Language School Program - Day Trip
Вставка
- Опубліковано 16 гру 2024
- 🌟Teacher Su Language School Program မှ
ကျောင်းသားကျောင်းသူများ၏ သူငယ်ချင်းများ၊ဆရာ/ဆရာမများနဲ့ အတူ အမှတ်တရလေးများဖန်တီးခဲ့သော 𝐃𝐚𝐲 𝐓𝐫𝐢𝐩 🍃🎊 (Yangon)
ကျွန်မတို့ရဲ့ ချစ်ခင်ရတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့အတူ မမေ့နိုင်သော အမှတ်တရလေးများဖန်တီးနိုင်ရန် Extracurricular activity အနေဖြင့် “𝐃𝐚𝐲 𝐓𝐫𝐢𝐩” လေးတစ်ခုကို 11.1.2024 က ဖန်တီးခဲ့ပါတယ်ရှင့်။ ရန်ကုန်နှင့် အနီးတစ်ဝိုက်မှ Online ကျောင်းသားကျောင်းသူများလည်း ပါဝင်ကြသည်မှာ ကြည်နူးပီတိဖြစ်ရပါတယ်ရှင့်။
ကျောင်းသားကျောင်းသူ အယောက် ၂၅၀ ကျော်နှင့်အတူ CEO & Founder - Teacher Su နှင့်တကွ ဆရာ/ဆရာမများ၊ ဝန််ထမ်းများ အားလုံး ပျော်ပျော်ပါးပါးသွားခဲ့ကြတဲ့ အမှတ်တရလေးပါရှင့်🥰
🍃 Nature Land Camping & Glamping Site သို့သွားရောက်ခဲ့ကာ
-တစ်ဦးတည်းထက် အဖွဲ့လိုက် စည်းစည်းလုံးလုံးလုပ်ဆောင်တတ်သော စိတ်ဓာတ်လေးများမွေးမြူပေးသည့်အနေဖြင့် အုပ်စုလိုက် 🧗🏼♀️Trekking ပြုလုပ်ခြင်း
-ပဲခူးရိုးမ၏ သဘာဝအလှတရားများကို ခံစားအနားယူခြင်း
-ကန်ရေပြင်တွင် လှေများကိုလှော်ခတ်ကာစီးခြင်းနှင့် ဝါးဖောင်များကိုအဖွဲ့လိုက်ပျော်ပျော်ပါးပါးစီးခြင်း
-ရွှံ့ဖြင့် ချစ်စရာ အရုပ်ကလေးများကို မိမိစိတ်တိုင်းကျ ပုံဖော်တီထွင်ဖန်တီးခြင်းတို့ကို ပြုလုပ်ခဲ့သည် မှာ မေ့မရတဲ့ ကျောင်းသားဘဝအမှတ်တရလေးများပဲဖြစ်မှာပါရှင့်။
“𝐃𝐚𝐲 𝐓𝐫𝐢𝐩” ခရီးစဉ်တစ်လျှောက်-
🧗🏼♀️Trekking ပြုလုပ်ပြီးနောက် နေ့လည်စာ Buffet ကို ပျော်ပျော်ပါးပါးစားသောက်ခဲ့ခြင်း
🎼🎧 ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုကြခြင်း
🪅ပျော်ရွှင်စရာ ဂိမ်းများ အဖွဲ့လိုက် ဆော့ကစားခြင်း တို့ကို သူငယ်ချင်းများ၊ ဆရာ/ဆရာမများနှင့်အတူ ချစ်ချစ်ကြည်ကြည် ပြုလုပ်ခဲ့သည်မှာ မေ့မရတဲ့ အမှတ်တရများဖြစ်မှာ အသေအချာပါပဲရှင့်။
ဒါဆိုရင် 🛤🏞𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐮 𝐃𝐚𝐲 𝐓𝐫𝐢𝐩 တွင် ကျောင်းသားကျောင်းသူများ၏ ပျော်ရွှင်စရာ အမှတ်တရ ပုံရိပ်လေးများကို ကြည့်ရှုကြရအောင်ရှင့်….
Teacher Su International School