#Zoom

Поділитися
Вставка
  • Опубліковано 9 вер 2024
  • #Zoom Appအား Android Phone ဖြင့် အသုံးပြုပုံ အသုံးပြုနည်းအကြောင်း။
    ၁။ Zoom Appကို Play Storeမှာ ဒေါင်းလုပ်ရယူပါ။
    ၂။ Zoom Appအား ဖွင့်ပါ။
    ၃။ ၎င်းနောက် မြင်တွေရသည့် မျက်နှာပြင်ပေါ်ရှိ (Join a Meeting) အား နှိပ်ပါ။
    ၄။ ၎င်းနောက် မြင်တွေရသည့် မျက်နှာပြင်ပေါ်ရှိ Meeting ID Box နေရာ၌ ကျွန်ုပ်၏ Meeting ID ဂဏန်း များဖြစ်သော 361 166 3825 တို့ကို ရိုက်ထည့်ပါ။
    ၎င်းနောက် မိမိအသုံးပြုသည့် ဖုန်းအမျိုးအစားအမည် နာမ ပေါ်နေသည့် အကွက်အတွင်းသို့ မိမိ၏အမည်အား အစားထိုးထည့်သွင်းပါ။ ၎င်းနောက် Joinအားနှိပ်ပါ။
    ၅။ ၎င်းနောက် မြင်တွေ့ရသည့် မျက်နှာပြင်ပေါ်ရှိ Meeting Passcode Boxအတွင်းသို့ ကျွန်ုပ်၏ Meeting Passcodeများဖြစ်သော Kkg@Kmt01 တို့ကို ဖြည့်သွင်းကာ OKအားနှိပ်ပါ။
    ၆။ ၎င်းနောက် မြင်တွေ့ရသည့် မျက်နှာပြင်ပေါ်ရှိ Got itအား နှိပ်ပါ။ ၎င်းနောက် Allowအားနှိပ်ပါ။ ၎င်းနောက် Join With Videoအား နှိပ်ပါ။ ခေတ္တစောင့်နေပါ။ Meeting Roomမှ သင့်အား လက်ခံလိုက်သည်နှင့် Meeting Roomအတွင်းသို့ သင်ရောက်ရှိသွားလိမ့်မည်။
    ၇။ Meeting Roomအတွင်းရောက်ရှိလျှင်ပင် သင့်ဖုန်း၏ အောက်ခြေဘယ်ဘက်ထောင့်တွင်ပေါ်နေသော Call Over Internet ဆိုသည့် စာသားအား နှိပ်လိုက်ပါ။ ၎င်းနောက် ပေါ်လာသည့် စာသားအနက်မှ Allowအား နှိပ်ပေးပါ။ ထိုသို့ပြုလုပ်လိုက်လျှင် ဖုန်း၏ အပေါ်ဘက် ဘယ်ဘက်ထောင့်တွင် စပီကာပုံစံလေး 🔊 ပေါ်လာပါမည်။ ထိုစပီကာ ပုံလေးသည် အသံလှိုင်းပုံသဏ္ဍာန်ဖြစ်နေမှသာ ပို့ချချက်အသံအားကြားရမည်ဖြစ်သည်။ အကယ်၍ ထိုစပီကာပုံလေး တွင် (x) အမှားခြစ်ပုံသဏ္ဍာန်ပြနေပါက အသံကြားရမည် မဟုတ်ပါ။ ထိုသို့ဖြစ်နေလျှင် လက်ဖြင့် တစ်ချက် နှိပ်လိုက်ပါ။
    ၈။ မြင်နေရသည့် ဖုန်းမျက်နှာပြင်ပေါ်ရှိ အောက်ဘက်ခြမ်း ဘယ်ဘက်ထောင့်ရှိ Mic ပုံသဏ္ဍာန် လေးအား စကားပြောလိုမှသာ ဖွင့်ထားပါ။ Mic ပုံသဏ္ဍာန်ပေါ်တွင် အနီရောင်မျဉ်းလေး ကန့်လန့်ဖြတ်ထားပါက Mic ပိတ်ထားခြင်းဖြစ်ပြီး အဆိုပါ အနီရောင်မျဉ်းကလေး မရှိပါက Micဖွင့်ထားခြင်း ဖြစ်ပါသည်။ အဖွင့်/အပိတ်များကို ၎င်းပုံများအပေါ် လက်ဖြင့် နှိပ်ခြင်းဖြင့်သာ ဆောင်ရွက်သည်။
    ၉။ Videoသည်လည်း အမှတ်စဉ်၈ပါ Mic ကဲ့သို့ပင်‌ဖြစ်ပေသည်။
    အားလုံး ဒီလောက်ဆို အသုံးပြုတက်လောက်ပြီ ထင်ပါတယ်။ စမ်းသပ်လိုသူက ဆရာနဲ့ဆက်သွယ်ကာ စမ်းသပ် လေ့ကျင့်နိုင်ပါပြီ။ (- ဖုန်းကြိုဆက်ပါ၊ zoom meeting ဖွင့်ထားပါမည်၊ IDက 361 166 3825 ၊ Passcodeက Kkg@Kmt01ပါနော်၊ ဖုန်းက 09422947200ဗျို့)
    #ကိုကြွယ်ကြီး_ကောင်းမြတ်သူ_ဥပဒေ
    #ဖယောင်းတိုင်_JO_LO_စာစဉ်
    #JO_LO_Online_Course_B_1_2020
    #KoKyweGyi_KaungMyatThu_Law
    #Ko Kywe Gyi - Kaung Myat Thu - Law
    #Zoom #ဥပဒေ #မြန်မာ #Legal

КОМЕНТАРІ • 13

  • @mgchitlay3525
    @mgchitlay3525 Рік тому

    ကျေးဇူးပါ ဆရာ စိတ်ရှည်ရှည်ရှင်းပြပေးလို့

  • @ritamarip6361
    @ritamarip6361 Рік тому

    Thank you teacher🙂

  • @tdupdfinformationoffice2446
    @tdupdfinformationoffice2446 2 роки тому +1

    👍👍👍

  • @kyawzinhtutthaton7167
    @kyawzinhtutthaton7167 2 роки тому +1

    ဆရာLaptopဝယ်မယ်ဆိုရင်ဘာအမျိုးအစားကောင်းလဲဗျ photo နဲ့Video editingအတွက်ပါဗျ

  • @heinthu3120
    @heinthu3120 2 роки тому +1

    ဆရာရဲ့ Zoom passcod.ထည့်လို့မရလို့ပြန်ပြောလို့ရမလား

  • @user-cj2lm7xc4h
    @user-cj2lm7xc4h 9 місяців тому

    ကိုယ်ပြောတဲ့အသံမကြားရဖူးဖြစ်နေတယ်ဆရာ မိုက်ပေါ်က အနီရောင်လေးကို နှိပ်လဲမရပါဖူးဆရာ

  • @lamin3977
    @lamin3977 2 роки тому +1

    ဆရာZoomထဲမှာlDဘယ်လိုရှာရလဲ

  • @3wings471
    @3wings471 2 роки тому

    နားကျပ်ပုံလေးကိုနိတ်တာကိုAllow လဲနိတ်တယ်မရဘူး တစ်ချားနည်းမရှိဘူးလား

  • @healthknowledge-km9407
    @healthknowledge-km9407 3 роки тому

    တျခားလူတေယာက္ကစသံုးမယ္ဆို ကုဒ္ကဘယ္ကရမွာလဲဗ်

  • @khinhninkhinhnin6779
    @khinhninkhinhnin6779 2 роки тому

    Zoom ဖွင့်ပြ​ီ psw မေ့နေတာပြန်ယူနည်းလေးပြောပြပါလား

  • @chitnyimalat4660
    @chitnyimalat4660 3 роки тому

    သူကcodနံပါတ္မေပးဘူးလားဆရာ

  • @heinhtet2905
    @heinhtet2905 2 роки тому

    Zoom လင့်ကဘယ်လိုချရသလဲ

  • @yannaing4527
    @yannaing4527 3 роки тому

    fbနဲဘယ်လိုချိုတ်ရလဲအကို