ချင်းရိုးရာဆာဗူးသီး

Поділитися
Вставка
  • Опубліковано 6 жов 2024
  • ချင်းရိုးရာဆာဗူးသီး ချက်နည်း
    ----
    -ချင်းတောင်ယာပြောင်းကို ရေသေချာဆေးပြီး တစ်ညရေစိမ်ထားပါ။
    -မိမိကြိုက်နှစ်သက်ရာ အသားရိုးကို 2 နာရီကြာမီးအေးအေးနဲ့ ဆား၊ အရသာမှုန့် ထည့်ပြုတ်ပါ။ အမြှုပ်တွေ တက်လာရင် ဖယ်ခပ်ထုပ်ထားပါ။
    (ချင်းရိုးရာအရတော့ နွားနောက်အရိုး (အမဲရိုး) ၊အမဲအူ ပြုတ်ရည်နဲ့ ပြောင်းဖူးကို ပြန်ချက်ပါသည်။
    -ရေစိမ်ထားသောပြောင်းဖူးကို Pressure cooker နဲ့ 20-30mins ရေမြှုပ်ရုံလေး ထည့်နူးအောင်ချက်ပါတယ်။ ရေစိမ်ထားတဲ့ပြောင်းဖူးကိုအသားပြုတ်ရည်ထဲ တိုက်ရိုက်ထည့်ပြုတ်လဲရပါတယ်။ ကျက်တာကြာလို့ပါ။
    -ကျက်သွားတဲ့ ပြောင်းဖူးဆန်ကို ဟင်းရည်အိုးထဲ ပြန်ထည့်ပြီး နူးအိတဲ့အထိတည်ပါတယ်။ အရသာမှုန့်၊ ဆား လိုသလို ထည့်ပါ။ ပြောင်းဖူး နူးအိ ကျက်ပြီဆိုရပါပြီ။
    အချဉ်ဖျော်နည်း
    -ချင်းငရုပ်သီးကိုရေဆေး၊ ဆီနဲနဲ ဖြန်းပြီး Air Fryer ထဲ 4-5mins ထည့်ပါတယ် (or) ဒယ်အိုးထဲ ဆီနဲနဲနဲ့လှော်လဲရပါတယ်။
    -ကြွပ်လာတဲ့ငရုပ်သီးကို Blender နဲ့ ကြိတ် (or) ဆုံထဲထည့်ထောင်းပါ။
    ငရုပ်သီးမှုန့်၊
    ကြက်သွန်နီဥအသေးကို ပါးပါးလှီးထားပါ
    ရှမ်းနံနံပါးပါးလှီး (or) video မှာ ရှမ်းနံနံမရလို့ တရုတ်နံနံကို အစားထိုးသုံးပြထားပါသည်။
    ဂျင်း၊ကြက်သွန်ဖြူထောင်း
    သံပုရာသီး
    အရသာမှုန့် အနဲငယ်
    ဆားအနဲငယ်
    ဆီ or ရေ အနဲငယ် ထည့်ပြီး ချဉ်ငံစပ် အချဉ်ပြုလုပ်ထားပါ။
    🌸ပြောင်းဖူးပြုတ်ရည်ထဲကို -မိမိကြိုက်နှစ်သက်ရာ အသားပြုတ်၊ အသားကြော်၊ အမဲအူတွေကိုထည့် အချဉ်ထည့်၍ ရှုးရှဲ ချဉ်ငံစပ် အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။ အေးမြတဲ့ ဆောင်းရာသီအတွက် အသင့်တော်ဆုံး ကျန်းမာရေးနဲ့ ညီတဲ့ soup တစ်ခွက်ပါ။
    အားလုံးလဲ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်ရှင်
    ကြိက်နှစ်သက်ရင် Zu ရဲ့ Channel လေးကို Follow လေးလုပ်ထားကြပါနော်။
    ❤️❤️❤️
    #ချင်းရိုးရာဆာဗူးသီး
    #ချင်းအစားအစာ
    #ဆာဗူးသီး
    #ချဉ်ငံစပ်
    #တိုင်းရင်းသား
    #Zuzulayusa

КОМЕНТАРІ • 6

  • @thanguk2427
    @thanguk2427 11 місяців тому +2

    First comment subscribed. like

  • @SuNweHtay
    @SuNweHtay Місяць тому

    ​​ပြောင်းဖူးထုပ်ကမန်း​လေးမှာဘယ်မှာရနိုင်လဲ

  • @UHlaMoe-dq8js
    @UHlaMoe-dq8js 2 місяці тому

    ဘယ်မှာမဆိုရှာလို့ရပါတယ်ပြောင်းဖူးအဖြူလားအဝါလာခြောက်နေတဲ့အဆံလေးတွေခြွေထားတာပြောင်ဆံလို့ခေါ်တာပါ

  • @aungsanmyint9049
    @aungsanmyint9049 9 місяців тому +1

    ညီမအဲ့ပြောင်းဆန်ဆိုတာက ဘလိုမျိုးလဲ စလုံးမှာရှာမရလို့ပါ

    • @zuzulay9001
      @zuzulay9001  9 місяців тому

      White or Gold Hominy ဆိုပြီးရှာကြည့်ပါလား .အဲ့လိုဆန်မျိုးသုံးလို့ရတယ် .နှစ်ခုစပ်သုံးထားတာမျိုး မြန်မာလိုဆိုရင်ပြောင်းဆန်ကြမ်းပေါ့နော်

  • @UHlaMoe-dq8js
    @UHlaMoe-dq8js 2 місяці тому

    ဆန်စပါးစိုက်မရတဒ့ဒေသကဆန်အစားပြောင်းဆန်ကိုချက်တဲ့အသားဆန်ပြုတ်တမျိုးပါ