နေ့စဉ်ခွန်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်

Поділитися
Вставка
  • Опубліковано 3 гру 2024
  • အသက်ထင်ရှားပေါ်လာ‌သောအခါ
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ဩဝါဒစာပထမစာစောင် ၁:၁-၁၀
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    အသက်ထင်ရှားပေါ်လာ‌သောအခါ ရှင်ယောဟန်ရေးသားသောစာများတွင် “အသက်”ဟူသည့်စကားလုံးသည် ရုပ်ခန္ဓာအသက်ကို ရည်ညွှန်းခြင်းထက်မက သာလွန်သည်။ ၎င်းသည် ဘုရားသခင်နှင့် ဝမ်းမြောက်စွာ မိတ်သဟာယဖွဲ့ခြင်း၏ ထင်ရှားကြွယ်ဝသော အရည်အသွေးနှင့် ပြည့်စုံခြင်းကို ဖော်ပြထားသည့် “ခမည်းတော်နှင့်အတူရှိဖူး၍ ငါတို့အားထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်” ဖြစ်ပါသည် (ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁:၂)။ အလင်းသည် အမှောင်ကို ပြောင်းလဲလိုက်သကဲ့သို့ (ရှင်ယောဟန်ခရစ်ဝင် ၁:၄-၅) ဘုရားသခင်နှင့် သက်ဆိုင်သောအသက်တာသည် လူ့အသက်ကို သာမန်ဖြစ်တည်ရှိနေခြင်းမှ သာလွန်သောတစ်စုံတစ်ရာသို့ ပြောင်းလဲပေးသည်။ “ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ရ သည် ဖြစ်၍” (ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁:၃)၊ သခင်ယေရှုနှင့် ကျွန်ုပ်တို့၏ နှောင်ဖွဲ့မှုအားဖြင့် သခင်ယေရှုကို ယုံကြည်သူတို့သည် ကြွယ်ဝသောအသက်တာသို့ ဝင်ရောက်ခွင့်ရပြီဖြစ်သည်။ ထို့ပြင် ယုံကြည်သူတို့၏ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းက ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ခြင်းသို့ ဆွဲခေါ်ပေသည် (:၇)။
    စာရေးသူ - မိုနီကာလာရို့စ်

КОМЕНТАРІ •