ပေ နှစ်ထောင်ကျော် ဇွဲကပင်ကို အမြန်ဆုံးတက်၊ ဆင်းနိုင်တဲ့ ခလောက်နို့သားတွေ

Поділитися
Вставка
  • Опубліковано 10 січ 2020
  • ဇန်နဝါရီ - ၁၀၊ ၂၀၂၀
    မြင့်မားမတ်စောက်လှတဲ့ ဇွဲကပင်တောင်ပေါ်ထိပ်ကို တက်နေကြတဲ့ ခလောက်နို့သားတွေပါ။
    ပေပေါင်း ၂၀၀၀ ကျော်မြင့်တဲ့ ဇွဲကပင်ဟာ သာမာန်လူတွေအတွက် အတက်ကိုပဲ တစ်နာရီမကကြာပေမယ့် ခလောက်နို့သားတွေက အတက် အဆင်းကို တစ်နာရီလောက်ပဲ ကြာပါတယ်။
    အဲ့ဒီခလောက်နို့သားတွေဟာ မကြာသေးခင်က ကရင်ပြည်နယ်အစိုးရက ကျင်းပပြုလုပ်တဲ့ ဇွဲကပင်တောင်တက်ပြိုင်ပွဲမှာ ဆုရခဲ့သူတွေလည်း ဖြစ်ပါတယ်။
    အသက် ၄၀ အထက် တောင်တက်ပြိုင်ပွဲမှာ ခလောက်နို့သားတွေကပဲ ပြိုင်ဘက်ကင်းစွာနဲ့ အဆင့် ၁ ကနေ အဆင့် ၄ အထိဆက်တိုက်ချိတ်ခဲ့တာပါ။
    အဲဒီတောင်တက်ပြိုင်ပွဲမှာ ဆုတံဆိပ်ဆွတ်ခူးရရှိသွားတဲ့သူတွေဟာ ဇွဲကပင်တောင်ပေါ်မှာ ပစ္စည်းသယ်ပိုးရတဲ့ အထမ်းသမားတွေ အများစုဖြစ်ပြီးတော့ ခလောက်နို့ သစ်ချရွာမှာနေထိုင်ပါတယ်။
    ခလောက်နို့သားတွေဟာ ကရင်ပြည်နယ်မှာ စကားအကြွယ်ဆုံး အတတ်ဆုံးနဲ့ ဟာသအပြောနိုင်ဆုံးသူတွေအဖြစ် ထင်ရှားနေကြသူတွေလည်း ဖြစ်ပါတယ်။
    ဒါ့အပြင် အများနဲ့မတူ တမူထူးခြားအောင် လုပ်ဆောင်တတ်တဲ့နေရာမှာလည်း နာမည်ရှိပါတယ်။
    ခလောက်နို့ရွာကတော့ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ်။
    တောင်တက်ပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ ခလောက်နို့သားတွေဟာ ဇွဲကပင်တောင်ပေါ်မှာ အထမ်းထမ်းနေတဲ့သူတွေဖြစ်ပါတယ်။
    အဲ့ဒီတောင်တက်သမားတွေဟာ ဇွဲကပင်တောင်ပေါ်က လိုအပ်တဲ့ ပစ္စည်းတွေအတွက် အခကြေးငွေယူပြီး သယ်ပိုးထမ်းရတာရှိသလို တစ်ခါတစ်ရံ အခကြေးငွေမယူပဲ ကုသိုလ်ဖြစ်ထမ်းပိုးရတာတွေရှိတာပါ။
    အခကြေးငွေယူပြီး ထမ်းပိုးသယ်ဆောင်ရပေမယ့် ရတဲ့ငွေကြေးကတော့ထက်ဝက်သာရှိပြီး ကုသိုလ်ဖြစ်ထမ်းပိုးရတာများတယ်လို့ စောအောင်ကျော်မိုးတို့ကဆိုပါတယ်။
    သူတို့တွေဟာ ဇွဲကပင်တောင်ပေါ်ကို ပစ္စည်းတွေ အမြဲတမ်း ထမ်းပိုးသယ်ဆောင်နေရပြီး တစ်ခါတစ်ရံ တစ်နေ့ကို ၃ ခေါက်လောက်အထိ ထမ်းတက်နေရတယ်လို့ ဆိုပါတယ်။
    ပထမဆုရှင် စောအောင်ကျော်မိုးနဲ့ တတိယဆုရှင် စောကြည်ဝင်းတို့ဟာ ဇွဲကပင်တောင်ပေါ်က ပစ္စည်းတွေကို ထမ်းပို့ပေးတာဟာ နှစ်ပေါင်း ၃၀ နီးပါရှိပြီဖြစ်ပါတယ်။
    သူတို့အနေနဲ့ ဇွဲကပင်တောင်ကိုတက်ရင် အတက်အဆင်း မိနစ် ၅၀ ခန့်သာကြာမြင့်ပြီး ပစ္စည်းတစ်ခုခုပါရင်တော့ ၁ နာရီခွဲလောက်ထိ ကြာမြင့်တယ်လို့ စောအောင်ကျော်မိုးက ဆိုပါတယ်။
    သာမန်လူတွေဆို ဇွဲကပင်တောင်တက်ရင် ၁ နာရီခွဲ ဒါမှမဟုတ် ၂ နာရီအထိ တက်ရတာဖြစ်ပြီး သူတို့တစ်တွေကတော့ အတက်အဆင်းကို ၁ နာရီပဲ အချိန်ယူတာပါ။
    အသက် ၄၀ အထက် တောင်တက်ပြိုင်ပွဲရဲ့ ချန်ပီယံတစ်ဦးဖြစ်တဲ့ စောအောင်ကျော်မိုးကတော့ ပြိုင်ပွဲအစ တာအလွှတ်မှာ စပြေးရတာကြောင့် မောပန်းခဲ့ပေမယ့် နိုင်ချင်စိတ်နဲ့ တောင်ပေါ်ကို ကြိုးစားတက်ခဲ့ရတယ်လို့ ဆိုပါတယ်။
    တောင်တက်ပွဲ စတင်ပြီးတာလွှတ်စဉ်က မောပန်းခဲ့ပေမယ့် သက်လုံအားကောင်းတာကြောင့် ဇွဲကပင်တောင်ထိပ်ကို အစောဆုံးရောက်ရှိခဲ့တာလို့ စောအောင်ကျော်မိုးကပြောပါတယ်။
    ပြိုင်ပွဲမတိုင်ခင်ကပင် စောအောင်ကျော်မိုးတို့အုပ်စုဟာ ဆုရရှိဖို့အတွက် ယုံကြည်ပြီးသားပဲလို့ ဆိုပါတယ်။
    ပေပေါင်း ၂၀၀၀ ကျော်မြင့်မားတဲ့ ဇွဲကပင်တောင်ကို မမောမပန်း ၁ နာရီနဲ့ တက်နိုင်ကြတဲ့ ခလောက်နို့သားတွေဖြစ်ကြတဲ့ စောအောင်ကျော်မိုးနဲ့ စောကြည်ဝင်းတို့ဟာ အသက် ၄၀ ကျော်ပြီဖြစ်ပါတယ်။
    အသက်မွေးဝမ်းကျောင်းအနေနဲ့ လယ်လုပ်တောင်ယာတွေလုပ်တဲ့အပြင် တောင်ပေါ်ကိုပစ္စည်းထမ်းတက်တဲ့ အလုပ်တစ်ခုလည်း အပါအဝင်ပေါ့။
    ခလောက်နို့သားတစ်ဦးဖြစ်ပြီး ဇွဲကပင်တောင်ပေါ်မှာ အထမ်းထမ်းနေတဲ့ တတိယဆုရှင် စောကြည်ဝင်းကတော့ တောင်တက်ရတာနဲ့ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။
    စောအောင်ကျော်မိုးတို့ဟာ ဇွဲကပင်တောင်ပေါ်ကို အထမ်းထမ်းတင်ပေးတာသာမက ဇွဲကပင်တောင်ဘုရားရဲ့ ဝေယျာဝစ္စလုပ်ငန်းတွေမှာ အမြဲတစေ ပါဝင်ကုသိုလ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
    စကားအရာမှာလည်းကြွယ်သလို တောင်တက်ရာမှာလည်း မမောနိုင်မပန်းနိုင် တက်နိုင်ကြတဲ့ ခလောက်နို့သားတွေဟာ ဇွဲကပင်တောင်ရဲ့ ကုသိုလ်ရေးအတွက် အမြဲပါဝင်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
    ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: 7day.news
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv

КОМЕНТАРІ • 12

  • @user-ib9ee4vr1s
    @user-ib9ee4vr1s 4 роки тому +1

    သာဓု3ပါ ဘဘတို့ ရေ

  • @saganahillen4789
    @saganahillen4789 4 роки тому +1

    လေးစားပါတရ်ဦးလေးတို့ရရ်

  • @sawgay6164
    @sawgay6164 4 роки тому +2

    လေးစားတယ် ဖထီးတို့ကိုးးး

  • @user-ib9ee4vr1s
    @user-ib9ee4vr1s 4 роки тому

    ဒီဘဘေတြ ့ကိုသနားလိုက္တာ
    👍👍👍👏👏👏👏

  • @mr.myatlu1263
    @mr.myatlu1263 4 роки тому +1

    လေးစားပါတယ်

  • @anytimechannel1665
    @anytimechannel1665 4 роки тому +2

    ကျနော်တို့တက်တာ ၂ နာရီခွဲ မသေရုံတမယ်ပဲ မောလိုက်တာအရမ်းပဲ

  • @paugyi9112
    @paugyi9112 4 роки тому +1

    Good

  • @thoomyat2588
    @thoomyat2588 4 роки тому +1

    amazing

  • @johnkhaing6169
    @johnkhaing6169 24 дні тому

    ခလောက်နို့သားတွေကစကားပြောထူးချွန်တယ်ဆိုတာကတော့ကြားဖူးပြီးသားပါ။ဝက်လက်မြို့သား၊ချီပါရွာသား၊လှတောရွာသား၊စကားတောင်စားတို့လိုပေါ့။

  • @aungsanaungsan2539
    @aungsanaungsan2539 4 роки тому

    အသေဘဲမနိုင်ဘူးမောလိုက်တာမပြောနဲ့

  • @susiechiesa5654
    @susiechiesa5654 4 роки тому

    myanmar worlds mingalarpar kiss kiss

  • @yuyuwin7830
    @yuyuwin7830 4 роки тому +1

    ငါဆိုသေပါပြီး ကျန်းမာသန်စွမ်းလိုက်တာ ငါတ်ု့များဒီလိုတက်လိုက်ကတော့လူနာနင်ကားခေါ်ရပီးထင်တယ်