နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်
Вставка
- Опубліковано 8 січ 2025
- နားမကြားသူ၏ နှလုံးသား
myanmar-odb.or...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ဟေဗြဲဩဝါဒစာ ၂:၉-၁၈
odb-ministries...
ထင်ဟပ်ဖော်ပြချက်
နားမကြားသူ၏ နှလုံးသား
ဟေဗြဲဩဝါဒစာ ၂:၁၀ တွင် သခင်ယေရှုအား “စုံလင်ခြင်းသို့ ရောက်ရမည့်အကြောင်း”ဟု ပြောထားသနည်း။ လူ့ဇာတိခံသော ဘုရားအနေဖြင့် သခင်သည် စုံလင်ပြီးသား မဟုတ်ပါလား။ ဓမ္မပညာရှင် Marvin R. Vincent (မာဗင်အာ်ရ်ဗင်းဆင့်) ၏အဆိုအရ “စုံလင်ခြင်း”ဟု ဘာသာပြန်ဆိုသည့် မူရင်း ဂရိစကားလုံး teleioō ၏ တိုက်ရိုက် အဓိပ္ပာယ်မှာ “ပန်းတိုင်သို့ သယ်ဆောင်ရန်” ဟူ၍ဖြစ်ပြီး “ပြီးပြည့်စုံအောင်၊ အထမြောက်အောင် ဆောင်ရွက်ခြင်း” ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ခရစ်တော်သည် “ဒုက္ခဝေဒနာ နှင့် သေခြင်းတရား အားဖြင့် စုံလင်ခြင်းသို့ ရောက်မည့်အကြောင်း” ဖြစ်သည်။ ဤခဲယဥ်းဆိုးယုတ်သော လောက၌ ကျွန်ုပ်တို့ ရင်ဆိုင်ရသည်များကို ကိုယ်တော်က အပြည့်အဝနားလည်သည်။ ဤအချက်က ကားတိုင်ထက်၌ သခင်မိန့်ဆိုခဲ့သည့် “အမှုပြီးပြီ” (ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၀) ဆိုသည့် စကားကို ကျွန်ုပ်တို့ပို၍ နားလည်နိုင်အောင် မစသည်။ သူ့အား ခမည်းတော်စေခိုင်းခဲ့သည့် တာဝန်ကို ကိုယ်တော် ပြီးစီးထမ်းဆောင်ခဲ့ပေသည်။
စာရေးသူ - တင်မ်ဂပ်စ်ထက်ဖ်ဆန်