အားလူးကတ်တလိတ် အာလူးအစာသွပ် လေးပါ

Поділитися
Вставка
  • Опубліковано 9 жов 2024
  • အာလူးကတ်တလိတ် လုပ်တဲ့အခါ ကျွန်တော်က အာလူးကို မပြုတ်တော့ဘဲ အာလူးကို အခွံနွှာ။ အတုံးသေးသေးလှီး။ ဇလုံတခုထဲမှာထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါတယ်။
    မပေါင်းခင်မှာ တခေါက်လောက်တော့ ရေဆေး။ ရေစစ်ပေးထားပါ။ ၁၅ မိနစ်လောက်ပေါင်းပြီးရင် အကျက်ညီအောင် အပေါ်အောက်လှန်ပေးပါ။ စုစုပေါင်း မိနစ် ၃၀ လောက်ပေါင်းလိုက်တယ်ဆိုရင် အာလူးတွေက နူးအိသွားပြီဖြစ်ပါတယ်။ ပေါင်းထားတာဖြစ်တဲ့အတွက် အာလူးထဲမှာ ရေငွေ့တွေဝင်တာကြောင့် ‌ပေါင်းပြီးသွားတဲ့အခါ ရေစစ်ထုတ်ပေးပါ။ ပြီးတာနဲ့ ဇလုံတခုထဲမှာ အာလူးတွေထည့်။ ဆား - အနည်းငယ်။ အကြော်မှုန့် အနည်းငယ် ထည့်ပါ (ဒါမှမဟုတ် ဆန်မှုန့်ထည့်ပါ)။ အကြော်မှုန့်နဲ့ အာလူးတွေ နှံ့အောင် နယ်ပြီးတာနဲ့ ထောင်းလို့ရပြီဖြစ်ပါတယ်။ ငရုတ်ကျည်ပွေ့ ဒါမှမဟုတ် ဂျုံလှိမ့်တဲ့ တုတ်ချောင်းနဲ့ ထောင်းပေးလို့ရပါတယ်။ (ကြိတ်စက်နဲ့ မကြိတ်ပါနဲ့ခင်ဗျာ။ အခန့်မသင့်ရင် ကြိတ်စက်ပျက်သွားနိုင်ပါတယ်)
    ညက်သွားပြီဆိုရင် အာလူးထဲထည့်မယ့် အစာစချက်ပါမယ်။
    ကြက်သွန်နီ ၃ လုံး လောက်ကို နုတ်နုတ်စဉ်းထားပါ။
    ချင်းနဲ့ ကြက်သွန်ဖြူ အနည်းငယ်ကို ထောင်းထားပါ။
    ငရုတ်သီးစိမ်း ၂ တောင့်ကိုလည်း ပါးပါးလေးလှီးထားပါ။
    နံနံပင် နဲ့ ပူစီနံ ကိုလည်း နုတ်နုတ်စဉ်းထားပါ။
    အသား ကို ကြက်ရင်ပုံသား သို့ အရိုးနွှင်ပြီးသား ကြက်ပေါင်သားကို နုတ်နုတ်စဉ်းထားပေးပါတယ်။
    (မိမိစိတ်ကြိုက်အသားကိုလည်း သုံးလည်း ရပါတယ်)
    ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်နီကို ပြီးကြော်ပေးပါ။ ကြည်ပြီး မွှေးလာပြီဆိုရင် ချင်းနဲ့ ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါ။ မွှေးလာပြီဆိုရင် ငရုတ်သီးစိမ်းထည့်မယ်။ နနွင်းမှုန့်။ ငရုတ်သီးမှုန့် ။ မဆလာ။ ဆား အနည်းငယ်စီထည့်ပါ။
    အားလုံးမွှေပေးပြီးရင် နုတ်နုတ်စဉ်းထားတဲ့အသားထည့်ပြီး ခဏလေးကြော်ပေးပါ။ ပြီးမှ အသားနူးဖို့အတွက်ရေထည့်ပေးပါ။ အသားတွေနူးပြီး ဆီပြန်လာပြီဆိုမှ ပူစီနံနဲ့ နံနံပင်ထည့်ပေးပါ။ သတိထားရမှာက ဆီသတ်တဲ့အခါ ဆီအများကြီးမထည့်ပါနဲ့ခင်ဗျာ...ဆီများရင် အစာသွပ်တဲ့အခါ အစာတွေ ပေါက်သွားသွားနိုင်ပါတယ်။
    အအေးခံပြီးသွားရင် အာလူးအစာသွပ်လို့ရပါပြီ.
    အာလူးကို ပင်ပေါင်ဘော်လုံးအရွယ်လေးလုံးပေးပါ။ ပြီးရင် အလယ်က အပေါက်ဖြစ်အောင် လက်မနဲ့ ဖိပြီး ခွက်ပုံစံရအောင် လုပ်ပေးပါ။ ပြီးမှ အစာတွေထည့်ပါမယ်။ ပြီးမှ လှည့်ပြီးပိတ်ပေးပါ။ ခပ်ဖွဖွလေးပြားပေးပါ။ အာလူးလုံးတွေကို အကြော်မှုန့်နဲ့ ကပ်ပေးပါ။ (ဒါမှမဟုတ် ဂျုံမှုန့်နဲ့ကပ်ပေးပါ)။ ချက်ချင်းမကြော်သေးဘဲ ခဏလေး ထားထားပေးပါ။ ပြီးမှ မီးအလယ်အလတ်နဲ့ ဆီမြှုပ်ကြော်ပေးပါ. အာလူးအစာသွပ်မှာ အစာတွေက အရသာပြင်းမှသာ ပိုစားကောင်းမှာဖြစ်တာကြောင့်အစာတွေကို အရသာ ပိုထည့်လို့ရပါတယ်။
    ဒါဆိုရင် အရသာရှိတဲ့ အာလူးကတ်တလိတ်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ််ခင်ဗျာ...
    သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ

КОМЕНТАРІ • 36

  • @jasminevanya5522
    @jasminevanya5522 Рік тому +1

    Very good method. Thanks for sharing.

  • @khinthidarsoe9772
    @khinthidarsoe9772 6 місяців тому

    ❤❤❤❤❤ေက်းဇူးပါ။

    • @Cookfork1
      @Cookfork1  6 місяців тому

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @thartharlay3479
    @thartharlay3479 Рік тому

    ကျေးဇူးပါ
    လုပ်စားကြည့်မယ်

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @moureenofficial3727
    @moureenofficial3727 Рік тому

    Thanks 😊

  • @670-ezh
    @670-ezh Рік тому

    Thankyou😊

  • @dawpaukpauk4304
    @dawpaukpauk4304 Рік тому

    ကျေးဇူးပါ 😻😊👍
    အားပေးနေပါတယ်
    ဒီတိုင်းစားလဲကြိုက် ထမင်းနဲ့စားလဲကြိုက်
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Рік тому

      ပေးတဲ့‌ဆုနဲ့ပြည့်ပါ‌စေခင်ဗျာ🙏🙏🙏ကျန်းမာပျော်ရွှင်ပါစေ🙏

  • @maeimyo9173
    @maeimyo9173 Рік тому

    စားချင်စဖွယ်လေးပါ.လုပ်စားကြည့်မယ်

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @antywai2953
    @antywai2953 Рік тому +1

    အာလူးကတ်သလိပ်ကို ကြိုက်တယ်

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်ကဲ့ 😊

  • @khamtip7017
    @khamtip7017 Рік тому

    Thank you
    😻😻😋

  • @hlamoe5821
    @hlamoe5821 Рік тому

    ငါ့ ညီ ပျောက်နေတယ်နော်
    ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Рік тому +1

      ဒီရက်ပိုင်းတွေ တင်တာ နည်းသွားတာခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @GEmaina6780
    @GEmaina6780 Рік тому

    လက်အိတ် သုံးတာလားဗျ အသားနဲ့ အရမ်းကပ်တဲ့ လက်အိတ်ပဲ တံဆိတ်ပြောပြပေးပါလားဗျ

    • @Cookfork1
      @Cookfork1  Рік тому

      လက်အိတ်က စီးတီးမတိမှာ တွေ့တာ၀ယ်လာလို့ မမှတ်မိဘူးခင်ဗျ

  • @maeimyo9173
    @maeimyo9173 Рік тому

    စားချက်စဖွယ်လေးပါ လုပ်စားကြည့်မယ်

    • @Cookfork1
      @Cookfork1  Рік тому

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @phyoephyoe7844
    @phyoephyoe7844 Рік тому

    💕💕💕🙆

  • @dawwinmyintaye4854
    @dawwinmyintaye4854 Рік тому

    😋😋😋😋😋 လုပ် စား ကြည့် မယ်နော်

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @chinma8257
    @chinma8257 Рік тому

    စားတောင်စားချင်လာပီ😊

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်ကဲ့ 😊

  • @kayphyo1044
    @kayphyo1044 8 місяців тому

    😮လုပ်ပုံမတူဘူး K1+2လိုပဲ ကိုယ်တိုင် လုပ်မယ်ဝေ့😮အားတဲ့နေ့😅မဂ်လာပါ K1+2ရေ.တကယ်ပါမင်းကိုလေးစားတယ်😊

    • @Cookfork1
      @Cookfork1  8 місяців тому

      ကျေးဇူးအထူးပါဗျ 🙏🩵🤗

  • @GEmaina6780
    @GEmaina6780 Рік тому

    တျခားအသားနဲ႔ေရာ ရလား

    • @Cookfork1
      @Cookfork1  Рік тому

      ရပါတယ်ခင်ဗျ

  • @thartharlay3479
    @thartharlay3479 Рік тому

    ပေါင်မုန့်လုပ်နည်းတင်ပေးပါ

    • @Cookfork1
      @Cookfork1  Рік тому

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ