ဘုံကျွန် လင်းယုန်သစ်လွင်

Поділитися
Вставка
  • Опубліковано 8 лют 2025
  • ဘုံကျွန်
    စာရေးသူ - လင်းယုန်သစ်လွင်
    စာဖတ်သူ - နန်းသိင်္ဂီ
    ကြာချိန် - ၄ နာရီ ၂၁ မိနစ်
    ဝတ္ထုနှင့် လိုအပ်ချက်
    [ စတုတ္ထအကြိမ် ရိုက်နှိပ်ခြင်းအမှာ ]
    မကြာသေးမီ နေ့တစ်နေ့က ဖြစ်ပါသည်။
    ရေနွေးကြမ်း သောက်ရန် အကြော်ခေါ်ဝယ်ရာမှ အကြော်သည်နှင့် စကားစပ်မိကြသည်။ သူသည် အသက် သုံးဆယ်ကျော်ရွယ် ယောက်ျား တစ်ယောက် ဖြစ်သည်။ ခေါင်းပေါ်တွင် လုံကွင်း တစ်ထည်ကို ပေါင်း ထားပြီး အကြော်မျိုးစုံပါသော တောင်းကို ရွက်ထားသည်။ စူးစူးရှရှ အသံနှင့် ခြေလှမ်းသွက်သွက် လှမ်းသည်။ ရပ်ကွက် တစ်ခုလုံး တစ်လမ်း ဝင် တစ်လမ်းထွက် ရောင်းချသူ ဖြစ်သည်။ တစ်နေ့မူ တစ်နေ့တာ မဟုတ်၊ နေ့စဉ် နေ့တိုင်း အချိန်မှန် ဖြစ်သည်။ သူ့ခြေလှမ်းများကို ရေတွက် မှတ်သားရန် မစွမ်းနိုင်ပါ။
    “ဘယ်က လာရောင်းတာလဲ၊ ကျွန်တော်တို့ ရပ်ကွက်ထဲကတော့ မဟုတ်ပါဘူး'
    ကျွန်တော်က စကား စ သည်။
    ‘ငမိုးရိပ်ကပါ”
    ‘ရောင်းကောင်းရဲ့လား၊ တစ်နေ့ ဘယ်လောက် မြတ်လဲ”
    “မဆိုးပါဘူး၊ လေးငါးကျပ်တော့ ကျန်ပါတယ်။ ကျွန်တော့် မိန်းမက ငမိုးရိပ်မှာ ရောင်းတယ်၊ သူက သုံးလေးကျပ်တော့ ရပါတယ်။ နှစ်ယောက် ပေါင်းလိုက်ရင် ရှစ်ကျပ် တစ်ဆယ် ဆိုပါတော့'
    “အဟန်သားပဲ”
    “ဟန်တယ် မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျွန်တော်တို့မှာ ကလေး ငါးယောက် ရှိတယ်။ ခုခေတ် ကုန်ဈေးနှုန်းနဲ့ဆိုတော့ စားရရုံ ရှိပါတယ်။ အကြော်မရောင်းရတဲ့နေ့ဆိုရင် ကျွန်တော့် မိန်းမက အရပ် ထဲ လည်ပြီး အဝတ်လျှော်ရတယ်။ ဆရာကြီး ရေးတဲ့ ဘုံကျွန် လိုပေါ့”
    [ယခု စာအုပ်များကို .mp3 နဲ့ လိုချင်ရင် တစ်လ ကျပ် ၁၀၀၀ (အနဲဆုံး ၃လ ကျပ် ၃၀၀၀) နဲ့ အဖွဲ့ဝင်ပြီးရယူနိုင်ပါတယ်။]
    အဖွဲ့ဝင်လိုပါက အခု link မှတဆင့် (သို့မဟုတ် ) facebook messenger မှတဆင့် စာပို့ထားပေးပါ။
    ✅ link
    m.me/listenersh...
    (သို့) viberlink
    invite.viber.c...

КОМЕНТАРІ • 1