I've already posted SATB lesson,..Bro.They'er in Choir singing.S is Soprano, A is Alto, T is Tenor and B is Bass. They are four parts harmony. If you wanna see more, you can search in my channel.. Thank for watching.
ဘရားသားပြောသွားတဲ့အထဲမှာကိုပဲအဖြေတွေအများကြီးပါသွားပါပြီ ဘရိုရေ..မှန်ပါတယ် အရင်ဆုံး Two parts harmony ကိုလေ့ကျင့်ပေးရမှာပါ..ပြီးမှတဆင့်ချင်းသွားရမှာပေါ့.. Alto , Tener, Suprano, Bass စသည့် Four parts harmony ကိုကျနော် တင်ခဲ့ပြီးသားပါ Melody တကြောင်းနောက်နေ ဘယ်လိုပုံစံ လိုက်မလဲ ဆိုတာကိုကျနော် Four parts harmony ဆိုတဲ့ Video နဲ့သပ်သပ်ရှင်းပြခဲ့ပြီးပါပြီ ဘရားသား.. အခုလိုတန်ဖိုးရှိတာလေးတွေဝင်ရောက်ဆွေးနွေးပေးတာအရမ်းဝမ်းသာပါတယ် ကျေးဇူးပါဆရာ လေးစားပါတယ်
မဆိုင်ဘူး Harmony ဆိုတာ သူ့ရဲ့ ဂုဏ်သတ္တိနဲ့သူရှိနေပြီးသား ဘရို.. ညီကို တခုပြောပြမယ် Two parts harmony, Three parts harmony, Four parts harmony, အဲ့ဒါတွေက တဆင့်ပြီးတဆင့် လေ့လာရတာ .. အဲ့ဒါတွေကြေညက်ပြီးပြီဆိုမှာ သူ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လိုက်ရတာမျိုးတွေလည်းရှိတယ် ..Music Theory မှာသူကအဆင့်မြင့်ဆုံးသင်ခန်းစာပဲ
ဟုတ်တယ် ဆရာ chords တွေကလည်း harmony နဲ့ဖွဲစည်းထားတာပဲလေ ဟုတ်တယ် ဟာမိုနီက တော်တော်အရေးပါတယ် ဟာမိုနီနဲ့ပတ်သက်တဲ့ knowledge လေးတွေတင်ပေးပါအုံးဆရာ ကျေးဇူးပါဆရာ
ကျနော် တင်ပေးထားတာတွေရှိတယ် သိပ်မကြာသေးပါဘူး ရှာကြည့်လိုက်ပါနော် ဥပမာ Four parts harmony
ကျေးဇူးအထူးပါ ဆရာ မသိခြင်းများကို ကြားသိရခြင်းအတွက် ❤
ဟုတ်ကဲ့ပါ ရပါတယ် ဝင်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါဗျာ
ကောင်းပါတယ် အကို ရှင်းလင်းချက် က pro ဖြစ်စေချင်တာပါ good teaching
ကျေးဇူးပါညီရေဝင်ကြည့်ပေးတဲ့အတွက်
Wow! လေးစားတယ်ဆရာ။ ရှင်းရှင်းလင်းလင်းကို ရှင်းပြပေးနိုင်တာ တကယ်လေးစားတယ်။
Bass, Alto, Tenor ကိုလည်း ရှင်းပြပေးစေချင်တယ် 🙏🙏
အမှန်က လေးမျိုးဗျ Suprano တလိုင်းကျန်သေးတယ် အဲ့ဒါကလည်းချန်ထားခဲ့လို့မရဘူး..ကျနော် ရှင်းမယ်ဆို သေချာပြင်ဆင်မှဖြစ်မှာ အဲ့ဒါတွေကအမှားမခံလို့ပါဘရို
အခုလို ပြောပြပေးလိုကျေးဇူးပါဆရာ နောက်ထပ်လည်းတင်ပေးပါ🎉🎉❤❤
ဟုတ်ကဲ့ နောက်ထပ် အသုံးများတဲ့ ဟာမိုနီအမျိုးအစားတွေကိုအပိုင်းလိုက်ကလေးတွေတင်ပေးဦးမှာပါ ဘရို
ရှင်းပြတာ အရမ်းကောင်းပါတယ်..OK bro' ကျေးဇူးအရမ်းတင်ပါတယ်..
ဟုတ်ကဲ့ကျေးဇူးတင်ပါ ဝင်ကြည့်ပေးတာ
ကောင်းလိုက်တာဗျာ ရှင်းရှင်းလင်းလင်ကိုသိလိုက်ရတယ်❤
ဟုတ်ကဲ့ ဘရို ဝင်ကြည့်ပေးတာကျေးဇူးပါဗျာ
ေစတနာအရမ်းထားပြီး ရှင်းပြတာ ကျေးဇူးပါဗျာ❤
ဟုတ်ကဲ့ပါဘရိုဝင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါဗျာ
ကျေးဇူးပါ ဘုရားရှင်ကောင်းချီးပေးပါစေ❤❤❤
God blessed to you back..
Thank you.. ❤️❤️
ကျေးဇူးအထူးပါ ဆရာ
ဟုတ်ကဲ့ရပါတယ်ခင်ဗျာ
Thank you so much, Ko Myo Han!👍👍👍
Welcome Bro 😊
ဆရာOctave B ကျော်နေတယ် with Love.
ဟုတ်တယ် ဘရို ကျနော်သတိမထားလိုက်မိဘူး နောက်ဆို အဲ့ဒါလေးတွေကဆင်ခြင်ရမှာ..ကျေးဇူးဗျာ အခုလိုသတိပေးတဲ့အတွက်
@@mr.stranger1310❤
ကျေးဇူးပါဆရာ❤
ဟုတ်ကဲ့ရပါတယ်ခင်ဗျာ
@mr.stranger1310 ကြိုးစားပါ့မယ်💝
လေးစားပါတယ်❤
ဟုတ်ကဲ့ရပါတယ်ခင်ဗျာ
အားပေးနေတယ် ဘရားသားရေ များများထပ်တင်ပေးပါဗျ ကျနော်လည်း လေ့လာနေဆဲ သူတစ်ယောက်မို့
ဟုတ်ကဲ့ပါ တင်ပေးနေပါတယ်ဘရားသား..ဝင်ကြည့်ပေးတာကျေးဇူးပါဗျာ
HARMONY EXERCISE အတွက် NOTE ANALYSE လုပ်ပြီး ကျင့်သင့်တဲ့သီချင်းလေးတွေ ညွှန်းပေးလို့ရမလားဆရာ ကျေးဇူးပါဗျ
ဟုတ်ကဲ့ပါခင်ဗျ
brotherရေ ခုမှသိတော့တယ် ကျေးဇူးပါ
ဟာ ဟုတ်ကဲ့ပါ ရပါတယ်ခင်ဗျ ဝင်ကြည့်ပေးတာကျေးဇူးပါ
အားပေးနေပါတယ်ဆရာရေ🎉🎉🎉
လာပြီ အခုမှ
ကျေးဇူးပါဗျ။
ဟုတ်ကဲ့ကျေးဇူးပါဘရားသား
ကျေးဇူးပါ
ဟုတ်ကဲ့ရပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်
အာ့ကိုသိချင်နေတာ
ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ ဝင်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ ဘရားသား
လေးစားပါတယ် ဆရာ,မိုက်တယ် ကြိုက်တယ်ဗျား။တန်ဖိုးရှိတယ်။ထပ်တင်ပေးပါဦးဗျာ။
ဟုတ်ကဲ့ တင်ပေးထားပါတယ် အရင် video file တွေထဲမှာလည်း ပညာရပ်ဆိုင်ရာအခြေခံတွေ တင်ပေးထားပါတယ် ဘရားသား
ဒီ topic နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် reharmonization မှာဖော်ပြတာတခုက စကေးတခုအတွင်းက ဖန်တီးတည်ဆောက်ထားတဲ့ melody ကို harmony အခြေခံဖြစ်တဲ့ chord တပ်ဆင်တဲ့နေရာမှာ ဘယ်လိုပြောလဲဆိုတော့ 1,3,5 ,7 and 9,11,13 လို့ ပြတာတခုရှိပါတယ်။ jazz theory မှာလည်း အဲ့လိုပြပါတယ်။ ဒီကျင့်ဝတ်ကိုလိုက်နာကျင့်သုံးဖို့အတွက် time signature တခုက ဘာလဲ ဥပမာ 4/4 လား 6/8 လား အဲဒီ beat တွေမှာ ဘယ် beat က weak လဲ ဘယ် beat က strong လဲ သိဖို့လည်းအရမ်းလိုနေပြီ။ ဒါနဲ့ပတ်သက်ပြီး ပြောင်းပြန်အနေအားဖြင့် သီချင်းတပုဒ်ရဲ့ chord frame တခုပေးထားမယ် အဲ့ဒီမှာ solo ကိုဖန်တီးပေးပါဆိုလျှင် သူ့မှာလည်း သူ့စည်းမျဉ်းကရှိပြန်ရော သီအိုရီအရပြောတာပါ။ ဘယ် chord မှာဖြင့် ဘယ်လို note ကို အဝင်မခံပါဘူးဆိုတာရှိသေးတယ် ဒါကသီအိုရီမူအရပြောတာပါ။ ၇ သံရှိတဲ့ diatonic scale တခုမှာ 4 degree ဖြစ်တဲ့ (fa note) ဟာ Tendancy tone လို့သက်မှတ်ထားတယ် စကေးရဲ့ အလယ်ဗဟိုလည်းကျတယ်လို့ဆိုတယ် ဒါက ၇ သံရှိတဲ့စကေးတခုကိုပြောတာပါ။ ၄ သံရှိတဲ့ စကေးကို tetra chord သို့မဟုတ် tetra scale လို့ခေါ်တယ်။ ၅ သံစကေးဆိုရင် pentatonic scale လို့ခေါ်တယ် အစရှိသည်ဖြင့်ပေါ့။ melody ပိုင်းကတော့ သိပ်မခက်ဘူး harmony ပိုင်းကျတော့ အရမ်းကျယ်ပြန့်တယ်လို့ ကျွန်တော်နာလည်းထားတယ်။ အခုလို စိတ်ရှည်စွာ ရှင်းပြပေးတဲ့ဆရာကိုကျေးဇူးတင်ပါတယ်။ မျိုးဆက်သစ်တွေ ပညာအရယူနိုင်ပါစေဗျာ
ဟုတ်တယ် ဘရို Harmony က အရမ်းကျယ်ပြန့်တယ် စည်းမျဉ်းတွေလည်းအရမ်းများတယ် တချို့ Chord frame တွေမှာကိုပဲ ဘရိုပြောတဲ့ Dissonance note တွေဝင်လာတာတွေတွေ့ဖူးတယ် ဒါပေမယ့် နောက်ကပေးတဲ့ Low instrument တွေဖြစ်တဲ့ Bass , cello လိုဟာမျိုးတွေနဲ့ ပြန်ဖြည်ပလိုက်တော့ အရမ်း Colourful ဖြစ်သွားတယ်ဗျာ..
ဥပမာသီချင်းတပုဒ်လောက်ပြောပြပါလားဘရို@@mr.stranger1310
ကျေးဇူးပါ ဗျ
ရပါတယ်ခင်ဗျ
Thank you so much , Bro ! 🤘🤘🤘
Welcome Bro..
Thanks for watching
Sya, as you mentioned, harmony looks like Tenor in choir. Is it right?
I've already posted SATB lesson,..Bro.They'er in Choir singing.S is Soprano, A is Alto, T is Tenor and B is Bass.
They are four parts harmony.
If you wanna see more, you can search in my channel..
Thank for watching.
Thank you Sir🎉❤
ဟုတ်ကဲ့ ရပါတယ်ဗျာ
လှိုက်လှဲစွာကျေးဇူတင်ပါတယ် ကိုလေးရေ....ကောင်းသောစိတ်စေတနာကိုအလေးနက်ထားပါတယ်❤
အသိအမှတ်ပြုပေးတာကျေးဇူးတင်ပါတယ်ဗျာ
Harmony / Background Vocals လိုက်ဆိုလိုက်လေ့ကျင့်လို့ရမဲ့ Sing along / practice along သင်ခန်းစာမျိုးလေးပါ စီစဉ်ပေးပါ ဆရာ
မြန်မာပြည်မှာ ဟာမိုနီသင်ယူလေ့ကျင့်ရန် အင်မတန်ခက်ခဲပါတယ်
အထူးသဖြင့် သီချင်းတစ်ပုဒ်ကို ကိုယ်ပဲ မယ်လိုဒီ Melody သို့မဟုတ် အဓိက ဦးဆောင်အဆို Lead / Main Vocal ဆိုပြီး
Harmony / Background Vocal / Supporting Vocal ဟာမိုနီပြန်လိုက်ချင်တဲ့ လူငယ်တွေရှိပါတယ် ဆရာ
နိုင်ငံခြားမှာလဲ တချို့အဆိုတော်တွေ ကာဗာပြန်ဆိုတဲ့ ဝါသနာရှင်တွေ ကိုယ်ဆိုတဲ့ သီချင်းကို နောက်ကနေ
ကိုယ် Harmony ပြန်လိုက်ဆိုထားတာမျိုးရှိပါတယ်
2 parts harmony , 3 parts harmony စသည်ဖြင့်ပေါ့ဆရာ ၊
Acapella လောက်ထိတော့ ဟာမိုနီလိုင်းတွေ လိုင်းခွဲတွေ အများကြီး မဖြစ်ဘူးပေါ့
ရိုးရိုးနဲ့ရှင်းရှင်း ဂန်ဒဝင်သီချင်းတွေမှာ ကြားနေကြပုံစံမျိုးပေါ့ဆရာ
အဲလိုဆိုလိုက်တော့ သီချင်းကတော့ အတော်လှပပြည့်စုံသွားပါတယ် ဆရာ
ကျွန်ုပ်တို့ အရင်ဆုံး သင်မယ်ဆို '' All I have to do is Dream '' by Everly Brothers သီချင်းလေးလိုမျိုးလေးက
စသင်ယူလေ့ကျင့်နိုင်ရင် မဆိုးဘူးထင်ပါတယ်ခင်ဗျာ
မယ်လိုဒီက ဘာရစ်တုန်း Baritone Vocal range လောက်နဲ့ ဟာမိုနီက တဲနာ Tenor Vocal Range လောက် နဲ့ ဖြစ်စေ
မယ်လိုဒီက တဲ့နာ Tenor Vocal Range လောက် နဲ့ ဟာမိနီက စိုပလန်းနို Soprano Vocal Range လောက်နဲ့ ဖြစ်စေ
ဒါမှမဟုတ် Soprano Vocal Range သမားကို Alto Vocal Range ကနေ အနိမ့်ပြန်လိုက်တာမျိုး ( Lower harmony ) တွေပေါ့ ဆရာ
ကိုယ့် Vocal Range အသံနဲ့နိုင်တဲ့ ကနေ လိုက်နိုင်အောင် သင်ယူတာမျိုးပေါ့ ဆရာ
နိုင်ငံခြားဗီဒီယိုတွေကျ သူတို့ ဘာသာစကားနဲ့ရှင်းပြတော့ ဆိုလိုရင်း ရှင်းလင်းစွာသိဖို့ခက်တာရယ်
လိုက်ဆိုလိုက်လေ့ကျင့်လို့ရတဲ့ Practice along / Sing along tutorial ပုံစံမျိုး ဗီဒီယိုနည်းတာရယ်တွေကြောင့်
ဟာမိုနီ သင်ယူလေ့ကျင့်ချင်သူများ အခက်အခဲတွေ့လျှက်ရှိပါတယ်
မြန်မာပြည်က အဆိုသင်တန်း ပြင်ပ ရော အွန်လိုင်းရောမှာလဲ အဓိကဦးဆောင်သီဆိုမှူ Main Vocal / Lead Vocal / Melody singing ၊
အသံထုတ်စနစ် ၊ အသက်ရှူစနစ် ၊ သီဆိုဟန် သီဆိုနည်းစနစ် တို့ကိုသာ ဦးစားပေးသင်ပေးလေ့ရှိပါတယ် ၊
ဟာမိုနီကို သဘောတရားလောက် မိတ်ဆက်ပေးပြီး ဒီထက် ပို ထဲထဲဝင်ဝင် မသင်ပေးကြဘူး ဆရာ
ဖြစ်နိုင်ရင်တော့ ဆရာတို့ ဦးဆောင်ပြီး ရှေးခေတ် ဆိုလွယ် ဂန်ဒဝင် တေး Easy to sing popular Classical songs တချို့ ကို
ဟာမိုနီ သင်ခန်းစာလေးတွေ သီအိုရီအပိုင်း ရော လိုက်လေ့ကျင့် လိုက်ဆိုကြည့်ပြီး သင်ယူသွားနိုင်တဲ့ Sing along tutorial ဗီဒီယိုလေးတွေရောနဲ့
သင်ခန်းစာလေးတွေ လုပ်ပေးစေချင်ပါတယ် ဆရာ Thanks.
ဘရားသားပြောသွားတဲ့အထဲမှာကိုပဲအဖြေတွေအများကြီးပါသွားပါပြီ ဘရိုရေ..မှန်ပါတယ် အရင်ဆုံး Two parts harmony ကိုလေ့ကျင့်ပေးရမှာပါ..ပြီးမှတဆင့်ချင်းသွားရမှာပေါ့..
Alto , Tener, Suprano, Bass စသည့် Four parts harmony ကိုကျနော် တင်ခဲ့ပြီးသားပါ Melody တကြောင်းနောက်နေ ဘယ်လိုပုံစံ လိုက်မလဲ ဆိုတာကိုကျနော် Four parts harmony ဆိုတဲ့ Video နဲ့သပ်သပ်ရှင်းပြခဲ့ပြီးပါပြီ ဘရားသား..
အခုလိုတန်ဖိုးရှိတာလေးတွေဝင်ရောက်ဆွေးနွေးပေးတာအရမ်းဝမ်းသာပါတယ် ကျေးဇူးပါဆရာ လေးစားပါတယ်
@@mr.stranger1310 ဝါသနာရှင်ပါခင်ဗျာ လေ့လာလိုက်စားလျှက်ရှိဆဲပါ ဆရာ ဂီတအနုပညာ ဗီဒီယို တွေ အားပေးလျှက်ပါ
@@Bando.Lethwei ဘရိုသိထားတဲ့ဟာတွေက တကယ့်အဆင့်မြင့် Level တွေနော်..music မှာ Harmony သင်ခန်းစာတွေက အဆင့်မြင့်ဆုံးသင်ခန်းစာတွေလို့ပြောလို့ရတယ် ဘရားသားရဲ့ အဲ့ဒါတွေသိထားတဲ့အတွက် တကယ်လေးစားပါတယ်ဗျာ
@@mr.stranger1310 ဟုတ် ဝါသနာပါလို့ပါခင်ဗျာ သိတာကသိတာ လိုက်ဆိုလို့ မချောသေးတာကလဲ မချောသေးတာပါပဲခင်ဗျာ အစ်ကိုဆရာလဲ အားလပ်ချိန်လေးများမှာ ဟာမိုနီ ဗီဒီရို လေးများ ကျေးဇူးပြုပြီး တင်ပေးပါအုန်း ခင်ဗျာ လေးစားလျှက်ပါ
ဟုတ်ကဲ့ပါခင်ဗျာ တင်ပေးပါ့မယ် ဘရိုရေ
ရှင်းပြဒါကို သဘောကြတယ်❤❤❤❤❤
ဟုတ်ကဲ့ ဝင်ကြည့်ပေးတာကျေးဇူးဗျာ
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေပါသည်
ဟုတ်ကဲ့ဘရို နောက်တခါဆင်ခြင်ရမယ့်ကိစ္စလေးတွေ
ဖက်ကြမ်းခဲတာကြီးကတော့😊
😂😂 ခွင့်လွှတ်ပါဗျာ တခါတလေပါသွားတာပါ
Thank you sayar
Welcome Bro
ဟုတ်တယ်ဟုတ်တယ်ဆရာ အဲ့လိုလူတွေကများတယ် ဘယ်သူမပြောဘူးmeသူငယ်ချင်းတွေထည်မှာတင်မှရှိတယ်
😆😆😆
ဟုတ်တယ်ဆရာ ဟာမိုနီရမ်းဆိုနေတာတွေ့ဖူးတယ် ရှက်စရာကောင်းတယ် ရမ်းအော်နေတာ
😆😆 အဲ့လိုတွေအများကြီးပဲ ညီလေးရဲ့ တချို့တွေက ဟာမိုနီဆိုတာနောက်ကနေတယောက်ကလိုက်အော်ရတာဆိုတာလောက်ပဲသိကြတာ အဲ့ဒါကြောင့်ရှင်းပြတာ
Quarrel သီဆိုပုံတွေကို note လေးနဲ့ သင်ကြား ရှင်းပြပေးပါဦး ဆရာရေ
ကျနော့ချန်နယ်ထဲမှာ Four parts harmony ဆိုတဲ့ Content video လေးရှိတယ် ဘရားသား ပြန်ရှာကြည့်လိုက်ပါနော်
Ko Lay Phyu ရဲ့ BOB Album ထဲက ဝီရောဓိသီးချင်းလေးလည်း review လုပ်စေချင်ပါတယ်အကို
အဲသီးချင်းမှာကိုအငဲရဲ့ backing harmonica လည်းတော်တော်ကောင်းတယ်
ဟုတ်ကဲ့ပါ အချိန်ရရင် လုပ်ကြည့်ပါ့မယ်ဘရို
ဆရာရေအကြံပြုတာပါstaff note အသုံးပြုတာအားနည်းတဲ့ကျနော်တို့နိုင်ငံမှာ staff note ရေးပုံရေးနည်း time signature တွေnoteအပေါ်ဆွဲရမလားအောက်ဆွဲရမလားstaff noteရဲ့restတွေnoteတွေတွဲရမယ့်အစုတွေမတွဲရမယ့်အစုတွေကိုpublicတင်တဲ့ခါသတိထားစေချင်တယ်ဗျာမသိတဲ့အခြေခံသမားတွေအမှန်ထင်သွားမှာစိုးလို့ပါဗျာpeace
ဟုတ်ကဲ့ပါ ကျနော်လည်းအဲ့ဒါကို တင်ပြီးမှ သတိထားမိလိုက်တာ ကျေးဇူးပါ နောက်တခါကျနော်ဆင်ခြင်ရမယ့် ကိစ္စလေးတွေကိုထောက်ပြပြောဆိုပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်..
Good job bro, ဂီတနဲ့ပတ်သက်ပြီး ခုလို အမှန်တရားေတွ ဆက်ပြောပေးပါ သိစေချင်တဲ့ စေတနာနဲ့ပြောနေတယ်လို့ခံစားရပါတယ်ဗျ Subscribe လုပ်ခဲ့ပါတယ်နော် ❤
ဟုတ်ကဲ့ကျေးဇူးပါ Brother ❤️
ဘရာဥား အားရင် guitar effect အသုံးပြုနည်းလေး ပြပေးပါဗျာ
ဟာ အဲ့ဒါကျနော့ချန်နယ်ထဲမှာ တင်ပြီးသားရှိတယ် ဘရို သိပ်တောင်မကြာသေးဘူး ရှာကြည့်လိုက်ပါနော်
ဆရာသမားရေ down လိုက်ပီဗျာ လေးကျင့်ရအောင်လို့ပါ ကျေးဇူးပါဗျ
ဟုတ်ကဲ့ပါရပါတယ်ဗျာ Content video ကအရှည်ကြီးနော် ရကောရရဲ့လား
ဂီတကို သိပ်တော့ နားမလည်ပေမယ် Eagles က Hell freeze Over concert မှာ Timothy ဆိုတဲ့ I can't tell you why သီချင်းကိုကြည့်ရတာ နားထောင်ရတာ အရမ်းအရသာရှိတယ် သူတို့ အချင်းချင်း သိပ်ကို ညီညွတ်ကြပြီး တာဝန်ကြေကြေနဲ့ သီချင်းကို တင်ဆက်ပေးသွားလိုက်ကြတာဗျာ
ငယ်ငယ်ကတည်းက ခုထိကြည့်မဝ နားထောင်မဝတဲ့ Album ❤❤❤
ဟာ Eagles အဖွဲ့ကကျနော့အသဲစွဲပဲကို
@mr.stranger1310 သူတို့ အဖွဲ့ကို ကြည့်နေရတာ အရမ်း အဓိပါယ်ရှိတာဗျာ ကိုယ့်တာဝန်ကိုယ် ကျေပွန်ပြီး သီချင်းကို ဈန်ဝင်ပြီး သီဆိုသွားကြပုံတွေများ ကြည့်လို့မဝနိုင်ဘူးဗျာ
မတူရင်ပြီးရောဆိုတဲ့ အဖွဲ့ကပါ။ အားပေးနေပါတယ်ခင်ဗျ
😆😂 အဲ့လိုကြီးမပြောပါနဲ့ ဘရိုရယ်..အမှားကိုသိရင်အမှန်ဆိုတာမဝေးတော့ပါဘူး..စကားမစပ် အားပေးတာကိုလုံးဝလှိုက်လှဲစွာကျေးဇူးတင်ပါတယ်ဗျာ
ပလေးဘွိုင်းသန်းနိုင်နဲ့အယ်လ်ခွန်းရီဆိုထားတဲ့
ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေးက
မြန်မာပြည်ဟာမိုနီလောကမှာ
ပထမဆုံးထင်တယ်ဆရာ
အဲ့လိုကြီးတော့ဆိုင်းဘုတ်မတင်ပါနဲ့ဗျာ..ရှိပါတယ်ကျနော်တို့မမွေးခင်ကိုလိုနီခေတ်ကတည်းမြန်မာနိုင်ငံမှာ ဟာမိုနီအကြောင်းကိုနားလည်သီဆိုနေတဲ့သူတွေရှိပါတယ်
@mr.stranger1310
ကျေးဇူးပါ
@@GaLi-i1r ဟုတ်ကဲ့..
Have a nice day ❤️😊
Right
Thank Bro
သူများသီချင်းဆိုနေရင်ဆရာကြီးလုပ်ပီးဟာမိုနစ်ငါဆိုပေးမယ်ဆိုတဲ့ လူတွေကြည့်ထားကြနော် တလွဲတွေလိုက်ဆိုနေတာ မူရင်းကီးသမားပါ ကြောင်ကုန်တယ် ရပ်ကွက်ထဲမှာဟာမိုနစ်အဖွဲ့ သပ်သပ်ရှိတယ် 😅😅😅
😂😂 အသာလုပ်ပါဘရိုရဲ့
Bro ရှင်းပြတော့ မှ ရှင်းတယ် ကျွန်တော် လည်းဟာမိုနီလိုက်တာ ဝါသနာ ပါတယ်
ဟုတ်ကဲ့ ဝင်ကြည့်ပေးတာကျေးဇူးပါဗျာ
ကျေးဇူးဆရာ ကျနော် အပြင်မှာ ဆရာ့ Class ရှိရင်Join ချင်ပါတယ်
ကျနော်က နယ်မြို့လေးမှာနေတာ ညီကိုရဲ့ ပြီးတော့ သင်တန်းရယ်လို့သတ်သတ်မှတ်မှတ်မရှိပါဘူး ဒီချန်နယ်ကနေပဲ Sharing လုပ်ပေးနေတာပါ
ဆရာဘယ်မြို့ကလဲဗျ@@mr.stranger1310
@@KapPu-kb9oo ပြောရရင်အဆင်မပြေဘူးဘရို အခု ကျနော်အသိုက်ပြောင်းဖို့ပြင်ဆင်နေရပြီ
❤❤
Thank Bro
သင်ယူနိုင်ဖို့ အခြေခံ vocal/ listing လေ့ကျင့်ခန်း တွေ ရှိရင် ညွှန်ပြပေးပါဆရာ အခုမ စပီး လေ့လာပီး သင်ယူချင်လို့ပါဗျ🙏
Vocal ပိုင်းကကျနော် Guide လုပ်မပေးနိုင်လို့ပါဘရို ကျနော်က Guitar ပဲ တီးတတ်တာ..Vocal training ပိုင်းကကြတော့နီးစပ်ရာသင်တန်းတွေမှာစုံစမ်းကြည့်လိုက်ပါရှိမှာပါ
@@mr.stranger1310ဟုတ်ဆရာ ကျေးဇူးပါဗျ😊
Extreme ရဲ့More than words ဟာမိုနီကကော ဘယ်လိုလိုက်ရလဲတစ်ချက်ပြောပြလို့ရရင်ပြောပြပေးပါလားဗျ
အဲ့လိုသီချင်းတွေကြတော့ Notes ချရေးပြီးတော့ သေချာ Analysis လုပ်ရမှာဘရားသား ကျနော်ပြန်နားထောင်ကြည့်ဦးမယ်..
Alto😊
@@sawcyrusmooofficial9240 ကျေးဇူးတင်ပါတယ်ဘရိုရေ အခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်...စကားမစပ် MEBC Guitar concert မှာတုန်းကဝင်ပြီးဗျင်းတဲ့ဘရားသားလားလို့ပဲ..ကျနော်မှတ်မိနေသလိုပဲ
@mr.stranger1310 ဟုတ်တီးခဲ့ပါတယ်အကို 🤗 broကိုအားပေးနေပါတယ် 🤘🤘
@@sawcyrusmooofficial9240 ကျနော်လည်းဘရိုရဲ့ပရိပ်သတ်တယောက်ပါ အားပေးနေတယ်ဗျာ Subscrib လည်းလုပ်ခဲ့တယ်
ဆရာiron maidenရဲ့the troopersမှာဘယ်harmonyလိုက်တာလဲဗျ
သေချာလေးနားထောင်ကြည့်မှသိမှာ ညီကို တချို့သီချင်းတွေကြတော့ အခုလို သမားရိုးကျပုံစံတွေကနေ ဖောက်ထွက်ပြီလိုက်တာတွေရှိတယ်
ခုလိုရှင်းပြတာ... အခြေခံဂီတသမားများတွက် အရမ်းအဆင်ပြေပါတယ်...
အကုန်ခြုံ့ပြီးပြောရရင် Key -C နဲ့ စရင် အဲ key ရဲ့ တစ်ဘားမြင့်ဖြစ်တဲ့ E...G....B... အသံတွေက Key -C ရဲ့ ဟာမိုနီပေါ့နော်.... အဲလို နားလည်မိတယ်... ခု video ထပ်ကာ ကြည့်ပါမယ်ဗျ....❤❤ ကျေးဇူးပါ
Key C လို့ပြောလို့မရဘူးဘရိုရဲ့ C note ရဲ့ ဟာမိုနီဟာ 3rd နဲ့ 5th intraval ဖြစ်တယ် B note ဖြစ်တဲ့ 7th note ကြတော့ four parts harmony ထဲကိုဝင်သွားပြီ..အဲ့ဒီ 7th note ကိုလိုက်ရင်အတော်သတိထားရတယ် အဲ့ဒါကြောင့်မလိုက်တာကောင်းတယ်
@mr.stranger1310 ဟုတ်ကဲ့ပါ
Harmony ဆိုတာထက်
Backing vocal ဆိုရင် ပိုပြည့်စုံမလား ဆရာ?
မဆိုင်ဘူး Harmony ဆိုတာ သူ့ရဲ့ ဂုဏ်သတ္တိနဲ့သူရှိနေပြီးသား ဘရို..
ညီကို တခုပြောပြမယ် Two parts harmony, Three parts harmony, Four parts harmony, အဲ့ဒါတွေက တဆင့်ပြီးတဆင့် လေ့လာရတာ ..
အဲ့ဒါတွေကြေညက်ပြီးပြီဆိုမှာ သူ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လိုက်ရတာမျိုးတွေလည်းရှိတယ် ..Music Theory မှာသူကအဆင့်မြင့်ဆုံးသင်ခန်းစာပဲ
ဟုတ်တယ်
1 Octave ပိုမြင့်/ ပိုနိမ့်ဆိုလိုက်ရုံနဲ့
Harmony အထင်ရောက်နေကြတာများတယ်
အမုန်းခံပြီးပြောရတာပါ ဘရိုရာ တချို့လူတွေက ဆရာကြီးလာလုပ်တယ်ထင်ကြတယ်ဗျာ စိတ်မကောင်းဘူး
ဆရာရေ... အခြားထပ်မေးဦးမယ်ဗျ...
သူးများရဲ့ သီချင်းတွေကို သံစဥ်ယူပြီး.... စာသားတွေပြောင်း ရေးပြီးပြန်ဆိုရင် ဂီတ ဥပဒေနဲ့ငြိလာဗျ....
ညိတာပေါ့ ဘရိုရဲ့ Copyright ဥပဒေအရ Melody တူလို့မရဘူး ဒါပေမယ့် ဒီနိုင်ငံမှာတော့ လုပ်နေကြတာပါပဲလေ..
@@mr.stranger1310 ဟုတ်ကဲ့ပါ... မြန်မာမှာတော့ အားကျတဲ့ idol ကြီးတွေလည်း copy song သီချင်းတွေ သီဆိုခဲ့ကြတော့ ဇဝေဇဝါဖြစ်လို့ မေးမိတာပါနော်...
@@lalliansangc.k1303 အရင်တုန်းကတော့အဲ့ဒီ Copyright ကိစ္စကအဲ့လောက်ကြီးမကျယ်ပြန့်သေးတော့
ရေးကြတာပါပဲ ခုနောက်ပိုင်းတော့ Own Creation တွေကိုတန်ဖိုးထားရကောင်းမှန်းသိလာကြပါပြီ..
ကျနော်ကတော့ Copy ပဲပြောပြော Cover ပဲပြောပြော Own tune ပဲဆိုဆို အကုန်နားထောင်ပါတယ်
❤❤❤🎉🎉🎉🎉
Thank Bro
Harmonyက အပေါ်နဲ့အောက် နှစ်ခုရှိတာမဟုတ်လား
အဲ့လောက်မရိုးရှင်းဘူးဘရားသား ကျနော့်ချန်နယ်ထဲမှာရှင်းပြထားတဲ့ Video File တွေရှိပါတယ်
ကြည့်မရဘူး ဆော့ပင်းကကျိကျိ ကျိကျိမြည်နေတယ်😅
ဟုတ်တယ် နောက်တခါသေချာ Highlight လုက်ပြမှရတော့မယ်ဗျ
ဆရာ download beat နဲ့ သီချင်းရေးရင်ကော Key တွေ လို့လား ဗျ မသိလို့မေးတာပါဗျာ အိုင်ဒီရာ ဘယ်လို့ထွက်ရမလည်း
Key ကလိုတာပေါ့ဘရိုရဲ့..လူတယောက်နဲ့တယောက်အသံမတူတဲ့အတွက် Key ကတော့လိုကိုလိုတယ်လေ..
@mr.stranger1310 ဟုတ်ကဲ့ ကျနော်က ဖုန်းတစ်လုံးနဲ့ ဖန်တီးချင်တာ ဘာတစ်ခုမှ မသိသေးလို့ မရေးတတ်သေးတာ cho v1 ရေးနည်း တော့
သိတယ် အိုင်ဒီရာ က ခေါင်းထဲက နေ မထွက်ဘူး ဖစ်နေတာ ဆရာ ဘယ်လို ဆက်လုပ်သင့်လည်
@@Wai-y9y ညီလေးအဲ့ဒါကတော့ Technology music နဲ့ဆိုင်သွားပြီ...အကိုတို့ကကြတော့သီချင်းဖန်တီးမယ်ဆိုရင် အခြေခံ သီအိုရီတွေတော့ပိုင်ထားမှရမှာ
@@mr.stranger1310 ဟုတ်ကဲ့ ကျေးဇူးပါ ဗျ ♥️♥️
ရှင်းပြဒါတော်တော်ကောင်းတယ်ဗျာကျေးဇူအထူးပါ
ဟုတ်ကဲ့ဘရို ဝင်ကြည့်ပေးတာကျေးဇူးပါဗျာ
ဟဟ..ခုသွားပြန်ဘီတယောက်
ငါတို့က ဒီဘဟိုအရင်က အထင်ကြီးခဲ့ဖူးတယ် တကယ်အဟုတ်
နောက်ပိုင်းကျတော့ အထင်မသေးပေမဲ့ နဲနဲတော့ ပွားတဲ့ ပွားလုံးတွေ မှန်တာများတယ် ဒီဘဲက အသံဖမ်းချိန်အလုပ်မှာပြောရတဲ့ စကားလုံး အစုလေးတွေကို ရောရောချပြီး ခပ်တည်တည်နဲ့ ဖော်လိုဝါကောက်တာကို အပြစ်လို့ တကယ်လုံးဝမမြင်ဘူးနော် အခုဒီclipမှာ သူ့vocal သံနဲ့ ဆိုပြတာ တော်တော် ယွဲထွက်နေတာဘဲ ဘဲကြီးရေ သီအိုရီပြောတာ အဆင်ပြေတယ် အမှားမပါသလောက်နည်းတယ် တခုဘဲဗျ ကျေးဇူးပြုပြီး သီချင်းဆိုပြတာတို့ ညဉ်းမိတာတို့ နောက်တခါ ယောင်လို့တောင် မလုပ်ပါနဲ့ ဗျား / လေးစားထားပီးသားတွေကို ပြန် မရုတ်သိမ်းချင်လို့ပါ အင်္ဂလိပ်လိုတောင် ဆိုပြလိုက်သေးတယ် 😂
ကျနော်ဝန်ခံပြီးသားလေ ဘရို ကျနော်က အစကတည်းက Guitarist တယောက်လို့ပြောပြီးသားလေ အဆိုတော်တယောက်မဟုတ်ဘူးလို့ပြောထားတယ်လေ..အဆိုတော်တဲ့သူတယောက်မဟုတ်လို့ မူရင်းဆိုတဲ့ File ဖွင့်ပြပြီး ဒီနားလေးက ဒီလိုလေး ဟာမိုနီလိုက်တာပါဆိုပြီး ရှင်းပြတာလေ အဲ့ဒါကို အသံကစုတ်ပြတ်သပ်နေတာပဲဆိုပြီးပြောလို့ရလား သူများနားလည်အောင်ရှင်းပြထားတာ..ပြီးတော့အသံဖမ်းချိန်အလုပ်မှာပြောတဲ့စကားလုံးအစုတွေရောရောချတယ်ဆိုတာဘယ်စကားကိုပြောတာလဲ..ကျနော်ပြောတဲ့ ပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေကိုဘယ် Studio တွေမှာများသုံးလဲခင်ဗျားဖြေပါ...ကျနော်က ဖော်လိုဝါကောက်ရအောင် သူများချန်နယ်တွေလိုမျိုး Like လေး Share လေး လုပ်ပေးပါဦးတို့ မစပါဦးတို့ တခါတလေများပြောခဲ့ဖူးသလား ခင်ဗျားဖြေပါ..အခုဟာက Harmony ဆိုတာဘယ်လိုမျိုးလဲဆိုတာကျနော်ရှင်းပြတာနော် ခင်ဗျားကိုအဆိုပညာပြနေတဲ့ Video File မဟုတ်ဘူး..ခင်ဗျားသိတယ်နားလည်တယ်ဆိုရင် ဘရားသား ကိုယ်တိုင် Video ရိုက်တင်ပြီးရှင်းပြလိုက်လေ.. ကိုယ်တိုင်ကြတော့အဖြစ်မရှိ သူများဟာလိုက်ခိုးကြည့် သိလည်းသိသွားကော..အဲ့ဒီလူကို Blame တဲ့အုပ်စုထဲပါမသွားပါစေနဲ့ .အဲ့လိုအတန်းအစားကြတော့အောက်တန်းစားလို့သတ်မှတ်တယ်ဗျ..တကယ်လို့ခင်ဗျားအနေနဲ့ Harmony လိုက်တတ်တယ်ဆိုရင် ကျနော့ဆီ Video လေးရိုက်ပြီးပို့ပေးပါ့လား မှားတဲ့နေရာရှိမရှိကို ပါးရိုက်ကြေးလောင်းရအောင်လေ..နုတ်တလုံးလွဲရင်ပါးတချက်ရိုက်ကြေးပေါ့..ကျနော်ကဂစ်တာသမားဆိုတော့ Guitar နဲ့လိုက်မယ် ကျနော်မှားရင်လည်း ပါးတချက်ရိုက်ပေါ့..ခင်ဗျားမှားရင်လည်း ကျနော်ကတွယ်မှာပဲ ဘယ်လိုလဲ
ဆေး လိပ် အောက် ချ ထားော
ဟုတ်ကဲ့ပါဘရို နောက်ဆိုဆင်ခြင်ရမယ့်အပြုအမူလေးတွေကိုသတိပေးတာကျေးဇူးပါနော်
😎မစ္စတာTrumpနည်းက ထူးခြား😂❤
ဝင်ကြည့်ပေးတာကျေးဇူးပါဘရားသား
Harmony ပတ်သက်တဲ့မှားနေတဲ့အရာတွေပြောပေးပါအုံးဆရာ မှားနေရင်နောက်လူတွေပါ မှားကုန်မယ်
ဒီဟာက လိုက်နာရမယ့်အခြေခံစည်းမျဉ်းတွေညီလေး အဲ့ဒါကိုအရင် ကိုယ့်ရဲ့ Sence စွဲနေအောင်ကျင့်ရမှာ ဥပမာဗျာ သီချင်းတပုဒ်ကိုကြားလိုက်တာနဲ့ ဟာမိုနီကိုသူ့အလိုလိုလိုက်ဆိုမိနေသလိုဖြစ်အောင်လုပ်ရမှာ အဲ့ဒါက များများလိုက်ဆိုကြည့်မှသိတာ အဲ့ဒါရသွားပြီဆိုမှာ ဆောင်ရန်ရှောင်ရန်တွေကိုလေ့ကျင့်ယူရမှာညီလေး နို့မို့အကုန်ရောကုန်မယ်
B နုတ်တလုံးလိုနေတယ်
မြင်တတ်ပါ့ဗျာ ဟုတ်တယ်ဘရို ကျနော်လောကြီးသွားတာပါ နောက်မဖြစ်စေရပါဘူး ကျေးဇူးပါဗျာ
ဆရာရေ… ကျွန်တော် ဘာတူရိယာမှ မတီးတတ်သလို ဘာသီအိုရီတွေမှလည်း နားမလည်ပါခင်ဗျာ.. သို့ပေမယ့် သီချင်းတစ်ပုဒ်ကိုတော့ ကီးဝင်အောင်ဆိုလို့ရပါတယ်ခင်ဗျာ.. တစ်ယောက်ယောက်က သီချင်းကို ကီးမမှန်ပဲ ဆိုရင်လည်း သိနေပြန်ပါတယ်ဆရာ..
ဟာမိုနီ ဆိုကြပုံကို အရမ်းလည်းစိတ်ဝင်စားပါတယ်ဆရာ.. အရမ်းလည်း ဆိုတတ်ချင်ပါတယ်..
အရပ်စကားနဲ့ပြောမယ်ဆို ဟာမိုနီ သဘောတရားက သီချင်းကို ကီး လွှဲပြီးဆိုရတဲ့ သဘောများလားဆရာ? ဆရာရှင်းပြတာကိုလည်း အဲဒီသဘောဆန်ဆန် နားလည်မိပါတယ်ခင်ဗျာ.. Key တွေ Notes တွေနဲ့ ပတ်သက်ပြီး နားမလည်တာကြောင့် အမှားပါရင် ခွင့်လွှတ်ပါဆရာ 🙏🏻
ဟာမိုနီကို အမြင့်သံရော အနိမ့်သံနဲ့ပါလိုက်ဆိုကြတာ ကြားပေမယ့် လုံးဝ ဆိုမတတ်ပါဆရာ.. ကျွန်တော်တို့လို လူမျိုးတွေအတွက် ဟာမိုနီ ဘယ်လိုဆိုရမလည်းဆိုတာကို ရှင်းပြပေးမယ်ဆို ပျော်မိမှာပါ ဆရာခင်ဗျာ.. ဆရာ အားတဲ့အခါ စိတ်ရှည် သီးခံပြီးပြောပြ ရှင်းပြပေးဖို့လည်း လေးစားစွာနဲ့ မေတ္တာရပ်ခံပါရစေခင်ဗျာ 🙏🏻🙏🏻🙏🏻
ကီး လွှဲပြီးဆိုရတယ်ဆိုတာမှားနေတာညီကိုရဲ့...သူ့ရဲ့ Home key ထဲမှာပဲ တခြား Notes တွေနဲ့လိုက်တာ..
ကျနော် ထပ်ပြီး Video file သပ်သပ်လုပ်ပေးပါ့မယ် ပိုပြီးရှင်းသွားအောင်လို့ပါ
@ စိတ်ရှည်ရှည်နဲ့ နောက် video တစ်ခုနဲ့ ရှင်းပြပေးမယ်ဆိုလို့လည်း အထပ်ထပ်ကိုပဲ ကျေးဇူးတင်ပါတယ် ဆရာရေ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻❤️❤️❤️❤️❤️
@@mr.stranger1310 ကြည့်ရတာ ဥပမာ ဂစ်တာတို့ စန္ဒယားတို့မှာ ကြိုးသုံးချောင်း ခလုပ် သုံးခုကိုဖိရတာမှာ ကြိုးတစ်ချောင်း/ခလုပ်တစ်ခုက main ကျန်တဲ့ ကြိုးနှစ်ချောင်း ခလုပ် နှစ်ခုက ဟာမိုနီ သံတွေများလား ဆရာရေ? ခက်တာက Cord/Notes အသံတွေ ကို မသိတာပါဆရာ..
ကျွန်တော့်လိုပဲ Cord တွေ Notes တွေ မသိပေမယ့် တချို့ ဟာမိုနီ ဆိုတတ်နေပြန်ပါတယ် ဆရာရေ.. Cord အသံ Notes အသံတွေမသိပဲနဲ့သူတို့ ဘယ်လိုလုပ် ဟာမိုနီ ဆိုတတ်နေကြသလည်းဆိုတာလည်း ဆရာပြောပြပေးပါဦးနော်..
လေးစားပါတယ် ခင်ဗျာ 🙏🏻
@@Ye78131 မဟုတ်ဘူး အဲ့ဒါဆိုတတ်နေတာမဟုတ်ဘူးဘရားသား Sense(အာရုံခံစားမှု)အားကောင်းတာလို့ခေါ်တယ်..အဲ့ဒါက အတော်များများမှာရှိပါတယ်...သီချင်းတော်တော်များများမှာပါတဲ့ ဟာမိုနီလိုင်းတွေကိုလိုက်ဆိုမိနေရင်းနဲ့ အလိုလိုနေရင်းမသိစိတ်က ဟာမိုနီလိုက်မိနေတတ်တာ...ဘာဖြစ်လြိုအဲ့လိုဖြစ်နေတာလဲဆိုရင်... Beginners တွေအတွက် ကျနော်အဲ့ဒါကိုသပ်သပ် Video လေးလုပ်နေပါတယ် ဘရို...
Harmony သီဆိုမှုအပိုင်းမှာ ပုံစံငါးမျိုးရှိတယ် ..အဲ့ဒီအထဲက ခုနက ဘရားသားပြောတဲ့ အလိုလိုနေရင်းတတ်မြောက်နေတတ်တဲ့ အလွယ်ကူဆုံးအပိုင်းဖြစ်တဲ့ ဟာမိုနီသီဆိုတဲ့အပိုင်းကို လုပ်နေပါပြီ အခုမီးပျက်နေလို့ ရယ်... ပြီးတော့အမှားပါသွားမှာစိုးလို့ဂရုတစိုက်လုပ်နေရလို့ကြာနေတာပါ
ကျန်တော်တီးချင်တာ ရစ်သမ်းမဟုတ်ဘူး လိဒ်တီးချင်တာသီချင်းတပုဒ်လုံးကို ဘာလို့လုပ်ရမလဲး ဆရာ
သီချင်းတပုဒ်လုံးကို လိဒ်တီးချင်းတာဆရာ ဘယ်လို့လုပ်ရမလဲး ဆရာ သင်ကြားပေးပါ
သီချင်းတပုဒ်လုံးလိဒ်တီးချင်တာ?
အဲ့ဒါဆိုရင်တော့ နုတ်ပဲချရေးပြီး လိုက်တီးကြည့်လေ ဘရို
CကE ဆိုရင် DကF# မဟုတ်ဘူးလားဗျ။ EဆိုG# AဆိုC#
ဘရိုပြောနေတာ Chord ထဲက major 3rd note တွေကိုပြောနေတာပဲ..
ကျနော်ရှင်းပြတာ ရှင်းရှင်းလေးပါ Melody တကြောင်းနောက်ကနေ Harmony ဘယ်လိုလိုက်ရမယ်ဆိုတာရှင်းပြနေတာလေ မတူဘူး..
Melody တကြောင်းဆိုတာ Scale ထဲက နုတ်တွေကိုဆိုသွားတာ မတူဘူး..ဥပမာ ဗျာ C major scale နဲ့ဆိုနေတဲ့ melody တကြောင်းမှာ ဘရိုပြောတဲ့ D နုတ်တလုံးပါလာပြီဆိုပါတော့ ဘရို ပြောတဲ့ F# နုတ်ကြီးသွားဆိုလိုက်ရင် သွားပြီ လုံးဝ Dissonance အသံကြီးထွက်သွားပြီ ဘာလို့လဲသိလား..C major Scale ထဲမှာ F# ဆိုတဲ့ note မပါလို့ပဲ.. ကျနော်တို့က melody ကိုရွတ်နေတာ.. တနည်းအားဖြင့် C major scale ကိုဆိုနေတာ..အဲ့ဒီ C major scale ထဲက ပဲ မတူကွဲပြားတဲ့ Note တွေနဲ့ နောက်တယောက်ကလိုက်ဆိုတာ..အဲ့တော့ ခင်ဗျားပြောတဲ့ F#. G#. C#. အဲ့ဒီနုတ်တွေက C major scale ထဲမှာ ပါလို့လားပြန်စဉ်းစားစေချင်တယ်ဗျာ
No
Alto tenor bass , ပဲဆိုဘူးတာ choir မှာ 😢
အဲ့ဒါဆိုဖူးတယ်ဆိုရင် Harmony မှာဆရာကျနေပြီပေါ့ ဘရားသားရယ် ..
ကွာရာ Singing တွေဆိုနိုင်တဲ့သူက Four parts Harmony ကိုကြေညက်နေပြီလို့ပြောလို့ရပါတယ် လေးစားပါတယ်
@mr.stranger1310 ဆရာ့ video တွေက
ပညာရတယ်ဆရာ
ပညာရှင်ပီသပါတယ်ဆရာ respect ပါခဗျ
@@sawsoehtetaung5384 ဘရိုတင်ထားတဲ့ Video လေးတွေကြည့်ဖြစ်တယ် Harmony ကိုအဆင့်အတန်းမြင့်မြင့်ကိုဆိုနိုင်တာပဲ..
တကယ်ကိုကောင်းပါတယ်
@@mr.stranger1310 အော်ဟုတ်ကဲ့ ကျေးဇူးပါဆရာခဗျ🎶🙏
ဗမာနိုင်ငံ ဆိုဘဲ
😆
Sir Han Myo js mentioned the old Myanmar's name don't take it seriously
@HtetyarZar-fy8mt yeah Bro..thanks for your remind..
@@mr.stranger1310 it's ok Mr
Harmony ကို soprano ,do အသံကို ယူပြီး , mi, so နဲ့ note နဲ့ alto နဲ့ tenor ကို ဝင်ရတယ် လိုပဲ မှတ်ယူ နေတာ
အခုဟာက ဒီလိုညီကိုရဲ့ တချို့အမှတ်မှားကြတာတွေက မယ်လိုဒီတကြောင်းမှာရှိတဲ့ ပေးထားချက်နုတ်တွေပေါ့ ဆူပရာနိုပေါ့ အဲ့ဒါတွေကို သေချာ မမှတ်တော့ပဲနဲ့ Alto နဲ့ လိုက်မယ် Tenor နဲ့လိုက်မယ်ပေါ့ အဲ့ဒီမှာ နုတ်တွေကိုလိုက်တာမဟုတ်ပဲနဲ့ Chord တွေကိုပြန်လိုက်ပစ်တာတွေ အဲ့လိုတွေဖြစ်နေတာ အမှတ်မှားကုန်တာပေါ့ ဥပမာကွာ Key က C ဆိုရင် Key E ထဲက melody နဲ့လိုက်ပစ်တာ အဲ့တော့တလွဲကြီးတွေဖြစ်ကုန်တာ အဲ့လိုတွေ ဖြစ်နေတာ တော်တော်များများတွေ့နေရတော့ မနေနိုင်လို့ ရှင်းပြမိတာ
အဲ့လို ပုံသေမဟုတ်ဘဲ
Chord တစ်ခုအတွင်း ဘောင်ဝင်မယ့် vocal melody (vocal notes)နဲ့ ဆိုလို့ရတာလည်း ရှိပါတယ်။
စာသားတူ အသံ(melody)မတူ chords နဲ့ ကိုက်ရင်လည်း ရပါတယ်။
ဝေးဝေးမသွားနဲ့ ချစ်သူ- စည်သူလွင် မေဆွိ)
Vocal melody တူတာကို နောက်ကျဆိုတာလည်း ရပါတယ်။
စပျစ်ရေချိုနောက်ကမျက်ရည်- ခိုင်ထူး
စာသားလည်း မတူ၊ vocal melody လည်း မတူ တဲ့ seperate ပုံစံလည်း ရှိပါတယ်။
ဝေးသွားတဲ့အခါ- ထူးအိမ်သင်+ပေါက်ပေါက်
စာသားမလိုက်တဲ့ ပုံစံလည်း ဆိုလို့ရပါတယ်။
အချစ်စစ်ပွဲ - စိုးသူ+ မိုးမင်း
Unison လည်း ဆိုလို့ရပါတယ်။
အမေး အဖြေ ပုံစံလည်း ဆိုလို့ရပါတယ်။
Third note , fith note, sixth note ဆိုတာတွေကို အတိအကျဆိုတာတွေက Key တစ်ခုအတွင်း ထွက်ဆိုတာရှိသလို
CDEFGAB အလိုက် third, fifth, sixth အလိုက် Keyဘောင်ထဲက ထွက်ဆိုတာလည်း ရှိပါတယ် ဆရာ။
ကြားဖူးတာလေး ပြန်ပြောတာပါ။
မတတ်ကျွမ်းပါဘူး။
ဘရားသားရေ ခင်ဗျားမှားနေပြီ အဝေးမသွားနဲ့ချစ်သူ သီချင်းက ဟာမိုနီကိုလိုက်ချင်သလိုလိုက်သွားတာမဟုတ်ဘူး Chorus ပိုဒ်မှာ စည်သူလွင်က ပုံမှန် Suprano ကိုမဆိုတော့ဘူးသိလား..အဲ့ဒီ Suprano ကို မေဆွိကဝင်ဆိုတာ အဲ့တော့ မိန်းကလေးရဲ့အသံနောက်ကနေ ထပ်ပြီး Major 3rd လိုင်းနဲ့ မြှင့်ပြီးလိုက်ရတော့မယ် ဒါပေမယ့် အဲ့လောက်အော်နိုင်ဖို့ကဖင်ပြဲသွားမှာပေါ့ အဲ့တော့ စည်သူလွင်က အဲ့ဒီလိုင်းကို Inverted လုပ်ပြီး Octave နှိမ့်ပြီး Harmony ပြန်လိုက်သွားတာ...Unison ဆိုတာက Harmony ထဲမှာ ထည့်ကိုမထည့်တာ အဲ့ဒါ သံပြိုင်ဆိုတာပဲရှိတာ အသံပိုကျယ်သွားတာပဲရှိတာ Harmony သင်ခန်းစာတွေက Music မှာအဆင့်မြင့်ဆုံးသင်ခန်းစာတွေပါ လိုက်ချင်သလိုလိုက်မယ်ဆိုရင် အဆင်မပြေဘူးနော်ဘရားသား
harmony ရှာပြီးနားထောင်ကြည့်လိုက်ပါတရ်
ua-cam.com/video/edIdDO9XJ1s/v-deo.html
အကောင်းဆုံးပေါ့ဗျာ အဲ့လိုတွဲပြီးနားထောင်ကြည့်လိုက်တာ
ဒီသီချင်းလေးအကြောင်းလည်းရှင်းပြပေးလို့ရမလားခင်ဗျ
ua-cam.com/video/-NYrmz3jttc/v-deo.htmlsi=aQiKtvdLHtWVW1LG
အဲ့ဒါ အေဗရယ်လပ်ဗင်းက ဆူပရာနိုလိုင်းကိုရောက်သွားတာဘရို Sixth interval ကနေအော်ချသွားတာကြောက်စရာကြီး..male vocalist က 3rd နဲ့ဆိုနေတဲ့အချိန်..အေဗရယ်က 6th interval နဲ့လိုက်ဆိုသွားတာ အသံကိုစူးထွက်သွားတာ တော်ရုံ မိန်းကလေးတော့မရလောက်ဘူး
@@mr.stranger1310 ရေလယ်ကြောက်စရာကြီးပါဗျာ နော်
❤❤❤
Thank Bro
မှန်တယ်မြင်ဖူးကြားဖူးတယ်ကိုယ်လည်းနဲနဲပါးပါးနားလည်တယ်ကျွမ်းကျင်တဲ့လူတော့မဟုပ်ဘူး
ဟုတ်ကဲ့ဘရိုဝင်ကြည့်ပေးတာကျေးဇူးပါ
ခံစားချက်နဲ့ဆိုမလားအသိစိတ်နဲ့ဆိုမလားစတီဗီ၀န်းနားမျက်မမြင်အဆိုတော်ကဘာnoteမှမဖတ်မမြင်ပါဘူး😂😂
ဘရိုတို့အထင်လောက်နဲ့ရမ်းပြီး ဝေဖန်တာ အပေါစားဆန်ပါတယ်
ဆရာရှင်းပြမှခုမှသိလာတာကျေးဇူးပါဆရာ
ဟုတ်ကဲ့..အဓိက ကျနော်ကလည်း လူတွေကိုအဲ့လိုအရမ်းသိစေချင်တာပါ အဲ့ဒါကြောင့်ဒီချန်နယ်လေးလုပ်ဖြစ်တာပါ..အခုလိုရသွားတဲ့အတွက်လည်းကျနော်ပီတိဖြစ်ရပါတယ်