"ထန်းတက်သမား" ဘဝကနေ အညာထန်းတောတွေကို တခေတ်ဆန်းစေခဲ့တဲ့ "အဘပိုင်"
Вставка
- Опубліковано 14 жов 2024
- "ထန်းတက်သမား" ဘဝကနေ အညာထန်းတောတွေကို တခေတ်ဆန်းစေတဲ့ "အဘပိုင်" 🌴🌴🥰
ပုဂံသွားရင် အဘပိုင်ရဲ့ "ပိုင်ထန်းတော” ကမသွားမဖြစ်ပါပဲ။ အညာရိုးရာ အစားအစာတွေနဲ့ ထန်းရည် ရလို့ကို တကူးတက သွားစားရတာကိုး။ ဗူးစင်တွေအောက်မှာ ထန်းရည်သောက်ပြီး ဒီပိုင်ရှင်ဟာ ဘယ်လိုနေမလဲလို့ အမြဲတွေးဖူးတယ်။ တေ့တေ့ဆိုင်ဆိုင် တွေ့ရတော့ ပိုင်ရှင်ဟာ စေတနာကောင်းတဲ့ လူရိုးကြီးဖြစ်နေတော့တာပါပဲ ... ☺️❤️❤️
(၁၈)နှစ်ကြာ ရုန်းကန်မှုတွေနဲ့ အောင်မြင်မှုရရှိနေတဲ့ ဘပိုင်အကြောင်းလေးကို မနှစ်က အင်တာဗျူးလေး လုပ်ထားပါတယ် ... ☺️☺️
🔹အတန်းပညာမပြီးဆုံးခဲ့ပေမယ့် ဘဝပညာတွေသင်ပြီး စီးပွါးရေးလုပ်လာခဲ့တဲ့အဘပိုင်။
🔹တတ်သိတဲ့သူတွေက အကြံပေးတာ လက်ခံသလို၊ ဧည့်သည်တွေရဲ့ လိုအပ်ချက်လေးတွေ အမြဲဖြည့်ဆည်းပေးတယ်။
🔹ရွာနီးစပ်က ကျောင်းသားလေးတွေကို အလုပ်အကိုင်ပေးထားနိုင်တယ်။
🔹ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် အလုပ်မှာ စီမံခန့်ခွဲနိုင်တယ်။
🔹ရိုးရာ အစားအသောက်ကိုတန်ဖိုးထားလွန်းတယ်။
♥️ အလေးစားဆုံးကတော့ ဗမာကားထဲမှာ သောက်လို့ မူးပြီးရန်ဖြစ်နေကျ "ထန်းရည်" ကို လူတိုင်း သောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တာပါပဲ။
🔹 အဘပိုင်ကစလို့ ထန်းတောဟာ တစ်ခေတ်ဆန်းလာခဲ့တယ်။ ထန်းရည်ကို ချစ်တတ်လာတယ်။ အိတ်စပိုစ့်တွေ လုပ်ဖို့ကြိုးစားလာကြတယ်။
တချို့အကြောင်းအရာတွေက ပကာသနမပါပေမယ့် ကြီးကျယ်ခမ်းနားလို့ နေပါတယ်။ စေတနာထားမှု၊ ရိုးသားမှုကို အခြေခံတဲ့ လုပ်ငန်းဟာ အောင်မြင်တယ်ဆိုတာ အဘပိုင်က သက်သေပြလိုက်သလိုပါပဲ ... ☺️☺️☺️
အဘပိုင်ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်။ အနော့်မိတ်ဆွေတွေလည်း သိရအောင် Video လေးလုပ်ထားလိုက်ပါတယ်လို့ ... 😃😃❤️
မနှစ်က ပထမဆုံးရိုက်ထားတာမို့ လက်ရာလေးကိုတော့ သည်းခံပါလို့နော့် ... 😁😁☺️
Video & Edit - Minnye Hla
ဘပိုင် ဆီကြိတ်နေတဲ့ပုံကို Internet ကနေယူထားပါတယ်။
လွတ်လပ်စွာ Share လို့ရ
တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ
ဆက်လက်တင်ဆက်ပါဦးမယ်
ကျေးဇူးတင်ပါတယ်
☺️☺️☺️
#ABaPaing
#MyanmarPalm
#Entrepreneur
#Bagan
#Myanmar
#TravelbyNawHtike
/ travelbynawhtike
ကျောက်ပန်းတောင်း ညောင်ဦးကြား ရွှေလှိုင်းရွာအကျော်က ပိုင်ထန်းတဲပါ အညာသဘာဝလေးပါ
ကျေးဇူးတင်အားပေးချင်စရာ🎉🎉။
အစားအသောက်အတု စိုးစဥ်းမျှမဖြစ်ပါစေနဲ့။ထန်းရည်အစစ်(လုံးဝ
အစစ်)သောက်ချင်ပါတယ်။
ကျောက်ပန်းတောင်းမြို့ကျော်ပြီး ပုဂံညောင်ဦးသွားလမ်းဘေး ဗျတ္တလမ်းခွဲနားက ပိုင်ထန်းတဲပါ
ကျွန်တော် အညာသားပါ ခင်ဗျ။ကျေးဇူးတင်ပါတယ်။
လေးစားပါတယ်အဘပုဂံရောက်ရင်လာခဲ့မယ်
လေးစားပါတယ်ဗျား။
အောင်မြင်မှုဆက်တိုက်ရရှိပါစေ။
မျိုးဆက်တွေကို အသိပညာအမွေ ဆက်ခံနိုင်ပါစေကြောင်း
ဆုမွန်တောင်းပါတယ်ခင်ဗျာ။
A Naw Lay,i m watching video.
အလှူရေစက်လက်နဲ့မကွာလှူတဲ့အဘပိုင်မိသားစုကျန်းမာချမ်းသာပြီးသက်ကျော်ရာကျော်ရှည်ပါစေ
Loving it!
A Naw yay, I am watching also
အကြော်စုံလည်းစားကောင်းတယ်.ငုံကြော်လေးလည်းစားကောင်း.အနောက်ကရှုခင်းလေးတွေလည်းအရမ်းလှတယ်..ရောက်ဖူးရင်.အရမ်းပျော်စရာကောင်းတယ်ဗျာ
ချစ်ဖို့ကောင်းလိုက်တဲ့ vlog လေး
တကယ်ကို တောတောင်ရေမြေစိမ့်စမ်းသဘာဝကို ရောက်ရှိသွားသလို ခံစားရခြင်းအားဖြင့် ပိုင်ရှင်ရ့ဲ စိတ်စေတနာပြဌာန့်းချက် ခန့်မှန်းလို်ရပါတယ် သူများတွေ စိတ်ချမ်းသာသလို အဘပိုင်လည်း စိတ်ချမ်းမြေ့သာယာရှိကြပါစေလေ
Nice
အလွမ်းဖြေ
ထန်းရည် သောက်ရင်း
အရောက်လှမ်း
ကိုဗျတ္တ မယ်ဝဏ္ဏ
ရင်နစ်စရာ
မေတ္တာဘွဲဲ့ဇတ်လမ်း
လွမ်းကြည့်လှဲ့စမ်း။
(အညာသား)
စားခဲ့တဲ့ဘူးသီးကြော်လေး တောင် သတိရလာပီ သဘာဝအတိုင်း အေးချမ်းသာယာလို့ ကိုယ်တော့ မြွေတောင်တွေ့ခဲ့သေး
ဒီ ဗီဒီယိုလေးနဲ့စသိ😘
ဘယ်နေရာဆိုတာဖေါ်ပြသင့်တယ်
အရင်တစ်ခေါက်က.
ယာဘက်ခြမ်းထဲလက်ဆောင်ဝယ်
ခုတစ်ခေါက် အကြော်စားရင်း
လမ်းတစ်လျှောက် သစ်ပင်မှာချိတ်ထားတဲ့စာတေ့လိုက်ဖတ်ရင်း ဓာတ်ပုံရိုက်သိမ်းတယ်၊စာကြည့်တိုက်ထဲဝင်ပြီး ဓာတ်ပုံရိုက်ထားတယ်။
လေးစားပါတယ်။မှတ်တမ်းလည်းအမှတ်တရ ရေးခဲ့ပါတယ်။
အနောရေvideoလေးတွေကိုနေ့စဥ်ဝင်ကြည့်ပေးနေတယ်နော် အားတင်းထားပါ အနောဝါသနာပါတဲ့အလုပ်လေးအမြန်ဆုံးပြန်လုပ်နိုင်ပါစေရှင့်
ပေးတဲ့ဆုနဲ့ပြည့်ပါစေ 🥰🙏
❤❤❤
အများအပေါ်
.....စေတနာ
.................ထားရှိသလို
အတွေးအခေါ်လဲ
.......................ကောင်းပ
ပျော်ပျော်နေတတ်တဲ့ ဘပိုင်
တစ်နေ့အရောက်သွားပြီးအားပေးမယ်
ကန်းထရီးစတိုင် ထန်းရေဆိုင်
အခုပိုစုံနေပီ မြန်မာ့ဆိုင်းဝိုင်းတွေ နဲ့တစ်ခးြစိတ်ဝင်စားစရာအပြည့်နဲ့ပါ အထူးသဖြင့် လွတ်လပ်စွာနားနေခွင့်ရတာပါပဲ အစားအသောက်လဲစျေးသင့်ပါတယ် ဝန်ထမ်းတွေကလဲရွာသူတွေမို့ရိုးသားဖြူစင်သဘောကောင်းကြပါတယ် ဗ
❤️❤️❤️❤️❤️❤️
😍😍😍
ကြော်ငြာလေးတွေတက်သေးတယ်
လာချင်တယ်ဗျာ
ထန်ရည်အစစ်ကဤကဲ့သို့ပေါများစွာရနိင်ပါသလား
ကောင်းမကလော်ဘီလေ
ထန်းရည်အစစ်က ဒီချိန်ဆို အများကြီးရတယ်။ အိမ်က အစ်မတို့ ထန်းလုပ်တာဆို ဆယ်ပုံး ဆယ့်ငါးပုံး အနည်းဆု့း ရတာ တနေ့တနေ့။ များတဲ့နေ့ဆို ပုံး ၂၀ လောက်ရတာ ထန်းလျက်ကျိုရတာ ထင်းရှာရခက် နေကပူ မီးကပူနဲ့
🤩🤩🤩
စိတ်ကူးအတွေူအရမ်းကောင်းတယ် တော်တယ်
ဖိုက်တာကြီးစီလာလည်
အညာ ဘယ် ရွာ မှာ ရှိ ပါ သလည်း
ပုဂံသွားတဲ့လမ်းမှာပါ
Nice
ဦးလေးကအတုယူစရာကောင်းလိုက်တာ
ဘူးစဥ်အောက်ဆိုတာလူတိုင်းဝင်ခဲပါတယ်
စိတ်ချမ်းသာစရာပါစားပြီးသိပ်ပျော်စရာကေင်းပါသည်
ကောင်မကလဲမေးလဲမေးချင်သေးမေးလဲမမေးတတ်ဘူး😅