ဝက်အူချောင်း အာလူးမာလာ အရမ်းစားကောင်းလို့ လုပ်စားကြည့်နော် | Spicy Mala Potato and Sausage
Вставка
- Опубліковано 2 жов 2024
- ဟင်းတွေစားနေရတာ ရိုးလာရင် အပြောင်းအလဲလေးဖြစ်အောင် ဒီလိုလေးလုပ်စားကြည့်နော် 😋😋😋
အခုတလော ထမင်းစားမကောင်းတာ တော်တော်လေးကြာနေပြီ။ ကိုယ်ချက်တဲ့ဟင်း ကိုယ်မစားချင်ဘူး။ အပြင်စာဝယ်စားလည်း ဈေးတွေအကုန်တက်နေလို့ မကိုက်ပြန်ဘူး။ ဘာလုပ်စားရင်ကောင်းမလဲ ကြံရင်းဖန်ရင်း အိမ်မှာလည်း မာလာရှမ်းကောအထုပ်လေး ရှိနေတာနဲ့ ဝက်အူချောင်းအာလူးမာလာလေး ချက်ဖြစ်သွားပါတယ်။
အာလူးလေးရော ဝက်အူချောင်းလေးတွေကိုပါ မာမာတင်းတင်းလေးဖြစ်အောင် ကြော်ပြီးမှ ပြန်ချက်ထားလို့ စားရတာ မာမာတင်းတင်းလေးနဲ့ ပိုစားကောင်းပါတယ်။
မာလာရှမ်းကောအနှစ်ထုပ်ကတော့ အထုံရော အစပ်ရော နည်းတဲ့အနှစ်ထုပ်ကို သုံးထားတဲ့အပြင် အနည်းငယ်ပဲထည့်ထားလို့ စားရတာက ထုံထုံကြီးမဟုတ်ပဲ ဟင်းလေးစားနေရသလို စားလို့ကောင်းပါတယ်။
မာလာရှမ်းကောတို့ မာလာဟင်းတို့ ကြိုက်တဲ့သူတွေဆိုရင်တော့ လုံးဝအကြိုက်တွေ့မှာ သေချာပါတယ်။
ထမင်းပူပူလေးနဲ့ စားလိုက်တော့ အနည်းဆုံး နှစ်ပန်းကန်ပဲ 😋😋😋
ဟင်းလေးလိုပဲ စားစား သွားရည်စာလိုပဲစားစား အရမ်းစားကောင်းတဲ့ ဝက်အူချောင်းအာလူးမာလာလေး ချက်စားကြည့်ပါရှင်။
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်
👇👇👇👇👇
/ @phyuhomecooking
----------------------------------------------------
လွယ်ကူရိုးရှင်း အိမ်ချက်ဟင်းလျာများ
ကြက်မွကြော် အလွယ်လုပ်နည်း
• ကြက်သားမွကြော် အလွယ်လု...
ငါးသေတ္တာဗူးနဲ့ မုန့်ဟင်းခါးချက်စားရအောင်
• မုန့်ဟင်းခါး အိမ်ချက် ...
ပုသိမ်ဟာလဝါ မာမာလေးထိုးနည်း
• ပုသိမ် ဟာလဝါ မာမာလေးထိ...
ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း
• ဆေးဖက်ဝင် ရှောက်ယိုထို...
ကတ်ကြေးကိုက် အလွယ်ကြော်နည်း
• ကတ်ကြေးကိုက်ပုံစံတူ ညှ...
အရမ်းစားကောင်းတဲ့ ကြက်ဥမွှေကြော်
• ကြက်ဥမွှေကြော် အိအိထွေ...
အသီးအရွက်တွေ ကြာရှည်ခံအောင်
• Frozen Vegetablesတွေ အ...
----------------------------------------------------
Music From:
--------------------
Audio Library
----------------------------------------------------
🙏🙏🙏
Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ...
🙏🙏🙏
#အာလူးမာလာ #ဝက်အူချောင်း #malapotato #potato #sausage #spicyfood #မာလာအာလူး #fried
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef
ချက်တဲ့သမီးကိုကြည့်ရတာဟင်းချက်တဲ့အခါစိတ့်ရှည်ပုံရတယ်နော်ကျေးဇူးပါဟင်းတခွက်ရတာပေါ့
အားပေးလို့ ကျေးဇူးပါရှင်။ 😍😍😍
ကြက်အူချောင်း အာလူးမာလာလုပ်စားမယ်အရမ်းကောင်းပါတယ် ကျေးဇူးအများကြီးတင်ပါတယ် မမဖြူ
မစုရေ ချက်စားကြည်နော် 🥰🥰🥰
စားကောင်းမယ့်ပုံလေး လုပ်စားကြည့်မယ်
လုပ်စားကြည့်ပါရှင့်။ ကျေးဇူးပါရှင့် 🥰🥰🥰
😋😋😋🥰
😊😊😊
Good
Thank you so much.🥰🥰🥰