ဂျပန်မှာ ITအလုပ်တွေက ဘယ်လိုပုံစံလုပ်ကြတာလဲ

Поділитися
Вставка
  • Опубліковано 10 вер 2024
  • ITအလုပ်တွေက ဘယ်လိုပုံစံလုပ်ကြတာလဲ
    ဒီတခေါက်ကတော့ Japan IT Company တွေမှာ ဘယ်လိုပုံစံမျိုးနဲ့ အလုပ်တာဝန်တွေကို အဆင့်ဆင့်လုပ်ရလဲဆိုတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံဥာဏ်တောင်းတဲ့အခါ၊ အကူအညီတောင်းတဲ့အခါ ဘယ်လိုပုံစံမျိုးတောင်းသင့်လဲဆိုတာကို ပြောပြာတာပါ 😁
    ပျင်းစရာကောင်းမယ်ဆိုပေမယ့် ကြည့်ချင်ရင် ကြည့်လိုက်ကြပါဦး😄
    ဒါပါပဲ
    ၊၊၊
    #wabisabi

КОМЕНТАРІ • 59

  • @RedMi-re2nk
    @RedMi-re2nk 2 роки тому +3

    စိတ်ဝင်စားပါတယ် အဆုံးမသတ်ပါနဲ့နော် နောက်ထပ် အတွေ့အကြုံလေးတွေ sharingလုပ်ပေးပါ ရှင့်

  • @yehtetaung5335
    @yehtetaung5335 3 місяці тому

    Japan lT life ကို အမမှ မပြောရင် ပြောမယ့်သူမရှိဘူးထင်တယ် လုံး၀မျက်လုံးထဲမြင်တယ်❤

  • @error3565
    @error3565 3 місяці тому

    အမရေ ဂျပန်မှာ Language schoolတက်pရင် it နဲ့ ပတ်သက်တာ သင်ချင်ရင် ရှေ့လျှောက်ဘာတွေ လုပ်သင့်လဲ အကြံ ပေးပါဉီး

  • @shinehtetaung656
    @shinehtetaung656 2 місяці тому

    အမ jpမှာ programming web တို့ဘဲအခေါ်များတာတွေ့လို့ Networking systemပိုင်းနဲ့လုပ်ချင်ရော ရနိုင်လား အမ localဘဲအခေါ်များတာလားအဲ့အပိုင်းတွေကျတော့အမ

  • @yeemonkyaw173
    @yeemonkyaw173 Рік тому

    ကျေးဇူးပါ။ နောက်ထပ်လည်း သိချင်ပါသေးတယ်ရှင့်။❤❤

  • @hankyiphyu3667
    @hankyiphyu3667 Рік тому

    မမရေ ညီမက ဒုတိယနှစ်ကို နားထားပြီး ဂျပန်ကို tokutei နဲ့လာပြီး အလုပ်လုပ်ရင်း IT သင်တန်းတွေတက်ပြီး FE ဖြေပြီး IT company တွေမှာ အလုပ်လုပ်လို့ရလားရှင့် ဒါမှမဟုတ် မြန်မာမှာဘဲ သင်တန်းတွေတက်ရင်း လက်မှတ်တွေယူပြီး လုပ်ငန်းအတွေ့အကြုံယူပြီးလာတာ ပိုအဆင်ပြေမလားရှင့် ဖြေပေးပါအုံးနော်မမ 🥺

    • @wabisabibyhnin
      @wabisabibyhnin  Рік тому +5

      Tokutei နဲ့လာပြီး ဒီရောက်မှ IT ဘက်ကိုပြောင်းမယ်ဆိုရင် တော်တော်လေးကြိုးစားနိုင်မှာရမှာ။
      ဘာလို့လဲဆိုတော့ အလုပ်လုပ်ရင်း အိုင်တီကိုလေ့လာရမှာဆိုတော့ အချိန်ပေးနိုင်၊ မပေးနိုင်။ အလုပ်က ပင်ပန်းတဲ့နေ့တွေများရင် စာလေ့လာန်ုင်၊ မလေ့လာနိုင် စတာတွေ ထည့်စဉ်းစားရမယ်ထင်တယ်။
      တကယ်လို့ ဘယ်လောက်အလုပ်ပင်ပန်းပါစေ ကြိုးစားမယ်လို့ဆုံးဖြတ်ထားရင်တော့ အဲလိုပုံစံမျိုးနဲ့လာလည်းအဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ Toukuteiက ITအလုပ်ထက် အလုပ်ရဖို့ဖြစ်နိုင်ချေပိုများလို့။ အလွယ်ပြောရရင် ဂျပန်ကိုမြန်မြန်ရောက်တယ်ပေါ့😁
      Tokuteiနဲ့အလုပ်လုပ်ရင်း အိုင်တီလေ့လာရင်း FEတွေဘာတွေ ဖြေပြီးအောင်သွားရင် အလုပ်ရှာလို့ရပြီထင်တယ်။ ဂျပန်မှာ ရှာရတာဆိုတော့ မြန်မာပြည်မှာနေပြီးရှာရတာထက်တော့ ပိုပြီးရှာလို့လွယ်မဘ်ထင်တယ်။ လုပ်ငန်းအတွေ့အကြုံမရှိတဲ့ အခြေအနေနဲ့ရှာရတာမျိုးတော့ ဖြစ်မှာပေါ့။ ဒါပေမယ့် အင်တာဗျူရမှာ လည်လည်ပတ်ပတ်ပြောတတ်ဆိုတတ်ရင် လျှော့ပေါ့စဉ်းစားပေးတာတွေလည်းရှိတတ်တယ်။ အဲ့တော့ ကိုယ့်ဘက်ကပြည့်စုံပြီလို့ ယူဆရင် အင်တာဗျုးတွေအများကြီးဖြေကြည့် အလုပ်တွေအများကြီးလျှောက်ကြည့်ရင်း လမ်းစရှာတာမျိုးတွေလုပ်ရမှာထင်တယ်။
      ဂျပန်စာနဲ့ပတ်သက်လို့ကတော့လည်း ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရင် အကောင်းဆုံး။
      ဒုတိယတစ်ခုဖြစ်တဲ့ မြန်မာမှာ သင်တန်း၊ အတွေ့အကြုံယူပြီးလာတာမျိုးကတော့ အချိိန်တော့ ပေးရမယ်ဆိုပေမယ့် စိတ်အရမ်းဖိစီးစရာမလိုဘူးထင်တာပဲ။
      ဒါပေမယ့် စဉ်းစားစရာက လုပ်ငန်းအတွေ့အကြုံယူဖို့မြန်မာနိုင်ငံက အိုင်တီကုမ္ပဏီတွေမှာ အလုပ်ဝင်နိုင်ဖို့ လွယ်ပါ့မလားဆိုတာပဲ။
      တကယ်လို့ မြန်မာပြည်မှာပဲ ITအလုပ်လည်းရသွားပြီဆိုရင်တော့ ITနဲ့ ဂျပန်စာကို အနည်းဆုံး၂ နှစ်လောက် အချိန်ပေးပြီးကျွမ်းကျင်အောင်လုပ်ရင်း အလုပ်တွေလျှောက်ပြီး ITနဲ့တန်းလာလို့ရပြီ။
      ( လုပ်ငန်းအတွေ့အကြုံများလေး IT ကျွမ်းကျင်လေ ဂျပန်မှာ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုနည်းလေမို့လို့ အနည်းဆုံး၂ နှစ်လောက် အတွေ့အကြုံယူစေချင်တာ)
      ညီမလေးက ဘွဲ့မရသေးဘူးဆိုတော့ FEအောင်ဖို့တော့လိုတယ်ထင်တယ်။
      သင်တန်းတက်ပြီး လက်မှတ်ယူဆိုတာထက် သင်တန်းတက်ပြီး တကယ်အလုပ်လုပ်တတ်ဖို့ကို ကြိုးစားခဲ့ရမယ်ထင်တယ်။ သင်တန်းဆင်းလက်မှတ်ဘာညာက တကယ်တော့ သိပ်အသုံးမဝင်ဘူးရယ်။😁
      လက်မှတ်လိုချင်တယ်ဆိုရင်တော့ JLPTအောင်လက်မှတ်တို့၊ ITနဲ့ပတ်သက်တဲ့ Oracle Java, Database ဘာညာ လိုမျိုးနိုင်ငံတကာအသိမှတ်ပြုစာမေးပွဲတွေရဲ့ အောင်လက်မှတ်တွေကပဲ အသုံးဝင်မှာ။ ဒါပေမယ့် အဲ့ဒီစာမေးပွဲတွေက စျေးကြီး ပြီးအဲ့ဒီလက်မှတ်တွေရှိလည်း အလုပ်ခန့်မခန့်မသေချာတော့ မဖြေသေးလည်းရတယ်။ သိထားရအောင်ပြောပြတာ😁
      အခုက အစ်မအတွေးနဲ့ ဖြစ်နိုင်ချေတွေကိုပဲ ပြောပြတာဆိုတော့ ဘယ်ဟာအဆင်ပြေမလဲဆိုတာ ကိုယ်တိုင်သေချာစဉ်းစားကြည့်တာကောင်းမယ်ထင်တယ်

  • @sorablog6663
    @sorablog6663 Рік тому

    ညီမက EPနဲ့ ဘွဲ့ရထားတာ အဲဒါကို ITပိုင်းနဲဲ့ ဂျပန်မှာ အလုပ်လုပ်ချင်တာ အဲဒါ ITPECလက်မှတ်နဲ့ ဂျပန်မှာ ITပိုင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်လို့ရလားရှင့် EPနဲ့တော့ မလုပ်ချင်လို့ပါရှင့်🥺
    ITပိုင်းနဲ့ အလုပ်လုပ်ရင် လစာ ဘယ်လောက်လောက်ရလဲရှင့်
    EPဆိုရင်ရော လစာ ဘယ်လောက်လောက်ရလဲရှင့်

    • @wabisabibyhnin
      @wabisabibyhnin  Рік тому

      ITလုပ်ငန်းအတွေ့အကြုံရှိရင်တော့ အလုပ်ရလောက်တယ်။ လစာက ဘယ်အပိုင်းနဲ့လုပ်လုပ် အခြေခံလစာက ပတူတူပဲဆိုတော့ ယန်း ၂ သိန်းလောက်ကနေစဖို့များတယ်

  • @KhinpyaeSonethwe-br5kc
    @KhinpyaeSonethwe-br5kc Рік тому +1

    IT နဲ့ပတ်သတ်တဲ့ကြောင်းရာတွေ များများ sharing လုပ်ပေးပါ ရှင့်

  • @nanwuttyee3225
    @nanwuttyee3225 5 місяців тому

    Thank you 😊

  • @htoo2737
    @htoo2737 Рік тому

    third yearနဲ့ရပ်နေတာကြာပါပြီကျောင်းလဲဆက်မတက်ချင်တာနဲ့ ITPEC ဖြေမလို့အခုမှစတက်နေတာပါ အတွေ့အကြုံလဲလိုတယ်ဆိုတော့ မြန်မာမှာ IT company တွေမှာ အရင်ဝင်လုပ်ထားရမှာလား ??အမ
    ဂျပန်ကအလုပ်တွေခေါ်ရင်တော့အမပြောသလို အတွေ့ကြုံရှိရှိမရှိရှိ CV form တင်နေမှာပါ အမ

    • @wabisabibyhnin
      @wabisabibyhnin  Рік тому +1

      အင်း မြန်မာမှာရှိတဲ့IT company မှာအရင်အလုပ်ဝင်ထားနိုင်ရင်ပိုကောင်းတယ်။
      ဂျပန်ကအလုပ်ခန့်မယ့်သူတွေကလည်း
      လုပ်ငန်းအတွေ့အကြုံလုံးဝမရှိတာထက်စာရင် နည်းနည်းလေးရှိရင်တောင် ခန့်ချင်စိတ်ပိုဖြစ်တာပေါ့😁

  • @zanho9262
    @zanho9262 2 роки тому

    Work visa က အတန်းဘယ်လောက်လို့လဲ အမ ကျောင်းမပြီးတော့ it နဲ့ အလုပ်လုပ်ချင်တာ ဘယ်လိုလုပ်ရမလဲ မသိလို့ပါ

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      ဂျပန်လဝက က ဘွဲ့လက်မှတ်မပါရင် ဗီဇာမပေးချင်တာတွေလည်းရှိတတ်တော့ ဘွဲ့ရထားရင်တော့ ကောင်းတယ်ထင်တယ် ။ ဂျပန်မှာ လုပ်မယ့်အလုပ်နဲ့ ရထားတဲ့ဘွဲ့နဲ့မကိုက်ရင် သက်ဆိုင်ရာ လုပ်ငန်းနဲ့ပတ်သတ်တဲ့ အသိအမှတ်ပြုလက်မှတ်ရယ်လိုတယ်ထင်တယ်။

  • @justinhtut5551
    @justinhtut5551 2 роки тому

    အမရေ ကျွန်တော်ကအခုမှစပြီးလေ့လာမှာမို့လို့ IT နဲ့ပက်သက်ပြီး အမဖတ်ခဲ့ဘူးတဲ့ စာရေးဆရာတွေ‌ ရေးထားတဲ့ စာအုပ်ကို ညွှန်းပေးပါလားဗျ။ကျေးဇူးတင်ပါတယ်ဗျ။

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому

      OOP ဘာညာကကျောင်းတုန်းက သင်ပေးတဲ့စာတွေပဲဖတ်ခဲ့တာဆိုတော့ စာအုပ်နဲ့ စာရေးဆရာနာမည်တွေမသိဘူး😁
      Oracle ဖြေဖို့အတွက်တော့ Java စာအုပ်ဖတ်ဖူးတယ်
      Jeanne Boyarsky and Scott Selikoff ရဲ့
      OCA: Oracle Certified Associate Java SE 8 Programmer I Study Guide: Exam 1Z0-808

  • @aungthuhan8211
    @aungthuhan8211 2 роки тому

    it is interesting post.good

  • @Richard-th6ip
    @Richard-th6ip 2 роки тому

    wed developer အနေနဲ့ဂျပန်မှာအလုပ်လုပ်ချင် တယ်ITPEC တတ်လို့အဆသ်ပြေလား

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      ITPEC က Itနဲ့ ကျောင်းပြီးတာမဟုတ်တဲ့သူတွေအတွက် လဝကက ဗီဇာပေးဖို့ ကြည့်တဲ့အခါ လိုအပ်တဲ့ certificate တစ်ခုပဲဆိုတော့ အဲ့ဒါလည်းလိုအပ်သလို web နဲ့ ပတ်သတ်တဲ့ဟာတစ်ခုခုက်ုကျွမ်းကျင်ပြီး လုပ်ငန်းအတွေ့အကြုံရှိထားရင်ပိုကောင်းတယ်

  • @htethtet77777
    @htethtet77777 2 роки тому

    ညီမ​ရေ အကိုက BE(IT)နဲ့​ကျောင်းပြီထား​တာပါ အသက်က34ရှိ​နေပါပြီ ခု​ဆောက်လုပ်​ရေးလုပ်ငန်းထဲကို​​ရောက်ခဲ့ရပါတယ် ဒါ​ပေမဲ့ ဂျပန်ကို ITနဲ့လာချင်တာပါ ဘယ်ကစဘယ်လို ​လေ့လာရမလဲဆိုတာ​လေးလဲအကြံ​လေးပါဦးဗျ ဂျပန်စာ​ရော ITပိုင်းနဲ့ပက်သက်တဲ့ တက်ခဲ့တဲ့သင်တန်း​လေး​တွေညွှန်း​ပေးပါဦးဗျ

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      Programming သင်တန်းက mandalay မှာရှိတဲ့ EROS ဆိုတဲ့ ဆီမှာတော့ တက်ဖူးတယ် ။
      ပြီးတော့ ကိုယ့်ဘာသာကိုယ် လေ့လာတာတွေလုပ်တယ်။
      ဖြစ်နိုင်ရင် IT company မှာ အလုပ်ဝင်ပြီး အတွေ့အကြုံယူထားတာပိုကောင်းတယ်။ ပြီးတော့ ဂျပန်စာ N3 , N2လောက်အောင်ထားတာကောင်းတယ်။
      ကိုယ့်ဘာသာအလုပ်ရှာမယ်ဆိုရင် အတွေ့အကြုံရှိရင်အလုပ်ရှာရပိုလွယ်တယ် ။ မရှိရင် အေဂျင်စီတွေကတဆင့်ရှာမှ ပိုအဆင်ပြေတာထင်တယ်

    • @htethtet77777
      @htethtet77777 2 роки тому

      ဟုတ်​ကျေးဇူးပါညီမ​လေး

  • @me_nozomi
    @me_nozomi 10 місяців тому

    အမရေ ညီမက language school နဲ့ဂျပန်မှာကျောင်းလာတက်မှာပါ university တွေမှာ Tokyo Technology University ကနာမည်ကြီးပီးအလုပ်ရနိုင်ခြေမြင့်လားရှင့်

    • @wabisabibyhnin
      @wabisabibyhnin  10 місяців тому +1

      သိပ်တော့မဆိုင်ဘူးထင်တယ်။ အင်တာဗျူးမှာ ကိုယ့်ကိုသဘောကျရင် ဘယ်ကျောင်းကထွက်တာပဲဖြစ်ဖြစ်အဆင်ပြေတယ်
      (Tokyo University လိုWaseda University လိုမျိုးကနေ ဘွဲ့ရရင်တော့ အလုပ်ခန့်မယ်သူများတာပေါ့)

    • @me_nozomi
      @me_nozomi 10 місяців тому

      @@wabisabibyhnin ကျေးဇူးတင်ပါတယ်ရှင့်ခုလိုဖြေပေးလို့

  • @user-wr6lc1ui6f
    @user-wr6lc1ui6f Рік тому

    အမရေ အမကဂျပန်ကို IT အလုပ်လုပ်ဖို့သွားတာလား ပြီးတော့ မြန်မာနိူင်ငံကဘယ်သင်တန်းကို Join ခဲ့တာလည်းပြောပြပါလား🥺

    • @wabisabibyhnin
      @wabisabibyhnin  Рік тому

      BE ITနဲ့ကျောင်းပြီးတာဆိုတော့ အခြေခံကစပြီး သင်တန်းတက်ဖူးတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ကျောင်းကစာတွေ့ပဲများတော့ လက်တွေ့အတွက် နည်းနည်းသိအောင် Java တော့တက်ဖူးတယ်။ mandalay က EROS ဆိုတဲ့သင်တန်းမှာ

  • @waihtutpai
    @waihtutpai 5 днів тому

    ကိုယ့်အထက်လူကြီးနဲ့ အများကြီးဆိုင်မယ်၊
    တချို့ ကျတော့ သင်ပေးပြီး ဆွဲခေါ်သွားတာ မျိုးရှိပေမယ့်
    တချို့ ကျတော့ အရမ်း အလုပ်ကို ကျပ်အောင် တွန်းပြီး အလုပ်ပေးတာတွေလည်း ဒုနဲ့ဒေးပါဘဲ။

    • @wabisabibyhnin
      @wabisabibyhnin  4 дні тому

      @@waihtutpai လူပေါ်လိုက်ပြီး ကိုင်တွယ်တဲ့ပုံတွေကတော့ ကွာသွားမှာသေချာတယ်😄

  • @violaphyu6470
    @violaphyu6470 2 роки тому +1

    ပျင်းစရာမကောင်းပါဘူးနော်အမြဲနားထောင်နေပါတယ်ITသမားတစ်ယောက်အနေနဲ့ကျောင်းပြီးထဲကဒီလိုပြောပြပေးတာလေးနားထောင်မိခဲ့ရင်ကောင်းသားလို့တွေးမိတယ်ကိုယ်ကဘွဲ့သာရတာလုပ်ငန်းခွင်အကြောင်းမသိခဲ့ဘူးကျေးဇူးတင်ပါတယ်ဒီလောကထဲဝင်ဖို့ခွန်အားတွေရပါတယ်အသက်27ဆိုတော့နောက်ကျနေပြီလားဟင်😊

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      နောက်မကျသေးဘူးထင်ပါတယ်😁

    • @violaphyu6470
      @violaphyu6470 2 роки тому

      @@wabisabibyhnin 💪💟ခွန်အားတကယ်ရပါတယ်

  • @zysgaming9136
    @zysgaming9136 Рік тому

    It မှာ mobile repairတွေရောပါလားဗျ
    Softwareနဲ့hardwareရောဗျ

    • @wabisabibyhnin
      @wabisabibyhnin  Рік тому

      ITထဲမှာဆိုရင်တော့ mobileနဲ့ပတ်သက်တာတွေလည်းပါတယ်။ ဒါပေမယ့် အခုဗီဒီယိုထဲမှာပြောထားတဲ့ ITက software engineer နဲ့ပတ်သက်တာပဲဆိုတော့ mobileနဲ့ပတ်သက်တာတွေတော့မပါဘူး။
      ပြီးတော့ mobileနဲ့ပတ်သက်တဲ့အပိုင်းတွေက အစ်မလည်းအဆက်အစပ်မရှိတော့ မပြောပြတတ်ဘူး။ အလုပ်တွေတော့ ရှိတယ်ထင်တာပဲ😄

    • @zysgaming9136
      @zysgaming9136 Рік тому

      @@wabisabibyhnin ဟုတ်ကျေးဇူးပါဗျကျွန်တော်ကmobile repair engineer ဆိုတော့မေးကြည့်တာပါဗျ

  • @Shin491
    @Shin491 2 роки тому

    ITကိုသင်တန်းတက်ပြီးဂျပန်ကိုလာလို့ရတာလားအမ
    သင်တန်းပြီးပြီးချင်း ဂျပန်မှာပဲချက်ချင်းအလုပ်ရတာလားအမက

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому

      မြန်မာမှာအလုပ်၃နှစ်လောက်လုပ်ပြီးမှလာတာ။ သင်တန်းပြီးပြီးချင်း ဂျပန်မှာအလုပ်ရဖို့ကတော့ သိပ်မလွယ်လောက်ဘူးထင်တယ်

  • @pyaephyo3633
    @pyaephyo3633 Рік тому

    recording လုပ်ထားလို့၇ပါသလား မီတင်တက်ရင်

    • @wabisabibyhnin
      @wabisabibyhnin  Рік тому +1

      သက်ဆိုင်ရာလူကြီးကိုပြောပြပြီး ခွင့်ပြုရင်တော့ ရတယ် ။ မပြောပဲ recordလုပ်ရင်တော့ တစ်ခုခုဖြစ်ရင် တာဝန်ယူရတာတွေ ဖြစ်လာနိုင်တယ်

  • @Winminzaw8
    @Winminzaw8 Рік тому

    အမယေ့
    ကျနော်က အမvideoတေခုမှတွေ့တယ်ITကိုဘယ်ကစရမလည်းယောင်ဝါးဝါးဖြစ်နေလို့ပြောပေးနိုင်မလား။

    • @wabisabibyhnin
      @wabisabibyhnin  Рік тому

      Programming language တစ်ခုခုကိုလေ့လာလိုက်။ အစဆိုရင် နားလည်လွယ်တဲ့ w3school တို့ဘာတို့လို websiteကနေစတာလည်းမဆိုးဘူး။ နည်းနည်းသိသွားပြီဆိုရင် စာအုပ်ဝယ်ဖတ်တာပဲဖြစ်ဖြစ်၊ ပိုကောင်းတဲ့websiteတွေရှာပြီး လေ့လာတာဖြစ်ဖြစ်လုပ်လို့ရတယ်။
      ပြီးရင် computer science ဘာဘာထပ်လေ့လာတာပိုကောင်းတယ်။
      ဘာလုပ်လို့လုပ်ရမှန်းမသိဘူး၊ လုံးဝကို programming နဲ့ပတ်သက်တာဘာမှကိုမသိတာဆိုရင် သင်တန်းကောင်းတာလေးရှာပြီး အဲ့မှာဘယာတက်သင့်လဲသွားဆွေးနွေးလိုက်တာကောင်းတယ်ထင်တယ်

    • @Winminzaw8
      @Winminzaw8 Рік тому

      @@wabisabibyhnin ありがとうございました🤩

  • @aungkaungmyat8134
    @aungkaungmyat8134 3 місяці тому

    ဆယ်တန်းမအောင်ရင်ကောရလားအမခင်ဗျာ

    • @wabisabibyhnin
      @wabisabibyhnin  3 місяці тому +1

      မလွယ်ဘူးထင်တယ်။ မတွေ့ဖူးသေးဘူး

  • @anunknownsoldier3728
    @anunknownsoldier3728 2 роки тому

    ဒီလိုမျိုးsharingလုပ်ပေးတာအရမ်းကျေးဇူးတင်ပါတယ်။ အလုပ်မဝင်ခင်OCPJPလိုမျိုးcertificationတွေဘာတွေယူထားသင့်လားဗျ

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      လုပ်ငန်းအတွေ့အကြုံရှိနေရင်တော့ ယူမထားလည်းရတယ်။ အလုပ်ဝင်ပြီးမှ ယူရင် စာမေးပွဲကြေးရော၊ဆုကြေးရောပေးတယ်ဆိုတော့ 😁
      အတွေ့အကြုံမရှိသေးရင်တော့ အဲ့လိုလက်မှတ်တွေရှိရင် အလုပ်ခန့်ခံရဖို့ အခွင့်အရေးပိုရှိမလားတော့မသိဘူး

    • @anunknownsoldier3728
      @anunknownsoldier3728 2 роки тому

      @@wabisabibyhnin မိန်းကလေးတစ်ယောက်အနေနဲ့ ဂျပန်မှာနေပြီးအလုပ်လုပ်ရတာ အဆင်မပြေတဲ့အချက်တွေဘာတွေရောရှိလားဗျ

    • @wabisabibyhnin
      @wabisabibyhnin  2 роки тому +1

      @@anunknownsoldier3728 အခုထိတော့ မရှိသေးဘူး

  • @user-zo4su1ed3o
    @user-zo4su1ed3o 11 місяців тому

    graphic designer nae yaw lr loh a sin phay lr bya

    • @wabisabibyhnin
      @wabisabibyhnin  11 місяців тому +1

      အဲ့ဒီအပိုင်းမှာ အသိမရှိိတော့ အဆင်ပြေမပြေမပြောတတ်ဘူးဖြစ်နေတာ။
      အလုပ်တွေကတော့ ရှိတယ်ထင်တယ်

  • @zin_song_channel
    @zin_song_channel 11 місяців тому

    အမဂျပန်မှာမိန်းကလေးချောချော ယောက်က်ျားလေးချောချောတိုင်း အရပ် ဘယ်နှစ်ပေရှိလဲဗျ

    • @wabisabibyhnin
      @wabisabibyhnin  10 місяців тому

      ပျမ်းမျှကတော့ ယောကျ်ားလေးက170cm လောက်နဲ့ မိန်းကလေးက 156cmလောက်ထင်တယ် ။
      ရုပ်မချောတဲ့ လောရှည်တွေရယ်
      ရုပ်ချောတဲ့ ဂျပုလေးတွေရယ်လည်း အများကြီးပဲ 🤣

    • @zin_song_channel
      @zin_song_channel 10 місяців тому

      @@wabisabibyhninရုံကြည်ချက်ရှိခြင်း!!!
      ကျွန်တော် အသက် ၁၅ပါ အရပ် ၁၆၃cm ပါ ကျွန်တော်ဂျပန်လေးယူမှာ😀

  • @WaymonKhin-wx6yc
    @WaymonKhin-wx6yc 3 місяці тому

    IT ဘွဲ့မဟုတ်ပဲ Itနဲ့ Diploma ရထားရင်ရော အဆင်ပြေပါလာ

    • @wabisabibyhnin
      @wabisabibyhnin  3 місяці тому +1

      လုပ်ငန်းအတွေ့အကြုံရှိရင်တော့ ပိုပြေတယ်

    • @WaymonKhin-wx6yc
      @WaymonKhin-wx6yc 3 місяці тому

      Oh rpပြန်တာ Thanks 😺❣
      I really love you

  • @mitmicrocontroller475
    @mitmicrocontroller475 Рік тому

    အရပ်အမောင်းလိုလားဗျ