ပန်းတစ်ပွင့်တောင်တော်မြတ်သို့ တစ်ခေါက်

Поділитися
Вставка
  • Опубліковано 26 бер 2023
  • ပန်းတစ်ပွင့်တောင်တော်မြတ်သို့ တစ်ခေါက်
    ================================
    ပန်းတစ်ပွင့်တောင်သည် တိတ်ဆိတ်၍ သဘာဝအလှအပများကို ခံစားနိုင်ပြီး ရန်ကုန်မြို့နှင့် မဝေးလှပဲ မှော်ဘီအတွင်းတည်ရှိ၍ လာရောက်သည့် ခရီးသည်များအား မပြန်ချင်အောင်၊ ထပ်မံ၍ လာရောက်လည်ပတ်ချင်လာအောင် ဆွဲဆောင်လျက်ရှိသည့် နေရာတစ်ခုဖြစ်သည် ။ ဝါးနက်ချောင်းရွာ၊ ဖူးကြီးဆည်လမ်းဆုံ သဘာဝစိုက်ခင်းများလမ်းဘေး ဝဲယာမှာ ရှိသည် သစ်ရိပ်ဝါးရိပ်များ၊ သီးနှံစုံစိုက်ခင်းများနှင့် မှော်ဘီမြို့၏ အလှ မြင်ကွင်းတို့ကိုလည်းမြင်တွေ့နိုင်သည်။ ပန်းတစ်ပွင့်တောင်နယ်မြေတွင် တောင်သုံးတောင်ရှိပြီး တစ်တောင်နှင့်တစ်တောင်ဆက်သည့် လမ်းများသည်လည်း သာယာလှသည်။ အေးချမ်းလှသည့် တောင်ပေါ်တွင် မြို့ပြ၏ အငွေ့အသက်များကင်းလွတ်ရာ သဘာဝတရားကို ခံစားရရှိနိုင်မည်ဖြစ်သည်။တောင်ပေါ်မှတစ်ဆင့် ရန်ကုန်မြို့ကို ရေပေးဝေနေသည့် ဖူးကြီး ကန်ရေပြင်ကို လှမ်း၍မြင်ရသည်။ အရပ်လေးမျက်နှာ မြင်ကွင်းများသည် စိမ်းစိုလှပသည့် တောင်စွယ်များ၊ စိုက်ခင်းများနှင့် တောင်ပေါ်၌ စေတီငယ်အများအပြားကိုလည်း တစ်ဝကြီး ဖူးမြော်ရသည်။ လေနုအေးနှင့် စေတီများမှ ဆည်းလည်းသံတို့ကြောင့်လည်း စိတ်နှလုံးအေးချမ်းခြင်း၊ ကြည်နူးခြင်းတို့ကြောင့်ပင်လာရောက်ကြသူများအားလုံးအပမ်းေပြသည့်နေရာလည်းဖြစ်သည် တောင်ခြေ၌သဘာ၀သီးနှံမျိုးစုံအရောင်းဆိုင်ကလေးများက ဆီးကြိုလျက်ရှိသည်။ ထူးခြားသည်မှာ ပန်းတစ်ပွင့်တောင်သည် သက်သတ်လွတ်ဒေသဖြစ်၍ စားသောက်ဆိုင်များတွင် သက်သတ်လွတ် ဟင်းလျာများသာ စားသုံးခွင့်ရမည်ဖြစ်သည်။ ဒေသထွက် ကျွဲကော၊ ဖရဲ၊ ငှက်ပျော၊ ခရမ်းသီး၊ ဘူးသီးစသည့် သီးနှံများကို ပန်းတစ်ပွင့်တောင် အဆင်းတွင် မြင်တွေ့ရသည်။ ထို့ကြောင့်ပန်းတစ်ပွင့်တောင်ကို အခါအခွင့်သင့်ရင် လာရောက်ခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
    Crd#

КОМЕНТАРІ •