • @shwesinmyint7186
    @shwesinmyint7186 3 місяці тому

    အသံတုန် တာ မထည့်ဘဲ ပုံမှန်အသံလေးပြောပါ ❤အဲဒါက လွဲရင် အားလုံးအဆင်ပြေပါတယ်❤

  • @PyaePhooKhin-y1l
    @PyaePhooKhin-y1l 3 місяці тому

    အရုပ်ကြီး မဖုံးပါနဲ့ဗျာ။မျက်နှာပြတာ ပိုအဆင်ပြေတယ်။❤

  • @riseseinmai1131
    @riseseinmai1131 3 місяці тому

    မျက်နှာ မမြင်ရတာဘာမှ မဖြစ်ပင်မဲ့ နာထောင် နေကြအသံမဟုတ်တော့ နာကမရင်းနီးဘူးဖြစ်နေတယ် 😁😝😝ဘာဘဲဖြစ်ဖြစ် အားပေးနေပါတယ် 💪💪💪

  • @KyawKyaw-jp6tq
    @KyawKyaw-jp6tq 3 місяці тому +1

    ဘာလို့မိန်းခလေးပဲ..ယစ်ခံရတာ..ယောကျားလေးတေကျ..ဘာလို့မယစ်တာ..

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      ယောက်ျားလေးလည်း ယဇ်ပူဇော်ခံရပါတယ်ခင်ဗျ။ သူတို့တွေက ဆောင်းရာသီမှာပါ။

  • @DavidLusan
    @DavidLusan 3 місяці тому

    ဒီအကိုရုပ်ဆိုးလို့ဖြစ်မယ်😁

  • @yevadiyevadi
    @yevadiyevadi 3 місяці тому

    အစ်ကို့မျက်နှာ အစ်ကိုအသံလေးပဲ ပိုမျှော်မိတယ်ရှင့် 😊

  • @jhonsee6516
    @jhonsee6516 3 місяці тому

    big fanပါ🎉🎉

  • @army-z4b6r
    @army-z4b6r 3 місяці тому

    သေချာတယ် အခုပြောနေတဲ့သူက polar bear. အကို မဟုတ်ဘူး ပြောဆိုပုံကို သိတယ်

  • @ynwbsmall8968
    @ynwbsmall8968 3 місяці тому

    ပုံကြီးလဲမကြိုက်ဘူးအသံလဲမကြိုက်ဘူ အရင်လိုပြန်တင်ပေပါ

  • @KaungHtetKyaw-u5i
    @KaungHtetKyaw-u5i 3 місяці тому

    ငါတို့ကတော့ အလုပ်လုပ်ရင်း နားထောင်တာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်အဆဉ်ပြေတယ်

  • @yeKoko-t5z
    @yeKoko-t5z 3 місяці тому

    နား​ထောင်ရတာ အဆင်မ​ပြေဘူးဗျ

  • @myintmyintkyi6411
    @myintmyintkyi6411 3 місяці тому

    မျှဝေပေးလို့ ကျေးဇူးပါ❤❤❤

  • @SuMyat-m3s
    @SuMyat-m3s 3 місяці тому

    အရုပ်ကြီးဖုံးထားရတာလည်း😢

  • @wintwar4973
    @wintwar4973 3 місяці тому

    အခု အသံကအဆင်မပြေဘူး😢
    အရင်အသံက ရှင်းပီးကြည်လင်တယ်

  • @suewinne
    @suewinne 3 місяці тому +1

    မျက်နှာ မမြင်စေချင်ရင်လည်း ဆွဲဆောင်မှု ရှိတဲ့ လှလှပပ ရုပ်လေး သုံးပါလား အကြံပေးတာ လူမိုက်ရုပ်နဲ မျက်နှာဖုံး အစား ချစ်စရာ အရုပ်တွေ အများကြီး ရွေးစရာ ရှိတယ်လေ😑😑

  • @Leesounggok
    @Leesounggok 3 місяці тому

    သူ့ကိုမကြိုက်ပါဖူး အဆင်မပြေဖူး

  • @Klwin44421
    @Klwin44421 3 місяці тому

    Wow suprise ဗျာ thanks

  • @Alice-we8bv
    @Alice-we8bv 3 місяці тому

    Gummy Bear ကိုလည်း အားပေးပါတယ်နော်
    ဆက်လက်တင်ဆက်ပေးပါဦးရှင့်

  • @KiKi-rx5qb
    @KiKi-rx5qb 3 місяці тому

    Gummy bear ရဲ့ ပထမဆုံး တင်ဆက်မှုကို ကြိုဆိုပါတယ်

  • @mayarkarkyaw5888
    @mayarkarkyaw5888 3 місяці тому +2

    ဦးဦး​ပေါ်လာ​ဘေး ဘဲနား​ထောင်​ကောင်းတယ်

    • @StoryBearsMM
      @StoryBearsMM  3 місяці тому +2

      Gummy Bear တော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ။

    • @Franzy69
      @Franzy69 3 місяці тому

      ဟျောင့် သွေးမခွဲနဲ့ မကြည့်ချင်ထွက်သွား မင်းအဲ့လိုမန့်လို့ သူတို့အချင်းချင်း မဖြစ်သင့်တဲ့အမြင်မကြည်မှုတွေ တစ်စတစ်စ ဖြစ်လာနိုင်တယ် ငါနောက်ဆုံး မေတ္တာရပ်ခံမယ်‌ မင်းတို့အဲ့လိုထပ်မမန့်ပါနဲ့ မင်းသာလူ့ကျင့်ဝတ်သိတဲ့လူတစ်ယောက်ဆိုရင်ပေါ့

    • @StoryBearsMM
      @StoryBearsMM  3 місяці тому +2

      @@Franzy69 ကျွန်တော်တို့ က ဘာမှ မဖြစ်ပါဘူးခင်ဗျာ။ Fan တွေအချင်းချင်းလည်း ဘာမှ ဖြစ်စရာ မရှိပါဘူးခင်ဗျာ။ မေတ္တာရပ်ခံပါရစေ။

  • @mine-i9p
    @mine-i9p 3 місяці тому +1

    အားပေးနေပါတယ်

  • @thinkhaing863
    @thinkhaing863 3 місяці тому

    ပြောပြ နေတဲ့ ပုံစံ ကိုက polar bear နဲ့မတူပါဘူး။PBက သိစေချင်တဲ့စေတနာ၊ပြောချင်တာကို နားလည်လွယ်စေချင်တဲ့စေတနာ၊အကိုကြီးတယောက်က ညီ၊ညီမလေးတွေကို ပြောပြနေတဲ့ပုံပါ။အခုကြားနေရတဲ့အသံက အမြဲတမ်းကြားနေကြ အသြံဖစ်နေတယ် မထူးခြားဖူးပေါ့။ကျေးဇူးတင်ပါတယ်။polar bear ပြန်လာမှ လာခဲ့ပါမယ်။တာ့တာ (polar bear အသံဖြင့်)🥺

  • @mghar1019
    @mghar1019 3 місяці тому

    အရင်ကတစ်ယောက်ပဲကောင်းတယ်

  • @zawmin4288
    @zawmin4288 3 місяці тому

    ဟင် ပိုလာ မှန်းသိပါတယ်နော် မျက်နှာဖုံးထားလည်းသိနေတယ် 🙂🙂

  • @khantminwithbae7796
    @khantminwithbae7796 3 місяці тому

    Gummy Bear yae warmly welcome par byar အကြောင်းရှိလို့မျက်နှာဖုံးထားတယ်လို့ဘဲ မြင်မိပါတယ် negative commentတွေကို အကောင်းဘက်ကဘဲတွေးပေးလိုက်ပါ ဗျာ

  • @arkarlin5960
    @arkarlin5960 3 місяці тому

    အဆင်မပြေဘူး အကို❤

  • @thuthu8440
    @thuthu8440 3 місяці тому

    မျက်နှာလေးကိုပြထားလဲ ဘာမှ မဖြစ်ပါဘူးဗျ

  • @ShineKhantKyaw-bh7bp
    @ShineKhantKyaw-bh7bp 3 місяці тому

    အရင်က တင်ဆက်ပေးကြ အကို က မတင်ဆက်ပေးတော့ဘူးလားနော်

  • @MyintMyintThi-w9c
    @MyintMyintThi-w9c 3 місяці тому

    Hello Gummy Bear! Welcome warmly.😊😊😊

  • @uulay637
    @uulay637 3 місяці тому

    ❤❤❤

  • @ritatun5603
    @ritatun5603 3 місяці тому

    ကြည့်ပြီးနား​ထောင်ရတာတစ်မျိုးကြီး.😒
    အရင်လိုပုံမှန်​လေးဘဲတင်​ပေးပါ ..

  • @naingnaymyo6332
    @naingnaymyo6332 3 місяці тому +1

    အမ်းအမ်းအမ်းအားအား😆😆

  • @endthesonham1449
    @endthesonham1449 3 місяці тому

    Different sounds

  • @kuusdiaryofdreams4045
    @kuusdiaryofdreams4045 3 місяці тому

    လူပြောင်းသွားတာလားဟင်😢

  • @kayphyo1044
    @kayphyo1044 3 місяці тому

    ကောင်းပါတယ်ကြိုဆိုပါ၏😊

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @kayphyo1044
    @kayphyo1044 3 місяці тому

    ပိုလာBear GB ဆိုတော့ တချိန်တိုးပြီးတင်ဆက်မူ့ပေါ့❤😊❤I love SB family 👍👍💙

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      အမြဲတမ်းအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @CandyLynn-nw4pj
    @CandyLynn-nw4pj 3 місяці тому

    Polar bear လိုပြောပါ မျက်နာ မြင်တာဘာမှ မဖြစ်ဘူး
    ရုပ်ဆိုးလဲ ဘသူကပြောမာလဲ 😢အခုကကြည့်ရတာအဆင်မပြေဘူး

  • @benge6798
    @benge6798 3 місяці тому

    မျက်နှာမပြချင်ရင်လည်း maskတပ်ပြီပြောပါ effect နဲ့ ကြည့်ရတာ အဆင်မပြေဘူး

  • @kyimaw9204
    @kyimaw9204 3 місяці тому +2

    ဘယ်လိုဖြစ်လို့ ကာတွန်းပုံနဲ့ပြောနေရတာလဲ စတိုင်တစ်မျိုးပြောင်းသွားတော့လဲ ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်နေသလိုဘဲ

    • @StoryBearsMM
      @StoryBearsMM  3 місяці тому +2

      ဒီအစီအစဉ်ကို တင်ဆက်မယ့်သူက Gummy Bear ပါခင်ဗျာ။ Polar Bear ကတော့ ကျန်တဲ့အစီအစဉ်တွေကို ပုံမှန်ဆက်လက်တင်ဆက်သွားမှာပါခင်ဗျာ။

    • @kyimaw9204
      @kyimaw9204 3 місяці тому

      ​@@StoryBearsMM Mr Polar ရေ bro ရဲ့ Channel ကို ခဏတဖြုတ် ဝင်ကြည့်မိတာကနေ အချက်အလက်တိတိကျကျနဲ့ အားမာန်ပါပါ ပြောတဲ့ဟန်ပန်တွေကို သဘောကျသွားတာ အဲ့ဒါကတော့ bro ဘဲလုပ်တတ်တဲ့အရာ ဖြစ်မယ်နဲ့တူပါတယ် ဒီ bro လဲ ဒီစတိုင်ကို ပြောင်းသင့်တယ်လို့ထင်တယ် လုံးဝကို ပေါ့ပျက်ပျက်ကြီး ဖြစ်နေတယ်

  • @CyberBroGaming
    @CyberBroGaming 3 місяці тому

    ကလေးကလား ဆန်တယ် Filter ကြီးနဲ့။ နိုင်ငံရေးတွေပြောနေတာလည်းမဟုတ်ဘူး အေးဆေးပေါ့။

  • @Leoaung2001
    @Leoaung2001 3 місяці тому

    အဲ Effect ကအဆင်မပြေဘူး ထင်တယ် အခြား effect maskလေးစမ်းသုံးကြည့်ပါဗျ❤

  • @chitmoekhainghtoo3379
    @chitmoekhainghtoo3379 3 місяці тому

    ၂ကိုယ်၁စိတ် bro တယောက်ထဲမဟုက်လားသိနေတယ်

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      အယ် မဟုတ်ပါဘူး။ 😅😅😅

    • @jinjin7938
      @jinjin7938 3 місяці тому

      Polar bearကအသားပိုဖြူတယ်

  • @hgfd5426
    @hgfd5426 3 місяці тому +1

    အဲမျက်နာမဖုံးပဲ မက်တက်ပြီးတင်ဆက်ပေးရင်နဲနဲဆင်ပြေအ​ုံးမယ်

  • @SuperStar-sAi
    @SuperStar-sAi 3 місяці тому

    ဟ ဘယ်လိုတွေဖြစ်ကုန်ကြတာခဲလို့ အစ်ကိုကြီးရယ် အဲ့လိုမပေါနဲ့လေ အရင်ပုံပြင်ပြောပေးတဲ့အစ်ကိုပဲပြန်ခေါ်ပေးပါ

  • @koaunghtet486
    @koaunghtet486 3 місяці тому

    ကိုပိုလာဘဲကိုပဲကြိုက်ပါတယ် ဒါကြီးကအဆင်ပြေဘူးဖြစ်နေတယ် ပြောပုံနဲ့ကာတွန့်ပုံကြီးအဆင်ပြေဘူးဗျာ တောင်းပန်ပါတယ်

  • @kayphyo1044
    @kayphyo1044 3 місяці тому

    မဂ်လာပါSB😊😮what? ??PB Where are you 😮

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      Gummy Bear က ဒီအစီအစဉ်ကို တင်ဆက်မှာ ဖြစ်ပါတယ်ခင်ဗျာ။

  • @oowaiyan6035
    @oowaiyan6035 3 місяці тому

    ဖြည်းဖြည်းချင်းပြောပါလား နည်းနည်း မြန်နေသလိုပဲ

  • @HlwanHtetOo
    @HlwanHtetOo 3 місяці тому

    ဝေဖန်တာမဟုတ်ပါဘူးနော် အကြံပြုပါရစေနော် channel တစ်ခုတောင်ဖွင့်ပီး အသံနေအသံထားလည်းကောင်းပါတယ် ဒါပေမယ့် ကိုယ့်ကိုကိုယ်ပိုပီးယုံကြည်မူလေးရှိစေချင်တယ် အဲမျက်နှာဖုံးကိုမသုံးပါနဲ့ မိမိရဲ့ပင်ကိုယ် မျက်နှာနဲ့မိမိကိုယ်ကို ယုံကြည်မူရှိရှိနဲ့ ပင်ကိုယ်မျက်နှာနဲ့ တင်ဆက်ပေးစေချင်ပါတယ်။ ဒီလောက်ထိလျောက်ခဲ့ပီးပီ ကိုယ်ကိုကိုယ် ယုံကြည်မူရှိစမ်းပါ

  • @kokolay4528
    @kokolay4528 3 місяці тому

    ရုပ်ကာထားတဲ့တခြား channels တွေကိုအရင်လေ့လာကြည့်ပါအုံး အဓိကမိန်းနေရာမှာ အတော်ညံ့ဖျင်းနေတယ် AIညံ့

  • @PyaePhyo-yx4pj
    @PyaePhyo-yx4pj 3 місяці тому

    ပိုလာ ပါပဲနော် အမြဲအားပေးနေတာသိတာပေါ့ အသံပြောင်းထားပေမယ့် လက်ဟန်ခြေဟန်နဲ့အသံအနေအထားကိုမှတ်မိနေပါတယ်လို့ ဘယ်လိုပဲတင်ဆက်တင်ဆက် အကုန်လုံးကိုအားပေးနေပါတယ်နော် မန့်ကတော့အခုမှဝင်ရေးဖြစ်တာပါ☺💙💙💙

  • @zinmarmyo3574
    @zinmarmyo3574 3 місяці тому

    အဟင့် ကြိုက်ဘူး ဘဲကြီးပဲပြန်လာပါ

  • @Hiphopkglaypar
    @Hiphopkglaypar 3 місяці тому +2

    ပိုလာဘဲလ် မပြောတော့ဘူးလား

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      Twisted Thursday အစီအစဉ်ကိုတော့ Gummy Bear ကပဲ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ကျန်တဲ့အစီအစဉ်တွေကိ ဆက်လက်တင်ဆက်နေမှာပါ။

    • @thebestmobile3338
      @thebestmobile3338 3 місяці тому

      ​@@StoryBearsMMအကုိပြောတာပိုနားထောင်ကောင်းတယ်

  • @kaunglay-j6j
    @kaunglay-j6j 3 місяці тому

    အသံမတူဘူး

  • @waimoe7258
    @waimoe7258 3 місяці тому

    😂ခ်န္နယ္မ်ား မွားလာတာလားလို့ လန့္သြားတာပဲ

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      မမှားပါဘူးခင်ဗျာ။ နောက်ပိုင်းမှာ Gummy Bear က Twisted Thursday အစီအစဉ်ကို အပတ်စဉ်တင်ဆက်ပေးသွားမှာပါခင်ဗျာ။

  • @yinkyi-mv1tb
    @yinkyi-mv1tb 3 місяці тому

    တအာအာနဲ့

  • @komoe-qp5ub
    @komoe-qp5ub 3 місяці тому

    😂😂😊❤

  • @kaunglay-j6j
    @kaunglay-j6j 3 місяці тому

    အသံမတူဘူး 9:55

  • @Nandarmyanmar
    @Nandarmyanmar 3 місяці тому

    အသံလဲသိပ့်မတူဘူးနော်

    • @StoryBearsMM
      @StoryBearsMM  3 місяці тому

      Gummy Bear က နောက်တစ်ယောက်ပါခင်ဗျာ။ Polar Bear က အရင်တင်ဆက်ပေးနေကျ အတိုင်းဆက်လက်တင်ဆက်ပေးမှာပါ။ အခု Twisted Thursday အစီအစဉ်ကိုတော့ Gummy Bear က တင်ဆက်ပေးမှာပါခင်ဗျာ။

  • @mgsawhtoot.g.i
    @mgsawhtoot.g.i 3 місяці тому

    🙋Hay ...bro Why did you change it? It's uncomfortable to look like ths.🤷

  • @khaingzarlinn-rq3pb
    @khaingzarlinn-rq3pb 3 місяці тому

    🍿🍿🍿

  • @Jikkok-fl3nq
    @Jikkok-fl3nq 3 місяці тому

    အကိုရယ်စောက်နေတာကြာလပီ

  • @thersooethersooe1806
    @thersooethersooe1806 3 місяці тому

    အမြဲအားပေးနေပါတယ်အသံအဓိကနားထောင်သူမို့ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်ဗျာ

  • @KaungHtetKyaw-u5i
    @KaungHtetKyaw-u5i 3 місяці тому

    ငါတို့ကတော့ အလုပ်လုပ်ရင်း နားထောင်တာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်အဆဉ်ပြေတယ်

  • @kaunglay-j6j
    @kaunglay-j6j 3 місяці тому

    အသံမတူဘူး

  • @maythu6730
    @maythu6730 3 місяці тому

    မျက်နှာဖုံးနဲ့ကြည့်ရတာအဆင်မပြေဘူးအသံကတော့အဆင်ပြေပါတယ်

  • @user-fn2vo6kc5i
    @user-fn2vo6kc5i 3 місяці тому +1

    မျက်နှာကိုမိန်းမကလက်သီးနဲ့ထိုးလိုက်တာလား😅

  • @thetping-n9n
    @thetping-n9n 3 місяці тому

    မျတ်နှာဖုံးနဲ့ကြည့်ရတာတကယ်အဆင်မပြေပါ

  • @DarDar-pk5iv
    @DarDar-pk5iv 3 місяці тому +2

    ပိုလာဘဲမပြောတော့ဘူးလားမျက်နှာလဲမပြဘူး

  • @army-z4b6r
    @army-z4b6r 3 місяці тому

    မျက်နှာကဘယ်ရောက်😒😒😒မျက်နှာမြင်မှာကျေနပ်မယ်😁