ဟဇ်ဘိုလာအတွက် အစ္စရေးကို စစ်မျက်နှာဖွင့်လာတဲ့ အီရန်

Поділитися
Вставка
  • Опубліковано 8 жов 2024
  • အောက်တိုဘာလ(၁)ရက်နေ့၊ ညနေစောင်းက၊ အီရန်က အစ္စရေးကို သမိုင်းတစ်လျှောက် အကြီးမားဆုံး ဒုံးပျံအုပ်စုနဲ့နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ “True Operation Two” စစ်ဆင်ရေး တစ် စိတ်တစ်ပိုင်းအဖြစ် ပဲ့ထိန်းဒုံးကျည် (၁၈၀) ကျော်ပစ်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။ အစ္စရေးလေတပ် အခြေစိုက် စခန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး လက်တုံ့ပြန်သွားမယ်လို့ အစ္စရေးက ချက်ချင်း ကြုံးဝါးခဲ့ပါ တယ်။ သို့သော် အခုလို အပြန်အလှန် ပစ်ခတ်နေကြတာလောက်နဲ့ တစ်စထက်တစ်စ ကြီးမားကျယ်ပြန့် လာနေတာကို ချိန်ညှိထားကြဖို့ အရိပ်နိမိတ်တွေလည်း အများအပြားရှိနေပါတယ်။ ဘာတွေဖြစ်ခဲ့သလို ဆိုတာ ကျွန်တော်အနေနဲ့ ရှေ့အခန်းတွေမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်ပုရိသတ်လည်း နား ထောင်ထားပြီး ဖြစ်ပါလိမ့်မယ်။ အခုတစ်ခါ ဒီပစ်ခတ်မှုမဖြစ်ခင် ဘာတွေဖြစ်ခဲ့သလိုဆိုတာ အချိန်နဲ့တစ် ပြေးညီ ပြန်ပြောင်းလေ့လာကြည့်ကြပါ့မယ်။
    ကုန်ခဲ့တဲ့ တနင်္လာနေ့ညက အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံအတွင်းသို့ ကျူးကေျာ်ဝင်ရောက်ခဲ့ပါ တယ်။ နယ်နိမိတ်ကန့်သတ်ချက်တွေ ရှိထားတယ်ဆိုပေမယ့် ဒီလုပ်ရပ်ဟာ အစ္စရေးအနေနဲ့ လက်ဘနွန် မှာ နောက်ထပ်စစ်ဆင်ရေးတစ်ခုတရားဝင်စတင်လိုက်တယ်လို့ သွယ်ကာဝိုက်ကာ အဓိပ္ပါယ်သက်ရောက် စေပါတယ်။ ပစ်မှတ်ကတော လက်ဘနွန်မဟုတ်ပါ။ လက်ဘနွန်မှာ အကြီးအကျယ် အမြစ်တွယ် အခြေ ခိုင်မာနေတဲ့ ရှီယာတော်လှန်ရေးတပ်ဖွဲ့ ဟဇ်ဘိုလာ ကိုဖြစ်ပါတယ်။
    အစ္စရေးက မြေပြင်စစ်ဆင်ရေးတွေအတွက် သူ့ကြည်းတပ်တွေ အထိအခိုက်သက်သာစေဖို့ လေကြောင်း စစ်ဆက်ရေးတွေ အဆက်မပြတ်လုပ်ခဲ့ပါတယ်။ ဟဇ်ဘိုလာတွေ စစ်ရေးဦးဆောင်မှုမှာ ကစဉ့်ကလျား ဖြစ် သွားပါတယ်။ အဖွဲ့ခေါင်း‌ဆောင် ဟာစန်နာဆရူလာ နဲ့အတူ အခြားထိပ်တန်းတပ်မှူး(၉) ဦးကျဆုံးသွား ခဲ့ပါတယ်။ ကုန်ခဲ့တဲ့ နှစ်လကျော်လောက်က ဟားမာစ် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဟာနီယာ တီဟီရန် မှာ ကျဆုံးခဲ့ရပါတယ်။ တော်လှန်ရေးဝင်ရိုးတန်းခေါင်းဆောင်နှစ်ဦး တစ်ဦးက ဘေရွတ်မှာ၊ နောက်တစ်ဦးက တီဟီရန်မှာ ကျဆုံးသွားခဲ့ရခြင်းဟာ ကုန်ခဲ့တဲ့ အင်္ဂါနေ့ည ဒေသစံတော်ချိန် (၇,၀၀) နာရီခန့်က အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်ရခြင်းအတွက် အဓိကတရားဝင် အကြောင်းပြချက် ဖြစ်ပါ တယ်။ အီရန်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးပျံတွေ အစ္စရေးဝေဟင်သို့ အစီအရီရောက်လာ ကြပါတယ်။ ဒီထဲ အီရန် အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပစ်လွှတ်လိုက်တဲ့ Emad နဲ့ Ghadr (အီမာဒ် နဲ့ ဂေါဒ်) ပဲထိန်းဒုံးကျည်တွေလဲပါဝင်တယ်လို့ နိုင်ငံတကာ သတင်းအရင်းအမြစ်တွေက ဖော်ပြနေကြတာ တွေ့ရပါတယ်။
    =============
    Ref : Source - • Iran Strikes Israel To...
    Music - Hopeless by Jimena Contrera
    An Epic Story by
    Epic Trailer by LesFM | lesfm.net/
    Music promoted by www.chosic.com...
    Creative Commons CC BY 3.0
    creativecommon...

КОМЕНТАРІ • 29