Розмір відео: 1280 X 720853 X 480640 X 360
Показувати елементи керування програвачем
Автоматичне відтворення
Автоповтор
လူကြိုက်နည်းတဲ့ကောင်#မောင်ချောနွယ်ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိရေချိုငါးသလောက်ကြီးက ၁၈ကျပ်တဲ့ ။နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့ငဖျင်းက ၂၈ကျပ် ဈေးတဲ့ ။ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ် ။ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့ ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။လူကြိုက်နည်းလို့တဲ့ ။ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့ ။ဟုတ်ကဲ့ မောင်ချောနွယ်လူကြိုက်နည်းတဲ့ကောင် ။မိုက်ရိုင်း ထွားကျိုင်းလှချည်ရဲ့မတ်တပ်စာတောင် မဖူမလုံနဲ့ကောင်တုံးလုံးစာ ဝေလာဝေးလို့ ခန္ဓာကိုယ်နဲ့ ကောင်လေ။ဘယ်လိုလဲဆိုတော့ကာအင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေကဗျာတွေက သူ့ကိုယ်ပေါ်မှာ။အပေါစား ရက်စတော့ရင့်တွေကအလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့သူ့ဘဝကို မတည်ဆောက်လိုဘူးတဲ့။ဒါပေမယ့် ခက်ရပုံများစားပွဲပေါ်မှာ သည်ဟင်းချိုရည်တစ်ခွက်ပဲပူပူနွေးနွေး ရှိလေတာ။နွမ်းပါးတဲ့ အောက်ခြေ လူတန်းစားတွေနဲ့ဒူးတင်ပေါင်တင် တစ်တန်းတည်းနေပေမဲ့ဘုံဆန်တဲ့ အိမ်သာမျိုးကျသင်းက မကြိုက်ပြန်ဘူးတဲ့။အရက်ဖြူကို ယဉ်ကျေးမှု မြှင့်သောက်တတ်သေးဇိမ်ခံရကောင်းမှန်း သိတတ်သေးအသုံးချ သောက်ရမည်မှန်း သိတတ်သေးမူးလာရင် ထကဖို့ဘယ်တော့မှ မမေ့တတ်တဲ့ကောင်လေဘဝမှာသံအမတ်ကလည်း ဖြစ်ခဲ့ချင်သေးသတဲ့။စကားပြောရာမှာအထက်တန်းကျအောင်တော်ဝင်အောင် ပြောတယ် ပြောနိုင်ပေမယ့်သူတစ်ဖက်လူကို အမှန်တကယ် ပြောခဲ့တာနဲ့သူပြန်ပြောပြတဲ့အခါပိုပြောတတ်တဲ့ ဥာဉ်ကလည်းရှိသေး။ပါးတဲ့နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမဲ့တကယ့်လက်တွေ့မှာ မကျင့်သုံးဖြစ်လို့လူတွေက ထူတယ်လို့အထင်ခံရမြဲ ကောင်လေ။တစ်ခါတစ်ရံတော့လည်းဂျစ်ကားပေါ်မှာပေါင်သားအလှ ပေါ်လွင်အောင်အချိုးကျကျ ထိုင်တတ်တဲ့အရွယ်ရှိရှိ အရာရှိကတော် တစ်ယောက်လိုလေအဲသည့် ကဗျာဆရာဆိုတဲ့ ကောင်ဟာနေထိုင်တတ်သေးတယ်။သူ့သွေးကြောထဲမှာ ဂြိုဟ်တွေကဗျာဆိုတဲ့ ပါပဂြိုဟ်တွေစူးဝင်စီးဝင်လို့မောင်ချောနွယ် ဆိုတဲ့ကောင်ဟာကမ္ဘာပတ် လမ်းကြောင်းထဲမှာ နေတာလို့ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကိုကော့ကော့ပြတတ်သေး။သွေးစိမ်း တစ်ပေါက်ပေါက်နဲ့တည်ဆောက်ခဲ့ရတဲ့ သူ့ဘဝခရီးဂီယာကုန် လီဗာကုန်မောင်းနှင်ခဲ့သူ့ဘဝကို သားရေတစ်ပြားစာယူခင်းကျင်းကြည့်လိုက်ရင်မြို့တစ်မြို့ တည်နိုင်တယ်မြစ်တစ်မြစ် စီးဆင်းသွားနိုင်ပေရဲ့။ဒီကောင်က အသည်းက ခပ်ငယ်ငယ်ရယ်လို့သူ့မွေးသမိခင်က ခဏခဏလူကြားထဲ ပြောခံရတဲ့ကောင်ပေါ့ဘဝကို ရင်ခုန်သလို အရင်းအတိုင်းနေခဲ့။နာကျင်တဲ့အခါ မအော်ဘဲပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူးသူ့အတိဒုက္ခကို တစ်ဖက်လူကသိရှိလက်ခံပေမဲ့သူက သူ့ဒုက္ခအပေါ်ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။ကုသိုလ်ကံ လိုက်ပုံကလည်းပါးစပ်နဲ့ ကူညီပြီး လက်မပါတဲ့ မိတ်ဆွေပေါပြည့်လှတဲ့ကောင်ပေပဲ။ခုံးထ ကမ္ဘာမြေကြီးအခိုးအငွေ့ သစ်ကိုင်းနဲ့အဲသည်သစ်ကိုင်းပေါ်က ရောင်ကိုင်းပြည်တည်နာမြစ်နဲ့ကမ္ဘာဦးကို တူးဆွလာတဲ့လက်အမှန်တရားကတော့ လူတွေလိုပါပဲအောင်စ နည်းနည်းရယ်ပါသာမန်လူနဲ့ မတူတဲ့အရာဆိုလို့ဒါတွေပဲ သူ့မှာ ရှိရဲ့။ကျန်တာတွေကတော့သာမန်လူတွေဆောင်ကြဉ်းနိုင်တဲ့စွမ်းရည်သူ့မှာ ခပ်နည်းနည်းရယ်ဥပမာမြို့မျက်နှာဖုံး သူဌေးမဖြစ်ခဲ့ဖူးဘူးအရာရှိ မဖြစ်ခဲ့ဖူးဘူးပေါ့။တစ်ခုခုကိုမြင်ရင်သွားရေတများများနဲ့ ဖြစ်တာမျိုးကိုသိပ်ရွံရှာတဲ့ကောင်ငယ်ငယ်က ဟိုဝါဒသည်ဝါဒတွေကို နည်းနည်းမြည်းစမ်းဖူး။ခုတော့မင်္ဂလာတရားနဲ့ အညီလေငါးအပုပ်စားရပေမဲ့ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့ဘယ်သူတွေများ ငါးပုပ်စားရလို့ဗြဟ္မစိုရ်တရား လက်ကိုင်ထားနိုင်ခဲ့လို့လဲ။
အဆုတ်မကောင်းအသက်ရှူပြွန်တွေက မကောင်းလှပေမဲ့မြေအောင်းနှစ်ချို့ဝိုင်ကောင်းကို ကြိုက်သေးဗာဂျီးနီးယားကောင်းတဲ့ စီးကရက်ကို ကြိုက်သေးအရက်ကလေးထွေထွေနဲ့ သူ့မိတ်ဆွေသူငယ်ချင်းတွေအပေါ် သူ ပေါင်းသင်းနေထိုင်ခဲ့ပုံက မယားတစ်ယောက်လိုလေ။ဘာသာစကားအမျိုးမျိုး ပြောင်းမပြောတတ်လို့ဖိနပ်အမျိုးမျိုး ပြောင်းမစီးတတ်လို့ခဏခဏ အပြစ်တင်ခံရတဲ့ကောင်ပေါ့ကိုယ့်သားရွယ် ညီအရွယ်ကောင်တွေကလိမ်တာညာတာကို လိမ်တာမှန်းသိသိနဲ့ ခံပြီးသာယာနေတတ်တဲ့ကောင်လေ။အပေါင်းအသင်း သူငယ်ချင်းအပေါ်လင်ကိုလုပ်ကျွေးတဲ့ မယားကောင်းလို ပေါင်းခဲ့ပေမဲ့နှစ်ပေါင်းလေးဆယ်လုံးလုံးသူ့ဘဝ သူ့ခန္ခာအပေါ်ကျ မကောင်းခဲ့တဲ့သူလေမည်မဝယ်နဲ့ အနေအထိုင်မတတ်ဘူးလို့ရင်ဘတ်ဆွဲကြိုးနဲ့ ကောင်တွေရဲ့ အဝေဖန်ခံရလှပေါ့။သူ့ကံလိုက်ပုံကလည်းလူပါမက နတ်ပါမုန်းအောင် ပြောတတ်တဲ့ပါးစပ်ကြီးနဲ့ အဆွေခင်ပွန်း ဖြစ်ခဲ့ရသေးအဲသည်ပါးစပ်ကြီးရဲ့ စကားပင်လယ်မှာအသက်လေးဆယ်နား ကပ်နေတာတောင်အနေအထိုင် မတတ်သေးဘူးလို့ရေနစ်နစ် နေရသေး။တကယ်တော့ဒါ သူ့မိမွေးတိုင်း ဖမွေးတိုင်းပါသူ့နူးညံ့သိမ်မွေ့မှုပါသူ့ယဉ်ကျေးတဲ့ သွေးကြောပါနတ်ဆိုးတို့ပါးစပ်မှာပလပ်ခံရတဲ့သူ့ကိုယ်ပိုင် အတွင်းသားပါ။#မောင်ချောနွယ်(၁၉၄၉-၂၀၀၂)
လူကြိုက်နည်းတဲ့ကောင်
#မောင်ချောနွယ်
ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချိုငါးသလောက်ကြီးက ၁၈ကျပ်တဲ့ ။
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ကျပ် ဈေးတဲ့ ။
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ် ။
ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့ ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။
လူကြိုက်နည်းလို့တဲ့ ။
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့ ။
ဟုတ်ကဲ့ မောင်ချောနွယ်
လူကြိုက်နည်းတဲ့ကောင် ။
မိုက်ရိုင်း ထွားကျိုင်းလှချည်ရဲ့
မတ်တပ်စာတောင် မဖူမလုံနဲ့ကောင်
တုံးလုံးစာ ဝေလာဝေးလို့ ခန္ဓာကိုယ်နဲ့ ကောင်လေ။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ။
အပေါစား ရက်စတော့ရင့်တွေက
အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့
သူ့ဘဝကို မတည်ဆောက်လိုဘူးတဲ့။
ဒါပေမယ့် ခက်ရပုံများ
စားပွဲပေါ်မှာ သည်ဟင်းချိုရည်တစ်ခွက်ပဲ
ပူပူနွေးနွေး ရှိလေတာ။
နွမ်းပါးတဲ့ အောက်ခြေ လူတန်းစားတွေနဲ့
ဒူးတင်ပေါင်တင် တစ်တန်းတည်းနေပေမဲ့
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့။
အရက်ဖြူကို ယဉ်ကျေးမှု မြှင့်သောက်တတ်သေး
ဇိမ်ခံရကောင်းမှန်း သိတတ်သေး
အသုံးချ သောက်ရမည်မှန်း သိတတ်သေး
မူးလာရင် ထကဖို့
ဘယ်တော့မှ မမေ့တတ်တဲ့ကောင်လေ
ဘဝမှာ
သံအမတ်ကလည်း ဖြစ်ခဲ့ချင်သေးသတဲ့။
စကားပြောရာမှာ
အထက်တန်းကျအောင်
တော်ဝင်အောင် ပြောတယ် ပြောနိုင်ပေမယ့်
သူတစ်ဖက်လူကို အမှန်တကယ် ပြောခဲ့တာနဲ့
သူပြန်ပြောပြတဲ့အခါ
ပိုပြောတတ်တဲ့ ဥာဉ်ကလည်းရှိသေး။
ပါးတဲ့နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမဲ့
တကယ့်လက်တွေ့မှာ မကျင့်သုံးဖြစ်လို့
လူတွေက ထူတယ်လို့
အထင်ခံရမြဲ ကောင်လေ။
တစ်ခါတစ်ရံတော့လည်း
ဂျစ်ကားပေါ်မှာ
ပေါင်သားအလှ ပေါ်လွင်အောင်
အချိုးကျကျ ထိုင်တတ်တဲ့
အရွယ်ရှိရှိ အရာရှိကတော် တစ်ယောက်လိုလေ
အဲသည့် ကဗျာဆရာဆိုတဲ့ ကောင်ဟာ
နေထိုင်တတ်သေးတယ်။
သူ့သွေးကြောထဲမှာ ဂြိုဟ်တွေ
ကဗျာဆိုတဲ့ ပါပဂြိုဟ်တွေ
စူးဝင်စီးဝင်လို့
မောင်ချောနွယ် ဆိုတဲ့ကောင်ဟာ
ကမ္ဘာပတ် လမ်းကြောင်းထဲမှာ နေတာလို့
ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကို
ကော့ကော့ပြတတ်သေး။
သွေးစိမ်း တစ်ပေါက်ပေါက်နဲ့
တည်ဆောက်ခဲ့ရတဲ့ သူ့ဘဝခရီး
ဂီယာကုန် လီဗာကုန်မောင်းနှင်ခဲ့
သူ့ဘဝကို သားရေတစ်ပြားစာယူ
ခင်းကျင်းကြည့်လိုက်ရင်
မြို့တစ်မြို့ တည်နိုင်တယ်
မြစ်တစ်မြစ် စီးဆင်းသွားနိုင်ပေရဲ့။
ဒီကောင်က အသည်းက ခပ်ငယ်ငယ်ရယ်လို့
သူ့မွေးသမိခင်က ခဏခဏ
လူကြားထဲ ပြောခံရတဲ့ကောင်ပေါ့
ဘဝကို ရင်ခုန်သလို အရင်းအတိုင်းနေခဲ့။
နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး
သူ့အတိဒုက္ခကို တစ်ဖက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ဒုက္ခအပေါ်
ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့
တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။
ကုသိုလ်ကံ လိုက်ပုံကလည်း
ပါးစပ်နဲ့ ကူညီပြီး လက်မပါတဲ့ မိတ်ဆွေ
ပေါပြည့်လှတဲ့ကောင်ပေပဲ။
ခုံးထ ကမ္ဘာမြေကြီး
အခိုးအငွေ့ သစ်ကိုင်းနဲ့
အဲသည်သစ်ကိုင်းပေါ်က ရောင်ကိုင်းပြည်တည်နာ
မြစ်နဲ့ကမ္ဘာဦးကို တူးဆွလာတဲ့လက်
အမှန်တရားကတော့ လူတွေလိုပါပဲ
အောင်စ နည်းနည်းရယ်ပါ
သာမန်လူနဲ့ မတူတဲ့အရာဆိုလို့
ဒါတွေပဲ သူ့မှာ ရှိရဲ့။
ကျန်တာတွေကတော့
သာမန်လူတွေဆောင်ကြဉ်းနိုင်တဲ့စွမ်းရည်
သူ့မှာ ခပ်နည်းနည်းရယ်
ဥပမာ
မြို့မျက်နှာဖုံး သူဌေးမဖြစ်ခဲ့ဖူးဘူး
အရာရှိ မဖြစ်ခဲ့ဖူးဘူးပေါ့။
တစ်ခုခုကိုမြင်ရင်
သွားရေတများများနဲ့ ဖြစ်တာမျိုးကို
သိပ်ရွံရှာတဲ့ကောင်
ငယ်ငယ်က ဟိုဝါဒသည်ဝါဒတွေကို နည်းနည်းမြည်းစမ်းဖူး။
ခုတော့
မင်္ဂလာတရားနဲ့ အညီလေ
ငါးအပုပ်စားရပေမဲ့
ဗြဟ္မစိုရ်တရား လက်ကိုင်ထားလို့
ဘယ်သူတွေများ ငါးပုပ်စားရလို့
ဗြဟ္မစိုရ်တရား လက်ကိုင်ထားနိုင်ခဲ့လို့လဲ။
အဆုတ်မကောင်း
အသက်ရှူပြွန်တွေက မကောင်းလှပေမဲ့
မြေအောင်းနှစ်ချို့ဝိုင်ကောင်းကို ကြိုက်သေး
ဗာဂျီးနီးယားကောင်းတဲ့ စီးကရက်ကို ကြိုက်သေး
အရက်ကလေးထွေထွေနဲ့ သူ့မိတ်ဆွေသူငယ်ချင်းတွေအပေါ် သူ ပေါင်းသင်းနေထိုင်ခဲ့ပုံက မယားတစ်ယောက်လိုလေ။
ဘာသာစကားအမျိုးမျိုး ပြောင်းမပြောတတ်လို့
ဖိနပ်အမျိုးမျိုး ပြောင်းမစီးတတ်လို့
ခဏခဏ အပြစ်တင်ခံရတဲ့ကောင်ပေါ့
ကိုယ့်သားရွယ် ညီအရွယ်ကောင်တွေက
လိမ်တာညာတာကို လိမ်တာမှန်းသိသိနဲ့ ခံပြီး
သာယာနေတတ်တဲ့ကောင်လေ။
အပေါင်းအသင်း သူငယ်ချင်းအပေါ်
လင်ကိုလုပ်ကျွေးတဲ့ မယားကောင်းလို ပေါင်းခဲ့ပေမဲ့
နှစ်ပေါင်းလေးဆယ်လုံးလုံး
သူ့ဘဝ သူ့ခန္ခာအပေါ်ကျ မကောင်းခဲ့တဲ့သူလေ
မည်မဝယ်နဲ့ အနေအထိုင်မတတ်ဘူးလို့
ရင်ဘတ်ဆွဲကြိုးနဲ့ ကောင်တွေရဲ့ အဝေဖန်ခံရလှပေါ့။
သူ့ကံလိုက်ပုံကလည်း
လူပါမက နတ်ပါမုန်းအောင် ပြောတတ်တဲ့
ပါးစပ်ကြီးနဲ့ အဆွေခင်ပွန်း ဖြစ်ခဲ့ရသေး
အဲသည်ပါးစပ်ကြီးရဲ့ စကားပင်လယ်မှာ
အသက်လေးဆယ်နား ကပ်နေတာတောင်
အနေအထိုင် မတတ်သေးဘူးလို့
ရေနစ်နစ် နေရသေး။
တကယ်တော့
ဒါ သူ့မိမွေးတိုင်း ဖမွေးတိုင်းပါ
သူ့နူးညံ့သိမ်မွေ့မှုပါ
သူ့ယဉ်ကျေးတဲ့ သွေးကြောပါ
နတ်ဆိုးတို့ပါးစပ်မှာ
ပလပ်ခံရတဲ့
သူ့ကိုယ်ပိုင် အတွင်းသားပါ။
#မောင်ချောနွယ်(၁၉၄၉-၂၀၀၂)