O2 ဆင်ဆာ ကောင်း/မကောင်း ဘယ်လိုစစ်မလဲ ?

Поділитися
Вставка
  • Опубліковано 17 тра 2022
  • Oxygen Sensor အကြောင်း
    ဒီတစ်ခါမှာတော့ အောက်ဆီဂျင်ဆင်ဆာ O2 sensor အကြောင်းလေး ကို ပြောပြချင်ပါတယ်ခင်ဗျ … နည်းပညာတိုးတက်လာတာနဲ့အမျှပဲမော်တော်ကားတွေမှာလည်းဆင်ဆာတွေကားတစ်စီးလုံးအနှံ့ကိုတပ်ထားကြပီး အာရုံခံစေပါတယ် အဲ့လိုဆင်ဆာတွေက အသီးသ်ီး
    အာရုံခံကွန်ပျူတာဘောက်ကိုသတင်းပို့၍ကွန်ပျူတာဘောက်ကနေ မောင်းနှင်တဲ့စနစ်တစ်ခုဖြစ်လာခဲ့ပါပီ
    ဒာဆို O2 sensor ဒီမှာခေါ်ကြတော့ အောက်ဆီဂျင်ဆင်ဆာပေါ့ ဓာတ်စီးကားများတွင်သာ အသုံးပြူသော ဆင်ဆာတစ်ခုပါ ဆင်ဆာတွေအများကြီးရှိတဲ့အထဲမှာ O2 sensor က တော်တော်အရေးပါတဲ့နေရာမှာရှိပါတယ်ဓာတ်စီကားတစ်စီးမှာ O2 sensor နှစ်လုံးကနေ လေးလုံးအထိပါနိုင်ပါတယ် ကားရဲ့ အိတ်ဇောစနစ် ပေါ်မူတည်ပီးတော့ပေါ့ dual exhaust အိတ်ဇောနှစ်ပြောင်း ခွဲထွက်တဲ့ကားတွေမှာ လေးလုံးပါရှိလေ့ရှိပါတယ်
    O2 sensor အောက်ဆီဂျင်ဆင်ဆာ ကို ဘာအတွက်သုံးတာလည်းဆိုတော့ ဒီလိုပါ
    ဒီ O2 sensor ကို exhaust manifold ခေါ် အိတ်ဇော အထွက် မက်နီဖိုး အနီးတစ်ဝိုက်မှာ တပ်ဆင်ထားပါတယ် အင်ဂျင်တစ်လုံးရဲ့ အလုပ်လုပ်ဆောင်ခြင်း အပြီး နောက်ဆုံးမှာ အိတ်ဇောထဲကို အိတ်ဇောအငွေ့များ ဖြတ်သန်းပီး လေထုထဲကို စွန့်ထုတ်ပါတယ် O2 sensor ဟာအိတ်ဇောထဲကို ဖြတ်လာတဲ့ အိတ်ဇောအငွေ့ထဲမှာ မလောင်ကျွမ်းပဲ ပိုလျှံနေတဲ့ အောက်ဆီဂျင်ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို အာရုံခံပေးနိုင်စွမ်းရှိပါတယ် အိတ်ဇောထဲက အောက်ဆီဂျင်ပမာဏကို တိုင်းတာအာရုံခံတယ်ဆိုတဲ့သဘောက အင်ဂျင်အတွက်လိုအပ်တဲ့ ဆီနဲ့လေအချိုးကို မှန်မမှန် စစ်ဆေးပေးတာလို့ပြောရင်လည်း မမှားပါဘူး O2 sensor က ဆီနဲ့လေ အချိုးအရောအနှောကို တိုင်းတာပီး အောက်ဆီဂျင်နည်းရင်နည်းတယ် များရင်များတယ်ဆိုပီး အတိအကျ ကွန်ပျူတာဘောက် ECU ကို သတင်းလှမ်းပို့ပေးရပါတယ် ဒါက O2 sensor ရဲ့ အလုပ်တစ်ခုပါပဲ
    O2 sensor လေးက ဘယ်လိုအလုပ်လုပ်သလဲ
    O2 sensor လေးက ကားစက်နိူးနိူးချင်း အလုပ်မလုပ်နိုင်သေးပါဘူး ခဏကြာအိတ်ဇောငွေ့တွေကနေ အပူချိန်(600degree ) ရလာမှ တိုင်းတာထားတဲ့အောက်ဆီဂျင်ပမာဏကို Voltage(ဗို့)အဖြစ် ကွန်ပျူတာဘောက်ကို ပို့တာပါ။
    ဓာတ်စီကားတစ်စီးမှာ လေနဲ့ဆီ အချိုး 14.7 နဲ့ 1 ချိုး ကို မီးပေး ပေါက်ကွဲစေပါတယ် ထို ဆီနဲ့လေအချိုး မှန်မှန်ကန်ကန် ဝင်ရောက်ပေါက်ကွဲ အလုပ်လုပ်နေတဲ့ ကားတစ်စီးမှာ အောက်ဆီဂျင်ဆင်ဆာရဲ့ Voltage ဗို့ ဟာ 0.45 Volts ထွက်ပါတယ် Scan tool များနှင့် data analyse ကြည့်နိုင်ပါတယ် အကယ်၍ အင်ဂျင်ထဲဝင်လာတဲ့ ဆီနဲ့လေ အချိုးများနေပြီဆိုရင် O2 sensor လေးက 0.9 volts ဝန်းကျင်လောက် ကွန်ပျူတာဘောက်ကို ပို့ပေးပါတယ် ထိုအချိန်မှာ ကွန်ပျူတာဘောက်က များနေတဲ့ ဆီနဲ့လေအချိုးကို လျှော့ချ ပီး မှန်ကန်အောင်ပြန်လည်ညှိပေးပါတယ် ထိုနည်းလည်းကောင်း ဆီနဲ့လေအချိုးနည်းနေသောအခါ O2 sensor လေးက 0.1 volts ဝန်းကျင်လောက် ကွန်ပျူတာဘောက်ကို လှမ်းပို့ ကွန်ပျူတာဘောက်က ဆီလေအချိုးကို ပြန်တိုးပေးခြင်းဖြင့် အင်ဂျင်တစ်လုံးရဲ့ စွမ်းဆောင်ရည် အကောင်းဆုံးရအောင် ကွန်ပျူတာဘောက်ကပဲ ဒီဆင်ဆာလေးတွေကို အခြေခံပီး ထိန်းချူပ်ပေးရပါတယ်
    O2 sensor မကောင်းရင်ဘယ်လိုသိနိုင်မလဲ
    O2 sensor အလုပ်မလုပ်တေါ့ဘူးဆိုရင် ပြသာနာကြီးနိုင်ပါတယ် O2 sensor အလုပ်မလုပ်တော့ဘူးဆိုရင် ပထမဦးဆုံးအနေနဲ့ Check light အင်ဂျင်ချက်မီး လင်းလာမှာ ဖစ်ပါတယ်. ဒုတိယအနေနဲ့ဆိုရင် ဆီသိသိသာသာကို စားလာမှာ ဖြစ်ပါတယ် တတိယကတော့ အင်ဂျင်သံမူမမှန်ပဲတုန်ခါ ကြမ်းတမ်းလာမှာ ဖြစ်ပါတယ် ဆီစားလာတာ အင်ဂျင်သံကြမ်းတာတုန်ခါလာတာတွေ ဖြစ်လာရခြင်းအကြောင်းကလည်း O2 sensor က အလုပ်မလုပ်တော့ အင်ဂျင်ထဲဝင်ရောက်လာတဲ့ ဆီနဲ့လေအချိုး ဘယ်လောက်လဲဆိုတာကို ကွန်ပျူတာဘောက်ကို မပို့ပေးနိုင်တဲ့အတွက် ကွန်ပျူတာဘောက်က မထိန်းညှိပေးနိုင်တော့လို့ဖြစ်ပါတယ် O2 sensor ဟာ ဓာတ်စီကားတစ်စီးမှာ အင်မတန်မှ အရေးကြီးပါတယ် O2 sensor ရဲ့ သက်တမ်းဟာ ကီလို တစ်သိန်းနီးပါးရှိပါတယ် sensor အလုပ်မလုပ်တော့်လျှင် မိမိကား ထိခိုက်မှု မရှိရင် အမြန်ဆုံး အသစ်လှဲလှယ်တပ်ဆင်ပေးဖို့လိုပါတယ်လှဲလှယ်တပ်ဆင်ပေးတဲ့နေရာမှာလည်းကျွမ်းကျင်ဆရာများနှင့်လှဲလယ်သင့်ပါတယ်ဗျ မှားယွင်းသောဆင်ဆာအား တပ်ဆင်လိုက်မည်ဆိုလျှင် သင့်ကားမှာ အနှေးနဲ့အမြန် ကားပေါ်မူတည်၍ Error ပြန်ပေါ်တက်ပါတယ် ချက်မီးပြန်လင်းတတ်ပါသည် O2 sensor သည် ဝါယာ ၄ကြိုး နှင့်လာတတ်သလို ၅ ကြိုး နင့်လည်းလာလေ့ရှိပါသည်။
    ===================
    BFBM🇲🇲

КОМЕНТАРІ •