ညာတင်ကုတ်ရုပ်တုဆိုတာဘာလဲ ဘယ်သူတွေ တည်ထားလှူူဒါန်းသလဲ

Поділитися
Вставка
  • Опубліковано 19 жов 2024
  • ဒီတခါတင်ပြချင်တာကတော့ ရာထူးအာဏာမက်မောသူတို့ခိုလှုံဝင်ရောက်ရာ မင်းဝင်တောင် စိန္တမုနိကျောင်းတိုက်နဲ့ ကျောင်းတိုက်အတွင်းက ယတြာဆန်ဆန် ရုပ်တုတွေအကြောင်းပဲဖြစ်ပါတယ်။
    နေပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်ဟာ တခေတ်တခါက ရာထူးအာဏာ အထွတ်အထိပ်ရောက်ခဲ့သူတို့ ခိုဝင်ဆည်းကပ်ရာ ကျောင်းတိုက်တခုဖြစ်ခဲ့ပြီး လောကီအစီအမံတွေနဲ့ဆောင်ရွက်ထားတဲ့ ညာတင်ကုတ်ရုပ်တုပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
    ဒီရုပ်တုတွေကိုလှူဒါန်းခဲ့သူတွေအထဲမှာ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အစိုးရအရာရှိကြီးဟောင်းတွေချည်း ဖြစ်ပါတယ်။
    ညာတင်ကုတ်ရုပ်တုတွေမှာတွေ့ရတာကတော့ ဆံတော်နေရာမှကြာပန်းပုံပြုလုပ်ထားခြင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့် ဦးခေါင်းတော်နောက်ဘက်တို့မှာ ခရုပတ်ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော် နောက်ဘက်သို့ ဖြန့်ချထားခြင်း စသည်တို့ဖြစ်ပါတယ်။
    ညာတင်ကုတ်ရုပ်တုတွေဟာ ဗုဒ္ဒဘုရားရှင်ရဲ့ မုဒြာ ၅၅ မျိုးမှာပါဝင်ခြင်းမရှိဘူးလို့ သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနက ပြောဆိုထားပေမယ့် ဒီဆင်းတုတော်တွေဟာ မြတ်စွာဘုရာက မာရ်နတ်ရဲ့ အနှောက်အယှက်တွေကို အောင်နိုင်ခဲ့တဲ့ မာရ်နတ်နိုင်ဘူရားလို့ခေါ်ကြောင်း၊ မုဒြာအစစ်ဖြစ်ကြောင်းနဲ့ ပုဂံရှေးဟောင်းပြတိုက်မှာပင်ရှိကြောင်း ကျောင်းတိုက်က တာဝန်ရှိသူတဦးက ပြောပါတယ်။
    ညာတင်ကုတ်ရုပ်တု အလှူရှင်တွေရဲ့ အမည်နာမတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်၊ ဗိုလ်ချုပ်သိန်းနိုင်နှင့်ဇနီး ဒေါ်ခင်ပြုံးရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်၊ အလုပ်သမားနှင့် လဝက၀န်ကြီးဟောင်း ဦးသိန်းဆွေနှင့်ဇနီး ဒေါ်မြသိင်္ဂီ အစရှိတဲ့ အမည်တွေကို တွေ့ရှိရမှာဖြစ်ပါတယ်။
    ဒီဆင်းတုတော်တွေကပဲ တကယ်စွမ်းတာလား၊ ဒါမှမဟုတ် ရာထူးအာဏာ ထိပ်တန်းရောက်ခဲ့သူတွေကပဲ ယုံကြည်မှုလွန်ကဲတာလား … ဒါမှမဟုတ် တိုက်ဆိုင်မှုတခုပဲလားဆိုတာကတော့ အတတ်မပြောနိုင်ပေမယ့် တိုင်းသိပြည်သိ ပုဂ္ဂိုလ်တွေဟာ ဗေဒင်ယတြာ၊ လောကီအစီအမံတွေနဲ့ မကင်းနိုင်ဘူးဆိုတာကတော့ သေချာတဲ့ကိစ္စဖြစ်ပါတယ်။
    စိန္တာမုနိကျောင်းတိုက်မှာ ညာတင်ကုတ်ရုပ်တုတွေအပြင် နန်းတော်ဆောင်တခုရှိပြီး နန်းတော်ဆောင်ထဲမှာ ပုလ္လတခု၊ သလွန် နှစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ ထီးဖြူဆောင်း မင်းလောင်းဖြစ်လိုသူ အမျိုးသားတွေက ပုလ္လင်ပေါ်တက်ပြီး မိမိလိုရာအမိန့်ပေးကြသလို၊ အမျိုးသမီးဆိုရင်တော့ သလွန်ပေါ်တက်ပြီး လိုရာအမိန့်ပေးကြတယ်လို့ ဆိုပါတယ်။
    ဒါဟာ သူတို့ကိုယ်သူတို့ သာမန်လူတွေလို့မထင်အောင် စိတ်ဓာတ်မြှင့်တင်ပေးတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ကျောင်းတိုက်မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။
    မည်သို့ပင်ဆိုစေ ဒီညာတင်ကုတ်ရုပ်တုတွေဟာ မြတ်စွာဘုရာရဲ့ မုဒြာ ၅၅ မျိုးမှာ အပါဝင်သလို ကြည်ညိုဖွယ်အသွင်မဆောင်တဲ့အတွက်ကြောင့် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဇူလိုင်လထဲမှာ ဗုဒ္ဓဆင်းတုတော်တွေနဲ့ အစားထိုးစေခဲ့ပြီးဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် စိန္တာမုနိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာသာရအနေနဲ့ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတယ်လို့လည်း နောက်ပိုင်းသတင်းတွေအရ သိခဲ့ရပါတယ်ခင်ဗျား။

КОМЕНТАРІ • 22

  • @sharrhtetmyat-yz7zk
    @sharrhtetmyat-yz7zk 3 місяці тому

    ဘုရားမဟုပ်ညာတင်ကုပ်

  • @minthetnaing-gf9ms
    @minthetnaing-gf9ms 2 місяці тому

    သာသနာဖျက်တွေပါ။

  • @sharrhtetmyat-yz7zk
    @sharrhtetmyat-yz7zk 3 місяці тому

    ညာတင်ကုပ်ကဘုရားမဟုပ်ပါ

  • @bbaa3629
    @bbaa3629 2 роки тому

    ဘာသာခြားတွေဟာ ကမ္ဘာမှာ လူပေါင်း သန်း နှစ်ထောင်စီ လောက်ဝန်းကျင် ရှိနေကြပါလျက် ဗုဒ္ဓဘာသာ မင်းတွေနဲ့ တိုင်းပြည်တွေကို မဟုတ်မဟတ် လုပ်ကြံ ဝါဒဖြန့်ချင်နေကြပါသေးလား လို့ အထင်သေးစွာ မြင်မိပါ၏

  • @Waihinkoko1610
    @Waihinkoko1610 2 роки тому +1

    သာသနာပြုမင်း ပါ ခွေးသန်းရွှေက
    ခွေးဖြစ်မယ့်သာသနာ

  • @kohtet34161
    @kohtet34161 Рік тому

    သူများလက်နဲ့တည်ထားတဲ့ အရာတွေကို အနီအစိုရက အာဏာရှင်ဆန်ဆန်တစ်ဖက်သက် ခြေနဲ့ဖျက်တယ်။

  • @sharrhtetmyat-yz7zk
    @sharrhtetmyat-yz7zk 3 місяці тому

    သူတိုယတရာချေတာပါ

  • @rubylay3214
    @rubylay3214 Рік тому

    😮😮😮

  • @အလင်းရောင်-ဏ၁ဈ

    ညာတင်ကုတ်ကညာကို
    ဖံ ုးတာပါလက်တစ်စုပ်ပဲရှိတာပါဒါညာတင်ကုတ်မဟုပ်ပါ

  • @Kyawkyaw-hx6gk
    @Kyawkyaw-hx6gk Рік тому

    ဤတွင် ဘေးးကဟာလေးကိုနိပ်ပါ🤔ပေါ်လာပါမယ်🙄 နိပ်ချင်နိပ်လိုက်ပါ 🤔🤔အပြင်းထန်ဆုံးးဆိုရင်ကောင်းဒါပေါ့😁😂🤣🤣

  • @sanmyanmar9795
    @sanmyanmar9795 Рік тому

    ဘုရားလို့ရည်ပြီးပူဇော်ထားပြီမှဖြစ်တာကတော့မကောင်းဘူး

  • @Might488
    @Might488 2 роки тому +1

    သာသနာဖျက်တွေ သာသနာကိုအသုံးချ လုပ်စားအာဏာရူးတွေ တစ်ဘဝစာပဲ သေရင်တော့ငရဲသွားခံပေတော့

  • @kohtetpyay8090
    @kohtetpyay8090 11 місяців тому

    ယတြာဘုရားပါညာမတင်ဘူး

  • @mgmglwin6661
    @mgmglwin6661 2 роки тому

    သြော် သာသနာပြုတွေ
    😁😁😁😁

    • @ZawZaw-z9q8c
      @ZawZaw-z9q8c Рік тому

      ပြောင်တာ နဖူးပဲကောင်းတယ်

  • @kosaikosai6348
    @kosaikosai6348 Рік тому

    ​ဒေါင်းမရတာဆိုးတယ်

  • @yelyint3545
    @yelyint3545 2 роки тому +1

    သာသနာ ဖျက်တွေ

  • @HeinHtetZaw-dx5vw
    @HeinHtetZaw-dx5vw Рік тому

    hahaha vd တင်တဲ့ကောင် ညာတင်ကုတ် မဟုတ်ဘူး သေချာကြည့်

  • @မောင်တောမြောက်ပိုင်းသားလေး

    ငရဲကြီးမယ်အကောင်တွေ

  • @HeinHtetZaw-dx5vw
    @HeinHtetZaw-dx5vw Рік тому

    vd လညး် တင်ချင်သေးတယ် အရင်းအမြစ်လည်း မသိ 😂😂😂😂😂
    ညာတင်ကုတ် ဆိုတာ သကန်းကို ညာမှတင်တာကွ sရူးရဲ့

  • @Shwemyanmar296
    @Shwemyanmar296 Рік тому

    အာဏာမြဲစေတီ😁အဲ့ဒါကြောင့်များအာဏာမြဲနေလား🤔🤔🤔