အမဲမဆလာခြောက်စပ် Myanmar Beef masala stir fry
Вставка
- Опубліковано 23 сер 2024
- အမဲသားကို ခြောက်ခြောက်လေးကြော်ပြီး စပ်စပ်လေးနဲ့ မွှေးမွှေးလေး ... ထမင်းနဲ့လိုက်ဖက်သလို သောက်စရာတခုခုနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းပွဲလေးတပွဲလည်းဖြစ်ပါတယ်။ ဒီချက်နည်းလေးက အစ်မ အေးသူဇာဝင်းရဲ့ ချက်နည်းလေးလည်းဖြစ်ပါတယ်။
ပထမဆုံး အမဲသား ၂၅ ကျပ်သားကို အတုံးသေးသေးလေးလှီးထားပါ။
အရသာအတွက် အချိုမှုန့်၊ ဆား၊ နနွင်း၊ ရှလကာရည် (သို့)ရှောက်သီးအရည်ညှစ်ပါ။ ချင်း(ဂျင်း) ထောင်းထားတာကို စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက် အရည်ညှစ်ချပြီး နယ်ပြီး ၁ နာရီ သို့ ညလုံးပေါက်နှပ်ထားပါ။
စပါးလင် ၂ချောင်းလောက်ကို ထုပြီး ထုံးထားပေးပါ။
နှပ်ထားတဲ့အသားတွေကို အသားမြှုပ်ရုံရေထည့်မယ်။ စပါးလင်ထည့်မယ်။ ပြီးရင် ရေခမ်းတဲ့အထိ မီးအလယ်အလယ်ထားပြီးပြုတ်ပေးပါ။
ပြီးရင် အသားတွေကို ခဏလေးအအေးခံထားပါ။
ကြက်သွန်ဖြူခပ်များများကို ထောင်းထား သို့ ခြစ်နဲ့ ခြစ်ထားပါ။
ငရုတ်သီးခြောက် (အစေ့ထုတ်ထား) တာကို လှီးထားပါ။ ငရုတ်သီးအကျက်မှုန့် ၁ ဇွန်း။ အသားမဆလာ ၁ ဇွန်း။ ပျဉ်းတော်သိမ် ၁ စည်း။
လေသလပ်ခံထားတဲ့ အမဲသားတွေကို ဆီပူပူထဲမှာ မီးအလယ်အလတ်နဲ့ ၈ မိနစ်လောက်ကြော်ပေးပါ။ အသားတွေ နီပြီး ကြွပ်လာရင် ဆယ်ထားပေးပါ။
ဒယ်အိုးထဲမှာ အမဲသားကြော်ထားတဲ့ဆီကို ပြန်ထည့်လို့ရသလို ဆီအသစ်ထည့်ပြီး ပျဉ်းတော်သိမ်ရွက်တွေထည့်ပြီး ကြော်ပေးပါ။ မီးအေးအေးနဲ့ ကြွပ်ပြီး မွှေးလာရင် ခြစ်ထားတဲ့ ကြက်သွန်ဖြူတွေကို ဆီသပ်ပေးပါမယ်။ (မီးအားမများပါစေနဲ့) ကြွပ်ပြီးမွှေးလာရင် ငရုပ်သီးအရောင်တင်မှုန့်.။ ငရုတ်သီးအကျက်မှုန့်။ ငရုတ်သီးခြောက်။ မဆလာ။ သကြား သို့ အချိုမှုန့်။ ဆား အနည်းငယ်။ အားလုံးထည့်ပြီးမွှေပေးပါ။ (မီးအားလျော့ထားပေးပါ)။
ပီးမှ ခုနက ဆီမြှုပ်ကြော်ထားတဲ့ အမဲသားတွေကို ထည့်ပြီး မွှေပေးရင်တော့ မွှေးမွှေးစပ်စပ် အရသာရှိတဲ့ အမဲမဆလာခြောက်စပ်ကို ရပြီဖြစ်ပါတယ်။
ဗီဒီယိုလေးကို နှစ်သက်ရင်လည်း သူငယ်ချင်းတွေကို မျှဝေပေးပါဦးခင်ဗျာ...
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
လိုက်ကြော်စားပြီးပြီ အရမ်းမိုက်တယ်
စားကောင်းတယ် ကျေးဇူးတင်ပါတယ်အကို
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
အရမ်းကြိုက်😋ကျနော်ကအဖြူ ဂျင်း မညက်တညက်လေးထောင်းထဲ့တယ်
ငြုပ်သီးကိုအတောင့်လိုက်ကြော်ပီးထဲ့တယ် ။
အကို့လို ချက်စားကြည့်ပါအုံးမယ် ကျေးဇူးပါ 😊
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ဆရာ့အသံနဲ့တင် ဆရာချက်သမျှဟင်းတွေ စားကောင်းနေပါပြီ
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🌷ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
အရမ်းကောင်းမှာပဲ
လုပ်စားကြည့်မယ် 🤤
Thanks for sharing
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ကျေးဇူးပါ အားပေးနေပါတယ်😍😻😇🤗🐈🎉🎉🎉
ဒီဗီဒီယိုလေးကြည့်ပြီးကြော်စားပြီးပါပြီ ကြိုက်တယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ကျေးဇူးတင်ပါတယ်အစ်မ 🌷🌹🪻ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
ဒီနေ့ကြော်စားဖြစ်တယ် အရမ်းကောင်းပဲရှင့် ပုံတောင်မရိုက်ထားလိုက်ရဘူးရှင့်😊 ဆရာချက်နည်းတွေကြည့်ပြီးတော်တော်များများ လုပ်စားဖြစ်တယ်ရှင့်❤
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ🤗
အတူတူပါ
အစ်ကိုချက်တဲ့ဟင်းတွေအကုန်လိုက်ကြည့်တယ်ရိုးရှင်းပြီးစားလို့အရမ်းကောင်းတယ်ပျဥ်တော်သိမ်ရွက်ကအိမ်မှာစိုက်ထားတယ်အများကြီးပဲသူ့အနံ့ကစားပြီးရင်ခေါင်းကိုက်တယ်😊😊😊😋😋😋😋😋
အခုလို အားပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙏❤️
အမဲသားကြိုက်တာနဲ့ ကွက်တိဘဲ ၊ကျေးဇူးပါ
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ချက်စားအုံးမယ်
ကျေးဇူးပါ🎉🎉🎉
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ချက်စားကြည့်မယ်ကျေးဇူးပါ
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ညကြီးကြည့်ပီး အရမ်းစားချင်နေပီ ❤❤
ဟုတ်ကဲ့ 😊
Yes
Thank you
ကျေးဇူးပါ အကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Thank you. Looks good
Thank you ❤️😊
အမဲသားမစားတော့ဆိတ်သားကိုအဲလိုလုပ်စားလို့ရမှာပေါ့နော်
ရတယ်ခင်ဗျ
❤😂
yummy yummy
Thank you ❤️😊
👍👍👍
Thank you ❤️😊
အစ်ကိုရေ မေရိကားမှာ ပျဉ်းတော်စိမ်း ဘယ်ကမှာလိုရပါသလဲရှင့်😊
အာရှကုန်စုံဆိုင်မှာ ရမယ်ထင်တယ်ဗျ curry leave လို့ခေါ်ပါတယ်
အမဲသားမစားတော့ကြက်သားဆိတ်သားလုပ်စားကြည့်မယ်
ဟုတ်ကဲ့ အချိန်ရရင် လုပ်စားကြည့်ပါဗျ 😊
ချဥ်စော်ခါးသီးအစိမ်းဘယ်မှာဝယ်လို့ရမလဲပြန်ဖြေပေးပါဦးနော်ထိုင်းမှာပါ
မပြောတတ်ဘူးခင်ဗျ ထိုင်းနိုင်ငံဂရုတွေမှာမေးကြည့်ပါလားခင်ဗျ
Thank you 😊😋
Thank you 💞😊
အမဲသားအဆုတ်ချက်ပြပေးပါအုံး
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
ကြော်စားကြည့်အုံးမယ်
ပြုတ်ပြီ မွကြော်တာပဲလုပ်စားဖူးတော့
ဟုတ်။ ကြော်စားကြည့်ပါခင်ဗျ 😊
ဆရာမဂ်လာပါဗျ ကျနော်ကတော့မသောက်တတ်ဘူးဗျ ဒီတိုင်းထိုင်စားမှာပါ😊
ဟုတ်ကဲ့ 😊
အစပ်မစားတဲ့ ဆရာတောင် အစပ်တွေတော်တော်စားလာပြီပဲ 😆😁
😂😂😂 ဟုတ်တယ်။ အရင်ကထက် ပိုစားနိုင်လာတယ်😁
အမ်သားကြိုက့ကျော်စားမယ်စိုးမင်အူပို
ဟုတ်။ ကြော်စားကြည့်ပါခင်ဗျ 😊
😊😊😊💕🙆
Thank you 💞😊
ဘီယာလေးနဲ့ဆို ရှေယ်ကောင်းမှာ🎉🎉🎉🎉
ဟုတ်ကဲ့ 😊
Chicken please
Hote
Hi bro အေးပြီးနောက်နေ့မှာမာသွားလားရှင်
နည်းနည်းမာတယ်ဗျ။
ဟုတ်ကျေးဇူးပါ ကျွန်မကြော်တာမာလို့လေ နေ့ချင်းကုန်အောင်စားနိုင်ရင်ကောင်းမယ်ထင်တယ်Any way thanks to reply 🙏
ကြာကြာအထားခံမလားဟင်
ရေခဲခန်းထဲမှာ ခဲထားရင်တော့ အထားခံပါတယ်ခင်ဗျာ
စားကောင်းမယ့်ပုံပဲနေယ်
ဟုတ်။စားကောင်းတယ်ဗျ
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
အမဲမျှစ်ချဥ်ဟင်းရေသောက်လေးချက်ပါအုံး
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
ရှာလကာရည်မထဲ့လို့ရလား
ရပါတယ်ခင်ဗျ
အမဲသားမစားလို့ဝက်သားနှင့်ချက်စားမယ်
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊