မြန်မာမုန့် ခရီးစဉ် (၂) - မုန့်စိမ်းပေါင်း

Поділитися
Вставка
  • Опубліковано 27 січ 2024
  • မြန်မာမုန့်များကို ကြိုက်နှစ်သက်ကြတဲ့ အာလူးတစ်ခြမ်းပရိသတ်များအတွက် အခုတစ်ခေါက်မြန်မာမုန့် ခရီးစဉ်ရဲ့ အစီစဉ်လေးမှာတော့ ကျောက်တန်းမြို့ ၊ ပါဒကြီးကျေးရွာမှာရှိတဲ့ ဒေါ်မြင့်မြင့်မော်စီမှာ မုန့်စိမ်းပေါင်းလုပ်နည်းကို သွားရောက်လေ့လာခဲ့ပြီး ပရိသတ်ကြီးအတွက် အိမ်မှာအလွယ်တကူပြုလုပ်နိုင်မယ့် လုပ်နည်းလေးကိုပါ ပြန်လည်တင်ဆက်ပြသပေးထားပါတယ်။
    မုန့်စိမ်းပေါင်း
    ပါဝင်ပစ္စည်းများ
    ဆန် - နို့ဆီဘူး ၃ ဘူး (၈၀၀ ဂရမ်) (ရေဆေးသန့်စင်ပြီး တစ်ညရေစိမ်ထားပါ)
    ထန်းလျက်ရည် - ၃၀၀ မီလီလီတာ
    ရေ - ၁၅၀ မီလီလီတာ
    အုန်းနို့ - ၁၆၅ မီလီလီတာ
    ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    တွဲဖက်စားရန်
    အုန်းသီးဖတ် - ခြစ်ပြီးသား
    နှမ်းထောင်း - ၂၀၀ ဂရမ် (လှော်ပြီးထောင်းထားပါ)
    ပြုလုပ်နည်း
    တစ်ညရေစိမ်ထားတဲ့ ခြောက်အောင် ဆန်ခါဖြင့် ရေစစ်ထားပါ။ ရေများခြောက်သွားပြီဆိုလျှင် ကြိတ်စက်ဖြင့် ညက်အောင် ကြိတ်ပါ။ ကြိတ်ထားတဲ့ ဆန်မှုန့်များကို ပိတ်စိမ်းပါးခံပြီး ပေါင်းအိုးဖြင့် ၂၀ မိနစ်ခန့် ပေါင်းပါ။ ပြီးလျှင် ပေါင်းထားတဲ့ ဆန်မှုန့်ကို အအေးခံထားပါ။ အေးသွားပြီဆိုလျှင် အအေးခံထားတဲ့ ဆန်မှုန့်ကို ဗန်းတစ်ခုထဲ ဆန်ခါဖြင့် တိုက်ချပါ။ ဆန်ခါတိုက်ထားတဲ့ ဆန်မှုန့်များကို တစ်ဝက်စီခွဲထားပါ။ တစ်ဝက်ကို ဆားထည့်ပါ။ ပြီးလျှင် ထန်းလျက်ရည်ကို အနည်းငယ်စီထည့်ပြီး နယ်ပါ။ ရေ ၁၀၀ မီလီလီတာ ကို အနည်းငယ်စီထည့်နယ်ပါ။ ထန်းလျက်ရည် အနည်းငယ် ထပ်နယ်ပါ။ မုန့်မှာ နှံ့သွားသည်အထိ နယ်ပါ။ ပြီးလျှင် ကျန်တစ်ဝက်ကို ဆား၊ အုန်းနို့၊ ရေ ၅၀ မီလီလီတာကို ထည့်ပြီး နယ်ပါ။ ပြီးလျှင် ပေါင်းအိုးထဲ ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင် မုန့်ပေါင်းခံခွက်ထဲ ထန်းလျက်ရည်နဲ့နယ်ထားတဲ့ မုန့်သားကို အနည်းငယ်ထည့်ပြီး(မျက်နှာပြင်ညှိပါ) အရင်ပေါင်းပေးပါ။ ရေငွေ့များထွက်လာပြီဆိုလျှင် နောက်ထပ် အုန်းနို့နဲ့ နယ်ထားတဲ့ မုန့်သားကို ထည့်ပါ။ မုန့်သားအနည်းငယ် ရလာပြီဆိုလျှင် နောက်ထပ် ထန်းလျက်ရည်နဲ့နယ်ထားတဲ့ မုန့်သားကို ထပ်ထည့်ပါ။ တစ်လွှာချင်းစီထည့်ပြီးလျှင် ၂၅ မိနစ်ခန့် ပေါင်းထားပါ။ ရပြီဆိုလျှင် အအေးခံထားပါ။ အေးသွားပြီဆိုလျှင် စိတ်ကြိုက်လှီးဖြတ်ပြီး အုန်းသီးဖတ်၊ နှမ်းထောင်းတို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
    #Taste_Window_Food_Magazine
    #Half_Potato_Food_Television
    #MAMA
    #InstantNoodles
    #UltraCleaningProducts
    #TinTinOo
    #မုန့်စိမ်းပေါင်း
    #မြန်မာမုန့်ခရီးစဉ်(၂)
    #မုန့်လုပ်နည်းများ

КОМЕНТАРІ • 36

  • @user-ql4of3of5i
    @user-ql4of3of5i 12 годин тому

    Thanks. မမ.ကြိုက်သည်.

  • @hninmyat6040
    @hninmyat6040 11 днів тому +2

    မုန့်ပေါင်းပေါင်းတဲ့အမအရမ်းတော်ပါတယ်အရမ်းကြိုက်သောအစားအစာ

  • @ShweKyi-pg4kq
    @ShweKyi-pg4kq 6 днів тому

    မုန့်ဆန်အရေနဲ့ကြိတ်ပြီးစစ်တဲ့ဆနှ့်မှုန့်ဖတ်နဲ့လုပ်မရဘူးလား

  • @oppooopo8571
    @oppooopo8571 2 місяці тому +2

    ကျေးဇူးတင်ပါတယ်မမ

  • @thidalwin8987
    @thidalwin8987 6 місяців тому +1

    ❤ ကျေးဇူးတင်ပါတယ်ကွယ်။

  • @marmar-ol7un
    @marmar-ol7un 5 місяців тому +1

    ကျေးဇူးတင်လိုက်တာ

  • @theinngwe4728
    @theinngwe4728 5 місяців тому

    ကျေးဇူးပါ

  • @cingvung8256
    @cingvung8256 6 місяців тому

    Thank you

  • @Thida-ws8qi
    @Thida-ws8qi 3 місяці тому

    Thanks

  • @user-ju3hq6fc3v
    @user-ju3hq6fc3v 6 місяців тому

    အားပေးနေတယ်နော့်....👍🎉

  • @khinwinthet3299
    @khinwinthet3299 6 місяців тому

    Thank you my favorite food.

  • @user-ln6yu8rz3z
    @user-ln6yu8rz3z 5 місяців тому

    Good smart host and good food maker.

  • @KyawMyoLwin-xl4bm
    @KyawMyoLwin-xl4bm 11 днів тому

    မောင်းထောင်းပြီးပေါင်းသေးလားဆန်တစ်ပြီခွဲကိုထန်းလျက်ဘယ်လောက်ထဲ့လဲဗျ

  • @ThanSoe-yc3ue
    @ThanSoe-yc3ue 4 місяці тому

    ❤😊

  • @dawthenthanksthenwin1947
    @dawthenthanksthenwin1947 6 місяців тому

    🎉🎉🎉❤❤❤

  • @NyeinNyein-dp9yq
    @NyeinNyein-dp9yq 5 місяців тому

    ❤️❤️❤️❤️❤️❤️

  • @desdf2438
    @desdf2438 18 днів тому

    အရမ်းလှလာတယ် သတိရပါတယ်မှတ်မိလား

  • @ThinThin-io9nd
    @ThinThin-io9nd Місяць тому

    အရမ်းကြိုက်တာညီမလေးရေစားချင်နေတာ❤❤❤

  • @user-im3yn9qz6h
    @user-im3yn9qz6h 6 місяців тому

    လင်းဇာနည်ဇော်လားလို့

  • @khinloon27513
    @khinloon27513 3 місяці тому

    ဘောင်းဆုံကဘာလဲမသိလို့😅

  • @myashwe1783
    @myashwe1783 5 місяців тому

    ကျေးဇူးအများကြီးတင်ပါတယ်(မတင်တင်ဝ င်းရှင့်)

    • @tastewindow
      @tastewindow  5 місяців тому

      မတင်တင်ဦး

  • @user-rf2mq2kf8p
    @user-rf2mq2kf8p 2 місяці тому

    ဆန်မုန့်ကစက်နဲ့ကြိုက်လို့ရလား

  • @dawthenthanksthenwin1947
    @dawthenthanksthenwin1947 5 місяців тому

    ❤😂❤❤❤❤❤❤❤

  • @user-ju3hq6fc3v
    @user-ju3hq6fc3v 6 місяців тому

    ထန်းသီးမုန့် လုပ်နည်းလေးလည်း
    တင်ပေးပါနော့်..........🎉👍👍👍။

    • @tastewindow
      @tastewindow  6 місяців тому

      ua-cam.com/video/hJcYPz3xKaI/v-deo.html

  • @user-vn7xs9oc9g
    @user-vn7xs9oc9g 6 місяців тому

    ❤❤❤❤❤❤❤❤❤❤❤❤

    • @tastewindow
      @tastewindow  6 місяців тому

      ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

  • @hninyuhlaing752
    @hninyuhlaing752 6 місяців тому +1

    ဆန်က ကောက်ညှင်းဆန်လားရှင့်

    • @NantBaby
      @NantBaby 6 місяців тому +1

      ပေါ်ဆန်းဆန်ဆိုပိုမွှေးပါတယ် ဆန်အနုနဲ့လုပ်ရပါတယ် ဆန်ကြမ်းမရပါ ဆရာဝင်လုပ်တာ😅😅😊

    • @tastewindow
      @tastewindow  6 місяців тому

      ကျေးဇူးတင်ပါတယ်။

    • @mkwin8401
      @mkwin8401 2 місяці тому

      When you did your version, how long did you steam for the each layer?

  • @AhNyieDarlisa
    @AhNyieDarlisa 16 днів тому

    မုန်းစိမ်ပေါင်းထည့်ပေါင်းတဲ့ခွက်ကအပေါက်နဲ့မှးတာလားရှင့်

  • @user-xp1ng9rh3b
    @user-xp1ng9rh3b 5 місяців тому

    ပေါင်းချောင်အခံကကျဲနေလို့အမှုန်တွေမကျဘူးလား

  • @kyawgyi9433
    @kyawgyi9433 5 місяців тому

    ဆန်လားကောက်ညှင်းလားမသိလိုပါရှင့်

    • @htunfamily3931
      @htunfamily3931 4 місяці тому

      ဆန်လေ ကောက်ညှင်းနဲ့လုပ်မရဘူး