ပိတောက်တွေငိုနေတယ်မိုနာ(၇/၄/၂၃) မန်းနွေညမှ ယနေ့တိုင် (ချစ်မဝပါသောမိုနာမှ)

Поділитися
Вставка
  • Опубліковано 13 січ 2025
  • ပိတောက်တွေ ငိုနေတယ်မိုနာ
    ငုဝါ၊သပြေဗူတ၊ပိတောက် ရွှေအဆင်းရှိတဲ့
    ပွင့်ဖတ်တွေကြားမှာ ပိတောက်က
    နှစ်တိုင်းခေါင်းမော့ခဲ့ရပေမဲ့
    ဒီနှစ်တော့ ငိုနေရတယ်မိုနာ
    အလင်္ကာကျော်စွာမြို့မငြိမ်းလာချော့လည်းမရ
    မြို့မငွေငန်းကြီး လာပြောလည်းမရ စိုက်ကျနေရတယ်မိုနာ
    ကျုံးရေချိုချို နေညိုညိုတွေကြားမှာ မျက်ရည်စိုစိုနဲ့ပေါ့
    တူးပို့ တူးပို့ အသံတွေကြားမှာလည်း မြူးဖို့က မဖြစ်နိုင်တော့ဘူးမိုနာ
    ပိတောက်တွေငိုနေတယ်မိုနာ
    သင်္ကြန်မယ်တွေ ယိမ်းသမတွေ
    ယိမ်းကနေကြပေမဲ့ ကို့ရဲ့ဝမ်းနည်းခြင်း‌တွေဟာ ထိန်းမရခဲ့ပေါ့မိုနာ
    ဖန်သားပြင်ပေါ်က ခံစားချင်စရာ
    ရုပ်ရှင်တွေလည်း အဟုတ်မမြင်တော့တာအမှန်ဘဲမိုနာ
    ဒီနှစ်မှာဆီးလို့အကြိုမခံရပေမဲ့
    နောင်နှစ်မှာဆီးလို့အကြိုခံရရင်တော့ လာချင်ပါသေးရဲ့မိုနာ ဒါပေမဲ့ ဒီနှစ်မှာ “ပြန်ပါဦးမယ် ပြန်ဦးမယ်”ဆိုပြီးတော့ နှုတ်ခွန်းမဆတ်စေချင်ဘူးမိုနာ
    ပိတောက်တွေငိုနေတယ်မိုနာ
    သင်္ကြန်စာထဲမှာသိကြားမင်းကြီးဘယ်လိုဆင်းဆင်း
    နွေအပူဘယ်လိုဘဲပြင်းပြင်း
    ကိုတို့ရှေ့ဆက်ဖို့မင်း ဘယ်လောက်ဘဲငြင်းငြင်း
    ကိုကတော့မင်းနဲ့အဆင်ပြေဖို့ကလွဲရင် အကုန်လုံးက ငြင်းဆန်စရာတွေကြည့်ဘဲမိုနာ
    မင်းဆီက သတင်းအပြန်လွှာမကောင်းပေမဲ့
    ဖြစ်နိုင်ပါဦးမယ်ဆိုတဲ့စိတ်နဲ့ ပြင်းထန်စရာ စကားတွေကို တင်းခံလာခဲ့ရပြီမိုနာ
    တန်ခူးမှာ ပိတောက်ဟာ ဘယ်လောက်အရေးပါတယ်ဆိုပေမဲ့ ရေပက်တာ သပြေခတ်နဲ့ပါမိုနာ
    ကိုမှာတော့ အရေးပါတာလည်းမိုနာ တွေးစရာလည်း
    မိုနာ မဝေးချင်တာလည်းမိုနာ အကုန်လုံးကမိုနာပေါ့
    သဝန်တိုမှုတွေနယ်ချဲ့လာတဲ့အခါ သိမ်ငယ်မှုတွေက
    အရင်းရှင်တွေဖြစ်နေပြီမိုနာ
    ၇/၄/၂၃ (မန်းနွေညမှ ယနေ့တိုင်)

КОМЕНТАРІ •